ကလေးမြို့တွင် ယမန်နေ့ ဇွန်လ ၁၉ ရက်ညက အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် အသက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်မောင်သည် သေဆုံးခြင်းမရှိဘဲ စစ်ကြောရေးတွင်ရှိနေဆဲဟု ကလေးမြို့ရဲစခန်းမှူးကပြောဆိုကြောင်း မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။ “နေ့လည် ၁ နာရီလောက်က ကျနော်တို့ အိမ်မှာမရှိခင် ကျနော်တို့ အိမ်နားမှာ အရပ်ဝတ်နဲ့ အိမ်နားကလူဆီမှာ အလောင်းလာယူပေးဖို့ပြောခိုင်းလိုက်တယ် ကျနော့အိမ်မျက်နှာခြင်းဆိုင်အိမ်ကပြောလိုက်လို့ သိရတာ ကျနော်တို့က ညနေဘက် အလောင်းယူဖို့သွားတော့ ရဲစခန်းကနေ သေတာမဟုတ်ဘူး ပြောလိုက်တယ် သူက စစ်ကြောရေးမှာ ရှိတယ်လို့ပြောတယ်၊ ဘယ်စစ်ကြောရေးမှာ ရှိသလဲ ဆိုတာတော့ မသိရဘူး” ဟု မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။ မောင်ကျောင်မင်းခန့်မောင်သည် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၉ ရက်ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကြောရေးစခန်းတွင်သေဆုံးသွားသည်ဟု သတင်းများထွက်ပြောကာ မိမိတို့သတင်းဌာနအပါအဝင် သတင်းဌာနအတော်များများတွင်လည်း ရေးသားဖော်ပြခဲ့ကြသည်။ ကလေးမြို့ရဲစခန်းမှူးက မောင်ကျော်မင်းခန့်မောင်သေဆုံးခြင်းမရှိကြောင်း စစ်ကြောရေးစခန်းတွင်ရှိနေသေးကြောင်း ပြောဆိုသော်လည်း မိဘများနှင့်စကားပြောခွင့်၊ တွေ့ခွင့်မရှိခဲ့သည့်အပြင် ဘယ်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရှိကြောင်း မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။ “ သူနဲ့ပတ်သက်လို့ ကျန်းမာရေးဘယ်လိုရှိ်လဲ၊ ဘယ်လိုနေတယ်ဆိုတာ ဘာဆိုဘာမှမသိရဘူး၊ ဘယ်မှာရှိတယ်ဆိုတောင် မသိရသေးတာ စစ်ကြောရေးမှာရှိတယ်လို့ပဲသိရတယ်’’ မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။ ကလေးမြို့တွင် ယမန်နေ့ ဇွန်လ ၁၉ ရက်ညပိုင်းက အင်းယားကုန်းရပ်ကွက်ရှိနေအိမ်တစ်အိမ်ကို စစ်ကောင်စီက ဝင်စီးကား မိသားစုဝင် ၄ ဦးကို ပစ်သတ်ခဲ့ပြီး ယင်းသေဆုံးမှုနှင့်ပတ်သက်၍ မောင်ကျော်မင်းခန့်မောင်ကို ကျူးလွန်သူအဖြစ် အတင်းအဓမ္မဝန်ခံခိုင်းမှု များလည်းရှိနေသည်ဟု စုံစမ်းသိရှိရသည်။ ကလေးမြို့ဒေသခံတစ်ဦးက “ မောင်ကျော်မင်းခန့်မောင် စစ်ကြောရေးမှာရှိနေသေးတယ်ဆိုရင်…
Author: Editor
