Author: Editor

(006SV) မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေးအတည်ပြုနိုင်ခဲ့သည့်အပြင် မရာနိုင်ငံ ရေးကို ဦးဆောင်ရန်အတွက် နိုင်ငံရေး ဦးဆောင်ကော်မတီ (PSC) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ မရာနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်သော မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ၏ ယခုနှစ် ဒုတိယအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးမှာ အခြားသောအဆို၊ ဥပဒေများနှင့်အတူ အတည်ပြုနိုင်ခြင်းဖြစ်သည်။ “လိုင်လင်းပီမြို့အုပ်ချုပ်ရေး အက်ဥပဒေက အရင်က ပထမကောင်စီတုန်းက အတည်မပြုနိုင်ခဲ့ဘူး။ အဲဒီတုန်းက အချိန်မရ လိုက်ဘူးပေါ့နော်။ ဒီတစ်ခေါက် ကောင်စီအစည်းအဝေးမှာ‌ အတည်ပြုနိုင်ခဲ့တယ်။ အသစ်လို့ ပြောလို့ ရပါတယ်။ နိုင်ငံရေး ဦးဆောင်ကော်မတီကတော့ ကျနော်တို့ နောက်ပိုင်းသွားတဲ့အခါမှာ မိတ်ဖက်မဟာမိတ်တွေနဲ့အတူ ကောင်းကောင်းမွန်မွန် လှမ်းနိုင်ဖို့ လိုအပ်တဲ့ နိုင်ငံရေးတွေက ပိုကျယ်ပြန်လာတယ်၊၊ ပိုလေးနက်လာတဲ့အတွက် ဒီတစ်ခေါက်မှာပဲ သေချာဖွဲ့ဖြစ်တယ်။ အရင်တုန်းကတော့ ရှိပြီးသားလို့ ပြောရင်လည်း မမှားဘူး။ နာမည်သတ်ပြီး မရှိဘူးပေါ့၊၊ ဒီတစ်ခေါက်ကတော့ စနစ်တကျလေ ဖွဲ့စည်းဖြစ်တယ်” ဟု မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မရာပဋိညာဉ်ကို မြေပြင်နှင့်ထပ်တူ ပို၍ လက်တွေ့ကျသော ပဋိညာဉ်ဖြစ်လာစေရန် ရည်ရွယ်ပြီး ပြင်ဆင်ရေး ကော်မတီကိုလည်း ဖွဲ့စည်းလိုက်ကြောင်း သိရသည်။အက်ဥပဒေ ၃ ခုကို ပြင်ဆင်ရေးနှင့် အက်ဥပဒေကြမ်း ၁ ခုကို တင်သွင်းဆွေးနွေးခဲ့ရာ ကာကွယ်ရေး အက်ဥပဒေကို ပြင်ဆင်ခဲ့ပြီး လိုင်လင်းပီမြို့ အုပ်ချုပ်ရေး အက်ဥပဒေကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး ကျန်အက်ဥပဒေ ၂ ခုကို ဥပဒေမူကြမ်းကော်မတီထံ လွှဲအပ်ခြင်းတို့ ဆောင်ရွက်သည်ဟု…

