(004SS) မလေးရှားနိုင်ငံသို့အသွား လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းအား နေရပ်သို့ ပြန်လည်သယ်ဆောင်နိုင်ရန်အတွက် လက်ရှိတွင် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက် မှုများ အဆင်ပြေချောမွေ့သွားပြီဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်အား ကူညီဆောင်ရွက်ပေးနေသူ ဆရာအာဒမ်၏ ပြောကြားချက်အရ ရုပ်အလောင်းအား ယနေ့ ဧပြီလ ၂၂ ရက်နေ့ တွင် မြန်မာပြည်သို့ ပို့ဆောင်ရန် စီစဉ်ထားသော်လည်း ဆရာဝန်၏ ဆေးစာလက်မှတ် ထပ်မံစောင့်ဆိုင်းနေရသောကြောင့် သယ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ “ဒီနေ့ ရဲစခန်းမှာ တော်တော်ကြာသွားတယ်။ ရဲဘက်က စာရင်းဇယားတွေ သေချာမလုပ်ထားတာရယ်၊ အထက်က လက်မခံလို့ဆိုပြီး ပြန်ခေါ်တာရယ်ကြောင့် အစအဆုံး ပြန်ဖြေခဲ့ရတယ်။ အခုတော့ အလောင်းယူမဲ့ ကိုယ်စားပြု လက်မှတ်ထိုးတာတွေ အကုန်ပြီးသွားပါပြီ။ မနက်ဖြန် ဆရာဝန်လက်မှတ်ရတာနဲ့ ရဲစခန်းကလည်း လက်မှတ်ထိုးပေးမယ်။ အဲဒီစာရွက်ရပြီဆိုရင်တော့ အလောင်းသယ်မဲ့သူက မြဝတီအထိ သယ်သွားမှာပါ။” ဟု ဆရာ အာဒမ်ကပြောသည်။ ရုပ်အလောင်းထုတ်ယူရေး လုပ်ငန်းစဉ်တွင် ကွယ်လွန်သူနှင့် ဆွေမျိုးတော်စပ်ကြောင်း အထောက်အထား ခိုင်လုံစွာ မပြနိုင်ခြင်းကြောင့် အချိန်ကြာမြင့်ခဲ့ခြင်းဟု သိရပြီး ရှေ့နေတစ်ဦး၏ အကူအညီဖြင့် ရဲတပ်ဖွဲ့နှင့် အကြိမ်ကြိမ် ညှိနှိုင်းခဲ့ရကြောင်း သိရသည်။ Tg. Pau Lam Kim ၏ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်မှာ ယနေ့တွင် ၁၂ ရက်ရှိလာပြီဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် သေဆုံးသူနှင့်အတူ လိုက်ပါလာပြီး သတိလစ်ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေခဲ့ရသည့် Tg.…
Author: Editor
(004SS) သမ္မတဦးသိန်းစိန်လက်ထက် ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုး/မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Pu Van Thawng သည် ဧပြီလ ၂၂ ရက် ယနေ့ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်သော Pu Van Thawng သည် အိုင်ဇောလ်မြို့၊ Khatla ရပ်ကွက်ရှိ Aizawl Hospital တွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ညနေ ၅ နာရီခန့်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဟု သိရသည်။ “သူက ကင်ဆာနဲ့ ဆုံးသွားတာလို့ သိရပါတယ်။ အိုင်ဇောလ်က Aizawl Hospital မှာ ဆုံးတာပါ။ ရုပ်အလောင်းကိုတော့ ဒီနေ့ည ၈ နာရီကျော်မှာပဲ ဇာတိမြေဖြစ်တဲ့ ဟားခါးမြို့ကိုသယ်ဖို့စီစဉ်တယ်လို့ကြားရတယ်” ဟု အိုင်ဇောလ်မြို့နေ ချင်းအမျိုးသမီးတစ်ဦးက ပြောသည်။ Pu Van Thawng သည် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ် ဦးဟုန်းငိုင်းဦးဆောင်သော ချင်းပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ-JICA ဆီမှ ကူညီထောက် ပံ့မှုများရရှိအောင် အဓိကကြိုးပမ်းခဲ့သူဖြစ်သည်။ သူသည် ချင်းပြည်နယ် ထန်တလန်မြို့နယ် Khualhring တောင်ကြော Tlangkhua ဇာတိဖြစ်ပြီး ဒေသခံပြည်သူများအားကိုးရသော လူချစ်လူခင်များသူဖြစ်သည်။
