Author: Editor

မင်းတပ်မြို့စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း မာဂရက် – ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။ မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အာဏာသိမ်း စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်း အထန်ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်နစ်နာမည်ကို စိုးရိမ်သည့်အတွက် မင်းတပ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က မေလ ၁၅ ရက်နေ့တွင် နောက်ဆုတ်ပေးခဲ့သည်။ ယခုလက်ရှိတွင် မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ ၂၇၄ တပ်ရင်းက ထိန်းချုပ်ထားပြီး မြို့ပေါ်တွင်နေထိုင်းခြင်း သည် လုံခြုံမှုမရှိတော့သည့်အပြင် တိုက်ပွဲများပြန်လည်ပြင်းထန်လာမည်ကိုစိုးရိမ်ကြသည့်အတွက် မြို့ခံပြည်သူများအား လုံးနီးပါးသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ မင်းတပ်မြို့ စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကူညီဆောင်ရွက်ပေးနေသည့် တာဝန်ခံတစ်ဦးကို ခိုနူမ်းသုန်သတင်းက ဆက်သွယ်မေးမြန်းထားသည်။ မေး- အခုမင်းတပ်မြို့ကို စွန့်ပြီးမှ ထွက်ပြေးတိမ်းရှောင်တဲ့သူ စစ်ဘေးရှောင်လူဦးရေ ဘယ််လောက်ရှိပြီလဲ။ ဖြေ- ၆၀၀၀ ကျော် ၆၀၀၀ နဲ့ ၈၀၀၀ ကြားဖြစ်နိုင်တယ်၊ အဲ့လောက်ဝန်းကျင်ဖြစ်မယ်၊ မင်းတပ်မြို့က တောင်ကြောကြီးဆိုတော့ အရှေ့က အဆင်း၊ အနောက်ကအတက်ပုံစံရှိတယ်၊ တောင်နဲ့မြောက်ကတော့ ချောက်ထဲပဲ တောင်စောင်းကြီး အောက်ထဲ မှာက ချောင်းရှိတယ်ပေါ့နော်၊ မြို့ရဲ့ မြောက်နဲ့တောင်ဖက်ကို ပြေးကြတာများတယ်၊ ကျွန်တော်တို့ရဲ့ မြို့ရဲ့ အနောက်ဖက်မှာ ၄၀၀၀၊ ၅၀၀၀ လောက်ရှိတယ်၊ ၆၀၀၀ လောက်က ကျွန်တော်တို့ဖက်မှာ ရှိသလောက်ပေါ့နော် မြို့တောင်ပိုင်းကို…

Read More

မာဂရက် – စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့တွင် တိုက်ပွဲများတကျော့ပြန်ပြင်းထန်လာမည်ကို စိုးရိမ်ကြသည့်အတွက် မင်းတပ်မြို့ပေါ်ရှိပြည်သူလူထုအားလုံးနီးပါးသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကူညီထောက်ပံ့ မှုများလိုအပ်လျှက်ရှိကြောင်း သိရသည်။ “၁၅ ရက်နေ့မှာ မြို့လေးကို လက်နက်ကြီးနဲ့ အချက် ၆၀ ကျော် စစ်ကောင်စီကလှမ်းပစ်တယ် ရ ဟတ်ယာဉ်ပေါ်ကေ နပစ်တယ်ဆိုုတဲ့အခြေအနေက ဘယ်သူမှ ထိတ်မလန့်တဲ့သူမရှိတော့ဘူးလေ၊ ဒါကြောင့် မင်းတပ်မြို့နဲ့ခပ်လှမ်းလှမ်းမှာ ချောင်းထဲမှာ၊ ချောက်ထဲမှာအဲ့လိုမျိုး ရှောင်ပြေးတာတွေများ သွားပြီ၊ မြို့ထဲမှာတော့ တချို့သက်ကြီးသူတွေ၊ ကလေးငယ် တွေပဲရှိတယ် မပြေးနိုင်တဲ့သူတွေ၊ မပြေး ချင်တဲ့ သူတွေ၊ မပြေးဖို့ ဆုံးဖြတ်တဲ့သူတွေ အဲ့လိုမျိုးသူတွွေ ပဲကျန်တော့တယ်၊ ကျန်တဲ့သူတော်တော် များကေ တာ့ အကုန်လုံးကတော့ တောထဲ၊ချောက်ထဲမှာပြေးဝင်ကြပြီဆိုတော့ မြို့ရဲ့ ၈၀/ ၉၀ ရာခိုင် နှုန်း လောက်က ပြေးတယ်’’ ဟု မင်းတပ်စစ်ဘေးရှောင် ကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ မင်းတပ်မြို့မှ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူများပိုတိုးလာသည့်အတွက်ကြောင့် စစ်ဘေးရှောင်ပြည်သူ လူဦးရေ ၄၀၀-၅၀၀ ခန့်နေထိုင်နိုင်မည့် စခန်း (IDP Camp) (၄) ခုနှင့် အခြားကျေးရွာများတွင်လည်း (IDP Camp) (၁၀) ခု ခန့်ဖွင့်လှစ်ထားကာ လူဦးရေအားဖြင့် ၁၀၀၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အမိုး အကာများ အရေးပေါ်လိုအပ်နေကြောင်း၎င်းကဆက်ပြောသည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။ သို့သော်လည်း…

