(006SV) မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြေဖို့ ဝှက်ထားခဲ့သော သေနတ်နှင့် လက်နက်ခဲယမ်းများကို ဒေသခံများက မကြာခဏ ရှာဖွေတွေ့ရှိနေပြီး လာရောက်အပ်နှံနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်သည်။ ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေဖို့ ဝှက်ထားသော သေနတ် ၁၀ လက်နှင့် လက်နက်ခဲ ယမ်းများကို ဩဂုတ်လအတွင်း ဒေသခံပြည်သူများက CDF – မင်းတပ် စစ်ဦးစီးချုပ်ရုံးကို လာရောက်အပ်နှံထားသည်။ “ဆုကြေးဘယ်လောက် ချီးမြင့်တယ်ဆိုတာထက် ထိုက်သင့်သလိုပဲ ပြောလိုပါတယ်။ လာအပ်နှံကြတာကတော့ လိုင်းပေါ်တင်တဲ့ နေ့တွေပါပဲ။ လွန်ခဲ့တဲ့ ရက်တွေကပေါ့နော်။ ဘယ်လိုရှာတွေ့ကြသလဲဆိုတော့ ခလရ ၂၇၄ ကို ကျနော်တို့ ဝင်စီးနင်းတဲ့အချိန်မှာ သူတို့ (စကစ) က ဆုတ်ခွာ ထွက်ပြေးတယ် ပေါ့လေ။ စခန်းဆုတ်ခွာ ထွက်ပြေးတုန်းက လမ်းကြောင်းပေါ်မှာ တောင်ယာသွားရင်၊ အမဲလိုက်ရင်းနဲ့ တွေ့ကြတာပါ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ ယနေ့ ဩဂုတ်လ ၂၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေဖို့ ဝှက်ထားခဲ့သော MA 1 သေနတ် ၃ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံးနှင့် အခြားလက်နက်ဆက်စပ်ပစ္စည်းများကို တာဝန်သိပြည်သူ ၂ ဦးက စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံသည်ဟု ထုတ်ပြန်သည်။ ဩဂုတ်လ ၂၄ ရက်ကလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝှက်ထားခဲ့သော MA4 ၁ လက်၊ MA3…
Author: Editor
(005MK) အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြုံစည်းရုံးခတ်မည့်အစီစဉ်သည် ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်သာဖြစ်ပြီး လက်ရှိ မှာလည်း အကောင်အထည်ဖော်ဆောင်ရွက်နေဆဲဖြစ်သည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က ယမန်နေ့က စတင်ကျင်းပသော ပြည်နယ်လွတ်တော် အစည်းအဝေးမှာ ZPM လွှတ်တော်အမတ် Pu VL Zaithanzama က နယ်စပ်အရေးနှင့်ပတ်သက်၍ မေးမြန်းရာမှာ ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ နယ်စပ်ခြံစည်းရုံးခတ်ခြင်းသည် အိန္ဒိယဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်သာဖြစ်သည်နှင့်အညီ ပြည်နယ်အစိုးရ၊ နယ်စပ်ဒေသ လုံခြုံရေးတာဝန်ယူထားသော အာသံရိုင်ဖယ်၊ နယ်စပ်လမ်းအဖွဲ့အစည်း(Border Road Organization) တို့နှင့် ဆွေး နွေးတိုင်ပင်ကာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးကပြောသည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးက မြန်မာစစ်ဘေးရှောင်အရေးလည်း ထည့်သွင်းပြောကြားရာမှာ လက်ရှိမီဇိုရမ်ပြည်နယ် မှာ မြန်မာစစ်ဘေးရှောင် ၂၉၀၄၆ ဦးရှိပြီး စစ်ဘေးရှောင်များအား ဇီဝအချက်အလက်ကောက်ယူလျှက်ရှိသည်ဟု အသိပေးထားသည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၏ လုံခြုံရေး အခြေအနေအရ ကုန်သွယ်ရေးလမ်းများ ခေတ္တပိတ်ထားခဲ့ရာ မနက်ဖြန်မှစတင်၍ ကုန်သွယ်ရေးလမ်းကြောင်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ပေးမည်ဟု MRO/ CDF – မတူပီက ထုတ်ပြန်သည်။ “အများပြည်သူ အသုံးပြုနေတဲ့လမ်းက ပုံမှန်အခြေအနေမှာဆို အမြဲတမ်းဖွင့်ထားပါတယ်။ အရေးပေါ်အခြေအနေ ကြောင့် ခေတ္တပိတ်ပင်ထားပေမယ့် အခုက ပုံမှန် ပြန်လည်ပတ်တဲ့သဘောပါ။ မတူပီမြို့နယ်ထဲက ကုန်ကူးတဲ့ လမ်းတွေအားလုံးကိုလည်း ဖွင့်လှစ်ပေးမှာပါ” ဟု MRO/ CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။ ဩဂုတ်လ ၆ ရက်မှစတင်၍ မတူပီမြို့နယ်၏ လုံခြုံရေးအခြေအနေအရ ကုန်သွယ်ရေးလမ်းများ ခေတ္တ ပိတ်ထား ခဲ့ရသည်ဟု မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီထံမှ သိရသည်။ လက်ရှိတွင် မနက်ဖြန် ဩဂုတ်လ ၂၈ ရက်မှစတင်ပြီး ပိတ်ပင်ထားသော ကုန်သွယ်ရေးလမ်းကြောင်းများကို MRO/ ကုန်သွယ်ရေးဌာနက သတ်မှတ်စည်းကမ်းချက်တချို့ဖြင့် ပြန်လည်ဖွင့်လှစ်တော့မည်ဟု အသိပေးထုတ်ပြန်လိုက်သည်။ ကုန်သွယ်ရေး စည်းကမ်းသတ်မှတ်ချက်များမှာ ရောင်းရန် ကုန်စည်များအားလုံး ကုန်စည်ခွန်ပေးဆောင်ရမည်ဖြစ်ပြီး မိုးရာသီ ကားလမ်းအခြေအနေအရ အိမ်စီးကားနှင့် ကားလေး (ယာဉ်သေး) များသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု သိရသည်။ Forland နှင့် အထက် ယာဉ်ကြီးများအပါအဝင် ကားကြီးများ ဝင်/ ထွက်သွားလာခြင်း ခွင့်မပြုသေးကြောင်း၊ မတူပီဒေသအတွင်း ရောင်းချမည့် ကုန်များကိုသာ ယာဉ်ကြီး (Forland) များဖြင့် သယ်ဆောင်နိုင်သည်ဟု သတ်မှတ်ထားသည်။ MRO/ ကုန်သွယ်ရေးဌာနက ထုတ်ပြန်ပြီးဖြစ်သော ကုန်သွယ်ရေး စည်းမျဉ်းများကို…
(004SS) ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲမှာ အခြေစိုက်လှုပ်ရှားနေသော CDF-CDM-Siyin တပ်ဖွဲ့ဝင်တစ်ဦး အသက် ၂၇ နှစ်အရွယ် ရဲဘော် ထန်ခတ်ပုမ်း (ခ) Cyrus သည် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့က သေနတ်ဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု သိရသည်။ တိုက်ပွဲဝင်ရန်ပြင်ဆင်ပြီးချိန်တွင် မိမိကိုယ်ကို ရုတ်တရက် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ အကိုဖြစ်သူ Cin Cin က ပြောသည်။ “မနေ့က မနက်ပိုင်းမှာ ၉ မိုင်ကနေ စစ်သားတွေ တက်လာတယ်ဆိုတဲ့ သတင်းကြားတော့ ရှေ့တန်းသွားဖို့ သူ့သူငယ်ချင်းတွေနဲ့ ပြင်ဆင်တယ်တဲ့။ ပြီးတော့ သူက အရင်ဆုံးသွားပြီး၊ ခဏနေတော့ သေနတ်ပစ်ခတ်သံကြားတယ်တဲ့။ အဲမှာ သူ့သူငယ်ချင်းတွေ ထွက်ပြီးသွားကြည့်လိုက်တော့ ကျွန်တော့်ညီက သေပြီးနေပြီတဲ့။ မနက် ၈ နာရီလောက်ဖြစ်မယ်။ ကျွန်တော့်ညီမှာ ဘာစိတ်ညစ်စရာများရှိလို့ ဒီလိုလုပ်ရတယ်ဆိုတာ ကျွန်တော်လဲ မသိဘူးဗျာ” ဟု ၎င်းက ပြောသည်။ ရဲဘော် Cyrus သည် စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်က ကလေးတက္ကသိုလ်မှာ ဘူမိဗေဒ (Geology) ဒုတိယနှစ်တက်ရောက်နေခဲ့ပြီး ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှုကြောင့် ကျောင်းဆက်မတက်နိုင်တော့ဘဲ မြန်မာ့နွေဦးတော်လှန်ရေးထဲမှာ ပါဝင်လာခဲ့သူဖြစ်သည်။ “ကျွန်တော့်ညီက နိုင်ငံရေးမကောင်းတဲ့အချိန်ကစလို့ မနေ့က ဒီလိုမဖြစ်ခင်အထိ နိုင်ငံနဲ့လူမျိုးအတွက်ဆိုပြီး တော်လှန်ရေးမှာပါဝင်တာပေါ့နော်။ ကျွန်တော့်ညီကဗျာ တော်လှန်ရေးမှာ ကျွန်တော်မပါလို့မဖြစ်ဘူး။ ကျွန်တော်တို့ စခဲ့ပြီးပြီး အဆုံးတိုင် တိုက်ပွဲဝင်မယ်၊ မရပ်တော့ဘူး ဆိုပြီးပြောခဲ့တာပါ။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ CDF-CDM-Siyin တပ်ဖွဲ့ဆိုရင်လည်းပဲ သူ့မိသားစုလို၊ သူ့ကိုယ်ပိုင်လို စိတ်ရင်းနဲ့ တွက်ထားတာဗျ”…
