Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လယ္ေျမပိုင္ရွင္မ်ား၏ သေဘာတူညီခ်က္မရွိဘဲ ႏြယ္ေခ်ာင္းဆည္တည္ေဆာက္ရန္ ျပင္ဆင္မႈ အာဏာရွင္အစိုးရျဖစ္ေၾကာင္းေဖာ္ျပေနဟု လယ္ေျမပိုင္ရွင္မ်ားေျပာ

လယ္ေျမပိုင္ရွင္မ်ား၏ သေဘာတူညီခ်က္မရွိဘဲ ႏြယ္ေခ်ာင္းဆည္တည္ေဆာက္ရန္ ျပင္ဆင္မႈ အာဏာရွင္အစိုးရျဖစ္ေၾကာင္းေဖာ္ျပေနဟု လယ္ေျမပိုင္ရွင္မ်ားေျပာ

0
By Editor on November 24, 2020 Headline

#Unicode

Benezer – ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေပိုင်ရှင်များ၏ သဘောတူညီမှုမရှိဘဲ ဟားခါးမြို့တွင် နွယ်ချောင်းဆည်ရေေ လှာင်တမံစီမံကိန်းအကောင်အထည်ဖော်ဆောင်ရန် ဆက်လက်လုပ်ဆောင်နေမှုမှာ ယခုလက်ရှိအစိုးရသည် အာဏာရှင်အစိုးရဖြစ်ကြောင်းကို ဖော်ပြနေသည်ဟု လယ်ယာမြေပိုင်းများက ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။

လယ်ယာမြေပိုင်ရှင်များ၏ အဆိုပါထုတ်ပြန်ချက်တွင် “ဟားခါးမြို့ရှိ Nawi လွင်ပြင်ရှိ လယ်မြေပိုင်ရှင်များမှ Nawi ရေလှောင်တမံစီမံကိန်းအပေါ်ကန့် ကွက်ခြင်း Nawi ရေလှောင်တမံ ပြုလုပ််မည့် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့အနေဖြင့် သဘောတူညီချက် မရှိဘဲ ကန့်ကွက်ကြောင်း အကြိမ်ကြိမ်စာတင်ပြီး ဖြစ်ပါသည်။ လယ်ပိုင်ရှင်အမည်ခံ သက်သက်မ ဟုတ်ပဲ ဤလယ်မြေယာမြေဖြင့် ၁၉၂၀ ခုနှစ်ကတည်းက သားစဉ်မြေးဆက် အသက်မွေးဝမ်းကြောင်း ပြုသူများ ဖြစ်ကြောင်းလည်း အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ်ပါသည်။ အသက်မွေးဝမ်းကြောင်းအတွက် ဆောင်ရွက်လုပ်ကိုင် နေဆဲဖြစ်တဲ့ လယ်ယာမြေကို လယ်ယာမြေပိုင်ရှင်မှ သဘောတူညီမှုမရှိဘဲ အတင်းအဓ္ဓမသိမ်းဆည်းပြီး ရေလှောင်တမံပြုလုပ်မည်ဆို ခြင်းမှာ ချင်းပြည်နယ် အစိုးရသည် အာဏာရှင်အစိုးရဖြစ်နေဆဲဟု ဖော်ပြနေသည်နှင့်တူပါသည်” ဟု ထည့်သွင်းဖော်ပြထားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့သည် နွယ်ချောင်းဆည်ရေလှောင်တမံစီမံကိန်းကို ဟားခါးမြို့ရှိ ပြည်သူများ သောက်သုံးရေ လုံလုံလောက်လောက်ရရှိနိုင်ရေးအတွက်ဟုဆိုကာ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း (၂၀၀၀) ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (ခန့်မှန်း) တွင် စတင်တည်ဆောက်ရန် ပြင်ဆင်နေသော်လည်း လယ်မြေပိုင်ရှင်များမှ ယခုအချိန်ထိ သဘောတူခြင်းမရှိသေးကြောင်းသိရသည်။