ကလေးမြို့ အင်းယာကုန်းရပ်ကွက်တွင် ယမန်နေ့ (ဇွန်လ ၁၉) ည ၉ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်တစ်အိ်မ်ကိုဝင်စီးကာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးကာ တစ်ဦးမှာ မျက်လုံးတွင်ဒဏ်ရာရရှိခဲ့သည်ဟုကလေးမြို့ဒေသခံများထံမှသိရသည်။ “စစ်တပ်က ကား ၅ စီးနဲ့ရောက်လာတယ် အဲဒီသူတို့အိမ်ကိုဝိုင်းတာပေါ့နော် ဝိုင်းပြီးတော့ ခဲတွေနဲ့ပေါက်တယ် အဲဒီချိန်မှာ အိမ်ထဲကတစ်ယောက်ကထွက်အော်တဲ့အချိန်မှာ ကျန်တဲ့သားအဖတွေကထွက်ပြေးတယ် ထွက်ပြေးတော့ လှမ်းပစ်တာ အဲဒီမှာ သားအဖနှစ်ဦးစလုံးသေသွားတယ် ပြီးတော့ အစ်မဖြစ်သူက မျက်လုံးထိတယ် ဆေးရုံမှာတဲ့ အဲဒါပြီးတော့ အိမ်ကကားတွေရော ပစ္စည်းတွေရောယူသွားတယ် စစ်တပ်ဖက်က ပြည်သူတွေလုပ်တယ်ဆိုတဲ့ပုံစံနဲ့လုပ်တာ တကယ်တမ်းလုပ်တာ စစ်တပ်ကလုပ်တာ” ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုကြောင့် အိမ်ပိုင်ရှင်လင်မယား၊ သားဖြစ်သူ နှင့် တူတော်စပ်သူတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး သမီးဖြစ်သူမှာ မျက်လုံးထိမှန်ကာ တပ်ဆေးရုံတွင်ထားရှိကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှုအပြီး မနက် ၂ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီက အသက်မပြည့်သေးသူ (၂) ဦးနှင့် အသက် (၃၀) ကျော် တစ်ဦးတို့ကို နေအိမ်အတွင်းဖမ်းဆီးခဲ့သည်ဟု သိရသည်။ ဖမ်းဆီးခံရသူများမှာ ကလေးမြို့ချမ်းမြေ့အောင်စည်ရပ်ကွက် ဧရာဝတီလက်ဖက်ရည်ဆိုင်မှ ၎င်းတို့၏သား ၁၂ နှစ်ရွယ် (မိဘများမရှိ၍ ဖမ်းဆီးခေါ်ဆောင်သွား) နေအိမ်တွင်ဖျားနာပြီးညအိပ်ချိန်ဖမ်းဆီး၊ ဘဲအင်းရပ်ကွက်မှကျော်မင်းခန့်မောင် အသက် (၁၅) နှစ်အရွယ်နှင့် မြန်မာ့စီး ပွားရေးဘဏ် ဝန်ထမ်း ကိုအောင်မြတ်မိုး အသက် (၃၅) နှစ်ခန့်တို့ဖြစ်ကြသည်။ L
ချင်းပြည်နယ် ပလက်ဝမြို့တွင် အဖမ်းခံရသည့် ချင်းလူငယ် ၅ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပုမ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ယမန်နေ့ (ဇွန်လ ၁၈) ရက်က ပို့ဆောင်လိုက်ပြီဟု စုံစမ်းသိရှိရသည်။ ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင်အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးမှာ ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ည်။ အဆိုပါ ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူး နှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပလက်မြို့ရဲစခန်းမှ ဇွန်လ ၁၇ ရက်နေ့က ခမရ (၅၁၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းအောင်က ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ ပို့ဆောင်ကာ ရဲစခန်းသို့မအပ်သေးပဲ စစ်တပ်က ထိန်းသိမ်းထားဆဲဟု ၎င်းတို့နှင့်နီးစပ်သည့်သတင်းရပ်ကွက်ထံမှသိရသည်။ “သူတို့ ၅ ဦးကို ၁၇ ရက်နေ့က ၂၈၉ တပ်မှ တစ်ညအိမ်ခိုင်းပြီး နောက်တစ်နေ့ကို စစ်တွေကိုတန်းပို့လိုက်တာ၊ ခုထိ ရဲလက်ထဲတော့မရောက်သေးဘူး စစ်တပ်လက်ထဲမှာပဲရှိနေကြသေးတယ်’’…
