#Unicode By Benezer- မြန်မာ့တပ်မတော်က NLD အစိုးရထံမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းယူလိုက်ပြီးနောက် ပြည်ထောင်စုအဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းလိုက်ပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌများကိုလည်း ဖေဖော်ဝါရီလ ၂ ရက်နေ့က အသီးသီးခန့်အပ်ခဲ့သည်။ ထိုကဲ့သို့ ခန့်အပ်ရာတွင် ချင်းပြည်နယ် စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဌအဖြစ် လက်ရှိ ချင်းပြည်နယ် တရားလွှတ်တော်ချူပ် တရားသူကြီး Pu Terrance San Mawi Nikhuai (ဦးတဲ့ရင့်စ်စမွိုင်းနီခွဲ) ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ခန့်အပ်ကြောင်း ကြေညာခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ထားချက်အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌအသီးသီးတို့သည် ဝန်ကြီးချုပ်အဆင့်ကဲ့သို့ ပြည်နယ်တွင် အာဏာအမြင့်ဆုံးရရှိမည်ဖြစ်သည်။ Pu Terrance San Mawi Nikhuai သည် ဝဏ္ဏကျော်ထင် Dr. NiKhuai (ဒေါက်တာနီခွဲ)၏ သားဖြစ်သည်။ ဒေါက်တာနီခွဲ၏ အမျိုးသမီးမှာ အင်္ဂလန်လူမျိုး Jasmine ဖြစ်ကာ သားသမီး ကိုးဦးထဲတွင် Pu Terrance သည် အကြီးဆုံးသား ဖြစ် ကြောင်းသိရသည်။ ဖလမ်းမြို့နယ် Lumte ကျေးရွာဇာတိဖြစ်သည့် ဒေါက်တာနီခွဲသည် ၁၉၄၇ ခုနှစ်တွင် MBBS ဘွဲ့ရရှိခဲ့ပြီး ချင်းလူမျိုးများ ထဲတွင် ပထမဆုံး ဒေါက်တာဘွဲ့ ရရှိခဲ့သူဖြစ်သည်။ ထို့ပြင် ပညာတော်သင်အနေဖြင့် ဗြိတိန်နိုင်ငံသို့သွားရောက်ကာ F.R.C.S (Fellow of the Royal College of Surgery) ကို…
Author: Editor
#Unicode ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များအပါအဝင် ဆရာဝန်အားလုံးနီးပါးမှ တပ်မတော်အစိုးရေ အာက်တွင် အလုပ်တာဝန်များ ဆက်လက်လုပ်ကိုင်ခြင်းမပြုလိုဘဲ မိမိတို့၏ ဆန္ဒကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် အနေဖြင့် CIVIL DISOBEDIENCE CAMPAIGN (CDC) ကို ၃.၂.၂၀၂၁ ရက်နေ့တွင်စတင်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ CIVIL DISOBEDIENCE CAMPAIGN တွင် ဦးဆောင်ပြီးပါဝင်ခဲ့သူ ဟားခါးမြို့၊ ပြည်သူ့ဆေး ရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ငွန်ကျုံးလျန် က “ ကျွန်တော်တို့သည် စစ်အစိုးရနဲ့ လုံးဝ သဘောမတိုက်ဆိုင်ဘူး၊ ကျွန်တော်တို့ရွေးချယ်တဲ့ပါတီ၊ ပြည်သူတွေရွေးချယ်တဲ့ပါတီနဲ့ လုံးဝမဟုတ်တဲ့ အတွက်ကြောင့် ကျွန်တော်တိုိ့ရွေးချယ်တဲ့ပါတီ လက်အောက်မှာပဲ အလုပ်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက် လုပ်ဖြစ်တဲ့သဘောဖြစ်ပါတယ်၊ လက်ထောက်ဆရာဝန်၊ အထူးကုဆရာဝန်တွေအကုန်းလုံးနီးပါး ပါတယ်၊ ကျွန်တော်တို့စုပြီးမှ စာထုတ်တဲ့အချိန်မှာ မပါနိုင်တာ ၄၊ ၅ ယောက်လောက်ပဲရှိမယ် ဒါပေမယ့် ကျွန်တော်တို့ ဆရာဝန်တွေအကုန်လုံးပါတယ်။ ” ဟုပြောသည်။ CIVIL DISOBEDIENCE CAMPAIGN သည် စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ်ကာ ပြည်သူ့ ဆန္ဒအရ တင်မြောက်သည့်အစိုးရ ပြန်လည်စတင်သည်အထိ မိမိတို့ဆန္ဒကို ငြိမ်းချမ်းစွာဖော် ထုတ်သွားမည် ဖြစ်ပြီး မည်သည့်အချိန်ထိ ပြုလုပ်သွားမည်ကိုမသိရှိနိုင်သေးကြောင်း ၎င်းကပြောသည်။ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံရှိ ဆရာဝန်များတာဝန်မှ CIVIL DISOBEDIENCE CAMPAIGN ပြုလုပ်သော်လည်း အရေးပေါ်လူနာများကို ကုသပေးမည်ဖြစ်ပြီး အခြား လူနာများကိုမှု ဆေးကုသမှုနှင့် ကျန်းမာရေး အခြေအနေကြည့်ရှုပေးမည် မဟုတ်ကြောင်း ဟားခါးမြို့၊ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ ငွန်ကျုံးလျန်က…
