Author: Editor

(005MK) မီဇိုရမ်ပြည်နယ် ခရိုင် ၁၁ ခုမှာ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များ ကောက်ယူလျှက်ရှိရာမှာ ယခုလက်ရှိတွင် စစ်ဘေးရှောင် ၄၇၄၁ ဦး၏ အချက်အလက်များကို ကောက်ယူပြီးစီးပြီဟု သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏စာရင်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ရှောင် ၃၂၀၀၀ ကျော် နှင့် ဘဂ်လားဒေရှ့်စစ် ရှောင် ၃၀၀၀ နီးပါးတို့၏ ဇီဝအချက်အလက်များကို ဇူလိုင်လကုန်ပိုင်းကစတင်ကောက်ယူခဲ့ကြသည်ဟု All India Radio News ကဖော်ပြသည်။ ဇီဝအချက်အလက်ကောက်ယူမှုကို ခရိုင် ၁၁ ခုမှာ ဇူလိုင်လကုန်းပိုင်းက တပြိုင်းတည်းစတင်ခဲ့ကြပြီး အွန်လိုင်းကတ ဆင့် ကောက်ယူကြသည့်အတွက် အင်တာနက်လိုင်းမကောင်းခြင်း နှင့် ‘Foreigners Identification Portal & Biometric Enrolment’ (FIP&BE) စက်ကိရိယာချို့ယွင်းမှုတို့ကြောင့် လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။ အစကနဦးပိုင်းမှာ ဇီဝအချက်အလက်(Biometric Enrolment) ကိုသာကောက်ယူမည်ဟု ယူဆထားကြသော်လည်း Biographic data (ကိုယ်ရေးအချက်အလက်) များကိုလည်း ကောက်ယူနေသည်ဟု သိရသည်။ ကိုယ်ရေးအချက် အလက်ကောက်ယူရာမှာ နာမည်၊ မိဘအမည်၊ မြန်မာနိုင်ငံတွင်နေထိုင်သည့် မြို့၊ကျေးရွာ၊ ယခင်နှင့် လက်ရှိအလုပ် အကိုင်များလည်း ပါဝင်ကြောင်းသိရသည်။ မြန်မာစစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်ထဲက Serchhip, Lunglei, Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နှင့် Hnahthial စသည့် ခရိုင် ၁၁ ခုက စစ်ရှောင်စခန်းများနှင့် အိမ်ငှါးများဖြင့် နေထိုင်ကြသည်။

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ (၁၀) ရက်ကြာ တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား (၃) ဦးအပါအဝင် ဟိန္ဒူဂေါ်ရ ခါးလူမျိုး စစ်မှူထမ်းစစ် သား အများအပြား သေဆုံးခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ဩဂုတ်လ ၂၄ ရက် ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ် တတက-၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူ နှင့် စကခ-၁၀ လက် အောက်ခံ ခမရ -၃၆၃ မှ ကြည်း-၄၇၁၇၁ ဗိုလ်ကြီး ဝင်းမင်းစိုးတို့ဦးစီးသည့် ခန့်မှန်းအင်အား (၁၂၀) ကျော်ပါသည့် စစ်ကြောင်းကို ပြည် သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သားအလောင်း (၃) လောင်းရရှိခဲ့ပြီး သုံ့ပန်း (၁) ဦးဖမ်းမိခဲ့သည့်အပြင် ရန်သူ့ဖက် မှ အတင်းအဓမ္မစစ်သားစုဆောင်းထားသော ဟိန္ဒူ ဂေါ်ရ ခါးလူမျိုး စစ်မှူထမ်းစစ်သား အများအပြား သေဆုံးခဲ့ကြောင်း အမှတ် (၁) စစ်ဒေသသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။ တိုက်ပွဲအတွင်း MG-42 (၁) လက်၊ BA-100 (၁) လက်၊ MA-4 (၁) လက်၊MA-E (၂) လက်၊MA-1 (၂) လက်၊ MA-3 (၂) လက် ၊G-3…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြေဖို့ ဝှက်ထားခဲ့သည့် လက်နက်များကို ပြည်သူများက လာရောက်အပ်နှံသောကြောင့် ဆုကြေးငွေများ ချီးမြင့်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေဖို့ ဝှက်ထားခဲ့သော MA 15 (စက်လတ်) ၁ လက်၊ RPG 7 ၁ လက်၊ MA4 ၁ လက်၊ MA 3 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများကို တာဝန်သိ ပြည်သူများက စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံခြင်းဖြစ်သည်ဟု ဩဂုတ်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။ မင်းတပ်မြို့နယ်အတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိသော လက်နက်ခဲယမ်းဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့် ရရှိသော လက်နက်ခဲယမ်းဖြစ်စေ တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်နှင့် အခြားလက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံသို့ အပ်နှံပြီး ဆုကြေး ထုတ်ယူကြရန် ဖေဖော်ဝါရီလ ၂၅ ရက်က ကြေညာထားသည်။ လက်နက်ခဲယမ်းများကို ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမည်ဟု ထုတ်ပြန်ထားသည်။ ချင်းညီနောင်အဖွဲ့ဝင် CDF မင်းတပ်သည် မင်းတပ်မြို့နယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