ချင်းပြည်နယ် ဟားခါးမြို့ရှိ Zion နှစ်ခြင်းအသင်းတော်၏ ဝန်ထမ်းအိမ်ယာအား စစ်ကောင်စီမှ ယနေ့ညနေပိုင်း ၅နာရီဝန်းကျင်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၇ ဦးအား ဖမ်းစီးသွားသည့်အပြင် ညပိုင်းတွင်လည်း ပြည်တော်သာရပ်ကွက်အတွင်း သေနတ်များပစ်ဖောက်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်မှ ယနေ့ညနေပိုင်းတွင် Zion နှစ်ခြင်းအသင်းတော်၏ ဝန်းထမ်းအိမ်ယာအား ဝင်ရောက်စီးနင်းခဲ့ပြီး သင်းအုပ်ဆရာ Rev. Than Thio ၏ ကလေးနှစ်ဦး မူကြိုဆရာမ Sayamah Tawk ၏ ကလေးနှစ်ဦး နှင့် အနီးအနားမှ လူ ၃ ဦး စုစုပေါင်း ၇ ဦး အား အကြောင်းအရင်း မသိရဘဲ ဖမ်းဆီးသွားကြောင်းသိရသည်။ “ညနေက ၇ ယောက်ဖမ်းခံရတယ်၊ ပြန်လွှတ်ပေးမယ်လို့တော့ ပြောတယ်တဲ့၊ ဘာအတွက်ဖမ်းတာလည်းတော့မသိရဘူး၊ စစ်သင်တန်းတက်တဲ့သူရှိတဲ့ဆိုပြီး လိုက်ရှာတာလို့လည်းကြားတယ်၊ ပြီးတော့ ညပိုင်းမှာလည်း ပြည်တော်သာ ရဲစခန်းနားလိုက်မှာ သေနတ်သံတွေလည်း ကြားရတယ်လို့ အဲနားနေတဲ့သူတွေကပြောတယ်”ဟု ဟားခါးမြို့ခံတစ်ဦးမှပြောသည်။ ဟားခါးမြို့ ညပိုင်းပစ်ခတ်မှုမှာ ပြည်တော်သာရပ်ကွက်တွင်ပစ်ခတ်ခဲ့ပြီး တစ်ခါပစ် ၆ ချက်နှုန်းဖြင့် ၄ ကြိမ်ခန့် ပစ်ခတ်သံကြားရကာ Drone ပြန်သန်းသည်ကိုလည်းတွေ့ရကြောင်း ဒေသခံများထံမှသိရသည်။ ယခုရက်ပိုင်း ဟားခါးမြို့တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ပြီး လှည့်လည်မှုများရှိကာ သေနတ်များလည်း မကြာခဏဖောက်လေ့ရှိကြောင်း သိရသည်။
မင်းတပ်မြို့ စစ်ဘေးရှောင်အမှတ် (၃) ဇုံမှ ရလ သားအရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးနှင့် အသက် (၅၇) နှစ်အရွယ် အမျိုးသား စစ်ဘေးရှောင်တစ်ဦး ဖျားနာမှုကြောင့် သေဆုံးခဲ့ကြောင်း အမှတ် (၃) ဇုံမှ တာဝန်ခံတစ်ဦးကပြောသည်။ “ကလေးက အအေးမိတာ စစ်ဘေးရှောင်ပြေးရင်းနဲ့ပေါ့နော် တောထဲမှာပဲနေကြတာကိုးကလေးက ရွာတွေအထိ စကစတွေကလည်းလိုက်လာတယ် ဒါကြောင့် တောထဲထိပြေးကြတာ မိုးလည်းရွာတယ်အေးလည်းအေးနေတယ် အဲဒါကြောင့်ဖျားကြတယ် နောက်တစ်ဦးကျနော် လူကြီးပိုင်း ငွေတီကျေးရွာ စစ်ဘေးရှောင်စခန်းက သူကကျတော့ ရောဂါအခံလည်းရှိတယ် ကျန်းမာရေးပိုင်းမှာ အခံရှိတယ် သူလည်တောထဲမှာပြေးရင်းနဲ့အအေးမိတယ်ဖျားတယ် ပြီးတော့ သူ့ကိုပြုစုမယ့်သူကလည်းမရှိကြတော့ ဆေးဝါးလည်းမရောက်နိုင် သူလည်းဆုံးသွားတာပါ” ဟု တာဝန်ခံကပြောသည်။ မင်းတပ်မြို့နယ် မဲင်းကျေးရွာက ရလ သားအရွယ်ရှိသော စစ်ဘေးရှောင်ကလေးငယ်တစ်ဦးမှာ အအေးမိဖျားနာပြီး ယနေ့ ဇွန်လ ၁၈ ရက်တွင် သေဆုံးခဲ့ပြီး ငွေတီကျေးရွာမှ အသက် (၅၇) နှစ်အရွယ်မှာ ဇွန်လ (၁၅) ရက်နေ့ကသေဆုံးကြောင်းသိရသည်။ မင်းတပ်မြို့တွင် စစ်ဘေးရှောင် အမှတ် ၁၂ အထိရှိ ယခုလက်ရှိ အမှတ် ၃ ဇုံတွင် စစ်ဘေးရှောင် (၂) ဦးသေဆုံးမှုရှိပြီဖြစ်ကာ မကွေးတိုင်းဖက် စစ်ဘေးရှောင်ပြေးကြသူများတွင်လည်း ရာသီဥတုကြောင့် ဖျားနာသေဆုံးသူရှိပြီဟု ဆက်ပြောသည်။ မင်းတပ်မြို့စစ်ဘေးရှောင်ပြည်သူများသည် လမ်းကြောပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်မှုမြင့်မားနေပြီး မိုးတွင်းကာ ရာသီဖျားနာသူအများအပြားရှိကြောင်းသိရသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ People Defense Force(PDF) စခန်းသည် ဇွန်လ ၁၆ ရက်နေ့က ဖျက်ဆီးခံခဲ့ရပြီး အနည်းဆုံး ကျပ်ငွေ သိန်း ၂၀၀ ဝန်းကျင်ခန့် ရှုံးဆုံးမှုရှိခဲ့ကြောင်း သိရသည်။ တီးတိန် PDF စခန်းအတွင်းရှိ မိုးကာတဲအိမ် ၃ အိမ်၊ မီးစက်၊ ဓာတ်ဆီ၊ ဆန်၊ဆီ၊ ဆား၊ အာလူး လူအယောက်တစ်ရာ အတွက် (၄၅ ရက်စာ)၊ အားဆေး၊ ဆေးဝါးများ၊ တူမီးသေနတ်၊ တစ်လုံးပြူ ၅ လက်အပါအဝင် ပစ္စည်းတန်ဖိုးအားလုံးပေါင်း သိန်း ၂၀၀ ဝန်းကျင်ခန့် ရှုံးဆုံးမှုရှိခဲ့ကြောင်း Tedim Civil Society Support Facebook စာမျက်နှာတွင်ဖော်ပြထားသည်။ အဆိုပါ PDF စခန်းကို မည်သည့်အဖွဲ့အစည်းက ဖျက်ဆီးခဲ့သည်ကိုမူ တိတိကျကျပြောဆိုထားခြင်းမရှိသော်လည်း တီးတိန်၊ တွန်းဇံမြို့နယ်တို့တွင်အခြေစိုက်လှုပ်ရှားနေသည့် Zomi Re-Unification Organization (ZRO) ဇိုမီးတော်လှန်ရေးတပ်မတော်၏ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။ Zomi Re-Unification Organization (ZRO) ၏ ကာကွယ်ရေးဌာန ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း) မှ ဇွန်လ ၁၇ ရက်နေ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဇိုမီးတော်လှန်ရေးတပ်မတော်(အရှေ့ပိုင်းတိုင်း) သည် စစ်ရေးကဏ္ဍတွင် အမျိုးသားတပ်မတော်တစ်ရပ်တည်းရှိရမည့် မူ အရ မိမိတို့လှုပ်ရှားနယ်မြေအတွင်း သီးခြားလက်နက် ကိုင်တပ်ဖွဲ့ထူထောင်ခြင်းကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူများမှ အကြိမ်ကြိမ်သတိပေးပြောကြားခဲ့ပြီးဖြစ် သည်ဟု ဖော်ပြထားသည်။ ထို့အပြင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက် ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိူးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်ရာတွင်သော် လည်းကောင်း…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံရပြီး ရဲစခန်းတွင် ထိန်းသိမ်းခံရသည့် လူငယ် ၅ ဦးကို ယနေ့တွင် ၂၈၉ တပ်ရင်းသို့ စစ်ကောင်စီများကခေါ်ဆောင်သွားသည်ဟုသိရသည်။ “သူတို့ကို မြို့နယ်တရားရုံးက ၅၀၅ နဲ့ ဆွဲလိုက်တာ ၂ နာရီဝန်းကျင်လောက်မှာ သူတို့ ၂၈၉ တပ်ရင်းကိုခေါ်သွားတယ် ဘာကြောင့်ခေါ်သွားတယ်ဆိုတာမသိရဘူး “ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။ ၎င်းတို့သည် ဇွန်လ (၃၀) ရက်နေ့တွင် ရုံးပြန်ချိန်ကာ မိသားစုဝင်များနှင့် အဆက်အသွယ်မရတော့ကြောင်းသိရသည်။ ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့ နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင်အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ချိန်ထိ (၅) ဦးဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်းသိရသည်။
ကလေးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ယနေ့တစ်ရက်တည်းလူ (၁၀) ဦးသေဆုံးခဲ့ကြောင်း ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး အဖွဲ ့ထံမှသိရသည်။ “အချို့တွေကတော့ သံသယလူနာတွေဖြစ်တယ် ပြည်သူ့ဆေးရုံကနေ ၄ ဦး Home quarantain က ၆ ဦးသေဆုံးခဲ့တယ် အများသောအားဖြင့် သေဆုံးသူတေတွေကအသက်ကြီးပိုင်းတွေဖြစ်တယ် ရောဂါအခံရှိပြီးသူတွေ ဆီးချိုရောဂါသည်တွေဆိုရင် အောက်ဆီဂျင်ဘယ်လောက်ပေးပေး မခံနိုင်တဲ့အခြေအနေတွေရှိတယ် အဲလိုဖြစ်နေတယ်” ဟု ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး အဖွဲ ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကိုဗစ် ၁၉ ရောဂါကြောင့် ယနေ့သေဆုံးသူများမှာ တာဟန်းရပ်ကွက်တွင် (၄) ဦး၊မြို့လှရပ်ကွက် (၁) ဦး Positive လူနာ၊ ကလေးမြို့ ၂ ဦး၊ ပျဉ်းခုံလေးရွာမှ ၁ ဦး၊ လက်ပံချောင်း ၁ ဦး ကျန်တစ်ဥိီး မသိရသေးကြောင်း သေဆုံးသူများအားလုံးမှာ အသက်ကြီးပိုင်းများဖြစ်ကြသည်။ ယနေ့ သေဆုံးသူ (၁၀) ဦးအနက် သဂြိုလ်ပြီး (၇) ဦးရှိပြီး ၃ ဦးမှာ အချိန်နောက်ကျသွားပြီးဖြစ်သည့်အတွက်ကြောင့် မသဂြိုလ်ရကြောင်းသိရသည်။ ကလေးမြို့တွင်ကိုဗစ် ၁၉ ရောဂါကူးစက်ခံရခြင်းကြောင့် သေဆုံးသူ စုစုပေါင်း (၄၆) ဦးရှိပြီဖြစ်ကြောင်းသိရသည်။ L
မင်းတပ်မြို့နယ် Lukse Camp မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် ဆက်သွယ်မေးမြန်းချက် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။ မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အာဏာသိမ်း စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်းအထန်ပစ်ခတ်ခဲ့ခြင်းကြောင့် မင်းတပ်မြို့ဒေသခံ ပြည်သူ ၈ ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။ ယခုလက်ရှိမင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁၈ ခုဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်ပြည်သူ ၈ ထောင်ကျော်အထိ ရှိကာ ၎င်းတို့ရင်ဆိုင်နေရသည့်အခက်ခဲစိန်ခေါ်မှုနှင့်ပတ်သက်၍ လောက်စဲစစ်ရှောင်စခန်း(Lukse Camp) မှ တာဝန်ရှိသူ ကက်သလစ်ဘုန်းတော်ကြီး Nicholas Ghung Thang Se ကို ဆက်သွယ်မေးမြန်းထားသည်။ မေး – အခုလက်ရှိ ဆရာတို့စစ်ဘေးရှောင်စခန်းကိုရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ ဖြေ – လောလောဆယ်တော့ မနေ့တနေကထိ အိမ်ပြန်ကြတယ် အထူးသဖြင့်တော့ ဒီမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း အယောက် ၁၀၀ နဲ့ ၂၀၀ ကြားလောက်ရှိသေးတယ် လောလောဆယ်တော့ အခြေအနေကတော့ ပြန်ငြိမ်လာတဲ့သဘောမှာရှိတယ် ဒါပေမဲ့ တခုရှိတာက မိသားစုတွေထဲမှာ ပြေးလွှားပြီးတော့ ပုန်းခိုပြီးတော့ မိသားစုနဲ့ အတူရှိနေတဲ့ ဆန်စပါးတွေ စားသောက်ကုန်တွေ ဝိုင်းစားကြတဲ့အခါကတော့ မနေ့တနေ့ကရော ဒီနေ့ရော သူတို့ရောက်လာကြတယ် ကျနော်တို့ဆန်တွေလည်းမရှိတော့ဘူး ကျနော်တို့ တစ်ရက်တစ်ရက်ဆိုရင်…
အာဏာသိမ်းစစ်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) အကြားတိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ တောထဲသို့ ပုန်းရှောင်နေကြရသည့် ဟားခါးမြို့နယ် Senthang နယ်က ပြည်သူအများစုမှာ နေရပ်သို့ပြန်လာကြပြီဖြစ်သော်လည်း သက်ကြီးရွယ်အိုပိုင်းမှာ ကိုယ်ခံအားပြတ်လပ်မှုဒဏ်ရင်ဆိုင်နေကြရသည်ဟု သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ Senthang(ဆဲန်ထန်း)နယ်ဟုခေါ်သော ဟားခါး-မတူပီကားလမ်းမကြီးအကြားရှိ ဆူရ်ခွါမြို့အပါအဝင် ကျေးရွာပေါင်း ၈ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်သည် ၎င်းတို့ဒေသတွင် ဖြစ်ပွားခဲ့သော စကစနှင့် CDF အကြားတိုက်ပွဲကြောင့် ဇွန်လဆန်းပိုင်းကစ၍ တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရခြင်းဖြစ်သည်။ “ စစ်ရှောင်ရလို့ နောက်ဆက်တွဲပြသနာတွေရင်ဆိုင်ရတယ်၊ ဘာလဲဆိုတော့ သက်ကြီးပိုင်းတော်တော်များများက အားကုန်ပြီး ကိုယ်ခံအားပြတ်လပ်ကြတယ် ပြန်နလန်မထူနိုင်ကြတော့ဘူး တစ်ချို့ဆိုရင် အောက်ဆီဂျင်နဲ့ဖြေရှင်း ရတဲ့သူတွေလည်းရှိတယ်၊ မနေ့ကတော့ အသက် ၇၀ အရွယ်အဘွားအိုတစ်ယောက်တော့ ဆုံးသွားတယ် ” ဟု ဆူရ်ခွါမြို့ခံတစ်ဦးကပြောသည်။ ဆူရ်ခွါမြို့တွင် တိုက်နယ်ဆေးခန်းရှိသော်လည်း ဆေးဝါးပြတ်လပ်ကာ ကျွမ်းကျင်လုပ်သားလည်းမရှိသည့်အတွက်ကြောင့် အခက်ကြုံနေရပြီး ဟားခါးမြို့ဘက်သို့သွားရောက်ကုသရန်မှာလည်း အခြေအနေတည်ငြိမ်မှုမရှိသေးသည့်အတွက် မသွားရဲ မလာရဖြစ်နေကြသည်ဟု အဆိုပါဒေသခံကပြောသည်။ ဆဲန်ထန်းနယ်မှ Surkhua မြို့ , Phaizawng, Khuapi , Lungrang, Hausen, Dinlopa, Sakta, စသည့်ကျေးရွာ အသီး သီးတို့မှဒေသခံပြည်သူအားလုံးနည်းပါးသည် တောထဲသို့ပုန်းရှောင်ရာမှ နေရပ်သို့ပြန်လည်ကြပြီဖြစ်သော်လည်း Loklung ကျေးရွာသားများမှာမူ နေရပ်သို့မပြန်ရဲကြသေးကြောင်းသိရသည်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Loklung ရွာအနီးတွင် စစ်ဆေးဂိတ်ထားရှိကာ ဟားခါး-မတူပီလမ်းကြောင်း အတိုင်းသွားလာသူများအား စစ်ဆေးကာ လုံခြုံရေးတင်းကြပ်ထားသည်ဟု သိရသည်။