(002MG) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် မွာလ်ဘင်(Mualbeem) နှင့် ဇန်ဇောလ်(Zangzawl) ကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့ နေ့ လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည်ဟု သိရသည်။ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှာ မွာလ်ဘင်ကျေးရွာထဲက လူမနေတော့သည့် တွီးခူရပ်ကွက် ဟောင်းအနီးနားတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ၅ ကြိမ်ခန့်ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့ခံတစ် ဦးကပြောသည်။ “မွာလ်ဘင် ကျေးရွာ အထက်ပိုင်း၊ တွီးခူရပ်ကွက်ဟောင်းတလျှောက်ကို လေယာဉ်နဲ့ (၅) ကြိမ်ကျဲတာ။ အဲ့ရပ်ကွက် မှာက လူမနေတော့ဘူး၊ အိမ်လည်းမရှိတော့ဘူး။ ပျက်စီး၊ လူသေတာမရှိဘူး၊ သစ်တော တော့ပျက်စီး တယ်” ဟု ၎င်းကပြောသည်။ မွာလ်ဘင်ကျေးရွာသည် တီးတိန်မြို့နှင့် (၁၈) မိုင်ခန့်ကွာဝေးပြီး လူဦးရေ (၂,၀၀၀) ခန့်ရှိသည်ဟု သိရသည်။ မြေပြင်မှာ စစ်ရေးထိတွေ့မှုမရှိဘဲ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အလားတူ ဇန်ဇောလ်ကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးဒဏ်ရာရရှိကြောင်း တီးတိန်အခြေစိုက်သတင်းဌာနတစ်ခုကဖော်ပြသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့က စစ်တပ်နှင့် ပတ်သက်မှုရှိသည်ဟုဆိုသော မွာလ်ဘင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး ဟောက်ခန့်နန် ကို တီးတိန်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ PDF Zoland က ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုရှိလာခြင်းဖြစ်သည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထဲက ၄၀ ကျော်ကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ဩဂုတ်လ ၂၅ ရက် နေ့လည်ပိုင်းတွင် စစ်သုံ့ပန်း နှင့် အခြားသုံ့ပန်း အိမ်ထောင်စု ၁၅ စုက မိသားစုဝင် ၄၄ ဦးကို ULA/ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။ စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို လူသားချင်းစာနာထောင်ထားသည့်အနေဖြင့် ULA/ AA က ၉ ကြိမ်မြောက်အဖြစ် လွတ်ငြိမ်းခွင့်ကို အခမ်းအနားပြုလုပ်ပြီး ပလက်ဝခရိုင်အတွင်းမှာ ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိ လွတ်ငြိမ်းချမ်းသားခွင့်ပေးလိုက်သော စစ်သုံ့ပန်းများထဲတွင် ချင်းလူမျိုးတချို့လည်း ပါဝင်ကြောင်း ရခိုင်အခြေစိုက် ဒေသတွင်းသတင်းဌာနတချို့မှာ ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်အတွင်း အာရက္ခတပ်တော် ULA/ AA သည် ပလက်ဝခရိုင်အပါအဝင် လွတ်ငြိမ်းခွင့်ပေးခဲ့သော စစ်သုံ့ပန်းနှင့် မိသားစုဝင်ပေါင်း ၁၈၀၀ နီးပါးအထိ ရှိလာပြီဖြစ်သည်ဟု သိရသည်။ ပလက်ဝမြို့နယ်ကို ULA/ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယခင်မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း ထည့်သွင်း၍ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ULA/ AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက်က အတည်ပြုဖြေကြားထားသည်။ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ ၂၀၂၅ ခုနှစ် မေလတွင် အာရက္ခတပ်တော် ULA/ AA က ထည့်သွင်း ဖွဲ့စည်း…