Read More

(002MG) စစ်ကိုင်းတိုင်းကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် ကလေး- သိုင်းငင်း ကားလမ်းပိုင်း လက်ရှိအထိ အသုံးမပြုနိုင်သေးသောကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲလျှက်ရှိပြီး တီးတိန် မြို့ပေါ်တွင် မီးသွေး၊ Gas ဈေးနှုန်းများ မြင့်တက်လာနေသည်ဟု မြို့ခံများထံမှ သိရသည်။တီးတိန်မြို့ခံတဦးက “ ပုံမှန်ကားလမ်းကတော့ သုံးလို့မရသေးဘူး။ လောလောဆယ် မီးသွေး အရမ်း ခက်ခဲဖြစ်တယ်။ ကလေးမြို့ဖက်ကနေ ပုံမှန်မဝင်နိုင်တာရယ်၊ တောင်ပေါ်မှာ မိုးရာသီ မိုးများတဲ့ အတွက်ကြောင့် မီးသွေးဖုတ်ရတာ မလွယ်ဘူး။ Gas သုံးဖို့ကျတော့လည်း ပြန်ဖြည့်ဖို့ခက်ခဲတယ်၊ ပြန် ဖြည့်ဖို့ တီးတိန်မှာရှိရင်တောင်မှ ဈေးကြီးတယ်။ ထင်းလဲ ဈေးကြီးတယ် လက်လုပ်၊ လက်စားတွေ အတွက် အရမ်းခက်ခဲသွားတယ်။ တခြားကုန် ပစ္စည်းတွေလည်း တပတ်မှာ တကြိမ်လောက် ဝင်နိုင်တယ်၊ အဲ့တာတောင် ပုံမှန်မဟုတ်ဘူး။” ဟု ပြောသည်။ကလေး- သိုင်းငင်ကားလမ်းမကြီးအား ပြန်လည်အသုံးပြုသွားလာနိုင်ကြောင်း CDF- CDM Siyin က ထုတ်ပြန်ခဲ့ သော်လည်း စစ်ကော်မရှင်တပ်ဖွဲ့က ကလေးမြို့အထွက် ရှုခင်းသာ နေရာတွင် ပိတ်ထားသောကြောင့် ယနေ့ချိန်ထိ အသုံးပြုသွားလာ၍မရသေးကြောင်းသိရသည်။တီးတိန်မြို့ပေါ်တွင် ယခင်ထက် ကုန်တင်ကားဝင်ရောက်မူနည်းပါးလာခြင်းကြောင့် လက်ရှိအထိ မြို့ခံများသည် ကွင်းလမ်းကိုသာအသုံးပြုကာ ဆိုင်ကယ် ကယ်ရီဖြင့် ခက်ခဲစွာ ကုန်ပစ္စည်းများသယ်ယူ အသုံးပြုနေ ကြရသည်ဟု သိရသည်။တီးတိန်မြို့ပေါ်တွင် ယခင် မီးသွေးတအိတ်လျှင် ငွေကျပ် ၁၅,၀၀၀ မှ ၁၈,၀၀၀ ကျပ်ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၂၂,၀၀၀ မှ ၂၅,၀၀၀ ကျပ်အထိဝယ်ယူအသုံးပြုကြရသည့်အပြင် Gas တစ် ပိဿာ လျှင် ကျပ်…