#Unicode ရစ်ချက် – မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည့်လုပ်ရက်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ရှိ Mizo Zirlai Pawl (MZP) မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့ဦးဆောင်မှုဖြင့် Sit-in demonstration ဆန္ဒဖော်ထုတ်ခဲ့သည်။ မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့သည့် We Demand Restoration of Democracy in Myanmar ဆိုသည့်အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို မီဇိုရမ်အစိုးရမှ လူဦးရေ ၁၅၀ ခန့် စုဝေးခွင့်ပြုသည့်အတိုင်း ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က Vanapa Hall ခန်းမရှေ့တွင် ငြိမ်းချမ်းစွာစုဝေးဆန္ဒဖော်ထုတ်ခဲ့ကြသည်။ မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်မှ အာဏာသိမ်းလိုက်သည့်လုပ်ရက်များကို ရပ်တန့်ပေးရေး UN ကို စာပို့မှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြသည်။ ယခုလို မြန်မာ့တပ်မတော်မှ အာဏာသိမ်းလိုက်သည့်အတွက် မြန်မာနိုင်ငံက ညီအကိုများ အိန္ဒိယနိုင်ငံကို ဝင်ရောက်လာမှု များပြားနိုင်သည့်အနေအထားမှာရှိနေသည့်အတွက် မီဇိုရမ်အစိုးရအနေဖြင့်သော်လည်းကောင်း၊ အိန္ဒိယအစိုးရအနေဖြင့်သော်လည်းကောင်း ကောင်းမွန်စွာ ကြိုဆိုလက်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ကြောင်း Young Mizo Association (YMA) ဥက္ကဌ Pu Vanlalruata ကလည်း ပြောသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်လာကြသော မြန်မာနိုင်ငံသားများကလည်း စစ်အာဏာရှင်အလိုမရှိ၊ ထိမ်းသိမ်း ထားသော ခေါင်းဆောင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဆိုသည့် စာတန်းများကို ကိုင်ဆောင်ပြီး စစ်တပ်အလိုမရှိ၊ မင်းအောင်လှိုင်အလိုမရှိဆိုပြီး တပြိုင်တည်းကြွေးကြော်ခဲ့ကြသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်လာကြသော မီဇိုရမ်ပြည်နယ် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များကလည်း မိန့်ခွန်းအသီးသီး ပြောဆိုခဲ့ကြသည်။ #Zawgyi ရစ္ခ်က္…
#Unicode By လားနွန် – မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ (၁) ရက်နေ့ သိမ်းယူပြီးနောက် ဖမ်းဆီးခံရသော ချင်းပြည်နယ် ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးအများစုပြန်လည်လွတ်မြောက်လာသော်လည်း ဝန်ကြီး ၂ ဦးနှင့် လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌတို့ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဟုသိရသည်။ တပ်မတော်မှ ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားသည့် ပုဂ္ဂိုလ်များမှာ ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့နှင့် ဒုတိယလွှတ်တော်ဥက္ကဌ ဦးတိတ်ထန်းတို့ဖြစ်ကြသည်။ ချင်းပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်မင့်ထန်က “အိမ်မရောက်သေးတာရှိတယ် ဦးစိုးထက်နှင့် ဦးဖွေအား တပ်ကုန်းမှာ ပဲထင်တယ် ကျနော်ကတော့ အိမ်ရောက်ပြီ ညမအိပ်ဘူး ကျနော်ကတော့ ညမအိပ်ပါဘူး အဲဒီနေ့ညနေမှာပဲ အိမ်ပြန်ရောက်ပါတယ် ဝန်ကြီးချုပ်လည်းမနေ့က အိမ်ပြန်ရောက်ပြီ အခုအိမ်ကတော့ တစ်လုံးခြင်းစောင့်ထားတာတော့ မဟုတ်ဘူး ဝန်းကိုပိတ်ထားတယ် အိမ်ယာအဝင်အထွက်ပိတ်ထားတာပဲရှိတယ် ကိုယ့်အိမ်မှာတော့ လွတ်လွတ်လပ်လပ်ပဲနေလို့ရတယ် လုပ်စရာရှိတာလုပ်လို့ရတယ် ဒီတစ်ခေါက်ကတော့ အံ့သြစရာကောင်းတယ် အားလုံးက ချိုချိုသာသာပဲ ပုံမှန်လေးပဲဆက်ဆံတယ် ဟိုမှာလည်း မေးမြန်းတာဘာညာမရှိဘူး သူတို့ရဲ့စီမံချက်ဘာကြောင့်လုပ်တာလဲဆိုတာ အဲဒါပဲရှင်းပြတယ်” ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။ ယခုလက်ရှိတွင် ၎င်းတို့ကို ဝန်ကြီးအိမ်ယာနေအိမ်အတွင်း အကျယ်ချူပ်သဘောဖြင့်ထားရှိကာ အဝင်အထွက်ဂိတ်ကို စစ်သားတွေက စောင့်ကြပ်ထားသည်ဟုသိရသည်။ လက်ရှိဖြစ်ပျက်နေသည့်အခြေအနေနှင့်ပတ်သက်၍ ဝန်ကြီး ဦးပေါင်လွန်မင်ထန်က “သူတို့က ရွေးကောက်ပွဲရလဒ်အပေါ်မှာမကျေနပ်တာ သုံးကြိမ်တိုင်တိုင်တင်ပြပြီးတော့ မဖြေရှင်းဘူးမလုပ်ဘူး အဲဒီကိစ္စတွေကြောင့် ဒီအခြေအနေဖြစ်သွားတာပေါ့ အဲဒီတစ်ခုပဲ သူတို့ပြောပါတယ် အမှန်ကတော့ ကျနော့်အမြင်မှာတော့ ညှိုနှိုင်းလို့ရတဲ့ဟာမျိုး ညှိုနှိုင်းဖြေရှင်းပြီးတော့ ဒီရွေးကောက်ပွဲက error ရှိရင်လည်း ဘယ်မှာရှိလဲ ကျနော်တို့ သိသလောက်တော့ ကျနော်တနိုင်ငံလုံးကိုတော့မသိပါဘူး ကိုယ့်ဒေသအချင်းချင်းမှာတော့…
#Unicode ချင်းအမျိူးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက် By Benezer – မြန်မာ့တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့က အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။ ဒီလိုစစ်အာဏာသိမ်းမှုကြောင့် မြန်မာ့နိုင်ငံရေးအခြေအနေ၊ အနာဂတ်ငြိမ်းချမ်းရေလုပ်ငန်းစဉ်တွေ ဘယ်လိုထိခိုက်မှုတွေရှိလာနိုင်ပါသလဲ။ ချင်းအမျိူးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ တပ်မတော်ကနေပြီးတော့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူလိုက်တဲ့အပေါ် CNF ရဲ့ သဘောထားကိုသိချင်ပါတယ်။ ဖြေ။ ။ လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်သားအစိုးရ၊ တပ်မတော်အကြား NCA လမ်းကြောင်း အားဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို အပြန်အလှန်ယုံကြည်မှုတည်ဆောက်ယင်း ဖော်ဆောင်နေတဲ့ အချိန်မှာ စစ်တပ်က အာဏာသိမ်း ယူလိုက်ခြင်းကို ကန့်ကွက်ပါတယ်။ မေး။ ။ တပ်မတော်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပြီးတော့ ရွေးကောက်ပွဲကိုလည်း ပြန်ကျင်းပပေးမယ်လို့ ပြောတဲ့အပေါ်မှာရော ယုံကြည်မှုရှိလား သူတို့တကယ်လုပ်ပေးပါ့မလား။ ဖြေ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့ကြေညာချက် (၁/၂၀၂၁) အပိုဒ် (၆) ကို ကြည့်လိုက်ယင် အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်တွေ ဆောင်ရွက်ပြီးစီးဖို့ အချိန်ကာလ (Time frame) သတ်သတ်မှတ်မှတ် ဖော်ပြမထားတာကို တွေ့ရတယ်။ ဒီတော့ ဒီကိစ္စက ယုံကြည်ဖို့ ခပ်ခက်ခက်ပါပဲ။ မေး။…
