Author: Editor
#Unicode By လားနွန် – ချင်းပြည်နယ် ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ပူးစီးဇာကျုံး (Pu C. Za Cung) သည် ဥက္ကဌ ရာထူးမှ နှုတ်ထွက်စာတင်ထားသည်ဟု ချင်းပြည်နယ် NLD ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။ ထန်တလန်မြို့နယ် NLD ပါတီအောင်နိုင်ရေးအတွက်အလှူငွေထည့်ဝင်ကြသည့် ကုမ္ပဏီများအား ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းအတွက် ပူးစီးဇာကျူံး၏လက်မှတ်ဖြင့် ထောက်ခံပေးထားသည့် သဘောသက်ရောက်သော အစီရင်ခံ စာရွက်ပေါက်ကြားလာပြီးနောက် ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးကာ ပါတီဗဟိုသို့တင်ပြထားဆဲ ကာလတွင် ယခုကဲ့သို့ ဥက္ကဌရာထူးမှ နှုတ်ထွက်စာတင်သွင်းခြင်းဖြစ်သည်။ “အဲဒါက သူ့စေတနာနဲ့ ကုမ္ပဏီသမားတွေကို အစီရင်ခံစာရေးပြီးတော့ ငွေ amount တွေကိုလေ သွားပေးတဲ့အခါမှာ အားလုံးပေါ်နေတော့လေ သူ့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အဲဒီမှာနည်းနည်းလေး လွဲချော်မှုရှိလို့ အဲဒါကြောင့်ပါ အထက်ကညွှန်ကြားတာမဟုတ်ဘူး သူကိုယ်တိုင်တင်ထားတယ် အဲဒါ ပါတီဗဟိုကတော့ ဘာမှအရေးယူမှုမရှိသေးဘူး အရေးယူမှုမလာသေးဘူး” ဟု ချင်းပြည်နယ် NLD ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။ ပူးစီးဇာကျုံးသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုအနေဖြင့် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားသူဖြစ်သည်။ လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့သည့် ၎င်းအစီရင်ခံစာရွက်တွင် ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက်လျှော က်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင်ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင်မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသဖြင့် လူမှုကွန်ယက်တွင် ဝေဖန်မှုများမြှင့်တက်ခဲ့သည်။ ထို့နောက် ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးပြီး NLD ပါတီဗဟိုသို့…
#Unicode နိုင်ငံတော် ဒု-သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူသည် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကာလတွင် ကျပ်ငွေသိိန်း ၇၀ ကျော်အသုံးပြုခဲ့ကြောင်း ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၀ ထန်တလန်မြို့နယ်မှ အမျိူးသား ဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကိုယ်စားပြုအနေဖြင့် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်ငွေ ၇၁၄၆၈၉၀ သိန်းရှိခဲ့သည်ဟု ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါ်ချိူခိုင်ဦးကပြောသည်။ “ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရွေးကောက်ပွဲအသုံးစရိတ်တွေ လာရောက်တင်သွင်းပါတယ်၊ စုစုပေါင်း ၇၁၄၆၈၉၀ သိန်းရှိပါတယ်’’ ဒေါ်ချိူခိုင်ဦးကပြောသည်။ ချင်းပြည်နယ်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၀ တွင် NLD ပါတီမှ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးရှန်လျန်မှုန်း၊ ချင်းအမျိူးသားဒီမိုကရေစီအဖွဲပ်ချူပ် CNLD ပါတီမှ ဦးဗန်မွန်လျန်တို့ ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးဟင်နရီဗန်ထီးယူက မဲအပြတ်သတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ဦးရှန်လျန်မှုန်း၏ ရွေးကောက်ပွဲကာလအသုံးစရိတ်မှာ ကျပ် ၉၆၈၁၅၀၀ သိန်းအထိရှိခဲ့ပြီး ဦးဗန်မွန်လျန်၏ အသုံးစရိတ်မှာ ကျပ် ၈၂၅၀၀၀၀ သိန်းရှိခဲ့သည်ဟု ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကာလအတွင်း သိန်း ၁၀၀ ထိ အသုံးပြုနိုင်ပြီး၊ ထိုအသုံးစရိတ်များကို ရွေးကောက်ပွဲကျင်းပသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်များထံ တင်သွင်းရမည်ဖြစ်သည်။ ဟားခါးခရိုင်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၂ ဦးရှိခဲ့ပြီး ၎င်းတို့၏ အသုံးစရိတ်များကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းခဲ့ကြပြီဖြစ်ကြောင်း ဒေါ်ချိူခိုင်ဦးကပြောသည်။ ရွေးကောက်ပွဲကုန်ကျစရိတ်များကို တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ…
#Unicode By လားနွန် – ချင်းအမျိူးသမီးများအား ခွဲခြားဆက်ဆံမှုနှင့် နစ်နာမှုရှိစေသည်ဆိုသော ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Act) ကို လွှတ်တော်တွင်းကနေ ပြင်ဆင်နိုင်ရန်ကြိုးပမ်းသွားမည်ဟု ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ထန်လတန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) မှ ရွေးချယ်ခံရသည့် ဒေါ်နီရွှေလျန်ကပြောသည်။ “ဘာပဲပြောပြော ကျမတို့အနေနဲ့ အဲဒီဥပဒေကို ပြင်ကိုပြင်သင့်တယ် ဒါပေမဲ့ ကျမအနေနဲ့တော့ ဥပဒေပညာရှင်လည်း မဟုတ်ဘူးဆိုတော့ ဘယ်နည်းဘယ်ပုံစံနဲ့ ပြင်ရမယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး ဒါပေမဲ့ ခေါင်းထဲမှာတော့ ဒါဟာအမျိုးသမီးတွေအတွက် တကယ့်ကိုနစ်နာစေတဲ့ ဥပဒေကြီးဖြစ်တယ် ခေါင်းထဲမှာတော့ရှိနေတယ် ဒါပေမဲ့ ဘယ်ပုံ ဘယ်နည်းနဲ့ဝင်ပြီးမှလုပ်ပေးမယ်ဆိုတာကတော ဥပဒေပညာရှင်လမ်းဆိုတော့ ဥပဒေပညာရှင်တွေနဲ့လည်း ပူးပေါင်းပြီးမှ ဆက်လုပ်ရမယ့်အပိုင်းရှိတယ် လုပ်ချင်တဲ့စိတ်ဆန္ဒကတော့အပြည့်ဘဲ” ဟု ဒေါ်နီရွှေလျန်ကပြောသည်။ ဒေါ်နီရွှေလျန်သည် ယခုလက်ရှိတွင် ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ တွင် ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၂) တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထပ်မံအနိုင်ရရှိခဲ့သူဖြစ်သည်။ သူသည် ချင်းပြည်နယ်၏ ပထမဦးဆုံးသော ချင်းအမျိူးသမီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမည်ဖြစ်သည်။ ချင်းပြည်နယ်တွင် ယခင်နှင့် ယခုလွှတ်တော်သက်တမ်း (၁၀) နှစ်စလုံးတွင် ချင်းအမျိူးသမီး ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်မျှမရှိခဲ့ပဲ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်မှာ အမျိူးသမီးတစ်ဦးပါလာသည့်အပေါ်ဝမ်းသာကြိုဆိုကြောင်း ချင်းအက်ပြင်ဆင်ရေးပိုင်းတွင်လည်းအထောက်အကူဖြစ်လာမည်ဟုယုံကြည်ကြောင်း Ninu ခေါ် ချင်းအမျိူးသမီးအဖွဲ့ဒါရိုက်တာ Mai Len Nei Cer ကပြောသည်။ “ချင်းပြည်နယ်လွှတ်တော်မှာ အမျိုးသမီးပါလာတာ ကောင်းတယ်၊ ဝမ်းလည်းသာတယ်၊ ဒါပေမယ့် အမတ် ၂၆ ယောက် လောက်မှာ အမျိုးသမီးတစ်ယောက်တည်းဖြစ်မှာဆိုတော့…
#Unicode Benezer – ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းအများစုသည် ရွေးကောက်ပွဲကာလအသုံးစရိတ်တင်သွင်းခဲ့ကြပြီးဖြစ်သော်လည်း ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့မှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ကုန်ကျစရိတ်တင်သွင်းရန် အခက်အခဲရှိနေကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ “ကျနော်တို့ဆီမှာတော့ လောလောဆယ်လာတင်သွင်းတာ ၉ ယာက်လိုသေးတယ်၊ အဓိက လိုတာကတော့ ပလက်ဝဘက်က ၇ ယောက် တင်သွင်းဖို့ ကျန်နေသေးတယ်၊ ပလက်ဝက လမ်းပန်းဆက်သွယ်ရေး အနေအထားအရ မရောက်နိုင်တာ၊ ဒီနေ့အရောက်ပို့မယ်လို့တော့ပြောတယ်၊ ဒါပေမယ့် နယ်မြေမလုံခြုံဘူးဆိုတော့ ပြည်ထောင်စုက ဘယ်လိုဆုံးဖြတ်မလဲ မသိသေးဘူး၊ ကျန်တဲ့ နှစ်ယောက်ကတော့ မတူပီကပါ၊ ဒီနေ့လာတင်မယ်ပြောတယ်”ဟု မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမင်းအောင်ရှိန်ကပြောသည်။ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မတူပီခရိုင်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ ၃၇ ယောက်ရှိပြီး လက်ရှိအချိန်ထိ ရွေးကောက်ပွဲအသုံးစရိတ် လာရောက်တင်သွင်းပြီးသူ ၂၈ ယောက်ရှိပြီဖြစ်ကာ ပလက်မြို့နယ်မှ ရဦးနှင့် မတူပီမြို့နယ်မှ ၂ ဦး တင်သွင်းရန် ကျန်ရှိနေသေးကြောင်းသိရသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း သိန်း ၁၀၀ ထိ အသုံးပြုခွင့်ပေးထားပြီး၊ ထိုအသုံးစရိတ်များကို ရွေးကောက်ပွဲကျင်းပသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း (ဒီဇင်ဘာလ ၈ ရက်) နေ့အထိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များထံ တင်သွင်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲကုန်ကျစရိတ်များကို တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံရမည်ဖြစ်ပြီး ထို့ကြောင့် ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့အသုံးစရိတ်အား မဖြစ်မနေလာရောက်တင်သွင်းကြရန် နှိုးဆော်မှုများ လုပ်ဆောင်ခဲ့ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်မှပြောသည်။ “မတင်ရတဲ့သူတွေကနည်းသွားပါပြီ၊ တစ်ချို့လာတင်ထားတယ်၊ ဒါပေမယ့်…
#Unicode လာမည့်အစိုးရသစ် ၅ နှစ်တာသက်တမ်းကာလတွင် ချင်းပြည်နယ်၏ ပညာရေးကဏ္ဍကို အဓိက ဦးစားပေးဆောင်ရွက် သွားမည်ကြမည်ဟု ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ကြသည့် ချင်း အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်များကပြောဆိုကြသည်။ ဟားခါးမြို့နယ်အမျိူးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် တက္ကသိုလ်ပါမောက္ခဟောင်း ဒေါက်တာ အေးအေးငွန်က လာမည့်လွှတ်တော်သက်တမ်းကာလမှာ ချင်းပြည်နယ်၏ ပညာရေးကဏ္ဍကို အဓိက ဦးစားပေးဆောင်ရွ က်သွားမည်ဟု ပြောသည်။ “ ကျမကတော့ ပါမောက္ခတစ်ယောက်ဆိုတော့ ပညာရေးကိုပဲ ပြုပြင်စရာရှိတာ ပြုပြင်မယ် မြှင့်တင်စရာရှိတာ မြှင့်တင်မယ် လိုအပ်ချက်ဘာလဲဆိုတာကို ကြည့်ပြီးတော့ ကိုယ်ကဖြည့်ဆည်းဖို့ လုပ်ပေးဖို့ အဲဒါတွေကိုပဲ ရည်ရွယ်ထားတာပေါ့လေ အဓိကတော့ သူတို့မှာလိုအပ်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အထူးသဖြင့် မူလတန်းကလည်း အရမ်းအရေးကြီးတယ်လေ ရွာတွေမှာဆိုရင် မူလတန်းကအရမ်းအရေးကြီးတယ် နောက်အဆင့်ဆင့်အရေးကြီးပါတယ် နောက်ဒီမြို့ကြီးမှာဆိုရင် အထက်တန်းကျောင်းတွေမှာလည်း လိုအပ်ချက်တွေအများကြီးရှိတယ် ဥပမာဆိုရင် ဆရာ ဆရာမ မလုံလောက်တာတို့ သူတို့ရတဲ့ ဘွဲ့နဲ့ သင်နေရတဲ့ ဘာသာရပ်တွေမကိုက်ညီတာတို့ နောက်ပြီးတော့ အတွေ့အကြုံ စာစစ်အတွေ့အကြုံ တွေလိုအပ်ချက်တွေ အဲဒါတွေလည်းအများကြီးပြင်ရမှာလေ ဒါတွေကတော့ အရင်ဆုံးပြင်ရမယ်’’ ဒေါက်တာ အေးအေးငွန်ကပြောသည်။ ဒေါ်အေးအေးငွန်သည် မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးတွင် Tutor ဘဝမှစ၍ ဒုတိယပါမောက္ခချူပ်အထိ ပညာရေးလော ကတွင် နှစ်ပေါင်း ၄၀ ကျော်တာဝန်ထမ်းဆောင်လာသူတစ်ဦးဖြစ် ၂၀၁၈ ခုနှစတွင် ပင်စင်ယူပြီး ၂၀၂၀ ခုနှစ်အထွေထွေေ ရွးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကိုယ်စားပြုအနေဖြင့် ဟားခါးမြို့နယ် ချင်းပြည်နယ်အမျိူး သားလွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ “တချို့တောရွာကျေးရွာတွေမှာဆိုရင် ဆရာဆရာမ လုံးဝမရှိတဲ့ကျောင်းတွေရှိတယ် အဲဒါကျတော့…
#Unicode Benezer – ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရေပေးဝေရေးအတွက် တည်ဆောက်ထားသည့် သီမြစ်- မြစ်ရေတင်စီမံကိန်းသည် ယနေ့ချိန်ထိ ရာနှုန်းပြည့်မပြီးနိုင်ကိစ္စအပေါ် အစိုးရအနေဖြင့် ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန်လိုအပ် ကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီမှ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းကပြောသည်။ “ဝန်ကြီးချုပ်က တာဝန်ယူမှုတာဝန်ခံမှု အပြည့်နဲ့ဘဲ လုပ်ခဲ့တယ်လို့ပြောတယ်၊ ဝန်ကြီးတစ်ပါးနဲ့ ပြည်နယ်မှူးတစ်ဉီး တာဝန်မကျေလို့ နှုတ်ထွက်သွားပြီလို့ပြောတယ်၊ ဒါနဲ့မပြီးဘူးလေ၊ သူတို့နှစ်ယောက် နှုတ်ထွက်သွားလို့လည်း ဒီကိစ္စက ပြီးတာမှမဟုတ်တာ၊ အစကတည်းက ငွေထုတ်တဲ့ ကိစ္စက မရှင်းမလင်းဖြစ်တယ်၊ စာချုပ်နဲ့ကိုက်ညီမှုမရှိဘဲ ငွေအကုန်လုံးထုတ်သွားတယ်၊ အစကတည်းကိုက မှားလာတယ်၊ ကုမ္ပဏီကလည်း ကွင်းမဆင်းဘဲနဲ့ ကန်ထရိုက်ဝင်ဆွဲတယ်၊ ဒေသခံတွေနဲ့ အခက်အခဲအများကြီးကြုံရတယ်၊ ငွေထုတ်ရာမှာ လုပ်ငန်းမပြီးဘဲနဲ့ ငွေအကုန်ထုတ်သွားတယ်၊ ငွေအကုန်ထုတ်သွားတာက အစိုးရမှာ တာဝန်ရှိတယ်၊ ဒီဟာကို အစိုးရက ထိထိရောက်ရောက်ဆောင်ရွက်ဖို့လိုတယ်၊ ဒီအစိုးရရဲ့တာဝန်ပါ၊ နောက်အစိုးရကို မကူးစေချင်ဘူး၊ ပြတ်ပြတ်သားသားဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဉီးအောင်လျန်းမှပြောသည်။ သီမြစ်-မြစ်ရေတင်စီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် မြို့တွင်းရှိ သီမြစ်ဆည်နဲ့ ရေလှောင်ကန်များထံ ရေရောက်ရှိ နိုင်ရန်အထိ ငွေကျပ် ၉ ဘီလီယမ်အသုံးပြုကာတည်ဆောက်ခဲ့ကြပြီး ယခုအစိုးရလက်ထက်တွင် ထိုရေလှောင်ကန်မှ တဆင့် မြို့တွင်းရေးပေးဝေရေးအတွက် ၂.၉ ဘီလီယမ်အသုံးပြုခဲ့သော်လည်း ကန်ထရိုက်ယူသည့် KMDL နှင့် မိုးကုတ်ရွှေရည်ကုမ္ပဏီဘက်မှ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် အစိုးရထံ ကျပ်ငွေ ၀.၀၁ ဘီလီယမ်ပြန်သွင်းရန်ကြွေးကျန်ရှိနေကြောင်း သိရသည်။ အဆိုပါ မြို့တွင်းရေဖြန့်ဝေသည့်လုပ်ငန်းကို တာဝန်ယူခဲ့သည့် ကုမ္ပဏီအနေဖြင့် စာချုပ်သက်တမ်း သုံးကြိမ်ထိ သက်တမ်းကျော်လွန်သည့်တိုင် မဖြေရှင်းသည့်အပေါ် အစိုးရအနေဖြင့် ယခုသက်တမ်းမကုန်ခင်တွင် ဆောင်ရွက်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလ…
#Unicode လားနွန် – ချင်းပြည်နယ်မှာ နိ်ုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ အမျိူးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမျိူးသမီးလွှတ်တော်ကိုယ်စားလှယ် ၄ ဦးဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ခံရတဲ့ အဲဒီအမျိူးသမီးလွှတ်တော်ကိုယ်စားလှယ် ၄ ဦးအနက် ၃ ဦးဟာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြပြီး ပြန်လည်အရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ တစ်ဦးကတော့ တက္ကသိုလ်ပါမောက္ခဒေါက်တာအေးအေးငွန်ဖြစ်ပြီး ပထမဆုံး အကြိမ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသူဖြစ်ပါတယ်။ ချင်းမျိူးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့်လွှတ်တော်သက်တမ်း ၅ နှစ်တာကာလမှာ ဘာတွေအဓိက ဦးစားပေးဆောင်ရွက်ဖို့မျှော်မှန်းကြပါသလဲ။ သူတို့ရည်မှန်းချက်အိမ်မက်တွေက ဘာတွေပါလဲ။ ခိုနူမ်းသုန်သတင်းဌာနက နေ ဆက်သွယ်မေးမြန်းထားပါတယ်။ ဒေါ်ကျိန်ငိုက်မန်(ZCD – တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) “ကျမတို့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာတော့ အဓိက