ချင်းပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသည့်အတွက် ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေး တိမ်းရှောင်လာသူ စစ်ဘေးဒုက္ခသည် တိုးလာသည့်အတွက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga နှင့် Young Mizo Association (YMA) ခေါင်းဆောင်များ ဇွန်လ ၁၅ ရက်နေ့က တွေ့ဆုံးပြီး မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga က “စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက် ရာတွင် NGO များ၏ လုပ်ဆောင်မှုများကို အထူးလေးစားကြောင်း၊ အစိုးရအနေဖြင့်လည်း စစ်ဘေးရှောင်များအတွက် ယာထားပြီးသားဖြစ်သောဘဏ္ဍာငွေလည်း ကျလာ ခါနီးစပ်ပြီး အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမယ်” ဟု ပြောသည်။ စစ်ဘေးရှောင်များ၏ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာများကိုလည်း အိန္ဒိယ ဗဟိုအစိုးရထံတောင်ဆိုထားပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောပါသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်တွင်တိမ်းရှောင်ဖို့ ထွက်ပြေးလာကြရင်း နယ်စပ်ဒေသ တွင် သောင်တင်နေသော စစ်ဘေးဒုက္ခသည် ၇၁ ဦးကို Vaphai ကျေးရွာလူထုများက ဇွန်လ ၁၄ ရက်နေ့ညတွင် သွားပြီး ကယ်တင်ခေါ်ထုတ်ခဲ့ကြကြောင်း ဒေသသတင်း Zonet တွင် ဖော်ပြသည်။ အဆိုပါ စစ်ဘေးရှောင် ၇၁ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါဘေးမှကာကွယ်သည့်အနေဖြင့် Vaphai ကျေးရွာလူထုများနဲ့ အတူမထားဘဲ Thlangthlak mual နေရာတွင်ရှိသော Zokhua အိမ်အသီးသီးတို့တွင် ထားရှိကြပြီး၊ တိုက်ပွဲကြားမှထွက်ပြေးလာကြသူများဖြစ်သည့်အတွက် ဘာပစ္စည်းတစ်ခုမှ သယ်ဆောင်လာနိုင်ခြင်း မရှိသောကြောင့် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက်…
Author: Editor
ချင်းပြည်နယ် ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ (၁၈) ဦးထဲမှ ၅ ဦးကိုပြန်မလွှတ်သေးပဲ ဆက်လက်ဖမ်းဆီးထားဆဲဟု သိရသည်။ “ဟိုတနေ့က ၆ ယောက်ကျန်သေးတာ အဲဒီထဲမှာ ဆေးရုံကဝန်ထမ်း ဦးဝှေ့ရန်းက ပြန်ပြီးတော့ခေါ်တယ် ဒါပေမယ့်ပြန်လွတ်လိုက်ပြီလို့ကြားတယ် ၆ ဦးထဲက တစ်ယောက်ပြန်လွတ်တယ် ၅ ယောက်ကျန်သေးတာပေါ့ ဘာကြောင့်မလွတ်သေးတာလဲတော့မသိဘူး သူတို့အထက်ကိုတင်ပြတဲ့ဟာ ပြန်မရောက်သေးတာလား အဲလိုတော့ကြားလိုက်တယ်” ဟု ပလက်ဝမြို့ခံတစ်ဦးကပြောသည်။ ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့ နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင်အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ (၆) ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်ဦးမှာ မကြာသေးမှီကပြန်လွတ်ကာ ယခုချိန်ထိ (၅) ဦးထိန်းသိမ်းထားဆဲဖြစ်သည်။L
ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၀ ရက်နေ့က ရွာထဲသို့ဝင်ရောက်လာပြီး မသန်စွမ်းအမျိူးသားတစ်ဦးနှင့် အမျိူးသမီးတစ်ဦးတို့ကို သေနတ်ဖြင့်ပစ်ခတ်ကာ ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု သိရသည်။ ဘုရားစခန်းကျေးရွာမှ အသက် ၄၇ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ ဦးမာန်မောင်းဟာကို စကစတပ်ဖွဲ့ဝင်များက ဇွန်လ ၁၀ ရက်နေ့က ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ် ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၃ နှစ်အရွယ် စိတ်ကျန်းမာရေးချိူ့တဲ့သူ ဒေါ်ဂေစိမ်းငှိမ်းကိုလည်း သေနတ်ဖြင့်ပစ်ခတ်ကာ ပေါင်နှင့် ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်သည်။ စကစတပ်ဖွဲ့ဝင်များသည် ဘုရားစခန်းကျေးရွာသို့ ဝင်လာပြီး ဒေါ်ဂေစိမ်းငှိမ်း၏ အိမ်ခေါင်မိုးပေါ်က ဆိုလာပြားကို တက်ဖြုတ်နေသည့် စစ်သားကို မဖြုတ်ရန် အိမ်ထဲမှအော်ပြောသည့်အတွက် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်သည်။ အဆိုပါကိစ္စကို ဇွန်လ ၁၃ ရက်နေ့မှသာ ရွာသားများထံမှ သတင်းရရှိကာ ၎င်းတို့သည် ယင်းဒဏ်ရာများကို ၄ ရက်လုံးလုံးခံစားခဲ့ကြရပြီး ဇွန်လ ၁၄ ရက်နေ့က ဆေးဝါးကုသပေးမှုများပြုလုပ်ခဲ့ပြီးနောက် ယခုအခါ လူနာ ၂ ယောက်စလုံး စိုးရိမ်စရာမရှိတော့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့်အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်ထလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် ပိုင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးဒုက္ခသည် ရာကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်လာမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေး ဒုက္ခသည် ရာနဲ့ချီရှိနေပြီဖြစ်ကြောင်းနှင့် မီဇိုရမ်ပြည်နယ်ကို ဝင်ခွင့်မရဘဲ နယ်စပ်ဒေသတလျောက်တွင် သောင်တင် နေသော စစ်ဘေးဒုက္ခသည်များစွာရှိနေကြောင်း မီဇိုရမ်ဒေသ သတင်း Zonet က ဖော်ပြသည်။ မီဇီုရမ်ပြည်နယ် Tuipuiral Group YMA president Pu MC Lalramenga က “မီဇိုရမ်ပြည်နယ် Vaphai နယ်အတွင်း စစ်ဘေးဒုက္ခသည် ၆၀ ခန့် ရောက်ရှိနေပြီ၊ Chawngtui နယ်တွင်လည်း ၃၀၀ ကျော်ရှိနေပြီဖြစ်တယ်” ဟု ဖော်ပြသည်။ Pu K.Lalmuankima Farkawn Joint YMA president ကလည်း ကိုဗစ်-၁၉ ရောဂါကြောင့် အစိုးရအနေဖြင့် စစ်ဘေးဒုက္ခသည်များကို ဝင်ခွင့်မပြုသော်လည်း လုံခြုံရာကို ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည် သက်ကြီး ရွယ်အိုနှင့် မိခင် အယောက် ၁၀၀ ကျော်ကို ဝင်ခွင့်ပြုထားကြောင်း ပြောသည်။ “ကိုဗစ်ရောဂါကြောင့် အရင်လို ဧည့်သည်ပုံစံမျိုး လက်ခံထားလို့မရဘူး။ စစ်ဘေးဒုက္ခသည်ထားတဲ့နေရာတွေမှာ လည်း မဆံ့တော့သည့်အတွက် အခက်အခဲတွေ့နေရတယ်။ ချင်းပြည်နယ်မှာ ယခုလို တိုက်ပွဲဆက်လက်ဖြစ်ပွားမယ် ဆိုရင် စစ်ဘေးဒုက္ခသည်များစွာ ဒီဘက်ကို ထွက်ပြေးလာနိုင်တယ်။ ဒါကြောင့် စစ်ဘေးဒုက္ခသည်များ အတွက် relief camp များကို Farkawn, Chawngtui နှင့်…