လယ်မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ဖါရ်ချင်းဆုန်မှ “သူတို့ စီမံကိန်းစဖို့ ပြင်ဆင်တုန်းကတော့ အိမ်ကိုလာပြီး လွှတ်တော်ဥက္ကဌအပါအဝင် လူကြီးတွေကလာပြောတာတော့ရှိတယ်၊ နောက်တစ်ခါ လွှတ်တော်ရုံးကို လာဖို့လည်းခေါ်သေးတယ်၊ သူတို့က လျှော်ကြေးပေးပြီး သဘောတူခိုင်းမှာသိလို့ ကျမတို့မသွားတော့ဘူး၊ လယ်ပိုင်ရှင်ထဲက တစ်ချို့ကိုကျတော့ လျှော်ကြေးယူမလား လယ်အဆုံးခံမလားဆိုပြီး ချိန်းချောက်လို့ သဘောတူလိုက်တဲ့လူတွေတော့ရှိတယ်၊ ဒါပေမယ့် အများစုကတော့ ခုချိန်ထိ သဘောတူထားတာမရှိဘူး” ဟု ပြောသည်။

လယ်ပိုင်ရှင်များ၏ ထုတ်ပြန်ချက်တွင် လယ်မြေ၊ ယာမြေ၊ ငါးမွေးကန်၊ ကျွဲနွားမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေရသည့် တောင်သူလယ်သမားများအနေဖြင့် အစိုးရဘက်မှ များပြားသည့် ငွေကြေးပမာဏဖြင့် လျော်ကြေးပေးလာပါကလည်း ဘိုးဘွားစဉ်ဆက် နေထိုင်လုပ်ကိုင်စားသောက်နေရသည့် လယ်မြေဖြစ်သဖြင့် နွယ်ချောင်းဆည်ရေလှောင်တမံတည်ဆောက်မည့် စီမံကိန်းအား ထာဝရကန့်ကွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။

နွယ်ချောင်းဆည်ရေလှောင်တမံတည်ဆောက်မည့် စီမံကိန်းနှင့်ပါတ်သတ်ပြီး Chin MATA အဖွဲ့မှ Andrew Tha Tuang က “မြန်မာနိုင်ငံအနေနဲ့က ၂၀၀၇ ခုနှစ်လောက်မှာ ကမ္ဘာ့ကုလသမဂ္ဂဌာနေနဲ့တိုင်းရင်းသားများ အခွင့်အရေးဆိုတဲ့ဟာနဲ့ပတ်သတ်ပြီးတော့ လက်မှတ်ထိုးခဲ့တယ်၊ အဲဒီထဲမှာက ဖွံ့ဖြိုးရေးဘဲဖြစ်ဖြစ် တစ်ခြားစီမံကိန်းဘဲဖြစ်ဖြစ် လုပ်တော့မယ်ဆိုလို့ရှင်ရင် ဒေသခံတွေနဲ့ အကြေအလည်ဆွေးနွေးပြီးတော့မှ ဒေသခံတွေအပေါ်မှာ ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေအပေါ်မှာ လုပ်ရမယ်ဆိုတဲ့အချက်တစ်ခုပါတယ်၊ ဒါပေမယ့် ခုအစိုးရအနေနဲ့က အဲလိုမျိုးတွေလုပ်တာမတွေ့ရဘူး၊ ခုကိစ္စမှာလည်း ဖွံ့ဖြိုးရေးအတွက်လို့ပြောနေပေမယ့် ပြည်သူတွေအနေနဲ့ ဘာဖြစ်ချင်တာလဲဆိုဆို သေသေချာချာ ညှိနှိုင်းပြီး သဘောတူမှ လုပ်သင့်တယ်လို့မြင်တယ်” ဟု ပြောသည်။

နွယ်ချောင်းဆည် ရေလှောင်တမံစီမံကိန်းကို ဟားခါးမြို့၏ တစ်မိုင်ခန့်အကွာ ချောင်း(၃)ခုဆုံရာ နေရာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ (၃) နှစ်ခန့်ကြာမည်ဖြစ်ကြောင်းသိရသည်။

#Zawgyi

ခ်င္းျပည္နယ္အစိုးရအဖြဲ႔အေနျဖင့္ လယ္ယာေျမပိုင္ရွင္မ်ား၏ သေဘာတူညီမႈမရွိဘဲ ဟားခါးၿမိဳ႕တြင္ ႏြယ္ေခ်ာင္းဆည္ေရေ လွာင္တမံစီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္ရန္ ဆက္လက္လုပ္ေဆာင္ေနမႈမွာ ယခုလက္ရွိအစိုးရသည္ အာဏာရွင္အစိုးရျဖစ္ေၾကာင္းကို ေဖာ္ျပေနသည္ဟု လယ္ယာေျမပိုင္းမ်ားက ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ကာ ေျပာဆိုလိုက္သည္။ 

လယ္ယာေျမပိုင္ရွင္မ်ား၏ အဆိုပါထုတ္ျပန္ခ်က္တြင္ “ဟားခါးၿမိဳ႕ရွိ Nawi လြင္ျပင္ရွိ လယ္ေျမပုိင္ရွင္မ်ားမွ Nawi ေရေလွာင္တမံစီမံကိန္းအေပၚကန္႕ ကြက္ျခင္း Nawi ေရေလွာင္တမံ ျပဳလုပ္္မည့္ ကိစၥနဲ႕ပတ္သက္ၿပီး ကၽြန္မတို႕အေနျဖင့္ သေဘာတူညီခ်က္ မရွိဘဲ ကန္႕ကြက္ေၾကာင္း အႀကိမ္ႀကိမ္စာတင္ၿပီး ျဖစ္ပါသည္။ လယ္ပုိင္ရွင္အမည္ခံ သက္သက္မ ဟုတ္ပဲ ဤလယ္ေျမယာေျမျဖင့္ ၁၉၂၀ ခုႏွစ္ကတည္းက သားစဥ္ေျမးဆက္ အသက္ေမြး၀မ္းေၾကာင္း ျပဳသူမ်ား ျဖစ္ေၾကာင္းလည္း အႀကိမ္ႀကိမ္တင္ျပခဲ့ၿပီးျဖစ္ပါသည္။ အသက္ေမြး၀မ္းေၾကာင္းအတြက္ ေဆာင္ရြက္လုပ္ကုိင္ ေနဆဲျဖစ္တဲ့ လယ္ယာေျမကို လယ္ယာေျမပုိင္ရွင္မွ သေဘာတူညီမႈမရွိဘဲ အတင္းအဓၶမသိမ္းဆည္းၿပီး ေရေလွာင္တမံျပဳလုပ္မည္ဆို ျခင္းမွာ ခ်င္းျပည္နယ္ အစိုးရသည္ အာဏာရွင္အစိုးရျဖစ္ေနဆဲဟု ေဖာ္ျပေနသည္ႏွင့္တူပါသည္။” ဟု ထည့္သြင္းေဖာ္ျပ ထားသည္။ 

ခ်င္းျပည္နယ္အစိုးရအဖြဲ႔သည္ ႏြယ္ေခ်ာင္းဆည္ေရေလွာင္တမံစီမံကိန္းကို ဟားခါးၿမိဳ႕ရွိ ျပည္သူမ်ား ေသာက္သံုးေရ လံုလံုေလာက္ေလာက္ရရွိႏိုင္ေရးအတြက္ဟုဆိုကာ ျပည္နယ္ေငြလုံးေငြရင္းရန္ပုံေငြ က်ပ္သန္း (၂၀၀၀)ျဖင့္ ၂၀၂၁ ခုႏွစ္  ဇန္နဝါရီလ (ခန႔္မွန္း) တြင္ စတင္တည္ေဆာက္ရန္ ျပင္ဆင္ေနေသာ္လည္း လယ္ေျမပိုင္ရွင္မ်ားမွ ယခုအခ်ိန္ထိ သေဘာတူျခင္းမရွိေသးေၾကာင္းသိရသည္။

လယ္ေျမပိုင္ရွင္တစ္ဦးျဖစ္သူ ေဒၚဖါရ္ခ်င္းဆုန္မွ “သူတို႔ စီမံကိန္းစဖို႔ ျပင္ဆင္တုန္းကေတာ့ အိမ္ကိုလာၿပီး လႊတ္ေတာ္ဥကၠဌအပါအဝင္ လူႀကီးေတြကလာေျပာတာေတာ့ရွိတယ္၊ ေနာက္တစ္ခါ လႊတ္ေတာ္ရံုးကို လာဖို႔လည္းေခၚေသးတယ္၊ သူတို႔က ေလွ်ာ္ေၾကးေပးၿပီး သေဘာတူခိုင္းမွာသိလို႔ က်မတို႔မသြားေတာ့ဘူး၊ လယ္ပိုင္ရွင္ထဲက တစ္ခ်ဳိ႕ကိုက်ေတာ့ ေလွ်ာ္ေၾကးယူမလား လယ္အဆံုးခံမလားဆိုၿပီး ခ်ိန္းေခ်ာက္လို႔ သေဘာတူလိုက္တဲ့လူေတြေတာ့ရွိတယ္၊ ဒါေပမယ့္ အမ်ားစုကေတာ့ ခုခ်ိန္ထိ သေဘာတူထားတာမရွိဘူး” ဟု ေျပာသည္။

