Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ္ကိုင္းတိုင္း ခ်င္းေရးရာဝန္ႀကီးအတြက္ ကိုယ္စားလွယ္ေလာင္း ၁၁ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္

စစ္ကိုင္းတိုင္း ခ်င္းေရးရာဝန္ႀကီးအတြက္ ကိုယ္စားလွယ္ေလာင္း ၁၁ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္

0
By Editor on August 12, 2020 Khonumthung

#Unicode

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း (၁၁) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းရရှိသည်။

ချင်းရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ (၇) ပါတီ နှင့် တစ်သီးပုဂ္ဂလ (၄) ဦးစုစုပေါင်း (၁၁) ဦးတို့က ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်ထားကြပြီး ၎င်းတို့မှာ ဦးလားထန်ကြွမ်း (တစ်သီးပုဂ္ဂလ)၊ ဦးတွန့်လမ်းထန် (တစ်သီးပုဂ္ဂလ)၊ ဦးဘွန်းဇနန်း (တစ်သီးပုဂ္ဂလ)၊ ဦးဘွာလ်နှောက် (တစ်သီးပုဂ္ဂလ)၊ ဦးဆန်ထောမ်ထန် (CNLD)၊ ဦးမာန်ခွါးဟုန်း (ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)၊ ဒေါ်လါလ်ရင်းမွန် (NLD) ၊ ဦးစံရာအုပ် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တစည)၊ ဦးထန်ဆဲယာ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဒေါက်တာဂင်ဟဲ့လျန် (အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ)၊ ဦးလာဘွေ့ဘိခ် (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) တို့ဖြစ်ကြသည်။

တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်လူလတ်ပိုင်းတစ်ဦးဖြစ်သည့် ဦးလားထန်ကြွမ်းကတော့ အစိုးရနှင့် ချင်းပြည်သူများအကြား ချိတ်ဆက်ပေးနိုင်သော ကိုယ်စားလှယ်ကောင်းလိုအပ်သည့်အတွက် ယခုကဲ့သို့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ပြောသည်။

“ချင်းလူမျိုးတွေရဲ့ကိုယ်စား အစိုးရနဲ့ ချင်းလူမျိုးတွေကြားထဲမှာ ချိတ်ဆက်ပေးတဲ့ကိုယ်စားလှယ်ဖြစ်နိုင်ဖို့အတွက်ပါ အဲဒီဟာက ဒီတိုင်းပြောလိုက်လို့ရှိရင် ဘာမှအဓိပ္ပာယ်မရှိသလိုပဲ ကျနော်တို့ချင်းလူမျိုးတွေက အစိုးရရုံးစိုက်ရာနေရာတွေမှာ ဌာနတွေမှာ ပြောချင်တိုင်းမပြောရဲ တောင်းချင်တိုင်းမတောင်ရဲ ကိစ္စတင်ပြချင်တိုင်းမတင်ပြကြတော့ နစ်နာရတယ်၊ အခြေခံအခွင့်အရေးတွေဆုံးရှုံးနေမှုတွေကို ချင်းပြည်သူလူထုတွေကိုယ်စား သူတို့နဲ့ နီးနီးကပ်ကပ်ရှိနေပြီး သူတို့မှာဘာတွေလိုနေပါတယ် ဘာတွေခက်ခဲနေပါတယ် အစိုးရကဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို ချင်းပြည်သူတွေကိုယ်စားအစိုးရကို ချိတ်ဆက်ညှို့နှိုင်းပေးမယ့်သူအဖြစ်ဆောင်ရွက်ပေးချင်လို့ပါ” ဟု ဦးလားထန်ကြွမ်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းရေးရာဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း (၁၀) ဦးကျော်ထွက်ပေါ်လာသည့်အပေါ် ကြိုဆိုကြောင်း Area Peace Development Forward မှ တာဝန်ရှိသူ ဦး GS Mang ကပြောသည်။