အိန္ဒိယနိုင်ငံ ဗဟိုအစိုးရနှင့် UN တို့ပူးပေါင်းပြီး နယူးဒေလီရောက် ဒုက္ခသည်များကို ဇွန်လ ၁၄ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးအပ်ပေးခဲ့ကြကြောင်း သိရသည်။ နယူးဒေလီမြို့Chin Refugee Committee (CRC) CRC ဥက္ကဌ Pu Ruata က “နယူးဒေလီမှာရှိတဲ့ ဒုက္ခသည်တွေမှာလည်း ကိုဗစ်ကူးစက်မှုအရမ်းများတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်။ အဲဒီကာကွယ်ဆေးရနိုင်အောင် ဒေလီ ဝန်ကြီးချုပ်ကိုလည်း တောင်းဆိုခဲ့တယ်။ နောက်ပြီး NGO အသီးသီနဲ့လည်း ချိတ်ဆက်ထားတယ်” ဟု ပြောသည်။ ဆက်လက်ပြီး Pu Ruata က “ဒီကနေ့ ကိုဗစ်ကာကွယ်ဆေးထိုးတာက အသက် ၄၅ နှစ်အထက်ရှိတဲ့ ပုဂ္ဂိုလ်တွေက ယူတာဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူအရမ်းများတယ်။ အနည်းဆုံး ၁၀၀ ဝန်းကျင်ရှိတယ်။ မနက်ဖြန်မှာ လည်း ထပ်ယူကြမယ်။ ဇွန်လ ၁၆ ရက်နေ့ကြရင်တော့ အသက် ၁၈ ကနေ ၄၄ နှစ်ကြားမှာရှိတဲ့ သူတွေက ထိုးကြမှာ ဖြစ်တယ်”ဟု ပြောသည်။ ယခုလို နယူးဒေလီမြို့မှာရှိတဲ့ ချင်းဒုက္ခသည်များရဲ့အခက်အခဲကိုနားလည်ပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးအပ်လာ တဲ့အပေါ် အထူးကျေးဇူးတင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူများကိုလည်း နောက်ပိုင်းတွေမှာ ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးပေးသွားမယ်ဖြစ်ကြောင်း CHRO တာဝန်ခံ Salai Cung Dawt က ယခုလို ပြောပါသည်။ “ဒုက္ခသည်တွေကြားမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူမြောက်များစွာရှိတယ်။ တချို့က သက်သာလို့ ဆေးရုံကနေ ဆင်းကြပြီ၊ အိမ်မှာကုသနေတဲ့သူတွေတော်တော်များများလည်း သက်သာလာကြပြီ။ အခု ကိုဗစ်ကာကွယ်ဆေးပေး တာက ကိုဗစ်ရောဂါပိုးမရှိတဲ့သူတွေကိုဘဲပေးတာဖြစ်တယ်။…
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုဗစ်ကူးဆက်ခံရမှုကြောင့် လက်ရှိအချိန်ထိ (၃၆) ဦး သေဆုံးသွားပြီဖြစ်ပြီး အောက်ဆီဂျင်မလုံလောက်မှုနှင့် အချိန်မှီမကုသနိုင်မှုများကြောင့် သေဆုံးမှုများရှိနေကြောင်း သိရသည်။ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအမှားစုမှာ အောက်စီဂျင်လုံလောက်မှုမရှိခြင်းကြောင့် အများဆုံးသေဆုံးခဲ့ရပြီး လူငယ်ပိုင်းထက်အသက်ကြီးပိုင်းများဖြစ်နေကြောင်း သိရသည်။ “အောက်ဆီဂျင်မလောက်တာလည်းဖြစ်တယ် ဒါပေမဲ့ တချို့တွေကလည်း အိမ်မှာနေတယ် ရောဂါအခြေအနေဆိုးမှ ဆေးရုံတွေမှာသွားကြတယ် အောက်ဆီဂျင်မလိုပဲနဲ့ တစ်ခြားကြောင့် သေတဲ့သူလည်းရှိတယ် ရောဂါအခြေအနေဆိုးမှဝင်တာဆိုတော့ ကယ်ဖို့အချိန်နောက်ကျသွားတာလည်းရှိတယ် အဲဒီထဲမှာ အသက်ကြီးပိုင်းတွေကသေဆုံးတာများတယ်” ဟု Volunteer လုပ်ကိုင်နေသူ Biakhminga ကပြောသည်။ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးအဖွဲ့၏ မှတ်တမ်းအရ ကလေးမြို့တွင် ရောဂါပိုးရှိမရှိ စစ်ဆေးမှုမှာ လွန်ခဲ့သည့် ရက်ပေါင်း (၂၀) မှ စတင်စစ်ဆေးမှုများပြုလုပ်ပြီး ယနေ့ ချိန်ထိ လူအယောက် (၃၆) ထိ သေဆုံးကြောင်းသိရသည်။ ကလေးမြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုမြင့်မားခြင်းကြောင့် အောက်ဆီဂျင်ပျက်လပ်သည်အထိ ကြုံနေရပြီး လက်ရှိတွင် မန္တလေးမှ အနည်းငယ်ပြန်ဝင်လာမှုရှိသော်လည်း ယနေ့ထိ လုံလောက်မှုမရှိကြောင်းသိရသည်။