#Unicode By လားနွန်် – စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးအကြောင်းပြကာ အင်တာနက်လိုင်းပိတ်ဆို့ထားသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယနေ့ဖေဖော်ဝါရီလ ၃ ရက်နေ့ကစ၍ 4G အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးလိုက်ပြီ ဖြစ်သော်လည်း လိုင်းမကောင်းသေးကြောင်း ပလက်ဝဒေသခံများကပြောသည်။ ပလက်ဝဒေသခံအစိုးရဝန်ထမ်းတစ်ဦးက “ရတယ်ဒါပေမဲ့ ဖုန်းလိုင်းတောင်မရှင်းတရှင်းဖြစ်နေသေးတယ် အင်တာနက်လိုင်းကတော့ ဟိုလိုအကောင်းကြီးတော့မဟုတ်ဘူး စာတော့ဖတ်လို့ရတယ် ပုံတွေဘာတွေေ တာ့မြင်တယ် ဒါပေမဲ့ ဗီဒီယိုတွေတော့မရဘူး 4G လား 3G လားတော့မသိဘူး ဖုန်းလိုင်းကသိပ်မကောင်းဘူး အဆင်မပြေဘူး အင်တာနက်လိုင်းကလည်းသိပ်မကောင်းဘူး” ဟု ပြောသည်။ ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစပြီး 4G အင်တာနက်လိုင်းတွေကို အစိုးရကပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ မောင်တောမြို့နယ်ကို ၂၀၂၀ ခုနှစ် မေလအတွင်းမှာ 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း ကျန်မြို့နယ်များကိုမူ သြဂုတ်လ ၁ ရက်နေ့ကစပြီး 2G အင်တာနက်လိုင်းအဆင့်သာဖွင့်ပေးခဲ့ပြီးနောက် 4G အင်တာနက်အဆင့်ကို ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ကွန်ယက်ပိတ်ဆို့မှုသည် ကမ႓ာ့အရှည်ကြာ ဆုံးအင်တာနက်ပိတ်ပင်မှုအဖြစ် စံချိန်တင်ခဲ့သည်။ #Zawgyi By လားနွန် – စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးအကြောင်းပြကာ အင်တာနက်လိုင်းပိတ်ဆို့ထားသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယနေ့ဖေဖော်ဝါရီလ ၃ ရက်နေ့ကစ၍ 4G…
#Unicode By Benezer – ဖေဖော်ဝါရီလ (၁) ရက်နေ့က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် တပ်မတော်၏လုပ်ရပ်သည် တိုင်းပြည်ကို ဒီမိုကရေစီစနစ်တည်ဆောက်ရေးလမ်းကြောင်းမှ သွေဖြည်စေပြီး အန္တရာယ်ကြီးမားသည့် နောက်ကြောင်းပြန် အနေအထားဖြစ်သ ည့်အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သဘောထားကြေညာချက်ထုတ်ပြန်လိုက်သည်။ “ဘယ်လိုနည်းလမ်းနဲ့ဘဲဖြစ်ဖြစ် ဘယ်လိုအကြောင်းရာနဲ့ဘဲဖြစ်ဖြစ် အာဏာသိမ်းတယ်ဆိုတဲ့ဟာကို လူ့အခွင့်အရေး ရှုဒေါင့်ကနေပြီးတော့ လက်ခံလို့ရမယ့်အနေအထားမှာမရှိဘူး၊ CHRO ရဲ့ ရပ်တည်ချက်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတွက် အခုလို ထုတ်ပြန်ချက်ထုတ်ပြန်တာဖြစ်တယ်၊ အာဏာသိမ်းတာရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းနိုင်သမျှနည်းအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဖိအားပေးဖို့ ထုတ်ပြန်ချက်မှာလည်း တိုက်တွန်းရတာဖြစ်တယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်ကပြောသည်။ CHRO ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းမှုကြောင့် တိုင်းပြည်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အလားအလားများကို ပျက်စီးစေပြီး၊ ကိုဗစ်ကပ်ရောဂါနှင့် ရင်ဆိုင်နေကြရသည့် ကာလတွင် တိုင်းပြည်၏ ရှိရှိသမျှ ရင်းမြစ်များအားလုံး နှင့် ကာကွယ်တာဆီးရေးလုပ်ငန်းများ လုပ်ကိုင်ရမည့်အချိန်တွင် မြန်မာ့တပ်မတော်၏လုပ်ရပ်သည် ပြည်သူလူထု၏ ဘဝများကို အန္တရာယ်တွင်းသို့ မဆင်မခြင်ဆွဲခေါ်နေခြင်း ဖြစ်ကြောင်း ထည့်သွင်းထားသည်။ ထို့ပြင် တပ်မတော်အနေဖြင့် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ သတင်းသမားများ၊ စာရေးဆရာများနှင့် အရပ်ဘက် တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့ အနေဖြင့် တောင်းဆိုပြီး နိုင်ငံးရေးနှင့်ဆက်နွယ်၍ ဆက်လက်ဖမ်းဆီးမှုများ မပြုလုပ်ရန် အလေးအနက်တိုက်တွန်းကြောင်း ပါဝင်သည်။ ချင်းလူ့အခွင့်ရေးအဖွဲ့သည် မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုလုပ်ရပ်အား အများက ရှုတ်ချနေမှုများနှင့်အတူ ခိုင်ခိုင်မာမာရပ်တည်လျက် မတရားမှုများကို…
#Unicode By လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြပြီး မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ချင်းလူငယ်များအဖွဲ့များက ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော ချင်းလူငယ်များကွန်ယက်၏ ထုတ်ပြန်ကြေညာချက်တွင် “ နိုင်ငံတော်၏ အာဏာကို လက်နက်ဖြင့်အတင်းအဓမ္မခြိမ်းခြောက်သိမ်းယူခြင်းကို လုံးဝ(လုံးဝ) လက်မခံဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီး ယခုလုပ်ရပ်ကြောင့် တည်ဆောက်နေဆဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထောက်တိ်ုင်များအား ထိခိုက်ပျက်စီးစေသည့်အတွက် အာဏာသိမ်းမြန်မာ့စစ်ခေါင်းဆောင်များ ဦးဆောင်သော စစ်အာဏာရှင်အစိုးရကို လုံးဝအသိအမှတ်မပြု’’ ဟု ဖော်ပြထားသည်။ ထို့အပြင် တပ်မတော်မှ ဖမ်းဆီးထားသည့် လူပုဂ္ဂိုလ်များအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးပြသနာများကို နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ကာအမြန်ဆုံးအဖြေရှာနိုင်ရန် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်မနိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပြုလုပ်ကြရန် အလေးအနက်တောင်းဆိုသည်ဟု ဖော်ပြထားသည်။ အလားတူ ချင်းပြည်နယ်လူငယ်ရေးရာကော်မတီကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စော င်ထုတ်ပြန်ကာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ဆန္ဒကို အလေးအနက်ထားရန်၊ ရွေးကောက်ပွဲလဒ်ကို လေးစားလိုက်နာရန်နှင့် ဒီမိုကရေစီစံသတ်မှတ်ချက်တွေကို စောင့်ထိန်းလိုက်နာရန်တောင်းဆိုထားသည်။ ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်၊ သမ္မတ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တရားမဲ ဖမ်းဆီးထိန်း သိမ်းထားသည့်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း၎င်းတို့၏ကြေညာချက်တွင်ဖော်ပြထားသည်။ ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပြုနိုင်သောမဲစာရင်းပေါင်း ၁၀ သန်းကျော်ရှိသည်ဟု တပ်မတော်၏ တွေ့ရှိချက်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းမပြုသည့်အပြင် ပြည်သူလွှတ်တော်နှင့် အမျိူးသားလွှတ်တော်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကိုလည်း…