(004SS) မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် အခြေစိုက်သည့် စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၄) ကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၂၀ ရက်၊ နေ့လယ် ၂ နာရီအချိန်တွင် ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာအနီးရှိ အဆိုပါစက်ရုံအတွင်းရှိ လက်နက်ခဲ ယမ်းသိုလှောင်ရုံနှင့် ထုတ်လုပ်ရေးစက်ရုံတည်ရှိရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF – Asho က ယနေ့ ဧပြီ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ဘက်မှ ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်ရုံအတွင်းရှိ အဆောက် အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီး ထွက်ပြေးသွားသော စစ်သည်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပြန်လည်လိုက်လံဖမ်းဆီးနေမှုများ ရှိနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုစစ်ဆင်ရေးကို CDF – Asho နှင့် လူ့ဘောင်သစ် တပ်မတော် (NSA) တို့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
(006SV) CNF ၊ KNU ၊ ABSDF စသော NCA လက်မှတ်ရေးထိုးထားသည့် EAOs အဖွဲ့များကို ဇူလိုင် ၃၁ ရက် မတိုင်မီ တွေ့ဆုံဆွေးနွေးရန် စစ်အာဏာရှင် မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF) က ငြင်းပယ်လိုက်ပြီး SCEF ၏ ရပ်တည် ချက်အတိုင်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားမည်ဟု သိရသည်။ “NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) က အစ, ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ လုပ်ဆောင်မှု မှန်သမျှ ကန်ကွက်ငြင်းပယ်တယ်၊၊ SCEF ရဲ့ နိုင်ငံရေး ရပ်တည်ချက် အတိုင်းပဲ ဆက်လက် လုပ်သွားမှာပါ၊ ရပ်တည်သွားမှာပါ” ဟု ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ဧပြီလ ၂၀ ရက်က အာဏာသိမ်းစစ်အစိုးရသစ်၏ ပထမဆုံးအစိုးရအစည်းအဝေးနှင့် ရက် ၁၀၀ စီမံကိန်းများနှင့် ပတ်သက်၍ မူဝါဒ များ ပြောကြားရာတွင် စစ်အာဏာရှင် မင်းအောင်လှိုင်က NCA ရေးထိုးထားသော EAOs အဖွဲ့နှင့် ရေးမထိုး ရသေးသည့် EAOs အဖွဲ့များ အားလုံးကို ယခုနှစ် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြောခြင်း ဖြစ်သည်။ “လက်မှတ်ရေးထိုးထားပြီးတော့မှ ဒီငါးနှစ်အတွင်းမှာ တွေ့ဆုံခြင်း မပြုတဲ့ အဖွဲ့တွေ ရှိတယ်။ ဥပမာအားဖြင့် – KNU ၊…
(006SV) ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA/ AA ခေါင်းဆောင်များတွေ့ဆုံပြီး နိုင်ငံရေး၊ စစ်ရေးအပြင် ကုန်သွယ်စီးပွားကဏ္ဍများ အဓိကထား ဆွေးနွေးခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလက အာရက္ခဒေသတွင် အာရက္ခအမျိုးသားအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ULA/ AA ဥက္ကဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ခေါင်းဆောင်သော