(005MK) မီဇိုရမ်ပြည်နယ်အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးစီမံချက် (Special Drive on Drugs) ကိုအကောင် အထည်ဖော်ဆောင်ရန်အတွက် ပြည်နယ်ရဲမှူးချုပ်နှင့် ဗဟိုမီဇိုးလူငယ်အသင်း (CYMA) ခေါင်းဆောင်များသည် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်က ကျေးရွာများသို့ ကွင်းဆင်းလေ့လာမှုများ စတင်ဆောင်ရွက်နေသည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ မူးယစ်ဆေးဝါးဝင်ရောက်လာနိုင်သည့် လမ်းကြောင်းပေါ်မှာ တည်ရှိသော နယ်စပ်တစ်လျှောက်ကျေးရွာများအားလုံးထံ သွားရောက်ကာ ရပ်ရွာလူထုပြည်သူများနှင့် တွေ့ဆုံဆွေး နွေးရန် မီဇိုရမ်ပြည်နယ်ရဲမှူးချုပ် Inspector-General of Police (IGP) H. Ramthlengliana IPS ၏ ဦးဆောင်မှုဖြင့် ဗဟိုမီဇိုးလူငယ်အသင်းက ခေါင်းဆောင်များ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျန်ဖိုင်းခရိုင်ဘက်သို့ ထွက်ခွါခဲ့ ကြသည်ဟု မီဇိုရမ်ဒေ သတွင်းသတင်းဌာန Bengvarna ကဖော်ပြသည်။ မီဇိုရမ်ပြည်နယ်ရဲမှူးချုပ်နှင့် ဗဟိုမီဇိုးလူငယ် အသင်းခေါင်းဆောင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ကျန်ဖိုင်းခရိုင် Tlangsam ကျေးရွာလူထုနှင့်တွေ့ဆုံခဲ့ကြပြီးနောက် ညနေပိုင်းတွင် Zote, Ngur, Ngur Vengsang, Bulfek ရပ်ရွာလူထုများနှင့် မူး ယစ်ဆေးဝါးတားဆီးရေးကိစ္စများဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်တွင်တည်ရှိသည့်ကျေးရွာများအားလုံးကို ယခုပတ်အတွင်းသွားရောက်ကာ ရပ်ရွာ လူထုများနှင့်တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် နယ်စပ်တစ်လျှောက်က ကျေးရွာများအားလုံးတွင် ရဲတပ်ဖွဲ့များထားရှိကာ စက်တင် ဘာလ ကစတင်၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်သွားရန်စီစဉ် ထားသည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခဲ့ရာ ငါးနှစ်တာအတွင်း ကလေးသူငယ်နှင့် အမျိုး သမီးအပါအဝင် ဒေသခံပြည်သူ ၄၀ သေဆုံးပြီး ၁၂၀ ဦးထိခိုက်ဒဏ်ရာများ ရရှိသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်မှစ၍ ယခုလ ဩဂုတ် ၃ ရက်အထိ စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၇၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သည်ဟု မင်းတပ်မြို့ပအဖက ၎င်းတို့ ပြုစုထားသော စာရင်းများအရ ယနေ့ ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်သည်။ မင်းတပ်မြို့နယ်က လေကြောင်းတိုက်ခိုက်မှုများတွင် ဗုံးအရေအတွက် ၃၂၉ လုံး ဝန်းကျင်အသုံးပြုခဲ့သည်ဟု မင်းတပ် ပအဖ က ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဒေသခံပြည်သူနေအိမ် ၁၇၂ လုံး၊ စာသင်ကျောင်း၊ ဆေးရုံး၊ ဆေးခန်း စသဖြင့် အစိုးရအဆောက်အဦး ၄၀ ခုနှင့် ဘုရားကျောင်း ၊ ဘုန်ကြီးကျောင်း စသည့် ဘာသာရေးအဆောက်အဦး ၁၈ လုံး ထိခိုက်ပျက်စီးသည်ဟု သိရသည်။ လက်ရှိစာရင်းတွင် CDF – မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များ၏ မင်းတပ်မြို့သိမ်းတိုက်ပွဲကာလ ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုများကို ထည့်သွင်းရေတွက်ထားခြင်း မရှိကြောင်း သိရသည်။ ၂၀၂၄ ဒီဇင်ဘာလထဲတွင် မင်းတပ်မြို့နယ်ကို CDF – မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက…