“ကျနော်တို့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ချင်းလူမျိုးတွေအတွက် အလုပ်တွေအများကြီးလုပ်ပေးချင်တဲ့ ပုဂ္ဂိုလ်တွေ (၁၁) ဦးတောင်ရှိလာပြီဆိုတော့ ဒါဟာနိုင်ငံရေးအရ အသိအမြင်ကြွယ်ဝတယ် စေတနာရှိတဲ့လူတွေ (၁၁) ဦးတောင်ထွက်လာပြီဆိုတဲ့လက္ခဏာလို့မြင်တယ် ကောင်းပါတယ် တစ်ခုရှိပါတယ် ရေးရာဝန်ကြီးဖြစ်တဲ့အတွက် လူအများစုကြားထဲမှာ အနည်းစုဖြစ်တဲ့ ချင်းလူမျိုးတွေရဲ့ National Identify လူမျိုးရေး ကျန်အင်လက္ခဏာတွေ လူမျိုးရေးအမှတ်အသားတွေကို သူတို့ဘယ်လိုမြှင့်တင်ပေးနိုင်မလဲဆိုတဲ့အချက်ကို ကျနော်တို့ သူတို့ဆီကနေအများကြီးမျှော်လင့်ထားပါတယ်” ဟု ဦး GS Mang ကပြောသည်။

မြန်မာနိုင်ငံတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် ရွေးချယ်ကြမည်ဖြစ်သည်။ မကွေးနှင့် ရခိုင်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း မည်မျှ ယှဉ်ပြိုင်ကြမည်ကို မသိရသေးပေ။

ချင်းပြည်နယ်ပြင်ပတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် ချင်းလူမျိူးအများဆုံးနေထိုင်သည့်ဒေသဖြစ်ကာ လာမည့် ရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၇၃၉၉၇) ဦးရှိပြီး ယင်းအနက် ကလေးမြို့နယ်တည်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၃၁၃၅၉) ရှိသည်ဟု သိရသည်။

#Zawgyi

နိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ အေထြေထြေရြးေကာက္ပြဲတြင္ စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ ကိုယ္စားလွယ္ေလာင္း (၁၁) ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟု သတင္းရရွိသည္။

ခ်င္းေရးရာဝန္ႀကီးေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ နိုင္ငံေရးပါတီ (၇) ပါတီ ႏွင့္ တစ္သီးပုဂၢလ (၄) ဦးစုစုေပါင္း (၁၁) ဦးတို႔က ေရြးေကာက္ပြဲေကာ္မရွင္ထံ အမည္စာရင္းတင္ထားၾကၿပီး ၎တို႔မွာ ဦးလားထန္ႂကြမ္း (တစ္သီးပုဂၢလ)၊ ဦးတြန႔္လမ္းထန္ (တစ္သီးပုဂၢလ)၊ ဦးဘြန္းဇနန္း (တစ္သီးပုဂၢလ)၊ ဦးဘြာလ္ေႏွာက္ (တစ္သီးပုဂၢလ)၊ ဦးဆန္ေထာမ္ထန္ (CNLD)၊ ဦးမာန္ခြါးဟုန္း (ညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီ)၊ ေဒၚလါလ္ရင္းမြန္ (NLD) ၊ ဦးစံရာအုပ္ (တိုင္းရင္းသားစည္းလုံးညီညြတ္ေရးပါတီ တစည)၊ ဦးထန္ဆဲယာ (ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ)၊ ေဒါက္တာဂင္ဟဲ့လ်န္ (အမ်ိဳးသားနိုင္ငံေရးဒီမိုကရက္တစ္ပါတီ)၊ ဦးလာေဘြ႕ဘိခ္ (ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ) တို႔ျဖစ္ၾကသည္။

တစ္သီးပုဂၢလအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ လူငယ္လူလတ္ပိုင္းတစ္ဦးျဖစ္သည့္ ဦးလားထန္ႂကြမ္းကေတာ့ အစိုးရႏွင့္ ခ်င္းျပည္သူမ်ားအၾကား ခ်ိတ္ဆက္ေပးနိုင္ေသာ ကိုယ္စားလွယ္ေကာင္းလိုအပ္သည့္အတြက္ ယခုကဲ့သို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ရျခင္းျဖစ္သည္ဟု ေျပာသည္။