ULA/AA ခေါင်းဆောင်များနှင့် CPU/ CPA ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။ “ရှေ့ဆက်ဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကတော့ တော်လှန်ရေးနဲ့ပတ်သက်လို့ နိုင်ငံရေး၊ စစ်ရေးအရ အပြန်အလှန် အကျိုးပြုဖို့ ရှိမယ်။ ဒေသတွင်း ကုန်သွယ်ရေးတွေမှာ ပူးပေါင်းလုပ်ဆောင်မယ့်ဟာတွေ ရှိမယ်။ အာရက္ခပြည်သူတွေနဲ့ ချင်းပြည်သူ တွေ ကြားထဲမှာ ကုန်စည်စီးဆင်းမှုအတွက်၊ ပြီးတော့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းလုပ်ဆောင်ရမယ့် အပိုင်းတွေပေါ့နော်။ စစ်ကောင်စီ တန်ပြန်ထိုးစစ်တွေ ရှိလာနိုင်တယ်။ အဲဒီအခါကြရင် ကျနော်တို့ ဘယ်လိုပြင်ဆင်ထားမယ်၊ ဘယ်လို ပူးပေါင်းတိုက် ကြရမယ်၊ ဘယ်လိုလှုပ်ရှားကြမယ် အဲဒါတွေကို ဆွေးနွေးတိုင်ပင်ဖြစ်ပါတယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။ လက်ရှိနွေဦးတော်လှန်ရေး၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူများအကြား အိမ်နီးချင်းကောင်းများ ပီသစွာ ရေရှည် အပြန်အလှန် အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။ တော်လှန်ရေးကာလအတွင်း ဆန်စပါးနှင့် ပင်လယ်ထွက်ကုန်ကြွယ်ဝသော အာရက္ခဒေသနှင့် ချင်းပြည်နယ်တို့ ဒေသထွက်ကုန်များကို အပြန်အလှန် ကုန်စည်စီးဆင်းနိုင်ရေးများကို…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ယနေ့ ဧပြီလ (၂၀) ရက်နေ့ကစ၍ သောက်သုံးရေသန့်ဈေးနှုန်းများ ထပ်မံမြင့်တက်သွားကြောင်း သိရသည်။သောက်ရေသန့်စက်ရုံသုံး အခြေခံပစ္စည်းများဖြစ်သော စက်သုံးစီ၊ ရေသန့်ဗူး ၊ပါကင်လိပ်နှင့် ကုန်ဈေး နှုန်းများ မြင့်တက်နေခြင်းကြောင့် သောက်ရေသန့်များလည်း ဈေးနှုန်းတိုးမြင့်ရောင်းချရန် ဧပြီလ (၁၀) ရက်နေ့က ကလေးမြို့အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်များက ထုတ်ပြန်ထားသည်။ပြီးခဲ့သည့် မတ်လအတွင်း သောက်ရေသန့် (၂၀) လီတာ ဗူးကြီး တစ်ဗူးလျှင် လက်လီ (၂၀၀၀) ကျပ်နှင့် လက်ကား (၁၇၀၀) ကျပ်ဖြင့်ရောင်းချပေးခဲ့သော်လည်း လက်ရှိတွင် သောက်ရေသန့် (၂၀) လီတာ ဗူးကြီး တစ်ဗူးလျှင် လက်လီ (၃၀၀၀) ကျပ်နှင့် လက်ကား (၂၇၀၀) ကျပ်ဖြင့် ယနေ့မှစ၍ ရောင်း ချသွား မည်ဖြစ်ကြောင်း သိရသည်။ကလေးမြို့ဒေသခံတဦးက “ တဗူး နှစ်ထောင်တောင် လွယ်တာမဟုတ်ဘူး။ ရေတွေက ဈေးပဲတက်ခိုင်းတာမဟုတ်ပဲ အရေအသွေးလဲ ထိန်းရင်ကောင်းမှာ သောက်ရေတွေက အခုနောက်ပိုင်း သောက်လို့မကောင်းလာတော့ဘူး ထုံးလိုလို အနံတွေလည်းဖြစ်လာတယ်။” ဟု ပြောသည်။လက်ရှိကလေးမြို့တွင် သောက်ရေသန့်များကို တောင်ဇလပ်၊ New Life၊ မြနဒီ၊ Wesley၊ Happy time နန်ခိုင်၊ နန်းထိုက်စံ၊ Carmel၊ ကျန်းမာချမ်းသာ၊ 7 Star၊ Morning Star Aguo၊ MST၊ ရွှေကလေး၊ B2၊ Golden Actor၊ မျိုး၊ Spring စသည့် ရေသန့်ကုမ္ပဏီများက ဖြန့်ဝေပေးလျက်ရှိသည်။အဆိုပါကုမ္ပဏီများသည် ကလေးမြို့အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများတွင် ကားဖြင့်လှည့်လည်ကာ အိမ်တိုင်ရာ…
ဆူရ်းဘုန်လေဆိပ်သို့ အဓိက ဦးတည်ဟု CDF နှင့် စစ်ရေးရင်းမြစ်များ ဆို (006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်း အထန် ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့နှင့် ၁၀ မိုင်ခန့်အကွာ၊ လက်နက်ကြီး တစ်ကမ်းအမှီ ဗာရ်းတံတားအကျော်ကို ရောက်ရှိလာပြီဖြစ်သည်။ ဧပြီလ ၁၉ ရက် မနက်ပိုင်းက စစ်တပ်၏ စစ်ကြောင်းများထဲက အင်အား ၆၀၀- ၈၀၀ ရှိသော စစ်ကြောင်း တစ်ခုသည် မဏီပူရမြစ်၊ ဗာရ်းတံတားကို ကျော်လွန်၍ အထိုင်ချ၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေပြီး ယင်းမှတစ်ဆင့် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ “အဲဒီဗားရ်ကနေ ကျော်လာတဲ့ စစ်ကြောင်းက လူဦးရေ ၆၀၀ ကနေ ၈၀၀ လောက်အထိ ရှိပါတယ်။ အဲဒါကို စစ်ကြောင်း ပြန်ခွဲပြီးမှ ဖလမ်းကို၊ ခွန်လီဘက်ကနေ ရှိပြီးသား စစ်ကြောင်းနဲ့ သိုင်းငင်းကနေ ဖေဖော်ဝါရီမှာ တက်လာတဲ့ တပ်ဖွဲ့တွေက စစ်ကြောင်းတွေ ဖြန့်ခွဲပြီးမှ အခုချိန်မှာ စစ်ကြောင်းတွေ ထိုးတဲ့ဟာက ဘယ်နှစ်ဖွဲ့ တောင် ရှိမလဲဆိုတာ မပြောတတ်ဘူး။ အခုက အင်အား ၆၀၀ ကနေ ၈၀၀ ကြားရှိတဲ့ ဟာက ဖြန့်ခွဲပြီးမှ ဖလမ်းဘက်၊ ဆူရ်ဘုန်လေဆိပ်ကို ဦးတည်ပြီးမှ စစ်ကြောင်းကို ပြန်လုပ်တယ်။ အခြေ အနေက အဲလိုမျိုး ဖြစ်ပါတယ်” ဟု ဆလိုင်းတင်မီက…
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များသည် ဖေဖော်ဝါရီလက အာရက္ခဒေသသို့ သွားရောက်ခဲ့ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည် CPU က ယနေ့ဧပြီလ ၂၀ ရက်နေ့တွင် အသိပေးထုတ်ပြန်လာသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိနွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူများ အကြား အိမ်နီးချင်းကောင်းများပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြသည်ဟုဆိုသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သည် ချင်းပြည်သူ့အစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာများကိုလည်း လိုက်လံပြသပို့ဆောင်ပေးခဲ့ကြသည်ဟု သိရသည်။ ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါခရီးစဉ်သည် ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာများနှင့်တကွ အလွန်တရာအကျိုးရှိသော ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။ ချင်းပြည်သူ့အစည်းအရုံးသည် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သော မင်းတပ်မြို့နယ် တော်လှန်ရေးဦးဆောင်ကော်မတီ/ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅) နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်သား (၂၃) ဦးအပါအဝင် အကျဉ်းသူ၊ အကျဉ်းသား (၃၃) ဦး လွတ်မြောက်လာသည်ဟု ကလေးမြို့နိုင်ငံရေးအကျဉ်းသားနဲ့ နီးစပ်သူထံမှ သိရသည်။ “ဒီနေ့ ၃၃ ယောက်လွတ်တယ်။ နိုင်/ကျဥ်းက မိန်းကလေး နှစ်ယောက်၊ ယောကျားလေး ၂၁ ယောက်ပါ။ ဘယ်သူတွေ လည်းဆိုတာ စုံးစမ်းနေတုန်းပါ” ဟု ပြောသည်။ အာဏာသိမ်းစစ်တပ်သည် ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်း