Read More

By လားနွန် – အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲအစည်းအဝေးသို့ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီတက်ရောက်မည်မဟုတ်ကြောင်း သိရသည်။ CNLD ပါတီအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းပီပီ က “သွားရေးလာရေး လုံခြုံရေးကအစ အခက်အခဲ ဖြစ်နေလို့ မတက်ရောက်ပါ” ဟုပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မေလ ၂၁ ရက်နေ့တွင် နိုင်ငံရေးပါတီအသီးသီးတို့နှင့် တွေဆုံညှိုနှိုင်းစည်း ဝေးပွဲပြုလုပ်ရန် မေလ ၁၀ ရက်နေ့ကတည်းက နိ်ုင်ငံရေးပါတီအသီးသီးထံ ဖိတ်ကြားခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း နိုင်ငံရေးပါတီအချိူ့နှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီးဖြစ်ကာ ချင်းနိုင်ငံရေးပါတီထဲမှ ZNRDP တစ်ပါတီသာလျှင်တက်ရောက်ခဲ့သည်။ အဆိုပါပထမအကြိမ်တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီ (၉၁) ရှိသည့်အနက် (၅၃) ပါတီတက်ရောက်ခဲ့ကြပြီး အခြား (၃၈) ပါတီတို့မှာ မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။