#Unicode By Benezer – မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ ၁ ရက်နေ့က သိမ်းယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံနေရသော ချင်းပြည်နယ် ဝန်ကြီးချူပ်အပါအဝင် ဝန်ကြီးများအားလုံးနှင့် လွှတ်တော်ဥက္ကဌတို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆောင်အယောင်များအားလုံးထားခဲ့ပြီး ဝန်ကြီးအိမ်ယာမှထွက်ခွါရမည်ဟု အမိန့်ထုတ်ထားကြောင်းသိရသည်။ ချင်းပြည်နယ် ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ့တို့အပါအဝင် ချင်းပြည်နယ် ဝန်ကြီးများအားလုံး ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က ရိပ်သာတွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။ “ကျနော်သိသလောက်က ဦးဝီကောရယ် ဦးမာန်ဟင်ဒါလ်ရယ် ဦးပေါင်လွန်မင်းထန် ကျနော်ရယ် ရိပ်သာကို ခေါ်သွား ပြီးတော့ဘာမှ စစ်မေးတာတွေမရှိဘူး ထမင်းလည်းကောင်းကောင်းကျွေးတယ် ဘာမှလည်းမလုပ်ဘူး၊ ခုတော့အိမ်ပြန် ရောက်ကြပြီ၊ ကျန်တဲ့သူတွေတော့ ဖုန်းလည်းဆက်မရဘူးဆိုတော့ ဘာမှမသိဘူး၊ ၄ ရက်နေ့မှာ အဆောင်ယောင်တွေ အကုန် ပြန်အပ်ရမယ်ပြောတယ်၊ တစ်ခြားတော့ဘာမှမရှိဘူး၊ ကောင်းကောင်းဆက်ဆံတယ်” ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။ ယခုလက်ရှိတွင် ၎င်းတို့ကို ဝန်ကြီးအိမ်ယာနေအိမ်အတွင်း အကျယ်ချူပ်သဘောဖြင့်ထားရှိကာ အဝင်အထွက်ဂိတ်ကို စစ်သားတွေက စောင့်ကြပ်ထားသည်ဟုသိရသည်။ ချင်းပြည်နယ် ဝန်ကြီးချူပ်၊ လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ဝန်ကြီး ဦးစိုးထက်နှင့် ဦးဖွေအားတို့ကို ဟားခါးမြို့ ရုန်းတောင် တပ်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်တ စ်ဦးသာ ဝန်ကြီးအိမ်ယာနေအိမ်သို့ပြန်လည်ရောက်ရှိပြီး ကျန် ၄ ဦးမှာ ပြန်လည်လွှတ်ပေးခြင်းမရှိ သေးကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးမှ အမိန့်…
#Unicode ရစ်ချက် – နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီထိပ်တန်းအရာရှိများ ဖမ်းဆီးခံရပြီး တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက် သည့်အနေဖြင့် အိန္ဒိယရောက်မြန်မာနိုင်ငံသားများက ဆန္ဒဖော်ထုတ်ကြမည်ဟုသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Chin Refugee Committee (CRC) အဖွဲ့ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အရေးပေါ်အစည်းအဝေးကျင်းပခဲ့ရာ စစ်တပ်အာဏာသိမ်းမှုလုပ်ရက်အား ကန့်ကွက်ရှုတ်ချေ ကြာင်းကို ဆန္ဒဖော်ထုတ်သွားဖို့ အားလုံးသဘောတူညီကြကြောင်း အစည်းအဝေးတွင် ပါဝင်တက်ရောက်သူ Salai Cung Dawt က ပြောပါသည်။ “အားလုံးကတော့ ဆန္ဒဖော်ထုတ်သွားဖို့ သဘောတူကြတယ်။ ဆန္ဒပြမယ့်ရက်ကိုတော့ မသိရသေးဘူး၊ ဆန္ဒပြဖို့ ခွင့်ပြုချက်ရနိုင်မလားဆိုတာကို အရင်စုံစမ်းရမယ်။ အနည်းဆုံး လူဦးရေ ၁၀၀ လောက် ဆန္ဒပြနိုင်အောင် ခွင့်ပြုချက် တောင်းမယ်။ တပ်မတော် လုပ်ရက်ကို ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဝန်ကြီးများကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုကြမယ်။” ဟု Salai Cung Dawt က ပြောသည်။ ထို့အပြင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာကာ အိန္ဒိယဘက်သို့နောက်ထပ် ဒုက္ခသည်အသစ်များ ထပ်မံရောက်ရှိလာပါက ကမ႓ာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အနေဖြင့် လက်ခံပေးရန် တောင်းဆိုသည့်စာကိုလည်း ပေးပို့ထားပြီဟု Salai Cung Dawt ကပြောသည်။ “ဒီကနေ့ပဲ UN ကို စာပို့ထားတယ်၊ appointment တောင်းထားတယ်။ ဒီကိစ္စကို UNHCR အနေနဲ့လည်း သေသေ ချာချာ ကြည့်ရှုပေးဖို့။ တကယ်လို့များ ဒုက္ခသည်လူသစ်တွေလာတယ်ဆိုရင်…