Read More

(006SV/ 004SS) မြန်မာနိုင်ငံရဲ့ အနောက်ဘက်စွန်း၊ ကုလာတန်းမြစ်ကမ်းဘေး လောင်တလိုင်ခရိုင်ထဲက ကော့ဆွန်းရွာ စစ်ဘေးရှောင် စခန်းမှာ ကိုဆလိုင်းတို့ မိသားစု ၃ ဦးဟာ တခြားစစ်ဘေး ရှောင်တွေနဲ့အတူ ဒုက္ခအဖုံဖုံကြား နေရပ်စွ့န်ခွာနေထိုင်ရတာ ၅ နှစ်နီးပါး ရှိလာပါပြီ။ ကော့ဆွန်းရွာမှာ ကိုဆလိုင်းတို့လို ပလက်ဝမြို့က စစ်ဘေးလာရှောင်တဲ့ ပြည်သူတွေ ၂၅၀ ခန့်နေထိုင်ပြီး စစ်ဘေးရှောင်ရတာ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ဘဝတွေဟာ တနေ့ထက် တနေ့ ပိုမိုခက်ခဲလာနေပါတယ်။ စစ်ဘေးရှောင်နေအိမ်တွေရဲ့ မီးဖိုချောင်းမှာ နေ့စဉ်စားဖို့ ဆန်မပြတ်လပ်ရေးကလည်း ပိုမိုအကြပ်တွေ့လာပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ နိုင်ငံတကာနဲ့ အရပ်ဖက်အဖွဲ့အစည်းရဲ့ ကူညီထောက်ပံ့မှု နည်းပါးခြင်းက ချင်းစစ်ဘေးရှောင်တွေကို အရှိန်ပြင်းပြင်းနဲ့ ပိုရိုက်ခတ်လာနေပါတယ်။ ဒီလို ရိုတ်ခတ်မှုတွေက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အစပ်မှ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်ထဲရှိ ကုလာတန်းမြစ် ကမ်းဘေးက ကော့ဆွန်းရွာ စစ်ဘေးရှောင်တွေကိုလည်း သက်ရောက်မှု ကြီးပါတယ်။ “စားဝတ်နေရေးက ကျနော်တို့ ဆန်ရှိရင် ရတယ်၊၊ နေ့စဉ် စားဖို့ ဆန် ရှိဖို့ကို ခက်ခဲကြပါတယ်။ အသီးအရွက် တွေက အိမ်အနီးမှာ ဟင်းခင်းကနေ ချက်စားလို့ ရတာပေါ့။ ပညာရေး၊ ကျန်းမာရေးတွေဟာလည်း ကျနော်တို့အတွက် အင်မတန်မှ အခက်အခဲ ရှိနေတယ်။ ကူနိုင်သူတွေ ရှိရင် ကျနော်တို့ လိုအပ်နေပါတယ်။ လက်ရှိမှာ အခက်အခဲတွေ ရှိနေတာပေါ့နော်” လို့ ကိုဆလိုင်းက ပြောပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် ချင်းပြည်သူတွေ စတင်ပြီး စစ်ဘေးရှောင်စဉ်က မီဇိုရမ်က ဒေသခံတွေဟာ…

Read More

တပ်ပေါင်းစုအဖွဲ့ဝင်များ တော်လှန်ရေးကတိကဝတ် ၄ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ဟုဆို (006SV) စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေးတပ်ပေါင်စုတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ချင်းညီနောင် (CB)၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) တို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ကို စတင်ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။ ၂၀၂၅ ခုနှစ် မေလတွင် စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် တပ်ဖွဲ့ဝင် ၁၄ ဖွဲ့ဖြင့် ကနဦး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကာ ဘုံသဘောတူညီချက်များ ရရှိလာသည်ဟု စတင်ဖွဲ့စည်းသော ဒီဇင်ဘာလ ၁၅ ရက်က ကြေညာချက်တွင် ထုတ်ပြန်သည်။ “ကျနော်တို့ ပါဝင်တယ်ဆိုတာက ကျနော်တို့ အဖွဲ့အစည်း အချင်းချင်းကြားထဲမှာ ပြန်တိုင်ပင်ပြီးမှ တစ်ယောက်နဲ့ တစ်ယောက် ပြန်မေးကြပြီး၊ အားလုံးကလည်း တက်တက်ကြွကြွပါပဲ၊ ကျနော်တို့ ချင်းညီနောင်မှ မဟုတ်ပါဘူး။ ဒီမှာ ပါဝင်တဲ့ အဖွဲ့တွေ အကုန်လုံးကလည်း တက်တက်ကြွကြွနဲ့ ဒါဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်၊ ခရီးရဲ့ လိုအပ်ချက်လည်း ဖြစ်တယ်ပေါ့။ အဲဒီအတွက်ကြောင့်လည်း တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်လာကြတာပါ။ တဆက်ထဲမှာလည်း အရွေ့ဖြစ်အောင် ၊ အလုပ်ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ၊ ကိုင်ကြမလဲဆိုတာ အဲဒါလည်း ကြိုးစားအားထုတ်ကြဖို့ ရှိပါတယ်။ ဒါဟာ သိမ်မွေ့၊ ရှုပ်ထွေးတဲ့ ခက်ခဲတဲ့ ပူးပေါင်းမှု တစ်ခုပါ။ တကယ် အလုပ်ဖြစ်အောင်တော့ ကြိုးစားအားထုတ်ဖို့ အများကြီး လိုဦးမှာပါ။ အသေးစိတ် သိလိုတဲ့…