“ခ်င္းလူမ်ိဳးေတြရဲ့ကိုယ္စား အစိုးရနဲ႔ ခ်င္းလူမ်ိဳးေတြၾကားထဲမွာ ခ်ိတ္ဆက္ေပးတဲ့ကိုယ္စားလွယ္ျဖစ္နိုင္ဖို႔အတြက္ပါ အဲဒီဟာက ဒီတိုင္းေျပာလိုက္လို႔ရွိရင္ ဘာမွအဓိပၸာယ္မရွိသလိုပဲ က်ေနာ္တို႔ခ်င္းလူမ်ိဳးေတြက အစိုးရ႐ုံးစိုက္ရာေနရာေတြမွာ ဌာနေတြမွာ ေျပာခ်င္တိုင္းမေျပာရဲ ေတာင္းခ်င္တိုင္းမေတာင္ရဲ ကိစၥတင္ျပခ်င္တိုင္းမတင္ျပၾကေတာ့ နစ္နာရတယ္၊ အေျခခံအခြင့္အေရးေတြဆုံးရႈံးေနမႈေတြကို ခ်င္းျပည္သူလူထုေတြကိုယ္စား သူတို႔နဲ႔ နီးနီးကပ္ကပ္ရွိေနၿပီး သူတို႔မွာဘာေတြလိုေနပါတယ္ ဘာေတြခက္ခဲေနပါတယ္ အစိုးရကဘာေတြလုပ္ေပးနိုင္မလဲဆိုတာကို ခ်င္းျပည္သူေတြကိုယ္စားအစိုးရကို ခ်ိတ္ဆက္ညႇို႔ႏွိုင္းေပးမယ့္သူအျဖစ္ေဆာင္ရြက္ေပးခ်င္လို႔ပါ” ဟု ဦးလားထန္ႂကြမ္းကေျပာသည္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ခ်င္းေရးရာဝန္ႀကီးေနရာအတြက္ ကိုယ္စားလွယ္ေလာင္း (၁၀) ဦးေက်ာ္ထြက္ေပၚလာသည့္အေပၚ ႀကိဳဆိုေၾကာင္း Area Peace Development Forward မွ တာဝန္ရွိသူ ဦး GS Mang ကေျပာသည္။

“က်ေနာ္တို႔ စစ္ကိုင္းတိုင္းမွာရွိတဲ့ ခ်င္းလူမ်ိဳးေတြအတြက္ အလုပ္ေတြအမ်ားႀကီးလုပ္ေပးခ်င္တဲ့ ပုဂၢိဳလ္ေတြ (၁၁) ဦးေတာင္ရွိလာၿပီဆိုေတာ့ ဒါဟာနိုင္ငံေရးအရ အသိအျမင္ႂကြယ္ဝတယ္ ေစတနာရွိတဲ့လူေတြ (၁၁) ဦးေတာင္ထြက္လာၿပီဆိုတဲ့လကၡဏာလို႔ျမင္တယ္ ေကာင္းပါတယ္ တစ္ခုရွိပါတယ္ ေရးရာဝန္ႀကီးျဖစ္တဲ့အတြက္ လူအမ်ားစုၾကားထဲမွာ အနည္းစုျဖစ္တဲ့ ခ်င္းလူမ်ိဳးေတြရဲ့ National Identify လူမ်ိဳးေရး က်န္အင္လကၡဏာေတြ လူမ်ိဳးေရးအမွတ္အသားေတြကို သူတို႔ဘယ္လိုျမႇင့္တင္ေပးနိုင္မလဲဆိုတဲ့အခ်က္ကို က်ေနာ္တို႔ သူတို႔ဆီကေနအမ်ားႀကီးေမၽွာ္လင့္ထားပါတယ္” ဟု ဦး GS Mang ကေျပာသည္။

ျမန္မာနိုင္ငံတြင္ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီးကို စစ္ကိုင္းတိုင္း၊ မေကြးတိုင္းႏွင့္ ရခိုင္ျပည္နယ္ တို႔တြင္ ေရြးခ်ယ္ၾကမည္ျဖစ္သည္။ မေကြးႏွင့္ ရခိုင္ျပည္နယ္တြင္ ကိုယ္စားလွယ္ေလာင္း မည္မၽွ ယွဥ္ၿပိဳင္ၾကမည္ကို မသိရေသးေပ။

ခ်င္းျပည္နယ္ျပင္ပတြင္ စစ္ကိုင္းတိုင္းေဒသႀကီးသည္ ခ်င္းလူမ်ိဴးအမ်ားဆုံးေနထိုင္သည့္ေဒသျဖစ္ကာ လာမည့္ ေရြးေကာက္ပြဲတြင္ ခ်င္းတိုင္းရင္းသားဆႏၵမဲေပးပိုင္ခြင့္ရွိသူ (၁၇၃၉၉၇) ဦးရွိၿပီး ယင္းအနက္ ကေလးၿမိဳ႕နယ္တည္းတြင္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ (၁၃၁၃၅၉) ရွိသည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.