ပြည်သူဆန္ဒမပါဘဲ ဖမ်းဆီးခေါ်ဆောင်မှုကို ရရာနည်းလမ်းဖြင့် ဆန့်ကျင်ကာကွယ်မည်ဟု ဧရိယာ ၃ ပအဖ ကြေညာ (006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် MRO/ CDF – မတူပီ၏ စစ်မှုမထမ်းမနေရစနစ်ဖြင့် ဖမ်းဆီးခေါ်ဆောင် နေမှုများသည် ပြည်သူကို အကာအကွယ်ပေးသော လုပ်ရပ်များ မဟုတ်ဘဲ အကျပ်အတည်း ရောက်စေနိုင်သော အာဏာရှင် လုပ်ရပ် ဖြစ်နေသည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီနှင့် မတူပီ အင်အားစုများက ကြေညာသည်။ လက်ရှိတွင် MRO/ CDF – မတူပီသည် ၎င်းတို့ထိန်းချုပ်နယ်မြေမှာသာမက မတူပီကောင်စီ/ CDF – မတူပီ ထိန်းချုပ်နယ်မြေမှာ လည်း အသက်မပြည့်သေးသော ကျောင်းသားလူငယ်များ၊ ကျောင်းဆရာ/ မများနှင့် CDM ဝန်ထမ်းများကို စစ်မှုမထမ်းမနေရ စနစ်ပြဌာန်းပြီး ဖမ်းဆီး၍ စစ်သားစုဆောင်းနေသည်ဟု CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “တချို့ဒေသမှာ ဒီဧရိယာ ၃ ဘက်မှာဆိုရင် ကျောင်းတွေပါ အကုန်ပိတ်တယ်။ တချို့ကျေးရွာတွေက အထက်တန်း ကျောင်းတွေ ရှိတဲ့ နေရာတွေမှာ အကုန်လုံးကို တက်ခိုင်းတော့ ဒီလိုစစ်သားစုဆောင်းမှုတွေ လုပ်တယ်လို့ ကြားတဲ့ အခါမှာ သူတို့မိဘတွေက သူတို့ သားသမီးတွေကို စိတ်မချလို့ ၊ အကုန်လုံးခေါ်တော့ နောက်ဆုံးမှာ အကုန်လုံး ကျောင်းပိတ်ရတဲ့အထိ ဖြစ်သွားတယ်။ ဒီဟာတွေက ကျနော်တို့က လုံးဝကန့်ကွက်တယ်။ စစ်မှုမထမ်းမနေရဆိုတဲ့ ဟာတွေက ကျနော်တို့ မလိုအပ်သေးဘူးလို့ ပြောလို့ ရတယ်။ ဒါပေမယ့် တချိန်ချိန်တော့ လိုအပ်မှာပဲ။ သို့ပေမယ့်…
(004SS) ညီအကိုအချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးအတွက် CDF-Hualngoram တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF- UCR ၏ အတွင်းရေးမှူး (၁) ကို ဩဂုတ်လ ၂၄ ရက် နေ့လည် ၂ နာရီခန့်တွင် ပြန် လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်းငိုးရမ်ဒေသ ရိခေါဒါရ်မြို့တွင် ဇူလိုင်လဆန်းပိုင်းက CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကာ CNDF တပ်ဖွဲ့များ တပ်ပြန်ဆုတ်သွားပြီးနောက် ၃ ပတ်ခန့်အကြာ ဩဂုတ်လဆန်ပိုင်း ၅ ရက်နေ့မှာ CNO/CNDF- UCR ၏ အတွင်းရေးမှူး(၁) Lal Rohlu သည် ဟွာလ်းငိုးရမ်ဒေသို့ အရပ်ဝတ်ဖြင့် ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။ “CNDF က Hualngoram ကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာ သူက Khuathlir ကနေ စစ်ကြောင်း ဦးဆောင်တဲ့ လူပေါ့ နော်။ သူ့ကိုကျတော့ ဩဂုတ်လ ၅ ရက်နေ့မှာ အရပ်ဝတ်နဲ့ ကျွန်တော်တို့ ဒေသကို ဝင်ရောက်လာတဲ့အခါမှာ ဖမ်းမိတာဖြစ် တယ်။ သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်တယ်။ သူတို့ရဲ့ပူးပေါင်းစစ်ဆင်ရေး၊ ကျူးကျော်တဲ့အပိုင်းကအစ အကုန်ဝန်ခံ သွားတယ်။ ဆိုတော့ ကျွန်တော်တို့ ညီအကိုခြင်း သင့်သင့်မြတ်မြတ်နဲ့ ပြန်ပြီး နေထိုင်ချင်လို့ သူ့ကို ချွင်းချက်မရှိ သူ့ရဲ့မိဘ တွေရှေ့မှာ လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးတယ်။” ဟု CDF- Hualngoram ကာကွယ်ရေးဌာန အတွင်းရေးမှူးက ပြောသည်။…