Read More

(006SV) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည် လူသားမဆန်သော အကြမ်းဖက်လုပ်ရပ်အဖြစ် ကန့်ကွက်ရှုတ်ချပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံး တားဆီး အရေးယူပေးရန် ချင်းတော်လှန်ရေးအဖွဲ့များက တောင်းဆိုသည်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံးကြီးသည် ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ဒီဇင်ဘာလ ၁၀ ရက်က လေကြောင်းတိုက်ခိုက် ခံရမှုကြောင့် အရပ်သားပြည်သူ ၃၅ ဦးသေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာ ရရှိရာ များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး လူသား မဆန်သည့် ထိုအကြမ်းဖက်လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသည်ဟု ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အဖွဲ့က ကြေညာသည်။ စစ်ကော်မရှင်၏ မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက အမြန်ဆုံးတားဆီးအရေးယူပေးနိုင်ရန်နှင့် ထိခိုက်ခံစားရနေရသော မြန်မာလူထုဘက်မှ စာနာရပ်တည်ပေးရန် ချင်းပြည်ကောင်စီက ဒီဇင်ဘာလ ၁၄ ရက်က တိုက်တွန်းထားသည်။ ချင်းပြည်ကောင်စီအနေဖြင့် စစ်ကော်မရှင် အမြန်ဆုံး ပြုတ်ကျရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ရည်မှန်းချက်တူ တိုင်းရင်းသားညီအစ်ကို တော်လှန်ရေးအင်အားစုများနှင့် စည်းလုံးညီညွတ်စွာ လက်တွဲ တွန်းလှန်းသွားမည်ဟု ထုတ်ပြန်သည်။ အာရက္ခပြည်တဝန်းမှ လူမျိုးဘာသာပေါင်းစုံပြည်သူများ မှီခိုအားထားရသော မြောက်ဦး ပြည်သူ့ဆေးရုံးကြီးတွင် တက်ရောက်ဆေးကုသနေသော လူနာများ၊ မိသားစုများ၊ ဝန်ထမ်းများကို ယခုကဲ့သို့ ဗုံးကြဲသတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှု မြောက်သည်ဟု ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၁၃ ရက် ထုတ်ပြန်သည်။ မြန်မာပြည်သူလူထုကို နည်းလမ်းပေါင်းစုံဖြင့် သတ်ဖြတ်နေသော စစ်ကော်မရှင်အား တော်လှန်တိုက်ထုတ်ရာတွင် ချင်းညီနောင်အနေဖြင့် ULA/…

