#Unicode By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ရဲစခန်းအချူပ်တွင် အချုပ်ကျနေသည့် ချင်းအမျိုးသမီးတစ်ဦးအား ရဲကင်း စောင့်တပ်ကြပ်မှ မုဒိမ်းပြုကျင့်ခဲ့သည်ဟု စွပ်စွဲမှုပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း ပလက်ဝမြို့ရဲစခန်း ကငြင်းဆိုထားသည်။ ပလက်ဝမြို့ရဲစခန်းရှိ အချုပ်ခန်းတွင် အချုပ်ကျနေသူ အမျိုးသမီးမှာ ရဲတပ်ကြပ်တစ်ဦးမှ နိုဝင်ဘာလ (၂၈) နေ့ မနက်ပိုင်းတွင် အဓမ္မပြုကျင့်ခဲ့သည်ဟု လူမှုကွန်ယက်ပေါ်တွင်ပြန့်နှံ့လာခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ ရဲစခန်းမှူး ဒု-ရဲမှူးဝင်းလွင်ကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် မဟုတ်မမှန်သည့်အပြင် ဆေးစစ်ချက် အရလည်းကောင်း မဖြစ်ခဲ့ကြောင်း ပြောဆိုသည်။ “ ကျနော်ကစခန်းမှူးဆိုတော့ မနက် (၈) နာရီတန်းစီတဲ့အချိန်မှာလည်း စစ်ဆေးရတယ်လေ ကျနော်တို့ဖက်က ဘာမှကို မဖြစ်ခဲ့တာ နောက်ကျမှ မီဒီယာမှာ ကောက်တင်လိုက်တော့ ဒီမှာကအင်တာနက်မရဘူး အင်တာနက်ရတဲ့သူငယ်ချင်း တွေကလှမ်းမေးတဲ့အခါကျမှ သိတာ၊ ကျနော်တို့ဆီမှာ ကိုဗစ်ကူးစက်သူနဲ့ ထိတွေ့နေသူရဲ့ အစ်ကိုတစ်ယောက် အရက်သောက်တတ်ပြီး နည်းနည်းကြောင်တတ်နေသူ သီးသန့် Quarantine ထားတဲ့သူတစ်ယောက်ရှိတယ် ကျနော်ကလည်း ဆရာဝန်ပြောတဲ့အတိုင်းထိတွေ့လို့မရဘူး အရက်တိုက်လို့လည်းမရဘူး အဲဒီကနေစတာ သူကမြင်တယ်ပေါ့ တကယ်တမ်းတော့မဟုတ်ဘူး ဒီအမျိုးသမီးစိတ်ကအရမ်းဖောက်တဲ့သူတော့မဟုတ်ဘူး စိတ်မငြိမ်တာပေါ့ မနေ့က ကျနော်တို့ဒီအမျိုးသမီးကို ဆရာဝန်ဆီမှာစစ်ဆေးခိုင်းတယ် ကာမဆက်ဆံခံရလားပေါ့ စစ်တော့ဗျာ အမျိုးသမီးက ဓမ္မတာလာနေတယ် ၂၇ ရက်နေ့ကနေစပြီးတော့ ၃၀ ထိပေါ့ သွေးထွက်တာ သွေးကျတဲ့အချိန်ပေါ့ ဆရာဝန်တောင်စိတ်ညစ်သွားတယ် အဲလိုဖြစ်နေတာ ဆေးစစ်ချက်အရတော့ ဘာမှမဟုတ်ဘူး” ဟု ပလက်ဝမြို့ရဲစခန်းမှူးဝင်းလွင်ကပြောသည်။ အဆိုပါအမျိူးသမီးသည် ပလက်ဝမြို့နယ် အောက်ဘလိုင်ကျေးရွာနေ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ၂၀၂၀ သြဂုတ်လ (၇) ရက်နေ့ကစိတ်ဖောက်ပြန်ပြီး သူ၏ ကလေးနှစ်ကိုသတ်ဖြတ်မှုဖြင့် တရားစွဲဆိုရန် ပလက်ဝမြို့ရဲစခန်းသို့ထိန်းသိမ်းခံထားရသူဖြစ်သည်ဟု…
Author: Editor
#Unicode ချင်းပြည်နယ် ထန်တလန်မြို့နယ် NLD ပါတီအောင်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ကြသည့် ကုမ္ပဏီများအား ပညာရေးဉီးစီးဌာန၏ တင်ဒါလုပ်ငန်းအတွက် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဌ၏လက်မှတ်ဖြင့် ထောက်ခံပေးထားသည့်သဘောသက်ရောက်သော အစီရင်ခံစာရွက်ပေါက်ကြားခဲ့ပြီးနောက် အဆိုပါကိစ္စအား ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးပြီး ဗဟိုသို့တင်ပြထားကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွေကပြောသည်။ “အဲဒီကိစ္စက