Read More

By လားနွန် – အလွယ်တကူငွေကြေးလွှဲပြောင်းထုတ်ယူနိုင်သည့် ဝန်ဆောင်မှုဖြစ်သော အများပြည်သူများသုံး Kpay နှင့် wave money များမှတဆင့် ယခုရက်ပိုင်းအတွင်း ငွေသွင်းငွေထုတ်ခြင်းများပြုလုပ်ရာတွင် ကိုယ်စားလှယ်များမှ အစမတန် ဈေးတင်ပြီးတောင်းခံနေသည့်အတွက်ကြောင့် ငွေထုတ်ငွေလွှဲသူများအတွက် အခက်အခဲဖြစ်နေကြ ကြောင်း စုံစမ်းသိရှိရသည်။ နိ်ုင်ငံတော်ကိုအာဏာကို စစ်ကောင်စီကမသိမ်းယူခင်က အဆိုပါငွေကြေးဝန်ဆောင်မှုပြုလုပ်နေကြသော ကိုယ်စားလှယ်များသည် ငွေလွှဲငွေထုတ်ပြုလုပ်သူများထံ ၎င်းတို့၏သတ်မှတ်ချက်နှုန်းထားအတိုင်း လုပ်ဆောင်ခဲ့ကြသော်လည်း ပုဂ္ဂလိဘဏ်များဖွင့်လှစ်ခြင်းမရှိသည့်နောက်ပိုင်း မြန်မာကျပ်ငွေများထုတ်ယူမှုအခက်အခဲဖြစ်လာခြင်းကို အခွင့်ကောင်းယူကာ အစမတန်ဈေးတင်ခြင်းလုပ်ဆောင်လာကြခြင်းဖြစ်သည်။ “ကျနော်တို့ kpay ဆိုတာ အကောင့်အချင်းချင်းလွှဲရင် လွှဲခမရှိဘူး ငွေသားရှိတဲ့သူက ငွေသားယူတယ် emoney လိုတဲ့သူ သူ့အကောင့်ထဲထည့်ပေးယုံပဲ နောက် Wave money ဆိုလည်း အကောင့်ဖွင့်ထားရင် ကိုယ်စားလှယ်ကနေတဆင့် မည်သူမဆို လာလွှဲရင် ကျနော် wave အကောင့်ဖွင့်ထားတဲ့အတွက် လွှဲခမလိုပါဘူး နောက် အကောင့်အချင်းချင်းလွှဲရင်လည်းလွှဲခမလိုဘူး ကိုယ်စားလှယ်ကနေအကောင့်မရှိတဲ့သူကိုလွှဲမှပဲ လွှဲခရှိတယ် အဲဒါလည်းwave money ကနေ သတ်မှတ်ချက်ရှိတယ် ဘာအခက်အခဲမှမရှိဘူးလွယ်တယ် အခုတော့ kpay၊ wave money ကိုယ်စားလှယ်လုပ်တဲ့သူတွေဆီကနေသွားလွှဲရင် ၁ သိန်းမှာ ၁ သောင်းယူတော့ ဘယ်လိုမှအဆင်မပြေတော့ဘူး ၁ဝရာခိုင်းနှုန်းဆိုတော့ ဒါက အများပြည်သူခက်ခဲနေတဲ့အချိန် အမြတ်ထုတ်တဲ့လောဘတခုပါ အခု wave Money ဆိုရင် ပိုဆိုးလာတာက ထုတ်တာလည်း ထုတ်ခတောင်းတယ် လွှဲရင်လည်းလွှဲခ အဲလိုဖြစ်နေတာ” ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြောသည်။ အမှန်တကယ်တွင် Kpay ဖြင့်ငွေလွှဲမည်ဆိုပါက Kpay သတ်မှတ်ချက်အရ ၁ သိန်းတွင် ၁၄၀၀ ကျပ်သာပေးရပြီး wave money ဖြင့်ငွေလွှဲရာတွင်လည်း…

Read More

Benezer – ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဟားခါးမြို့တို့တွင် ယခုရက်ပိုင်းအတွင် CDF အဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ အယောက် ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မင်းတပ်မြို့နှင့် မတူပီမြို့ကြား မိုင်တိုင် ၄၀ – ၅၀ ကြားတွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ တပ်ကြပ်တစ်ဦးအပါအဝင် စစ်သား (၃) ဦးသေဆုံးခဲ့ပြီး CDF ဘက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။ “ဖြစ်တာက နေ့လည်ပိုင်းဖြစ်တာပါ၊ သူတို့က လမ်းမှာလာတာကို ဖျက်တိုက်ရင်းနဲ့ ကြာသွားတယ်၊ စစ်ကောင်စီဘက်က ၃ ယောက်ကျတယ်၊ CDF ဘက်က တစ်ယောက်မှ မထိဘူး၊ သူတို့က မတူပီကနေ မင်းတပ်ဘက်ကို အင်အားလာဖြည့်တဲ့သူတွေပါ၊ ဒီနေ့မနက်ပိုင်းတော့ ဘာမှမသိရသေး”ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့ပြင် CDF-Hakha နှင့် စစ်ကောင်စီတပ်များ မေလ ၁၈ရက်နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးဒဏ်ရာရှိကာ CDF ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။ CDF-Hakha နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများမှာ မေလ ၁၈ ရက်နေ့တွင် ဟားခါးတက္ကသိုလ်အနီးရှိလုံခြုံရေးဂိတ်၊ ဟားခါးသာရ် ၆လမ်းစုံ နှင့် ဟားခါး-ဂန့်ဂေါလမ်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ဟားခါး-မတူပီးလမ်းကြား နယ်မြေရှင်းလင်းရေးလုပ်သည့်…