Read More

(006SV) ချင်းပြည်နယ်၊ မရာဒေသအတွင်းရှိ မရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ရုံးကို ရည်ရွယ်ချက် ရှိရှိဖြင့် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက် သောကြောင့် ထိခိုက်ပျက်စီးမှုများရှိသည်ဟု မရာနှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၀ ရက် ည ၈ နာရီခန့်က မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) နှင့် အပေါင်းအပါတို့သည် ရည်ရွယ်ချက် ရှိရှိဖြင့် မရာနှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့ ရုံးဝင်းအတွင်းကို ဒရုန်းဖြင့် ဗုံးကြဲချသည်ဟု မရာနှစ်ခြင်း ခရစ်ယာန် နယ်အဖွဲ့က ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်သည်။ ဒရုန်းတိုက်ခိုက်မှုကြောင့် မရာနှစ်ခြင်း ခရစ်ယာန် နယ်အဖွဲ့၊ အမျိုးသမီးဌာန အတွင်းရေးမှူးနေအိမ်ကို ထိခိုက်၍ ပျက်စီးသွားသည်ဟု သိရသည်။ ခရစ်တော် ယုံကြည်သူဖြစ်လျက် သာသနာအဆောက်အအုံကို ဖျက်ဆီးခြင်းအပေါ် ဝမ်းနည်းကြောင်း၊ ယင်းသို့ တိုက်ခိုက်ဖျက်စီး ခြင်းကြောင့် အထူးဝမ်းနည်းကြောင်းနှင့် ဆုတောင်းခြင်းဖြင့် ကူညီအားပေးကြပါရန် ထုတ်ပြန်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။ မည်သည့်အဖွဲ့အစည်းမဆို ဘာသာရေး အဆောက်အအုံများကို တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ကြရန် မရာနှစ်ခြင်း ခရစ်ယာန် နယ်အဖွဲ့က တောင်းဆိုးထားသည်။ မရာနှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့သည် ခရစ်တော်၏ ကယ်တင်ခြင်းတရား ပြန့်ပွားရန်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတရားကို လူတိုင်းသိရှိ နားလည် လက်ခံရန် အမှုတော်မြတ်ကို ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်ဟု ယင်းအဖွဲ့ကထုတ်ပြန်သည်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မရာဒေသ Ngaphaipi မှာ မရာနှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့ကို အခြေစိုက် တည်ထောင်ထား သည်ဟု သိရသည်။