စည်းကမ်းထိန်းသိမ်းရေးက စစ်ဆေးပြီးတော့ စစ်ဆေးချက်ကို ဗဟိုကို တင်ပြထားပြီးပြီ၊ ဗဟိုက ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာတော့ မသိရသေးဘူး၊ ဒီကိစ္စက တစ်ကယ်တမ်းဆိုရင် မလုပ်သင့် မလုပ်ထိုက် မဖြစ်သင့်တဲ့လုပ်ရပ်ပါ။ အဲဒါကြောင့် ပါတီစည်းကမ်းထိန်းသိမ်းရေးကနေ စစ်ဆေးပြီးတော့ ဗဟိုကနေ လိုအပ်သလို အရေးယူရင်လည်းယူမယ်ပေါ့” ဟု ဦးဇိုဘွေမှပြောသည်။ လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့သည့် ယင်းအစီရင်ခံစာရွက်တွင် ပညာရေးဉီးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက်လျှောက်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင်ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင် မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသဖြင့် လူမှုကွန်ယက်တွင် ဝေဖန်မှုများမြင့်တက်ခဲ့သည်။ ထန်တလန်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ လုံးဝမလုပ်သင့်သည့်ကိစ္စဖြစ်ပြီး ပါတီဗဟိုကလည်း ရွေးကောက်ပွဲမတိုင်မီကတည်းက ညွှန်ကြားချက်များလည်းထုတ်ပြန်ခဲ့ကြောင်း ချင်းပြည်နယ် NLD အောင်နိုင်ရေးကော်မတီဥက္ကဌ ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။ ဆလိုင်း အိုက်ဇက်ခင်က “ပြောရရင်တော့ အရမ်းစိတ်ဆိုးတယ်။ စိတ်မကောင်းလည်းဖြစ်တယ်။ ဒီဟာက မလုပ်သင့်တဲ့ကိစ္စဘဲ။ ပါတီဗဟိုကရော ကျွန်တော်ကိုယ်တိုင် အောင်နိုင်ရေးနဲ့ပါတ်သတ်ပြီးတော့ မြို့နယ်တိုင်းကို အကြိမ်ကြိမ်ပြောထားပြီးသားဖြစ်တယ်။ ညွှန်ကြားချက်လည်း ထွက်ထားပြီးသားဖြစ်တယ်။ အဲဒါမလုပ်ရဘူးဆိုတာကိုပေါ့။ ပါတီကိုဝန်းရံကြတဲ့ လူတွေကတော့ လှူကြဒါန်းကြတာရှိမှာပါဘဲ။ ကျနော်တို့ NLD မှာက လှူဒါန်းတဲ့အခါမှာ အနှောင်အဖွဲ့ပါနိုင်သည့် မည်သည့်ရံပုံငွေမျိုးမဆို လက်ခံခြင်းမပြုရဘူးလို့ ညွှန်ကြားထားပြီးဖြစ်တယ်။ လှူချင်လှူ၊ ဒါပေမယ့် အကျိုးအမြတ်မျှော်လို့မရဘူး”…
#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ချင်းလူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းအောင်စိုးသည် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏ ဖမ်းဆီးခံရသည်မှာ နိုဝင်ဘာလ၂၉ ရက်နေ့က ၄ လ ပြည့်ခဲ့ပြီဖြစ်ကာ မိသားစုဝင်များအနေဖြင့် အလွန်စိုးရိမ်ပူပန်နေကြပြီး အမြန်းဆုံးပြန်လွတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ကတောင်းဆိုလိုက်သည်။ KACC ပြောရေးဆိုခွင့်ရှိသူ မနန်းဝေက “ကျမတို့ ၂၉ ရက်နေ့တုန်းက ၄ လပြည့်သွားတာပေါ့နော်အချိန်အရမ်းကြာပြီ စစ်ဖက်နဲ့ မသက်ဆိုင်တဲ့ သာမာန်အရပ်သားအပြစ်မဲ့ပြည်သူဖြစ်တဲ့အတွက် အမြန်းဆုံးပြန်လွတ်ပေးဖို့ တော်တော်လေး အချိန်တန်နေပြီဖြစ်တဲ့အပြင် မိသားစုဝင်တွေလည်း အရမ်းစိတ်ပူနေပြီးဖြစ်တဲ့အတွက် AA အနေနဲ့ အမြန်ဆုံး ပြန်လွတ်ပေးစေချင်တယ်” ဟုပြောသည်။ ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သော ဇူလို်င်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကျန် (၃) ဦးမှာလွတ်မြောက်လာပြီးဖြစ်သော်လည်းဆလိုင်းအောင်စိုး မှာမှု ယနေ့အချိန်ထိလွတ်မြောက်လာခြင်း မရှိသေးခြင်း ဖြစ်သည်။ ဆလိုင်းအောင်စိုး၏ ကျန်းမာရေးအခြေအနေများသိရှိနိုင်ရန်အတွက် ဖခင်နှင့် ညီဖြစ်သူမှာ လွန်ခဲ့သော (၄) ရက်ခန့်တွင်သွားရောက်စုံစမ်းခဲ့သော်လည်း လမ်းတစ်ဝက်ထိသာသွားခွင့်ရခဲ့ကြောင်း ယောက်ဖတော်စပ်သူ ကိုရမ်းနှင်းကပြောသည်။ “သူ့အဖေနှင့်ညီတစ်ယောက်နဲ့သွားပြီးတော့ လမ်းတစ်ဝက်ထိပဲသွားတယ်၊ သွားစုံစမ်းကြည့်တော့ အဲ့နေရာကို ကိုယ်တိုင်သွားလို့မရဘူး ဖမ်းထားတဲ့နေရာက ဘယ်နေရာလဲဆိုတာမသိဘူး၊ အရင်က ဖမ်းထားခဲ့တဲ့နေရာ အဲ့ရွာအထိကို နယ်ကဥက္ကဌတွေက မသွားခိုင်းဘူး၊ AA ကမလာနဲ့လို့ ပြောထားတာလားမသိဘူး၊ သွားလို့လည်းမရဘူး၊ စကားကိုတော့ လူကနေတဆင့်ဆင့်ပြန်ပြောခိုင်းတာပေါ့ တိကျမှန်ကန်တဲ့သတင်းကမရသေးဘူး၊ တခြားဘာမှထူးခြားတာမျိုးမရှိသေးဘူး။ အရင်ကလည်း ကျန်းကျန်းမာမာနဲ့နေပါတယ်၊ ပြန်လွတ်လာပါတယ်လို့ပြောတာလည်းခါတိုင်းလည်းကြားနေရတော့ သိပ်လည်းမယုံနိုင်တော့ဘူး၊ တခုခုများဖြစ်နေပြီလားသူ့အသက်တောင်ရှိသေးရဲ့လား…
#Unicode နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင်ကွာရန်တင်းဝင်နေသူ(၃)ဦးထံတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိ သောကြောင့် စုစုပေါင်းကိုဗစ်လူနာ(၈)ဦးထိရှိသွားပြီဖြစ်ကြောင်း ပလက်ဝမြို့နယ်၊ကျန်းမာရေးဦးစီး ဌာနမှ ဒေါက်တာ စိုးသက်ဝင်းကပြောသည်။ “သူတို့က ရခိုင်ပြည်နယ်ဖက်ကပြန်လာတယ်ဆိုတော့ ကွာရန်တင်းထားလိုက်တာ (၃) ရက်မြောက်နေ့ မှာ ညွှန်ကြားတဲ့အတိုင်းစစ်လိုက်တာမနေ့က (၂၉) ရက်နေ့မှာတွေ့တာပါ။ ပလက်ဝမှာကစုစုပေါင်း (၈) ယောက်ရှိသွားပြီ၊နိုဝင်ဘာ (၁၉) ရက်နေ့ကတွေ့တဲ့ကိုဗစ်လူနာ (၄) ယောက်ကတော့ဒီနေ့ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီခုဆေးရုံမှာ (၄) ယောက်ပဲကျန်တာပေါ့ ” ဟု ဒေါက်တာ စိုးသက်ဝင်းကပြောသည်။ အဆိုပါပိုးတွေ့လူနာအသစ် (၃) ဦးမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဓနိတောင်ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး နိုဝင်ဘာ (၂၆) ရက်နေ့တွင်လည်း ကျောက်တော်ဖက်မှ ဝင်လာသောသူ တစ်ဦးထံတွင်လည်း ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့သည်ဟုသိရသည်။ ပလက်ဝမြို့တွင် ပိုးတွေ့လူနာများနှင့်ကွာရန်တင်းဝင်သူများသည် မိမိနေရပ်ကိုပြန်လာသူများဖြစ်ကြပြီး အများစုမှာရခိုင်ပြည်နယ်၊ ကျောက် တော်၊ စစ်တွေမြို့နှင့် ရန်ကုန်မြို့မှပြန်လာသူများ ဖြစ်ကြသည်ဟု သိရသည်။ ပလက်ဝမြို့နယ်ပြည်သူ့ဆေးရုံ၏ နိုက်တင်ဂေးလ်ခန်းမအဆောင်တွင်ကုသမှုခံယူနေကြသောကိုဗစ်အ တည်ပြုလူနာ (၄) ဦးသည် ကျန်းမာရေးကောင်းမွန်သောကြောင့်ယနေ့မနက်ပိုင်းအချိန်တွင်ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပလက်ဝမြို့နယ်၊ကျန်းမာရေးဦးစီးဌာနမှဒေါက်တာစိုးသက်ဝင်းထံ တွင်သိရှိရသည်။ ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုတိုးများလာသောကြောင့် ကွာရန်တင်းစင်တာများနှင့်ကွာရန်တင်း ဝင်နေသူများအတွက်နေထိုင်၊ စားသောက်ရေးအပိုင်းတွင်အခက်အခဲရှိလာနိုင်သည့်အပြင်ပြည်သူများအနေဖြင့်ကျန်းမာရေးဌာနမှထုတ်ပြန်ချက်များကိုလိုက်နာရန်နှင့်မည်သည့်ဒေသမှပြန်လာသည်ဖြစ် စေကျန်းမာရေးဌာနကိုသတင်းပေးပို့ကြရန်လိုအပ်သည်ဟု ဆက်ပြောသည်။ လက်ရှိပလက်ဝမြို့ပြည်သူ့ဆေးရုံတွင်ကိုဗစ်ပိုးတွေ့လူနာ (၄) ဦးသည် ဆေးကုသမှုခံယူနေပြီး ကွာရန်တင်းဝင်နေသူ (၃၇) ဦးရှိသည်ဟု သိရသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလုံကြရသည့် ပလက်ဝ မြို့ပေါ်တွင် ယခုကဲ့သို့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတိုးလာနေသည့်အတွက် ကိုဗစ်ကာကွယ်ရေးအသုံးအဆောင် လိုအပ်ချ က်မြင့်မားနေသောစစ်ဘေးရှောင်ပြည်သူများအတွင်း ကိုဗစ်ပိုးကူးစက်လာမည်ကို စိုးရိမ်နေကြရကြောင်း သိရသည်။…
#Unicode By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းကို အစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးဟုဆိုသော်လည်း အင်တာနက်လိုင်းမှာ 2G အဆင့်သာရှိ၍ အသုံးပြုမရသောကြောင့် အင်တာနက် 4G ပြန်လည်ဖွင့်ပေး ရန် ပလက်ဝဒေသခံများကလိုလားနေကြသည်။ ပလက်ဝမြို့နယ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အော်ပရေတာကတ်များကို အဓိကအသုံးပြုနေကြပြီး ယခုလက်ရှိတွင် အင်တာနက် 2G ကွန်ယက်အဆင့်သာရှိသည့်အတွက် အင်တာနက်ကိုအသုံး၍ အလုပ်လုပ်ရသည့် လုပ်ငန်းမှန်သမျှ အခက်အခဲနှင့်ရင်ဆိုင်နေကြရသည်ဟု ပလက်ဝမြို့ချင်းအမျိုးသမီးအဖွဲ့မှ ဆရာမအောင်မဖြူ ကပြောသည်။ “2G ပဲရတယ် အဲဒါတောင်မှ ညသန်းခေါင်မှာပဲသုံးလို့ရတယ် ရတဲ့လူတွေတောင်မှလေ ဘာမှလုပ်လို့မရလို့ အကုန်လုံး အခက်အခဲဖြစ်တယ် စာပို့ဖို့၊ သတင်းတွေပို့ဖို့ဆိုလည်းမရဘူး ဘာမှလုပ်လို့မရဘူး အင်တာနက်နဲ့ ပတ်သက်တဲ့ဟာ အခက်အခဲဖြစ်နေတယ် ဘာမှမရတော့ဘူး နောက်ပြီးတော့ သတင်းတွေလည်းမသိတော့ဘူး ကိုဗစ်နိုင်တင်းဖြစ်နေတယ် ဒါပေမဲ့ ကိုဗစ်သတင်းတွေလည်းဘာမှမကြားရဘူး အင်တာနက်မရတော့ ကျမတို့ဖွင့် စေချင်ပါတယ် 4G ပေ့ါနော် 2G ကအဆင်မပြေဘူး ဖွင့်ပေးစေချင်ပါတယ်” ဟု ဆရာမအောင်မဖြူကပြောသည်။ ယခုကဲ့သို့ အင်တာနက်လိုင်းအဆင်မပြေသည့်အတွက် ပလက်ဝမြို့တွင် အင်တာနက်အသုံးပြု၍ ပြည်တွင်းငွေလွှဲငွေထုတ် Wave money လည်းအသုံးပြုမရသလို ပလက်ဝမြို့ပေါ်ရှိ CB ဘဏ်ခွဲမှာလည်း ရပ်နားထားရပြီး မြန်မာ့စီးပွားဘဏ်သာ အသုံးပြုနိုင်သည်ဟု သိရသည်။ အစိုးရအနေဖြင့် ပလက်ဝမြို့တွင် အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးမှုသည် ဟန်ပြသဘောလောက်သာဖြစ်ပြီး အမှန်တကယ်အသုံးပြု၍မရသောကြောင့် ရုံးပိုင်းဆိုင်ရာလုပ်ငန်းများလည်း အချိန်ကြန့်ကြာစေသည်ဟု ပလက်ဝမြို့ဒေသခံ အစိုးရဝန်ထမ်းတစ်ဦးကပြောသည်။ “ သဘောတရားလောက်ပဲ ဖွင့်ပေးတာပဲရှိတယ် အင်တာနက်လိုင်းရလားဆိုတော့မရဘူး ကျနော်တို့ ကိုယ်တိုင်က သုံးလို့မှမရတာ၊ အင်တာနက်နဲ့လုပ်ရတဲ့လုပ်ငန်းတွေကဘာမှအဆင်မပြေဘူး လုပ်လို့ရတာလည်းဘာမှမရှိဘူး ဒီအင်တာနက်ကြောင့် အလုပ်တွေကနှောင့်နှေးကုန်တယ် စာတိုက်နဲ့ပို့ရတော့…
#Unicode Benezer – ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ချင်းလူမျိုး စစ်ဘေးရှောင် ဒုက္ခသည်အများစုနေထိုင်သည့် ဒုက္ခသည်စခန်းများတွင် အလှူရှင်ရှားပါးလာမှုကြောင့် အခက်အခဲရှိလာကြောင်း ဒုက္ခသည်များအား ကူညီပေးနေသည့် ချင်းလူသားချင်း ကူညီထောက်ထားရေးအသင်း (Chin Humanitarian Assistance Team- Rakhine State)မှ ဆလိုင်းဇော်မင်းထွန်းထံမှ သိရသည်။ “အခုကတချို့တွေက အခက်အခဲကတော့ရှိတာပေါ့ ၊အကူအညီက ဒီ ၁ လ ၂ လအတွင်း ရွေးကောက်ပွဲမတိုုုင်ခင်ပေါ့ ၊အကူအညီမရတာရှိတယ်။ အဲဒီနောက်ပိုင်းကြတော့ ဒီရွေးကောက်ပွဲ ပြီးတော့ချင်းအဖွဲ့အစည်း CNO က ထောက်ပံ့ ထားတာရှိတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေ ကပေးရင် မျှမျှတတနဲ့ ရကြတယ်ပေါ့ အကုန်လုံးက။ အဲလိုမျိုးမျှမျှ တတမရတာက ခုဆို ၃ လလောက်တောင်ရှိပြီ၊ အခုလည်း CNOပေးတယ်ဆိုတာကလည်း သက်ကြီးရွယ်အို အသက်(၆၀)အထက်နဲ့ မိခင်နို့တိုက် ကလေးအရွယ်ပေါ့ သူတို့ပဲရတယ် အကုန်လုံးမရဘူး”ဟု ဆလိုင်းဇော်မင်းထွန်းမှ ပြောသည်။ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များအား လတ်တလောတွင် ကိုဗစ်နှင့်ပါတ်သတ်၍ လှူဒါန်းငွေအချို့နှင့် သက်ကြီးရွယ်အို၊ ကလေးငယ်များအားထောက်ပံ့မှုအချို့ရှိသော်လည်း စစ်ဘေးရှောင်များအားလုံး ထောက်ပံ့မှုမရှိသဖြင့် လုံလောက်မှု မရှိကြောင်း ဆလိုင်းဇော်မင်းထွန်းကဆက်ပြောသည်။ အစိုးရအနေဖြင့် အမ်းစစ်ဘေးရှောင်များအတွက် သုံးလစာ စားသောက်စာရိတ် ကျပ်သိန်း ၁၅၀၀ ထုတ်ပေးထားသော် လည်း ပထမလဖြစ်သည့် သြဂုတ်လအတွက်သာ ရရှိခဲ့ပြီး နောက်နှစ်လအတွက် ရရှိခဲ့ခြင်းမရှိခြင်းကြောင်း သိရသည်။ ဆလိုင်းဇော်မင်းထွန်းက “အစိုးရအနေနဲ့က ၇ လပိုင်းမှာ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး လာတော့ တစ်အိမ်ကို ဆန်တစ်အိတ်စီပေးတယ်၊ ၈ လပိုင်းကျတော့ ၃လစာအတွက် သိန်း…
