Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကေလးျမဳိ႕တြင္ ကိုဗစ္လူနာ (၉)ဦးထပ္မံေတြ႔ရွိျပီး ကုိဗစ္ပုိးေတြ႔ရွိသူမိသားစုဝင္တစ္ဦးေသဆုံး

ကေလးျမဳိ႕တြင္ ကိုဗစ္လူနာ (၉)ဦးထပ္မံေတြ႔ရွိျပီး ကုိဗစ္ပုိးေတြ႔ရွိသူမိသားစုဝင္တစ္ဦးေသဆုံး

0
By Editor on November 11, 2020 Khonumthung

#Unicode

နှင်းနှင်း – ကလေးမြို့တွင် ကွာရန်တင်းဝင်နေသူ (၈) ဦးနှင့် အနံ့မရသူ (၁) ဦး စုစုပေါင်း ၉ ဦးထံ နိုဝင်ဘာလ ၁၀ ရက်နေ့က ကိုဗစ်ပိုးထပ်မံတွေ့ရှိပြီး ကိုဗစ်ပိုးတွေ့ရှိသူ မိသားစုဝင်ထဲမှတစ်ဦးသေဆုံးသွားသည်ဟု ကလေးခရိုင်ပြန်ဆက်ဦးစီးမှုး ဦးညီညီဇော်ကပြောသည်။

“မနေ့ကတွေ့တဲ့(၈)ဦးက ကွာရန်တင်းဝင်တဲ့ထဲကပေါ့၊တစ်ဦးကချမ်းမြေ့အောင်စည်ရပ်ကွက် ၁၀/၂၃၀ က အနံမရဘူးဆိုပြီးသွားခေါ်တဲ့အခါမှာ သူ့ကို Test Kit နဲ့စစ်တဲ့အခါမှာ ပိုးတွေ့တာပါ။ ဒီသေဆုံးတဲ့သူက ကွာရန်တင်းဝင်တဲ့ထဲကမဟုတ်ဘူး ကိုဗစ်ပိုးတွေ့တဲ့အိမ်ကတယောက်ပါ။ သူကိုတော့ကျန်းမာရေးဌာန ကသတ်မှတ်တဲ့စံနှုန်းနဲ့အညီလူမှုရေးကားတွေခေါ်ပြီးတော့ တခါတည်းသဂြိုလ်ပေးပါတယ်၊ Swab နမှုနာကိုတော့ဒီနေ့စစ်ဆေးမယ်။” ဟု ဦးညီညီဇော်ကပြောသည်။

အဆိုပါသေဆုံးသူမှာ အသက် (၈၂) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်း၏မိသားစုဝင်နှစ်ဦး ကိုဗစ်ရောဂါကူးစက်ခံခဲ့ရသဖြင့် နေအိမ်တွင် ကွာရန်တင်းဝင်နေသူဖြစ်ကာ ယမန်နေ့ညပိုင်းက သေဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ သေဆုံးသည်ရသည့်အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးဆေဲဟုသိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသောသူများမှာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်အမှတ် ၈/၂၅မှ အသက် (၃၉) နှစ်အရွယ်၊အသက်(၈၅)နှစ်အရွယ်၊အသက် (၆)နှစ်အရွယ်အမျိုးသမီး၊အသက် (၆) လအရွယ်အမျိုးသား၊အောင်သစ္စာရပ်ကွက် ၇/၃မှ အသက် (၄၉) နှစ်အရွယ်အမျိုးသမီး၊ သဇင်ရ ပ်ကွက်မှ အသက် (၂၉) နှစ်အရွယ်အမျိုးသားတစ်ဦး၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှ အသက် (၆၃) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ချမ်းမြေ့အောင်စည်ရပ်ကွက် ၈/၂မှ အသက် (၄၉) နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် ချမ်းမြေ့အောင်စည်ရပ်ကွက် ၁၀/၂၃ဝ မှ အသက် (၄၉) နှစ်အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း (၉) ဦးတို့ဖြစ်ကြသည်။

ယနေ့တွင် ကလေးမြို့၊တိုင်းရင်းဆေးရုံမှ ကုသမှုခံယူနေကြသောကိုဗစ်အတည်ပြုလူနာ(၆)ဦး သည်ကျန်းမာရေးကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ပြီး ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နယ်မြေ(၃)မှ အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦး ၊တပ်ဦးသီ တာရပ်ကွက်နယ်မြေ(၂)မှ အမျိုသား(၂)ဦးနှင့်နယ်မြေ(၃)မှ အမျိုသမီး(၂)ဦးတို့ဖြစ်ကြသည်။

လက်ရှိကလေးမြို့၊တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အဌားအိမ်ယာ(အိတ်စွပ်)အထူးကြပ်မတ်အဆောင်တွင် ကိုဗစ်ပိုးအတည်ပြုလူနာ(၄၆)ဦး တို့သည်ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရသည်။