Read More

(004SS) ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်ရှိ New Life Mission Church အဆောက်အဦးတစ်ခုတွင် တစ်ဦးတည်းနေထိုင်နေသော ချင်းလူမျိုး ဓမ္မဆရာမတစ်ဦးအား ရင်းနှီးကျွမ်းဝင်သူ အမျိုးသမီးတစ်ဦး၏ ဝင်ရောက်ရိုက်နှက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဒေါ်မိငယ်ဆိုသူ အမျိုးသမီးတစ်ဦးသည် ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ချင်းဓမ္မဆရာမ ညောင်ဒိတ်လျန်း (ခေါ်) ညောင်နူး (၂၅ နှစ်) ထံ ငွေကြေးချေးငှါးရန် ပြောဆိုရာမှ မရသည့်အတွက် ရုတ်တရက် ရန်ပြုမှုစတင်ခဲ့ခြင်းဟု သိရသည်။ “ကျွန်တော့ တူမလေးပါ။ သူနဲ့ ခင်တဲ့ အမျိုးသမီးတစ်ဦး သူနေတဲ့အိမ်ကို ရောက်လာပြီး စကားစမြည်ပြောနေရာကနေ အိမ်တံခါးတွေကို ဂျက်ချပြီးတော့ တူမ ဦးခေါင်းကို မသေမချင်း အုတ်ခဲနဲ့ရော၊ ငရုတ်ကျည်ပွေ့နဲ့ရော ထုရိုက်တာ။ ကျွန်တော့တူမ ခမျာ ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာတေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျွန်တော်တူမကို သေပြီထင်ပြီး အဲဒီကျူးလွန်သူက အခန်းထဲဝင်၊ ပစ္စည်းဥစ္စာတွေယူနေချိန် အဲလောက်အခြေအနေဆိုးကြားကနေ ဒယိမ်းဒယိုင်နဲ့ လွတ်မြောက်စေခဲ့တဲ့လမ်းစကို ဘုရားသခင်ပြင်ဆင်ပေးတယ်။ လက်ရှိမှာတော့ ဆေးကုသမှု ခံယူနေပါတယ်။ ဆက်လက်ဆုတောင်းပေးကြပါ” ဟု ရိုက်နှက်ခံရသူ၏ ဆွေမျိုး အမျိုးသားတစ်ဦးက ၎င်း၏လူမှုစာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ ထို့သို့ ရိုက်နှက်ခဲ့ပြီးနောက် သတိလစ်မေ့မြောသွားချိန် ဒေါ်မိငယ်သည် အိမ်ခန်းထဲဝင်ကာ ပစ္စည်းများ ရှာဖွေလုယက်ခဲ့စဉ် ဆရာမညောင်နူးသည် တံခါးဖွင့်ကာ အိမ်နီးချင်းထံ ထွက်ပြေးခိုဝင်နိုင်ခဲ့ပြီး အိမ်နီးချင်းများ၏ အကူအညီဖြင့် ချက်ချင်း လူနာတင်ယာဉ်ခေါ်ယူကာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံသို့…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့လယ်ခေါင်တွင် ယမန်နေ့ စစ်ကော်မရှင်တပ်ဖွဲ့က သေနတ်ပစ်ခတ်မှု ကြောင့် ဝမ်းဗိုက်တွင် ပြင်းထန်ဒါဏ်ရာရရှိသူ ချင်းလူငယ်အမျိုးသားတစ်ဦး သေဆုံးသွားပြီဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ “မနေ့ညကတည်းက ဆုံးသွားပြီ။ သူဆေးရုံရောက်တော့ ညနေ ၅ နာရီဝန်းလောက်ဖြစ်မယ် အသက်ရှိသေးတယ်။ ဒါပေမဲ့ အောက်စီဂျင်လယ်ဗဲလ်ကတော့ တော်တော်ကျသွားပြီလို့ သိရတယ်။ ခွဲစိတ်ခန်းထဲ ပို့တယ်လို့လဲကြားတယ် ဒါပေမဲ့ ကုသမှု ပိုင်းက ဘယ်လိုရှိလဲတော့ အတိအကျမသိဘူး။ သူ့ရဲ့ အလောင်းကို အခုလေးတင် (၁၂:၀၀) ဝန်းကျင် ရွာကိုပို့ဆောင်ပေးကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ မနက်ပိုင်းတွင် ဟားခါးမြို့လမ်းဆုံ၊ နာရီစင်အနီးရှိ လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှုပြု လုပ်နေသော စစ်ကော်မီရှင်တပ်က Surngen ရွာသား အသက် ၃၀ အရွယ် ဆလိုင်းပါးဆန်းကို သေနတ်ဖြင့် လှမ်းပစ် ခတ်ရာမှာ ဝမ်းဗိုက်တွင် ပြင်းထန်ဒါဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပစ်ခတ်ပြီးနောက် သေနတ်မှန်ပြီး လဲကျသွားသူ ဆလိုင်းပါးဆန်းကို စစ်ကော်မရှင်တပ်က ချက်ချင်းဆေးရုံမပို့ဘဲ ရိုက်နှက်ကာ ခေါင်းကို သေနတ်နှင့်ရိုက်နှက်ကာ တစ်ကိုယ်လုံး ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီး၊‌ နောက်ကျမှ ဆေးရုံပို့ ဆောင်ခဲ့ခြင်းဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ဆလိုင်းပါးဆန်း ပစ်ခတ်ခံရချိန်တွင် လမ်းသွားလမ်းလာ ကျောင်းသူ ၂ ဦးကိုလဲ ခြေထောက်တွင် ထိမှန်ပြီး ဆေးရုံတွင် ကုသမှုခံယူပြီးနောက် အသက်အန္တရယ်မစိုးရိမ်ရတာကြောင့် အိမ်ပြန်ပို့ခဲ့ကြသည်။ လက်ရှိဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်သည် လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများ…