အမှတ်အဖြစ် အကျဉ်းထောင်အ သီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အ ကျဉ်းသား၊ အကျဉ်းသူ (၄၃၃၅) ဦးအား ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူး လွန်ပါက ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား ဆက်လက်ကျခံ ပါမည်ဟု သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် လွတ်ငြိမ်းတွင် မပါဝင်သူများအားပြစ်ဒဏ်လျှော့ပေးခြင်း ၊ သေဒဏ်ချမှတ်ခံထားရသူများအား ထောင်ဒဏ်တသက်၊ ထောင်ဒဏ် တသက်နှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူမျအား ထောင်ဒဏ် ၄၀ နှစ်၊ ထောင် ဒဏ် ၄၀ နှစ်အထက် ကျခံနေရသူများအား ထောင်ဒဏ် ၄၀ နှစ်နှင့်အထက် ထောင်ဒဏ် ၄၀ နှစ်နှင့် အောက် ကျခံနေရ သူများကိုလည်း ၎င်းတို့ကျခံရန်ကျန်သော ပြစ်ဒဏ်၏ ၆ ပုံတပုံအား လျှော့ပေါ့ပေးခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ စာရင်းပြုစုချက်အရ ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်း (၂) နာရီအထိ အတည်ပြုနိုင်သည့်အချက်အလက်များအရ…
လိုက်နာမှုမရှိပါက အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည် (004SS) ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန် (CDF-Thantlang) ၏ လမ်းညွှန်မှုအောက်တွင် တာဝန်ထမ်းဆောင်နေပြီး သတ်မှတ်ခွင့်ရက်ထက် ကျော်လွန်နေသော ရဲဘော်များအားလုံး ယခု ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ဌာနချုပ်သို့ ပြန်လာကြရန် ထန်တလန်မြို့နယ်ကောင်စီ စစ်ရုံးချုပ်က အမိန့်ထုတ်ပြန် သည်။ ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သတ်မှတ်ရက်အတွင်း ပြန်လည်သတင်းပို့ခြင်း မရှိသူများကို CDF-Thantlang အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည်ဖြစ်ပြီး၊ ရဲဘော်များ လိုက်နာရမည့် စည်းမျဉ်းဥပဒေ (Article 2, Section 1) အရ ပေးအပ်ထားသည့် အကာအကွယ်များကို ခံစားခွင့်ရှိတော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ “သတ်မှတ်ရက်အတိုင်း ပြန်မလာသေးတဲ့ ရဲဘော်တွေ ရှိနေပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ တကယ်လို့ ပြန်လာ မယ်ဆိုရင်တော့ CDF-Thantlang စည်းမျဉ်းဥပဒေ Article-2, Section-1 အရ ကျူးလွန်ခဲ့တဲ့ ပျက်ကွက်မှုတွေအပေါ် ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ ရှိမှာပါ။ ဒါပေမဲ့ ပြန်မလာဘူးဆိုရင်တော့ နာမည်စာရင်းကနေ ပယ်ဖျက်ပြီး ကာယကံရှင်နဲ့ မိသားစုအတွက် ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေအားလုံးကို ဖျက်သိမ်းသွားမှာ ဖြစ်တယ်ဆိုတာကို အသိပေးထုတ်ပြန်ခြင်း ဖြစ်ပါတယ်။” ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့အပြင် အမျိုးသားဝန်ဆောင်မှု မူဝါဒ (National Service Policy – NSP) အရ နိုင်ငံ့တာဝန်ထမ်းဆောင်မှုဆိုင်ရာ မှတ်တမ်းအထောက်အထားများ လိုအပ်လာသည့်အခါတွင်လည်း တာဝန်မှ ပျက်ကွက်ခဲ့သည့် ရဲဘော်များအတွက် CDF-Thantlang…