Read More

ULA/AA ၏စစ်မှုထမ်းအမိန့်ကြောင့် ပလက်ဝ ဒေသခံအများအပြား ထွက်ပြေးနေ (004SS) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် (AA) က ဒေသခံ ခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက် ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး ယင်းသည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု (Crime Against Humanity) နှင့် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခြင်း အရှိန်ပိုနက်လာခြင်းဖြစ်သည်ဟု Global Khumi Organization (GKO) က ထုတ်ပြန်သည်။ AA သည် ပလက်ဝနယ်မြေအချို့ကို သိမ်းပိုက်ပြီးချိန်မှစ၍ ဒေသခံ ဌာနေတိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများ ပိုမိုမြင့်တက်လာသောကြောင့် ယင်းလုပ်ရပ်များကို လုံးဝ ကန့်ကွက်ရှုတ်ချကြောင်း၊ ပလက်ဝမြို့နယ်အတွင်း ဒေသခံများကို စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခြင်းသည် ဒေသခံ ဌာနေတိုင်းရင်းသားများအား မိမိဇာတိမြေမှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်ကြာင်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် GKO က ထုတ်ပြန်သည်။ GKO ၏ ထုတ်ပြန်ချက်တွင် AA က ဒေသခံ ခူမီးချင်းလူမျိုးများအား မိမိဇာတိမြေပေါ်မှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသည် အရှိန်ပိုမြင့်လာပြီး၊ ယင်းမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများဖြစ်သော လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းအဖြစ်သို့ ဦးတည်နေကြောင်း ဖော်ပြထား သည်။ ယခုလက်ရှိတွင် AA သည် ပလက်ဝဒေသခံများကို စစ်မှုထမ်းရန် အတင်းအဓမ္မ စည်းရုံး ဖမ်းဆီးမှုများကြောင့် ဒေသခံ အများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ပလက်ဝမြို့နယ်အတွင်း ULA/AA ၏…

Read More

စစ်သုံ့ပန်း ၁ ဦးနှင့် လက်နက်ငယ် ၃၀ ကျော် သိမ်းဆည်းရမိဟုဆို (006SV) ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ ယမန်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ စစ်ကော်မရှင်တပ်က ထိခိုက်ကျဆုံးမှု များပြားပြီး လက်နက် ၃၀ ကျော် သိမ်းဆည်းရမိသည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဒီဇင်ဘာလ ၁၁ ရက်က မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖလမ်းမြို့နယ်၊ Sumhrang ကျေးရွာအနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်မှ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ကျဆုံးမှု အများအပြားတွင် စစ်အရာရှိများ ပါဝင်နေသည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ Salai Nai John Kim က ပြောသည်။ “မနေ့က Sumhrang ရွာအနီးမှာ အဓိက တိုက်ပွဲ ဖြစ်နေတာဖြစ်တယ်။ စကစ သေဆုံးမှုက တော်တော် များတယ်။ အတိအကျတော့ ကျနော်တို့ ခန့်မှန်းလို့ မရပေမယ့် တချို့ ဒဏ်ရာရတဲ့ အရာရှိတွေဆိုရင် သူတို့ ပြန်ဆွဲခေါ်ရတာတွေ ရှိတယ်။ တချို့ကို အလောင်းတွေ ရရှိတာလည်း ရှိပါတယ်။ တော်တော်လေ သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေ များတယ်။ သူတို့ ပြန်ဆုတ်သွားတယ်။ လက်နက်ခဲယမ်းက ၃၀ ကျော်လောက်ရရှိတယ်” ဟု Salai Nai John Kim က ပြောသည်။ စစ်ကော်မရှင်တပ်မ ၇၇ မှ တပ်ဖွဲ့ဝင် ၁…