ချင်းပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် Chinland Defense Force နှစ်ဘက်ကြား ဧပြီ ၂၄ ရက်မှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့အထိ စစ်ကောင်စီဘက်မှ ၁၆၅ ဦး သေဆုံးပြီး CDF ဘက်မှ အယောက် ၃၀ ကျဆုံးခဲ့ရကြောင်း သိရသည်။ CDF နှင့် စစ်ကောင်စီ နှစ်ဘက်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင်း စစ်ကောင်စီဘက်မှ ၁၆၅ ဦး၊ CDF မှ အယောက် ၃၀ နှင့် သာမာန်အရပ်သားပြည်သူ ၉ ဦး ကျဆုံးခဲ့ရကြောင်းသိရသည်။ ထို့ပြင် နှစ်ဘက်တိုက်ပွဲကြောင့် ဒဏ်ရာရသူစာရင်းမှာ စစ်ကောင်စီဘက်မှ ၁၂၃ ဦး၊ CDF ဘက်မှ ၄၅ ဦး နှင့် အရပ်သား ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း CDF ၏ ထုတ်ပြန်ချက်အရ သိရသည်။ ချင်းပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် CDF တို့မှာ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ တီးတိန်၊ ဟားခါး၊ ထန်တလန်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ခွာဟရိန်းတောင်ကြောတွင် ယမန်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ယနေ့တွင်လည်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ကျေးရွာ(၃)ရွာမှ ပြည်သူ ၆၀၀ နီးပါးမှာ တောထဲသို့ထွက်ပြေးနေရကြောင်း သိရသည်။ “မနေ့က တိုက်ပွဲဖြစ်တဲ့ ခွါဟရိန်းတောင်ကြောဘက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော် ထပ်မံဖြည့်တင်းတဲ့အတွက်ကြောင့် ဒီနေ့လည်းတိုက်ပွဲဆက်ဖြစ်တယ်၊ အခုချိန်မှာတော့ အသေးစိတ် အချက်အလက်တွေမသိရသေးဘူး၊ မနေ့က တိုက်ပွဲစဖြစ်တဲ့ချိန်ကနေစပြီး အဲဒီအနီးနားက ကျေးရွာသုံးရွာက ပြည်သူတွေအနေနဲ့ ဗုံးသံတွေ သေနတ်သံတွေနဲ့ဆိုတော့ တောထဲကို ထွက်ပြေးကြပြီ၊ အားလုံးက ၄၀၀ ကနေ ၆၀၀ ကြားလောက်ရှိမယ်၊ သေချာစာရင်းမကောက်နိုင်သေးဘူး”ဟု CDF-Thantlang မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ခွါဟရိန်းတောင်ကြောရှိ တိုက်ပွဲဖြစ်ပွားသည့် အနီးအနားမှရွာသူရွာသား အားလုံးနီးပါးမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစပြီး စစ်ရှောင်နေကြခြင်းဖြစ်ပြီး မိုးများလည်း ဆက်တိုက်ရွာသွန်းနေကာ အစားအသောက်နဲ့ဆေးဝါးများလည်း ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ အကူအညီလိုအပ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်မှာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထန်တလန်မြို့နယ်သို့ စစ်အင်အားများတိုးချဲ့လာမှုကြောင့် ယမန်နေ့မှ စတင်ကာ CDF-Thantlang နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၇ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့တွင် ဇွန်လ ၁၀ ရက်နေ့က ရိရ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူများနှင့် ရပ်ကွက်အတွင်းနေထိုင်သူများကို ကျန်မားရေးဌာနနှင့် Volunteer များက ကိုဗစ်ပိုးရှိ/မရှိ လိုက်လံစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၃၀ ဦးထပ်တွေ့ပြီး လက်ရှိတွင် ကိုဗစ်လူနာ ၆၁ ဦး ဆေးကုသမှုခံယူနေကြောင်း ရိခေါ်ဒါရ်မြို့ခံတစ်ဦးက ပြောသည်။ ”မနေ့ကတော့ အယောက် ၃၀ တွေ့တယ်၊ အမှတ် (၂) ရပ်ကွက် ၂ရ ယောက်၊ အမှတ် (၁) ရပ်ကွက်မှာ ၃ ယောက်တွေ့တယ်၊ ကျွန်တော်တို့က အိန္ဒိယနယ်စပ်ဖြစ်တော့၊ RDT Test kit လဲမရှိတဲ့အခါကြတော့ စစ်လို့မရဘူး၊ အခု RDT Test kit ရောက်လာတဲ့အခါကြတော့ အကုန်လုံးကို သံတယလူနာတွေ၊ သံတယဖြစ်တဲ့သူတွေကို လိုက်စစ်ပြီးတော့တွေ့တာပါ၊ ဘယ်လိုစကူးစက်ခံရသလဲဆိုတာတော့ မသိရဘူး၊ ကျွန်တော်တို့ နေ့တိုင်းလဲစစ်တယ်၊ မနေ့ကအထိတော့ ၆၁ ဦးထိရှိပြီ အခုပိုးတွေ့တဲ့သူတွေရဲ့ ကျန်းမာရေးကတော့ ကောင်းကြတယ်” ဟု ရိခေါ်ဒါရ်မြိုိ့ခံတစ်ဦးကပြောသည်။ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၆၁ ဦးအထိရှိပြီး လက်ရှိဆေးရုံတွင်မှု အတွင်းလူနာဖြင့် ကုသမှုခံနေသူ ၄ ဦးရှိပြီး ၎င်းတို့မှာ ဖျားနာသဖြင့် ဆေးရုံတတ်နေစဉ် ကိုဗစ်ပိုးစစ်ဆေးရာမှ တွေ့ရှိသူများကြပြီး ကျန် ကိုဗစ်ပိုးတွေ့လူနာများကိုမှု မိမိနေအိမ်တွင် Home Quarantine အဖြစ်ထားရှိပြီး ၎င်းတို့အတွက် ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းက ဆေးဝါးနှင့် အားဖြည့်အစာတို့ကိုမှု ထောက်ပံ့ပေးပြီး ရပ်ကွက်လူငယ် Volunteer များက သွားရောက်ပို့ဆောင်ပေးကြရသည်ဟုလည်း ပြောသည်။ ရိခေါ်ဒါရ်မြို့တွင်…
ချင်းပြည်နယ် ထန်တလန်မြို့နယ် Sopum ကျေးရွာသို့ ယမန်နေ့က ရောက်ရှိခဲ့သည့် စစ်သားများမှ ယနေ့မနက်တွင် ပြန်လည်ဆုတ်ခွာသွားပြီး မည်သည့်နေရာသို့ သွားရောက်မည်ကို မသိရှိရသေးကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။ “မနေ့က ရောက်လာတဲ့ စစ်သားတွေက ဒီနေ့မနက်ဘဲ ပြန်ဆုတ်သွားပြီ၊ သူတို့အားလုံးပေါင်းက ၁၀၃ ယောက်ရှိတယ်၊ စစ်သားတွေက ခြေကျင်နဲ့ဘဲ ထန်တလန်ဘက်ကိုသွားတာ၊ ပစ္စည်းတွေတော့ကားနဲ့သယ်သွားတယ်၊ ဘယ်ကိုသွားတာလည်းဆိုတာတော့မသိဘူး” ဟု Sopum ရွာသားတစ်ဦးထံမှသိရသည်။ စစ်ကောင်စီမှ ယခုရက်ပိုင်းတွင် ထန်တလန်ဘက်သို့ စစ်သားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး ထန်တလန်မြို့နယ်မှာ CNF ဌာနချုပ်တည်ရှိရာ ဒေသဖြစ်သဖြင့် စစ်ရေးတင်းမားမှုများရှိလာမည်ကိုလည်း ဒေသခံများမှ စိုးရိမ်နေကြကြောင်းသိရသည်။ စစ်ကောင်စီတပ်များ ယန်မနေ့တွင်သွားရောက်ခဲ့သည့် Sopum ကျေးရွာမှာ CNF ဌာနချုပ်သွားရာလမ်းတွင်တည်ရှိပြီး Sopum ကျေးရွာအကျော် Vanzang ကျေးရွာမှ စတင်ကာ CNF နယ်မြေစတင်ကြောင်း သိရသည်။