#Zawgyi

ကေလးျမဳိ႕တြင္ ကြာရန္တင္းဝင္ေနသူ(၈)ဦးႏွင့္ အနံ႔မရသူ (၁)ဦး စုစုေပါင္း ၉ ဦးထံ ႏို၀င္ဘာလ ၁၀ ရက္ေန႔က ကုိဗစ္ပုိးထပ္မံေတြ႔ရွိျပီး ကိုဗစ္ပုိးေတြ႔ရွိသူ မိသားစုဝင္ထဲမွတစ္ဦးေသဆုံးသြားသည္ဟု ကေလးခရုိင္ျပန္ဆက္ဦးစီးမႈး ဦးညီညီေဇာ္ကေျပာသည္။

“မေန႔ကေတြ႔တဲ့(၈)ဦးက ကြာရန္တင္းဝင္တဲ့ထဲကေပါ့၊တစ္ဦးကခ်မ္းေျမ့ေအာင္စည္ရပ္ကြက္ ၁၀/၂၃၀ က အနံမရဘူးဆုိျပီးသြားေခၚတဲ့အခါမွာ သူ႔ကုိ Test Kit နဲ႔စစ္တဲ့အခါမွာ ပုိးေတြ႔တာပါ။ ဒီေသဆုံးတဲ့သူက ကြာရန္တင္းဝင္တဲ့ထဲကမဟုတ္ဘူး ကုိဗစ္ပုိးေတြ႔တဲ့အိမ္ကတေယာက္ပါ။ သူကုိေတာ့က်န္းမာေရးဌာန ကသတ္မွတ္တဲ့စံႏႈန္းနဲ႔အညီလူမႈေရးကားေတြေခၚျပီးေတာ့ တခါတည္းသျဂဳိလ္ေပးပါတယ္၊ Swab နမႈနာကုိေတာ့ဒီေန႔စစ္ေဆးမယ္။” ဟု ဦးညီညီေဇာ္ကေျပာသည္။

အဆုိပါေသဆုံးသူမွာ အသက္ (၈၂)ႏွစ္အရြယ္ အမ်ဳိးသားျဖစ္ၿပီး ၎၏မိသားစုဝင္ႏွစ္ဦး ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရသျဖင့္ ေနအိမ္တြင္ ကြာရန္တင္းဝင္ေနသူျဖစ္ကာ ယမန္ေန႔ညပိုင္းက ေသဆံုးခဲ့ျခင္းျဖစ္သည္ဟုသိရသည္။  ေသဆံုးသည္ရသည့္အေၾကာင္းရင္းကိုမူ စံုစမ္းစစ္ေဆးေဆဲဟုသိရသည္။  

ႏုိဝင္ဘာလ ၁၀ ရက္ေန႔က ကုိဗစ္ပုိးေတြ႔ရွိေသာသူမ်ားမွာ ကေလးျမဳိ႕၊ ေအာင္သစၥာရပ္ကြက္အမွတ္ ၈/၂၅မွ အသက္(၃၉)ႏွစ္အရြယ္၊အသက္(၈၅)ႏွစ္အရြယ္၊အသက္ (၆)ႏွစ္အရြယ္အမ်ဳိးသမီး၊အသက္ (၆)လအရြယ္အမ်ဳိးသား၊ေအာင္သစၥာရပ္ကြက္ ၇/၃မွ အသက္ (၄၉)ႏွစ္အရြယ္အမ်ဳိးသမီး၊ သဇင္ရ ပ္ကြက္မွ အသက္(၂၉)ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊ ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္မွ အသက္ (၆၃) ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး၊ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္ ၈/၂မွ အသက္(၄၉)ႏွစ္အရြယ္အ မ်ဳိးသားတ စ္ဦးႏွင့္ ခ်မ္းေျမ့ေအာင္စည္ရပ္ကြက္ ၁၀/၂၃၀မွ အသက္(၄၉)ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး စုစုေပါင္း (၉)ဦးတို႔ျဖစ္ၾကသည္။ 

ယေန႔တြင္ ကေလးျမဳိ႕၊တုိင္းရင္းေဆးရုံမွ ကုသမႈခံယူေနၾကေသာကုိဗစ္အတည္ျပဳလူနာ(၆)ဦး သည္က်န္းမာေရးေကာင္းမြန္ေသာေၾကာင့္ ေဆးရုံမွဆင္းခြင့္ရျပီျဖစ္ၿပီး ကေလးျမဳိ႕၊ ေအာင္သစၥာရပ္ကြက္နယ္ေျမ(၃)မွ အမ်ဳိးသား(၁)ဦးႏွင့္အမ်ဳိးသမီး(၁)ဦး ၊တပ္ဦးသီ တာရပ္ကြက္နယ္ေျမ(၂)မွ အမ်ဳိသား(၂)ဦးႏွင့္နယ္ေျမ(၃)မွ အမ်ဳိသမီး(၂)ဦးတုိ႔ျဖစ္ၾကသည္။

လက္ရွိကေလးျမဳိ႕၊တုိင္းရင္းေဆးရုံႏွင့္ ျပည္သူ႔အဌားအိမ္ယာ(အိတ္စြပ္)အထူးၾကပ္မတ္အေဆာင္တြင္ ကုိဗစ္ပုိးအတည္ျပဳလူနာ(၄၆)ဦး တုိ႔သည္ေဆးကုသမႈခံယူလ်ွက္ရွိေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

တိုက်ပွဲများ ပြင်းထန်နေသာ ချင်းပြည်တောင်ပိုင်းသို့ ပဥ္စမကြိမ်အဖြစ် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.