#Unicode By လားနွန် – စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလုံကြသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦး တွေ့ရှိပြီးနောက်ပိုင်း ကိုဗစ်ကာကွယ်ရေးအသုံးဆောင်များ အခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေကြသည်။ ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့ ဥက္ကဌ ဦးဇာနီက “ပလက်ဝမြို့မှာ ကိုဗစ်ပိုးတွေပြီဆိုတော့ စိုးရိမ်ရတာပေါ့ တိုက်ပွဲရှောင်တွေကိုတော့ အတတ်နိုင်ဆုံး အပြင်မထွက်ကြဖို့ မလိုအပ်ရင်အပြင်သိပ်မထွက်ခိုင်းဘူး၊ လက်ဆေးရည် (Hand Gel) တို့ဆိုတာက ဟိုးတခေါက်တိုက်ပွဲရှောင်တွေကို တစ်အိမ်ကို တစ်ဗူးနှုန်းပေးနိုင်တာရှိတယ် အခုနောက်ပိုင်း မပေးနိုင်တော့ဘူး Mask (နှာခေါင်းစည်း) တွေလည်းပဲ တစ်ချိူ့တွေကမဝယ်နိုင်ဘူး နည်းနည်းပါးပါးတော့ရှိတယ် ရောင်းတာတွေ တစ်ခါသုံးတွေ၊ အဲဒါလည်းလည်း တိုက်ပွဲရှောင်တွေမှာ ဝင်ငွေကမရှိတော့ အဲဒါလည်း မဝယ်နိုင်ကြဘူးလေ’’ ဟု ပြောသည်။ ပလက်ဝမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှ ပြန်လာသူ ကျောင်းသား လေးဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်မြင့်မားနေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ လက်ရှိတွင် ပလက်ဝမြို့အဝင်၊အထွက်တွင်စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်ပိုးတွေ့ရှိသောဒေသများမှ ဝင်ရောက်လာ သူမည်သူမဆို ကျန်းမာရေးဌာနမှထုတ်ပြန်ချက်နှင့် အထောက်အထားများမပါရှိသည့်သူများကိုလည်း ကွာရန်တင်းထားရှိ ရန် မြို့နယ်ကွာရန်တင်း ကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ထားကြောင်း သိရသည်။ ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးခန့်ရှိသည်။ အလားတူ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ခန့်ရှိသည့် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင်လည်း ကိုဗစ်ရောဂါပိုးကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေ သည့် People Hope အဖွဲ့ဒါရိုက်တာ…
#Unicode Benezer – ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေပိုင်ရှင်များ၏ သဘောတူညီမှုမရှိဘဲ ဟားခါးမြို့တွင် နွယ်ချောင်းဆည်ရေေ လှာင်တမံစီမံကိန်းအကောင်အထည်ဖော်ဆောင်ရန် ဆက်လက်လုပ်ဆောင်နေမှုမှာ ယခုလက်ရှိအစိုးရသည် အာဏာရှင်အစိုးရဖြစ်ကြောင်းကို ဖော်ပြနေသည်ဟု လယ်ယာမြေပိုင်းများက ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။ လယ်ယာမြေပိုင်ရှင်များ၏ အဆိုပါထုတ်ပြန်ချက်တွင် “ဟားခါးမြို့ရှိ Nawi လွင်ပြင်ရှိ လယ်မြေပိုင်ရှင်များမှ Nawi ရေလှောင်တမံစီမံကိန်းအပေါ်ကန့် ကွက်ခြင်း Nawi ရေလှောင်တမံ ပြုလုပ််မည့် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့အနေဖြင့် သဘောတူညီချက် မရှိဘဲ ကန့်ကွက်ကြောင်း အကြိမ်ကြိမ်စာတင်ပြီး ဖြစ်ပါသည်။ လယ်ပိုင်ရှင်အမည်ခံ သက်သက်မ ဟုတ်ပဲ ဤလယ်မြေယာမြေဖြင့် ၁၉၂၀ ခုနှစ်ကတည်းက သားစဉ်မြေးဆက် အသက်မွေးဝမ်းကြောင်း ပြုသူများ ဖြစ်ကြောင်းလည်း အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ်ပါသည်။ အသက်မွေးဝမ်းကြောင်းအတွက် ဆောင်ရွက်လုပ်ကိုင် နေဆဲဖြစ်တဲ့ လယ်ယာမြေကို လယ်ယာမြေပိုင်ရှင်မှ သဘောတူညီမှုမရှိဘဲ အတင်းအဓ္ဓမသိမ်းဆည်းပြီး ရေလှောင်တမံပြုလုပ်မည်ဆို ခြင်းမှာ ချင်းပြည်နယ် အစိုးရသည် အာဏာရှင်အစိုးရဖြစ်နေဆဲဟု ဖော်ပြနေသည်နှင့်တူပါသည်” ဟု ထည့်သွင်းဖော်ပြထားသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့သည် နွယ်ချောင်းဆည်ရေလှောင်တမံစီမံကိန်းကို ဟားခါးမြို့ရှိ ပြည်သူများ သောက်သုံးရေ လုံလုံလောက်လောက်ရရှိနိုင်ရေးအတွက်ဟုဆိုကာ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း (၂၀၀၀) ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (ခန့်မှန်း) တွင် စတင်တည်ဆောက်ရန် ပြင်ဆင်နေသော်လည်း လယ်မြေပိုင်ရှင်များမှ ယခုအချိန်ထိ သဘောတူခြင်းမရှိသေးကြောင်းသိရသည်။ လယ်မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ဖါရ်ချင်းဆုန်မှ “သူတို့ စီမံကိန်းစဖို့ ပြင်ဆင်တုန်းကတော့ အိမ်ကိုလာပြီး လွှတ်တော်ဥက္ကဌအပါအဝင် လူကြီးတွေကလာပြောတာတော့ရှိတယ်၊ နောက်တစ်ခါ လွှတ်တော်ရုံးကို လာဖို့လည်းခေါ်သေးတယ်၊ သူတို့က လျှော်ကြေးပေးပြီး သဘောတူခိုင်းမှာသိလို့ ကျမတို့မသွားတော့ဘူး၊ လယ်ပိုင်ရှင်ထဲက တစ်ချို့ကိုကျတော့ လျှော်ကြေးယူမလား လယ်အဆုံးခံမလားဆိုပြီး…
#Unicode နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ အရေးကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင်သည့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များကို ခိုင်ကမ်းမြို့ စစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့်ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေး ရာနိုဝင်ဘာလ (၂၃) ရက်နေ့က မော်တော်ယာဉ်နောက်လိုက် (၁)ဦးထံ ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိ ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ (၂၅) ဦး ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။ ကလေးခရိုင်ပြန်ဆက်ဦးစီးမှူး ဦးညီညီဇော်က “သူ့ကို Test Kit နဲ့စစ်တာကနေပိုး တွေ့တာ။ချင်းပြည်နယ်အဝင် ခိုင်ကမ်းမှာ ပြည်သူ့ကျန်းမာရေးက အထူးကုန်စည်ပို့ဆောင် ရေးယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးတဲ့ အခါမှာသူကေ ညာင်ပင်သာ ရပ်ကွက်မှာနေတဲ့အမျိုးသား(၁)ဦး။လက်ရှိဆေးကုသနေတဲ့သူက (၂၅) ယောက်ရှိတယ် ကျန်းမာရေးအခြေ အနေကကောင်းပါတယ်၊စိုးရိမ်ရတဲ့လူနာမရှိပါဘူး” ဟုပြောသည်။ နိုဝင်ဘာ ၂၃ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသော မော်တော်ယာဉ်နောက်လိုက်မှာ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက် နယ်မြေ (၂) တွင် နေထိုင်သည့် အသက် (၂၃) နှစ်အရွယ်အမျိုးသားဖြစ်သည်။ ကလေးမြို့တွင်ကိုဗစ်ပိုးတွေ့ရှိသည့် လူနာများနှင့်ကွာရန်တင်းဝင်ရောက်သူအများစုသည် ပြည်တွင်းကူးစက်မှုမှ အများဆုံးဖြစ်ကာ လက်ရှိကလေးမြို့ပေါ်တွင်ကွာရန်တင်း စင်တာ (၅) ခု ဖွင့်လှစ်ထားပြီး ကွာရန်တင်းဝင်ရောက်သူ (၄၃၈) ဦးရှိသည်ဟု ကလေးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးတင်မြို့ကပြောသည်။ “လက်ရှိ နိုဝင်ဘာ ၂၃ ရက်နေ့ထိမှာ ပြည်တွင်းမှာက ၃၄၂ ယောက်၊ ပြည်ပက ၉၆ ယောက်ရှိတယ်။ အားလုံးပေါင်း (၄၃၈) ယောက်ရှိတယ်။ ကလေးမြို့ပေါ်မှာကွာရန်တင်းစင်တာ (၅) ခုရှိတယ်၊ ကွာရန်တင်းအဆင်မပြေတဲ့ နေရာမှာတော့ Home Quarantine အဖြစ်သီးခြားထားတဲ့သူတွေလည်းရှိတယ်”…
#Unicode By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေကြရသည့် သက်ကြီးရွယ်အို နှင့် ကလေးငယ်များ သည် အာရဟာဓာတ်ချိူ့တဲ့မှုနှင့်ရင်ဆိုင်နေကြရသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းများထံမှ သိရသည်။ စစ်ဘေးရှောင်စခန်း (၅) ခုရှိသည့် ဆမီးမြို့တွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းအချိူ့က စစ်ဘေးရှောင်ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်များနှင့် အသက် ၅ နှစ်အောက်ကလေးငယ်များကိုသာ အာဟာရမှုန့်များပံ့ပိုးပေးနိုင်ပြီး အသက် (၅) နှစ် အထက်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် အာဟာရချိူ့တဲ့မှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု ဆမီးမြို့ စစ်ဘေးရှောင်ပြည်သူများကို အနီးကပ်ကူညီဆောင်ရွက်ပေးနေသည့် People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။ “တိုက်ပွဲရှောင်က ကလေးတွေကတော့ ကျနော်တို့ဆီက အာဟာရမှုန့်တွေရထားတော့လုံလောက်တယ်လို့တော့ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ဖျားတာနာတာသိပ်မရှိဘူး မိခင်တွေဆိုလည်း ကိုယ်ဝန်ပျက်ကျတာတို့ မိခင်တွေကလေးမွေးတဲ့ခါမှာ ဗိုက်မခွဲတာတို့ ကောင်းတဲ့ရလပ်တွေကတော့ကျနော်တို့တွေ့ရပါတယ် ဒါပေမဲ့သက်ကြီးရွယ်အိုတွေကျတော့လည်း အာဟာရလက်လှမ်းမမှီတဲ့အခါမှာ သက်ကြီးရွယ်အိုတွေကအားပျက်ပြီးမှ ဖျားတာနာတာတို့ ပြီးတော့ တခြားရောဂါတွေ အာဟာရမပြည့်ဝတဲ့အခါမှာတော့ အသက် (၆၀) အထက်ပိုင်းတွေဆိုရင်တော့ အာဟာရပြတ်လပ်မှုကတော်တော်လေးရှိ တယ် (၅) နှစ်အထက်ကလေးတွေ မိဘတွေကလည်းဘဲ ကျနော်တို့ပေးနိုင်တာက ဆန်တစ်လစာ ဆီတစ်လစာ မိသားစု လူဦးရေအလိုက် ပဲ ဆား အဲလောက်ပဲပေးနိုင်တယ် တိုက်ပွဲရှောင်မိသားစုအများစုမှာတော့ အာဟာရပြတ်လပ်မှုတွေတော့ ကြုံတွေ့နေရတယ် အသားလည်းပုံမှန်မစားနိုင်ဘူး သူတို့မှာစားတဲ့အစားအစာကလည်း အာဟာရရှိတဲ့အစားအစာ မဟုတ်ဘူး” ဟု ဦးဇော်လီအောင်ကပြောသည်။ ဆမီးမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် အသက် (၆၀) အထက်သက်ကြီးရွယ်အို (၅၀၀) နီးပါးခန့်ရှိပြီး အာဟာရပြတ်လပ်မှု ကြောင့် ရောဂါပိုထူလာပြီး အသက်ဆုံးရှုံးသူ ယခုနှစ်အတွင်း…