Read More

မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် ဖမ်းဆီးခံရသော လူငယ် (၅) ဦးကို မေလ ၁၉ ရက်နေ့ ယနေ့ မနက် ၁၁ နာရီအချိန်က ရုံးထုတ်ခဲ့သော်လည်း တရားလိုဖက်မှ ရောက်မလာသောကြောင့် မေလ ၂၇ ရက်နေ့ တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပြောင်းရွှေ့သည်ဟု သိရသည်။ “သူတို့က ခနလေးပဲထုတ်ပြီးမှ ဒီအတိုင်းပြန်လှည့်သွားကြတယ်၊ ဘာမှမစစ်လိုက်ရဘူး၊ အဲ့ဒီ တရား လိုဖက်လို့ပြောရမလား တိုင်တဲ့သူတွေ စစ်သားတွေ မလာကြဘူး သူတို့ ကြားထဲရက်ထဲပြန်ရွှေ့ကြ တယ်၊ ၁၁ ခွဲလောက်ထင်တယ်ရုံးထုတ်တာ ခနလေးပဲ” ဟု မြို့ခံတစ်ဦးကပြောသည်။ အဆိုပါအဖမ်းခံရသူ (၅) ဦးသည် ဖမ်းဆီးခံရသည့်အချိန်မှစပြီး ရုံးချိန်းရက်တိုင်းတွင်လည်း မိသား စုနှင့် တွေ့ခွင်၊့ စကားပြောဆိုခွင့်ရရှိကြပေမယ့် မေလ ၁၇ ရက်နေ့မှစပြီး ၎င်းတို့အတွက် ပို့ပေးသော ပစ္စည်းများကို စစ်ဆေးရေး ဂိတ်မှတဆင့်ပေးပို့ကြရပြီး ကိုယ်တိုင်တွေ့ခွင့်မရသလို စကားပြောခွင့် လည်း မရတော့ကြောင်း အရင်ကထက် ပိုပြီးတင်းကြပ်သွားကြောင်းမိသားစုဝင်တစ်ဦးကပြောသည်။ အဖမ်းခံရသူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံတယရှိသဖြင့် ရဲနှင့်စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်ရုံး ထုတ်ခြင်းသည် (၄) ကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။