Read More

(006SV) ချင်းပြည်ကောင်စီ ဒုတိယသက်တမ်းတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ ပိုမိုကျစ်လစ်ခိုင်မာရေးအပြင် ချင်းပြည် အစိုးရတပ်ဖွဲ့၏ တပ်အင်အား တည်ဆောက်ရေးတို့ကို ပိုမိုဆောင်ရွက်သွားမည်ဟု အသစ်ပြန်လည်း ဖွဲ့စည်းလိုက်သည့် ချင်းပြည်ကောင်စီက ကြေညာသည်။ ပထအကြိမ် ချင်းပြည်ကောင်စီ သက်တမ်း ၂ နှစ်ပြည့်တွင် ဒုတိယအကြိမ် ချင်းပြည်ကောင်စီ ညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပပြီး ချင်းပြည်ကောင်စီ ဒုတိယသက်တမ်းအတွက် အကြီးအကဲများ၊ ကောင်စီဦးဆောင် အဖွဲ့ဝင်များနှင့် ကောင်စီ ဝင်များကို ရွေးကောက် တင်မြှောက်ခြင်း ပြုလုပ်ခဲ့သည်ဟု ဒီဇင်ဘာလ ၉ ရက်မှာ ထုတ်ပြန်သည်။ ဒုတိယသက်တမ်းအတွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများ ပိုမိုကျစ်လစ်ခိုင်မာရေးနှင့် ချင်းပြည်အစိုးရတပ်ဖွဲ့ အာကောင်းခိုင်မာရေးအတွက် တပ်အင်အား တည်ဆောက်ရေးတို့ကို ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ချင်းလဲန်း ကောင်စီထံမှ သိရသည်။ စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ချင်းပြည်ကောင်စီ၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်အသိပေးသည်။ အမေရိကန်ပြည်ထောင်စုအစိုးရမှ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အကြောင်းပြုပြီး မြန်မာပြည်သူများအတွက် Temporary Protected Status ပြန်လည်ရုပ်သိမ်းသည့်အပေါ် အထူး စိုးရိမ်မကင်း ဖြစ်ရပြီး အဆိုပါ ဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားသုံးသပ် ပေးပါရန် ချင်းလဲန်းကောင်စီက တောင်းဆိုထားသည်။ ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ရှေ့ရှုလျက် ညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်ရန် နိုင်ငံရေး စိတ်ဆန္ဒ အပြည့်အဝရှိပါကြောင်း ချင်းလဲန်းကောင်စီထံမှ သိရသည်။…

Read More

Mizoram University တွင် Burmese Diploma Course ဖွင့်လှစ်မည် (004SS) မြန်မာနိုင်ငံမှ ကျောင်းသား/သူများအတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ မီဇိုရမ်တက္ကသိုလ် (Mizoram University) တွင် ပညာသင်ကြားခွင့်ရရှိရန် ချင်းရေးရာအဖွဲ့ချုပ် ( ICA) နှင့် မီဇိုရမ်တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) စာချုပ် သက်တမ်းတိုး လက်မှတ်ရေးထိုးလိုက်ကြောင်း မီဇိုရမ်တက္ကသိုလ်က ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ်တွင် ၂ နှစ်သက်တမ်းချုပ်ဆိုခဲ့သော MoU ကို သက်တမ်းတိုးသည့်အနေဖြင့် ယခုတစ်ကြိမ်တွင် ၅ နှစ်သက် တမ်းအတွက် ချုပ်ဆိုလိုက်ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။ MoU သက်တမ်းတိုးစာချုပ်ကို မီဇိုရမ်တက္ကသိုလ် ဒုတိယပါမောက္ခ Prof. Dibakar Chandra Deka နှင့် ICA မှ လက် ထောက်အမှုဆောင် ဒါရိုက်တာ Pi Mai Lucy Mawi တို့မှ ရေးထိုးခဲ့ကြပြီး အဆိုပါလက်မှတ်ရေးထိုးခြင်း အခမ်းအနား တွင် မီဇိုရမ်တက္ကသိုလ်မှ Burmese Language Course ညှိနှိုင်းရေးမှူး Dr.Lalzarliana နဲ့ ICA ဘက်က လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေးမှူး Salai Za Lian Pum တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ MoU စာချုပ်တွင် Mizoram University တွင် မြန်မာစကားပြော ဒီပလိုမာသင်တန်း (Burmese Diploma…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်သွားသည်ဟု ကန်ပက်လက်မြို့နယ်၊ လူသားစာနာဘေးစီမံဌာနမှ သိရသည် ဒီဇင်ဘာလ ၉ ရက် နေ့လည် ၁၂ နာရီခန့်မှစတင်၍ ၁၅ မီနစ်အတွင်း ကန်ပက်လက်မြို့အထက်ဘက်ရှိ ဟိုတယ်ဇုန် ဘက်ကို စစ်ကော်မရှင်တပ်သည် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ခန့် ပြုလုပ်သည်ဟု သိရသည်။ “မြို့အထက်ဘက်က ဟိုတယ်ဇုံးဘက်ကျဲတယ်လို့ တော့ သိရပါတယ်ခင်ဗျ၊၊ အဲ့ဘက်မှာ အရပ်သားပြည်သူတွေ မနေကြဘူးဆိုတော့ အရပ်သားနေအိမ်နဲ့ အရပ်သားထိခိုက်မှုတော့ မရှိလောက်ဘူး” ဟု မြို့နယ်လူသားစာနာ ဘေးစီမံဌာနမှ တာဝန်ရှိသူက ပြောသည်။ လတ်တလောမှာ ပြည်သူများ ထိခိုက်မှု ရှိ၊ မရှိနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိ အခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း သိရသည်။ ကန်ပက်လက်မြို့တစ်နေရာကို တံတာဦးလေးတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံး ၂ လုံးတွဲ ၆ ကြိမ်ခန့်အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၆ ရက်ကလည်း ကန်ပက်လက်တွင် စစ်ကော်မရှင်သည် ကင်းထောက်လေယာဉ်ဖြင့် တစ်နေကုန်နီးပါး ကင်းထောက်လှမ်းမှု ပြုလုပ်သည်ဟု ကန်ပက်လက်တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ဒီဇင်ဘာလ ၂ ရက် နံနက် ၁၀ နာရီခန့်ကလည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်သည် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ အရပ်သားပြည်သူနှင့် နေအိမ်တို့ကို ထိခိုက်မှု မရှိကြောင်း သိရသည်။