လယ္ပိုင္ရွင္မ်ား၏ ထုတ္ျပန္ခ်က္တြင္ လယ္ေျမ၊ ယာေျမ၊ ငါးေမြးကန္၊ ကၽြဲႏြားေမြးျမဴေရးလုပ္ငန္းမ်ားျဖင့္ အသက္ေမြး၀မ္းေၾကာင္း ျပဳေနရသည့္ ေတာင္သူလယ္သမားမ်ားအေနျဖင့္ အစိုးရဘက္မွ မ်ားျပားသည့္ ေငြေၾကးပမာဏျဖင့္ ေလ်ာ္ေၾကးေပးလာပါကလည္း ဘိုးဘြားစဥ္ဆက္ ေနထိုင္လုပ္ကိုင္စားေသာက္ေနရသည့္ လယ္ေျမျဖစ္သျဖင့္ ႏြယ္ေခ်ာင္းဆည္ေရေလွာင္တမံတည္ေဆာက္မည့္ စီမံကိန္းအား ထာ၀ရကန္႔ကြက္သြားမည္ျဖစ္ေၾကာင္း ထည့္သြင္းေရးသားထားသည္။

ႏြယ္ေခ်ာင္းဆည္ေရေလွာင္တမံတည္ေဆာက္မည့္ စီမံကိန္းႏွင့္ပါတ္သတ္ၿပီး Chin MATA အဖြဲ႕မွ Andrew Tha Tuang က “ျမန္မာႏိုင္ငံအေနနဲ႔က ၂၀၀၇ ခုႏွစ္ေလာက္မွာ ကမာၻ႔ကုလသမဂၢဌာေနနဲ႔တိုင္းရင္းသားမ်ား အခြင့္အေရးဆိုတဲ့ဟာနဲ႔ပတ္သတ္ၿပီးေတာ့ လက္မွတ္ထိုးခဲ့တယ္၊ အဲဒီထဲမွာက ဖြံ႔ၿဖိဳးေရးဘဲျဖစ္ျဖစ္ တစ္ျခားစီမံကိန္းဘဲျဖစ္ျဖစ္ လုပ္ေတာ့မယ္ဆိုလို႔ရွင္ရင္ ေဒသခံေတြနဲ႔ အေၾကအလည္ေဆြးေႏြးၿပီးေတာ့မွ ေဒသခံေတြအေပၚမွာ ျဖစ္လာႏိုင္တဲ့ အက်ဳိးအျပစ္ေတြအေပၚမွာ လုပ္ရမယ္ဆိုတဲ့အခ်က္တစ္ခုပါတယ္၊ ဒါေပမယ့္ ခုအစိုးရအေနနဲ႔က အဲလိုမ်ဳိးေတြလုပ္တာမေတြ႕ရဘူး၊ ခုကိစၥမွာလည္း ဖြံ႕ၿဖိဳးေရးအတြက္လို႔ေျပာေနေပမယ့္ ျပည္သူေတြအေနနဲ႔ ဘာျဖစ္ခ်င္တာလဲဆိုဆို ေသေသခ်ာခ်ာ ညႇိႏႈိင္းၿပီး သေဘာတူမွ လုပ္သင့္တယ္လို႔ျမင္တယ္”ဟု ေျပာသည္။

ႏြယ္ေခ်ာင္းဆည္ ေရေလွာင္တမံစီမံကိန္းကို ဟားခါးၿမိဳ႕၏ တစ္မိုင္ခန႔္အကြာ ေခ်ာင္း(၃) ခုဆုံရာ ေနရာတြင္ တည္ေဆာက္သြားမည္ျဖစ္ၿပီး စီမံကိန္းကာလမွာ (၃)ႏွစ္ခန္႕ၾကာမည္ျဖစ္ေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.