ကျမတို့ ချင်းပြည်နယ်မှာဆိုရင် Infrastructure (အခြေခံအဆောက်အ အုံ) တော်တော်များများပြီးစီးမှုတွေရှိတယ် ဒါတွေအကုန်လုုံးက ကျမတို့ ဝိုင်းပြီးမှ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရရှိတဲ့ရလဒ်ပါ လမ်းပန်းဆက်သွယ်ရေးဆိုရင်တော့ တီးတိန် တွန်းဇံ ကျီးခါးလမ်း လမ်းမကြီးလည်းကောင်းသွားပြီ ဒါပေမဲ့ စိတ်တိုင်းကျတော့မရှိသေးပါဘူး လမ်းမကြီးတွေတော်တော်များများပြီးတယ် ကျေးလက်လမ်းတွေ အခုလုပ်ဖို့လိုပါ သေးတယ်၊ ၂၀၂၀ မှာတော့ ကျမတို့ဘာလုပ်ရတော့မှာလဲဆိုရင်တော့ ကျမတို့ ချင်းပြည်နယ် လိုအပ်တာကတော့ ကျမတို့မှာ ကျောင်းသင်ခန်းစာနဲ့ အလှမ်းဝေးနေတဲ့ကလေးတွေ ကျမတို့မှာ အလုပ်အကိုင်အခွင့်အလမ်းအရမ်းနည်းသေးတယ် အဲဒီအတွက်ကျမတို့ဘာလုပ်ရမလဲဆိုတော့ သူတို့ skill တစ်ခုတစ်ခုတတ်ဖို့လိုပါတယ် ဒါကျမတို့ ဦးစားပေးချင်တာ၊ လူငယ်တွေဟာ ခေတ်အဆက်ဆက်ရဲ့ ပညာရေးမကောင်းခဲ့တဲ့ အားနည်းချက်တွေအများကြီးကြောင့်မို့လို့ ပညာရေးဆုံးခန်းတိုင်အောင် မသင်ယူခဲ့ရဘူး ကျမတို့ တောင်ပေါ်ဒေသဆိုရင်ပိုပြီးမှ…
ဦးစွာ ကိုဗစ် (၁၉) ရဲ့ ရောဂါလက္ခဏာတွေကို ဦးစွာပြောပြပေးလိုပါတယ်။ လက္ခဏာတွေကတော့ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုမဝတာ၊ အသက်ရှုခက်ခဲတာ၊ အားအင်ကုန်ခမ်းတာတွေဖြစ်ပါတယ်။ တစ်ပတ်အကြာမှာတော့ အားအင်ကုန်ခမ်းပြီး အသက်ရှုကြပ်တာတွေ ဖြစ်လာမှာပါ။ ကိုဗစ် (၁၉) နဲ့ပတ်သက်ပြီး ဘာလက္ခဏာမှမပြပဲလည်း ဖြစ်တတ်တာကိုတော့ သိထားစေလိုပါတယ်။ ကိုဗစ် (၁၉) ကူးစက်ခံရမှုမှာ အဆင့်တွေလိုက်ပြီး လက္ခဏာတွေမတူတာကို သိရပါတယ်။ ရောဂါကူးစက်မှုခံရသူ တစ်ယောက်နဲ့တစ်ယောက်မှာ အဆင့်တွေမတူကြပါဘူး။ အဆင့်ခွဲမယ်ဆို မပြင်းထန်အဆင့်၊ အတန်အသင့်အဆင့်၊ ပြင်းထန်အဆင့်၊ အပြင်းထန်ဆုံးအဆင့်တွေပါ။ မပြင်းထန်တဲ့အဆင့်မှာဆို ပုံမှန်အဖျားတက်သလိုဖြစ်မယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေဖြစ်မယ်။ ချောင်းခြောက်ဆိုးမယ်။ နာကျင်ကိုက်ခဲမယ်။ ဒါတွေက သာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။အတန်အသင့်အဆင့်မှာဆို ချောင်းဆိုးမယ်။ အဖျားက ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ရှိမယ်။ ချမ်းမယ်။ အိပ်ယာထဲကမထချင်ဖြစ်နေမယ်။ပြင်းထန်အဆင့်ကိုရောက်လာတဲ့အခါမှာတော့ အဆုတ်ပါရောင်လာမယ်။အပြင်းထန်ဆုံးအဆင့်မှာတော့ အဆုတ်ပါပျက်ဆီးပြီး အသက်အန္တရယ်ကိုတောင် ထိခိုက်လာနိုင်ပါပြီ။ ဒါတွေကတော့ ကိုဗစ် (၁၉) နဲ့ပတ်သက်ပြီး ခံစားရမယ့် လက္ခဏာတွေပါ။ အကယ်၍ ကိုယ့်မှာသာ အဲ့လက္ခဏာတစ်ခုခုခံစားလာရပြီဆို ဘယ်သူ့ကိုမှမကူးအောင် ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်ရေထိန်းချုပ်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။ ကိုယ့်မှာသာ လက္ခဏာတစ်ခုခုခံစားလာရပြီဆို နီးစပ်ရာဆေးရုံကို ဖုန်းခေါ်လိုက်သင့်ပါတယ်။ မိမိဘယ်သွားခဲ့တယ်၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကို ရိုးသားစွာ ပြောပြလိုက်ဖို့လိုပါတယ်။ သင့်ရဲ့ဧရိယာမှာ မိသားစုဝင်တွေနဲ့ နီးကပ်စွာနေခြင်းမပြုစေပဲ သူတို့ကိုလည်း အခြားအပြင်လူတွေနဲ့ ထိတွေ့ခြင်းမဖြစ်စေအောင် နေထိုင်ခိုင်းသင့်ပါတယ်။ ဒါ့အတူ နှာခေါင်းစည်းတပ်ခြင်း၊ မျက်နှာဖုံးအကာများတပ်ခြင်း၊ နှာချေချောင်းဆိုးလျှင် တစ်သျှူးများဖြင့်အုပ်ပြီး နှာချေခြင်းပြုလုပ်သင့်ပါတယ် မိမိရဲ့ တစ်ကိုယ်ရေစွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း ရောဂါအပေါ် လွန်စွာစိတ်ပူခြင်းမဖြစ်ဖို့လိုပါတယ်။ တကယ်လို့…
#Unicode Benezer – နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ ကြေးပေးအပ်ရာတွင် လူဦးရေအကန့်အသတ်ဖြင့်ပေးအပ်သည့်အတွက် ထောက်ပ့ံကြေးမရရှိသော အခြေခံလူတန်းစား အိမ်ထောင်စုအများအပြားရှိသည်ဟု ချင်းအရပ်ဖက်အဖွဲ့အစည်းများထံမှသိရသည်။ ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Third Eye အဖွဲ့မှ ဆလိုင်းမာန်အွမ်က ၎င်းတို့ဒေသတွင် ထောက်ပ့ံကြေးများကို အကန့်အသတ်ဖြင့်ပေးအပ်သည့်အတွက် အဆင်မပြေနို်င်ကြောင်း ယခုလို ရှင်းပြသည်။ “ပြဿနာက ပြည်နယ်ကနေလူဦးရေ ဘယ်လောက်ပဲဆိုပြီးကန့်သတ်တဲ့အပေါ်မှာကျွန်တော်တို့စီမှာ ပြဿာနာရှိတာပေါ့၊ ဥပမာ ရပ်ကွက်တစ်ကွက်ရပ်ကိုဘယ်လောက်ပဲပေးရမယ်ဆိုပြီးမှ ကန့်သတ်တာမျိုး အဲ့ဒီမှာ မသန်စွမ်းလိုမျိုးရှိမယ်၊ သားသမီးကျောထောက်နောက်ခံမရှိတာမျိုးရှိမယ်။ နောက်ဝင်ငွေမရှိတဲ့ သက်ကြီးရွယ်အိုသူမျိုးတွေရှိမယ်။ ပင်စင် မရတဲ့ဟာပေါ့အဲ့လိုမျိုးရှိမယ်။ အဲ့လိုမျိုးလူတွေက အယောက် ၁၃၀-၁၄ဝလောက်ရှိနေတယ်ဗျာ၊အဲ့တာကိုအယောက် ၅၀၊၆၀ လောက်ပဲလက်ခံတယ်ဆိုတာမျိုးက သိပ်ပြီးတော့အဆင်မပြေဘူးပေါ့ဗျာ။” ဟု ဆလိုင်းမာန်အွမ်ကပြောသည်။ နို်င်ငံတော်အစိုးရသည် ကိုဗစ်ကာလအတွင်း စီးပွားရေးထိခိုက်မှုသက်သာစေရေးစီမံချက်ဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်လျက်ရှိရှိပြီး ယခုတစ်ကြိမ်သည် စတုတ္ထအကြိမ်မြောက် ပေးအပ်ခြင်းဖြစ်သည်။ ကို်ဗစ်ထောက်ပံ့ကြေးများပေးအပ်ရာတွင် Stay at Home အဖြစ်သတ်မှတ်ထာသည့်ဒေသကို တစ်အိမ်ထောင်လျင် ကျပ်ငွေ ၄၀၀၀၀ နှုန်း၊ ကျန်ဒေသများကို ကျပ်ငွေ ၂၀၀၀၀ နှုန်းဖြင့် ပေးအပ်နေခြင်းဖြစ်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းသူမှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားချက်အရ ချင်းပြည်နယ်တွင် ထောက်ပံ့ကြေးရရှိမည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၆၉၁၄ စုရှိသည့်အနက် နိုဝင်ဘာလ ၂၃ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၂၅၈၈၉ စုကို ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အိမ်ထောင်စု ပေါင်း ၁၀၂၅ စုအား ထောက်ပံ့ကြေးပေးအပ်ရန်ကျန်ရှိနေသေးသည်ဟု သိရသည်။…