Read More

(004SS) စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုကို အခြေခံထားသော ချင်း ကျား/မရေးရာ မူဝါဒမူဘောင်ကို ချမှတ်နိုင်ပြီဟု ချင်းကျား မရေးရာမူဝါဒမူဘောင်လမ်းညွှန်ကော်မတီ (CGPFSC) ထံမှ သိရသည်။ ချင်းလူ့အဖွဲ့အစည်းအတွင်း လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး နယ်ပယ်များတွင် ချင်း ကျားမရေးရာ မူဝါဒမူဘောင် (Chin Gender Policy Framework – CGPF) နှင့်အတူ ဘက်စုံပါဝင်နိုင်ရေးအတွက် လက်တွေ့ကျသော လမ်းညွှန်ချက် များပေးနိုင်ရန် ရည်ရွယ်သည်ဟု ဒီဇင်ဘာလ ၆ ရက်က ကြေညာသည်။ ကျားမတန်းတူညီမျှရေး တိုးတက်စေရန်နှင့် လူ့အခွင့်အရေး စံနှုန်းအခြေပြု အုပ်ချုပ်မှု စနစ်ကို ခိုင်မာ အားကောင်းစေရန် ရည်ရွယ်၍ ဘက်စုံမှုဝါဒ ရေးဆွဲရာမှာ အဓိက မှတ်တိုင်တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခြင်းဖြစ်သည်ဟု သိရသည်။ “ကျွန်မတို့ မူဝါဒမူဘောင်ကို ရေးဆွဲမယ် ဆိုကတည်းက ဒီမှာရှိတဲ့ steering committee ဝင်တွေနဲ့ပဲ ရေးဆွဲခဲ့တာ မဟုတ်ဘူးပေါ့နော်။ အစောပိုင်းကာလမှာတုန်းက ကျွန်မတို့ ဒီအတွက်ကို in person ရော online ကနေရော အကြိမ်ကြိမ်အစည်းအဝေးတေ လုပ်ခဲ့ကြတယ်။ steering committee အနေနဲ့လဲ သက်ဆိုင်ရာ ဒေသအသီးသီးကို ကွင်းဆင်းပြီးတော့လဲ Gender awareness session တေသွားကြတယ်။ အဲဒကနေ ရလာတဲ့ feedback တွေ အကုန်လုံးအပေါ် အကောင်အထည်ဖော်ဖို့ပေါ့နော်။” ဟု CGPFSC မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက…

Read More