Read More

(006SV) ချင်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းမြို့များကို အချိန်မရွေးထိုးစစ်ဆင်ရန် စစ်ကော်မရှင် တပ်များက အင်အားအလုံးအရင်းဖြင့် ပြင်ဆင်နေ၍ မကွေးမှ ကန်ပက်လက်သို့ ဝင်နိုင်သော လမ်းအားလုံးကို ယာယီပိတ်လိုက် ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF ကန်ပက်လက်က ကြေညာသည်။ “အခုစစ်ကြောင်းက တကယ်လို့ ချင်းတောင်ဘက်ကို ဦးတည်မယ်ဆိုရင် ဗျူဟာကျကျ စစ်ဆင်ရေး လုပ်ချင်တဲ့ သဘောလို့ သုံးသပ်ရပါတယ်။ ပေါက်ဘက်ကနေ တက်လာတဲ့ စစ်ယာဉ်တန်းက အင်အားအလုံးအရင်းနဲ့ ထောင်ဂဏန်းနဲ့ တက်လာတာ ဖြစ်တယ်။ အဲဒါအပြင် ဆိပ်ဖြူဘက်က အင်အားရယ်၊ လောင်းရှည်ကပစက အင်အားရယ်ဆိုရင် သူက ယောနယ်တလျှောက်ကိုပဲ စစ်ရေးအင်အားပြပြီးမှ လှုပ်ရှားမှု တစ်ရပ်လုပ်ပြီးမှ ပြန်ဆုတ်မလား၊ ဒါမှမဟုတ် ချင်းတောင်ကို စစ်ဆင်ရေး ဆက်လုပ်မလားဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ ဘက်ကတော့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထုတ်ပြန်တာပါ” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူ ပီတာသန်းရွှေက ပြောသည်။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ချင်းညီနောင် သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်၊ ကန်ပက်လက် မြို့နယ်၊ မတူပီမြို့နယ်များသို့ မကွေးတိုင်း၊ ယောဒေသမှတဆင့် အင်အားအလုံးအရင်းဖြင့် အချိန်မရွေး ပြန်လည် ထိုးစစ်ဆင်၊ တိုက်ခိုက်နိုင်ရန် ဦးတည်ချဉ်းကပ်လာနေသည်ဟု CDF – ကန်ပက်လက်က ဩဂုတ်လ ၂၀ ရက်မှာ ကြေညာသည်။ မကွေးတိုင်း၊ လောင်းရှည်ကပစ (၂၅) မှ စစ်ကောင်မရှင်တပ် အင်အား ၈၀၀ ဝန်းကျင်ခန့်၊ ဆိပ်ဖြူဖက်မှ အင်အား…