Read More

မာဂရက် – ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ရှိ စာသင်ကျောင်းနှင့် ရဲစခန်းတို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်တပ်စွဲထားကြပြီး တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ကြသည့်အတွက် တစ်မြို့လုံးနီးပါးသည် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဟု သိရသည်။ ကန်ပက်လက်မြို့တွင် မေလ ၁၃ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီနှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားမှုမရှိတော့သော်လည်း စစ်ကောင်စီသည် ရဟတ်ယာဉ် ဖြင့် စစ်အင်အား တိုးချဲ့ကာ ကန်ပက်လက်မြို့တွင် မေလ ၁၆ ရက်နေ့ကစ၍ တပ်စွဲလာခဲ့ခြင်းဖြစ်သည်။ “အပစ်အခတ်တွေကြောင့် တောဖက်၊ ရွာဖက်ထွက်ပြေးတိမ်းရှောင်နေကြတယ်၊ ဒီနေ့မနက်ကနေ နည်းနည်းပါးပါးပြန်တက်လာကြပြီး မြို့ထဲမှာ အသွားအလာတော့နည်းနည်းရှိလာတယ်၊ အရင်ကလိုကြီးတော့ မဟုတ်သေးဘူး၊ ဆိုင်ကယ်သံလေးတွေတော့ နည်းနည်းပြန်ကြားရပြီ၊ နေအိ မ်ကိုပြန်လာကြည့်တဲ့သဘော လောက်ပဲရှိတယ်၊ ခနတဖြုတ် အိမ်ကိုပြန်လာကြည့်ပြီး စားနပ်ရိက္ခာ လာပြန်ယူတာလောက်ပဲရှိတယ်’’ ဟု ကန်ပက်လက်မြို့ခံတစ်ဦးကပြောသည်။ မေလ ၁၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူများ၊ ကန်ပက်လက်မြို့မိမြို့ဖများတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။ ယင်းဆွေးနွေးပွဲတွင် စစ်ကောင်စီအနေဖြင့် ပြည်သူများမြို့ပေါ်တွင်သွားလာသောအချိန်တွင် စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများမပြုလုပ်ရန်၊ CDM တွင်ပါဝင်သူများကိုလည်း အိမ်တိုင်ရာရောက်သွား ရောက်ဖမ်းဆီးခြင်း၊ အနှောက်အ ယှက်ပေးခြင်းမပြုလုပ်ရန် နှင့် မြို့ပေါ်တွင် လက်နက်ကို်င်ဆောင်ပြီး သွားလာခြင်းမျိုးမလုပ်ရန် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတောင်းဆိုခဲ့ကြပြီး၊ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဖက်မှလည်း ကန်ပလက်မြို့ပေါ်တွင် တပ်စွဲခွင့်ပြုရန်နှင့် ရေများပြည်လည် လွတ်ပေးရန်တောင်းဆိုကာ သဘောတူညီမှုရရှိခဲ့ကြ သည်ဟု ကန်ပက်လက်မြို့ခံကပြောသည်။ “လက်ရှိအခြေအနေမှာတော့ အဆင်ပြေတယ်၊ ငြိမ်နေတယ်လို့ပြောရမလား ရင်တထိတ်ထိတ်နဲ့ပေါ့ မဖောက်လာဖို့ လိုတယ်” ဟု ကန်ပက်လက်မြို့ခံကပြောသည်။

Read More

မေ (၁၇) ရက်နေ့က ချင်းပြည်နယ် မင်းတပ်နှင့် မတူပီလမ်း မိုင် ၃၀ နှင့် ၄၀ ကြားတွင်ဖြစ်သောတိုက်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်များအသုံးပြုသော လက်နက်များသည် ဓာတုလက်နက်များဖြစ်နိုင်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ စကစမှ အသုံးပြုသည့် ယင်းလက်နက်ကြီးများသည် ယခင်လက်နက်ကြီးများနှင့် မတူဘဲ CDF-Mindat ရဲဘော်အချို့သည် ဗုံးဆံများမထိ၊ ပြင်ပဒဏ်ရာများမရှိသော်လည်း မူးဝေခြင်း၊ အော့အန်ခြင်း၊ အရုပ်ကြိုးပြတ် အားနည်းခြင်းများဖြစ်၍ တွဲကူထမ်းထုတ်ရသည့် အခြေအနေများ တွေ့ကြုံရ​ကြောင်း ထုတ်ပြန်ထားသည်။ “ကျနော်တို့ရဲဘော်တွေက ဘာဒဏ်ရာမှလည်းမရဘဲနဲ့ မူးဝေပြီး အော့အံကြတယ် အသက်ရှုရတာခက်ကြတယ် အဲလိုမျိုးဖြစ်ကြတယ်” ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။ ယခုအခါတွင်.. မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲများ မရှိတော့သော်လည်း.. မြို့အနောက်ပိုင်း မင်းတပ်-မတူပီ လမ်းတွင် ယမန်နေ ့ကတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မေလ ၁၂ ရက်နေ့က မတူပီမှ ဆင်းလာသော စစ်ကား (၆) စီးသည် လမ်းတွင်အကြိမ်ကြိမ်ဖြတ်တိုက်ခံရပြီး မင်းတပ်မြို့သို့ မရောက်နိုင်ဖြစ်လေရာ.. မေလ ၁၅ ရက်တွင် မတူပီဗျူဟာမှ စစ်ကူ စစ်ကားနောက်ထပ် (၇) စီး ထပ်မံဆင်းလာကာ စကစတပ်များသည် RPG များ၊ လောင်ချာများ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများကို တောက်လျှောက်သုံးလာခဲ့သည်။