Read More

(004SS) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခြန်းပြန်း(က) ကျေးရွာတွင် စစ်ကျန်လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကျောင်းနေအရွယ် ကလေးငယ် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ ဒါဏ်ရာပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက ကျေးရွာ၏ရွာစွန်ဘက်ရှိ နေအိမ်တစ်လုံးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲဘဲ ကြာမြင့်စွာကျန်ရှိနေခဲ့သည့် ၆၀-မမ လက်နက်ကြီးကျည်တစ်ခုအား ကလေးများ ဆော့ကစားနေစဉ် ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။ ဒေသခံနှင့် နီးစပ်သူအမျိုးသားတစ်ဦးက “အခုဟာက စစ်ကျန်လက်နက်ကြီးကျည် ၆၀ မမ ပေါက်ကွဲ တာပါ။ အဲနားမှာ ကလေးတွေ ဆော့ကစားတယ်ထင်တယ်၊ သူတို့ဆော့ရင်း ခိုက်မိတာ။ အဲဒီကလေးတွေ ဒါဏ်ရာရတယ် အဲမှာ ၂ ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒါဏ်ရာရတယ်လို့ ‌ကြားတယ်” ဟု ပြောသည်။ ဒဏ်ရာရရှိသူ ကလေးများမှာ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ဖြစ်ပြီး ပေါက်ကွဲမှုဒဏ်ကို တိုက်ရိုက်ခံခဲ့ရသူတစ်ဦးအပါအဝင် အနီးအနားရှိ အခြားကလေးများလည်း ဒဏ်ရာရရှိခဲ့ကြခြင်းဟု ၎င်း၏ပြောပြချက်အရ သိရသည်။ ပြင်းထန်ဒဏ်ရာရရှိသည့် ကလေးနှစ်ဦးအနက် တစ်ဦးကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ရှိ ဆေးရုံသို့ အရေးပေါ်ခေါ်ဆောင်သွားကြောင်း၊ အခြား ဒါဏ်ရာရရှိသူ ကလေးငယ်များအား နီးစပ်ရာ ဆေးရုံသို့ ‌ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသည် ယခင်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) ၏ စခန်းဟောင်းဟု သတင်းရရှိ ထားသော်လည်း ပေါက်ကွဲသည့် လက်နက်ကျည်သည် မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကိုမူ…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့လယ်ခေါင်တွင် ယနေ့မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကော်မရှင်တပ်ဖွဲ့က သေနတ်ပစ်ခတ်မှု ကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ပေါ် လမ်းစုံ၊ နာရီစင်အနီးတွင် သေနတ်ပစ်ခတ် ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ဝမ်းဗိုက်တွင် သေနတ်ထိမှန်ပြီး အခြား အမျိုးသမီးငယ် ၂ ဦးမှာလည်း ခြေထောက်တွင် ထိမှန်ကြောင်း ဒေသခံများက ပြောသည်။ “ပစ်ခတ်တယ် ဆိုတာမှန်ပါတယ်။ ဘာကြောင့်ပစ်တာလဲတော့ ကျွန်တော်လဲ အတိအကျမသိသေးဘူး။ သူတို့(စစ်တပ်) ပစ် ခတ်လို့ အမျိုးသားတစ်ဦးကဗိုက်မှန်ပြီး ဆေးရုံပို့ကြတယ်။ အမျိုးသမီးငယ် ၂ ယောက်ကိုလဲ ခြေထောက်မှန်တယ်လို့ ကြားရတယ်။ သူတို့ကျတော့ ကျောင်းတက်နေတဲ့သူတွေလို့ သိရပါတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကျောင်းသူ အမျိုးသမီးငယ် ၂ ဦးမှာ မစိုးရိမ်ရသော်လည်း ဗိုက်ထိမှန်သူအမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။ စစ်ကော်မရှင်တပ် ပစ်ခတ်လို့ ဝမ်းဗိုက်ထိမှန်သူမှာ ဟားခါးမြို့ခံမဟုတ်ဘဲ Surngen ကျေးရွာဘက်မှ ဟားခါးသို့ လာရောက်သူဟု သိရသည်။ လက်ရှိဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်သည် လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

Read More