Read More

မာဂရက် – ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ယနေ့ မေလ ၁၆ ရက် ညနေ ၄ နာရီခန့်က စစ်ရဟတ်ယာဉ် ၃ စီး ဆင်းသက်ခဲ့ပြီး အင်အား ၅၀ ကျော်ခန့်ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့မဘောလုံးကွင်းတွင်နေရာယူထားကြသည်ဟု သိရသည်။ “ခုနတုန်းကပဲ လေယာဉ် ၂၊ ၃ စီးလောက်ရောက်လာနေတယ်၊ ဘယ်လိုဖြစ်လာမလဲမသိသေးဘူး၊ လေယာဉ်က အရှေ့ဘောလုံးကွင်းမှာ ဆိုက်တယ်၊ ရဲစခန်းကို သွားကြမလား၊ ပစ်ခတ်တာတွေရှိမလား မသေချာသေးဘူး၊ အခုအကုန်လုံးက ပြေးသူကပြေး အဲ့လိုမျိုးလုပ်နေကြတာ၊ ကျွန်တော်တို့လည်း အခုချိန် ပြောင်းရွေ့ရေးလုပ်နေကြတာ” ဟု မြို့ခံတစ်ဦးကပြောသည်။ မေလ ၁၃ ရက်နေ့ ည ၉ နာရီတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကန်ပက်လက်ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ကန်ပက်လက်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ပြည်သူများအနေဖြင့် လုံခြုံရေးအရ မြို့မဘောလုံးကွင်း၊ ရဲစခန်း နှင့် မြန်မာ့စီးပွားရေးဘဏ်ရုံး အနီးသို့ သွားလာခြင်းများ မပြုလုပ်ရန်၊ အနီးအနားတွင် နေထိုင်သော ပြည်သူများအနေဖြင့်လည်း ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးနိုင်ရန်နှင့် နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအတွင်းသာ စျေးဝယ်ခြင်းများပြုလုပ်ရန် ယ​နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

Read More

စစ်ကောင်စီက မင်းတပ်ကို လက်နက်ကြီးဖြင့်အကြိမ် (၆၀) ထက်မနည်းပစ်ခတ်ပြီး မြို့ပေါ်လူနေအိမ်များကိုချိူးဖျက်ကာ ယောကျာင်္းမှန်သမျှကို ဖမ်းဆီမှုများရှိနေပြီး ပြည်သူများထိခိုက်မည်ကို စိုးရိမ်သည့်အတွက် နောက်ဆုပ်ပေးလိုက်ရသည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီသည် ယနေ့တစ်ရက်တည်းတွင် မင်းတပ်မြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်အကူ၊ လက်နက်အင်အား အကြိမ် ၃၀ ခန့် လာရောက်ဖြည့်တင်းခဲ့ပြီး နံနက်ပိုင်း ၇ နာရီမှ ညနေပိုင်း ၃ နာရီခန့်အထိ မြို့ပေါ်လူနေရပ်ကွက်များထိ လက်နက်ကြီးများ မနားတမ်းပစ်ခတ်နေသည့်အတွက် ဗုံးဆံထိမှန်သော ပြည်သူများ ဆေးကုသ၍မရဖြစ်နေသည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့ပေါ်ရှိပြည်သူများကိုလည်း ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုထားသည်ဟု သိရသည်။ ထို့ကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးဖွဲ့အနေဖြင့် ပြည်သူများ၊ အိမ်၊ စျေးဆိုင်များထိခိုက်မည်စိုးရိမ်သည့်အတွက် နောက်ဆုတ်ပေးလိုက်ရသည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Read More