(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ဟားလ်တာ (Halta) ကျေးရွာနှင့် ဟိုင်ဖိုင် (Haiphai) ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က ယမန်နေ့ ဇန်နဝါရီလ ၄ ရက် ညသန်းခေါင်ယံအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟားလ်တာရွာမှ သားအမိ ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကော်မရှင်တပ်သည် ဇန်နဝါရီ ၄ ရက် ညသန်းခေါင်ယံ ၁၂:၀၀ နာရီမှ နံနက် ၂:၀၀ နာရီ ဝန်းကျင်တွင် ရွာသူရွာ သားများ အိပ်မောကျနေစဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗုံးသီးသည် ဟားလ်တာရွာရှိ သေဆုံးသွားသူ Te Tum တို့၏ နေအိမ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်တွင်းရှိ မိခင်ဖြစ်သူ အသက် ၄၀ အရွယ် Te Tum နှင့် သားဖြစ်သူ ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသားဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ နီးစပ်သူအမျိုးသမီးတစ်ဦးက “ဒီည လေယာဉ်လာပြီး ရွာကို ဗုံးကြဲတယ်။ U Tum တို့အိမ်ပေါ်ကျသွားတာ။ သူတို့ သားအမိ ၃ ယောက် သေသွားတယ်။ သူ့အမျိုးသားကလည်း ဒဏ်ရာရထားတယ်၊ ဒဏ်ရာက ပြင်းထန်တယ်လို့ သိရတယ်” ဟု ပြောသည်။ ဟိုင်ဖိုင်ကျေးရွာကိုလည်း စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့ပြီး လူသေဆုံးမှုမရှိသော်လည်း နေအိမ်နှင့် အဆောက် အအုံအချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ အိမ်ခြေ ၈၀…
Author: Editor
(002MG)စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်တွင် ဇန်နဝါရီလ ၄ ရက် လွတ်လွပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အကျဉ်းသား ၂၀ ကျော်တွင် နိုင်ငံရေးအကျဉ်းသားတစ်ယောက်မျှ ပါဝင် ခြင်းမရှိကြောင်း သိရသည်။ကလေးမြို့က နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူက “ အယောက် (၂၀) ကျော်လွတ်တယ်၊ဒါပေမယ့် နိုင်ငံရေးသမား တယောက်မှမပါဘူး၊ တနိုင်ငံလုံးမှာလဲ နိုင်ငံရေးသမားမပါသလောက်ပဲပေါ့။ ခိုးဆိုး လုယက်မှုနဲ့ တခြားအမှုတွေ အမှု (၁၃) မှုနဲ့ အမှုကြီးတွေလဲမပါဘူး လူသတ်မူ၊နိုင်ငံရေးအမူ၊ အကြမ်းဖက်ပုဒ်မတပ်ခံ ထားရတာတွေမပါဘူး၊ ” ဟု ပြော သည်။ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် နိုင်ငံတစ်ဝန်း အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတို့တွင် ပြစ်ဒဏ်ကျခံ လျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ လူဦးရေ စုစုပေါင်း ၆၁၃၄ ဦး၊ နိုင်ငံခြားသား အကျဉ်းသား၊ အ ကျဉ်းသူ ၅၂ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကော် စီက ထုတ်ပြန်ထားသည်။လက်ရှိ ကလေးမြို့၊ မော်လိုက်ကလေး အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်း သားများအပါအဝင် အချုပ်သား၊ အကျဉ်း သားများသည် စားသောက်ရေးပိုင်းတွင် ပိုမိုခက်ခဲလာကြသည်ဟု သိရသည်။“အပြင်ကမိသားစုတွေတောင်မှ စီးပွားရေး ခက်ခဲ ကြပ်တည်းလာပြီး စားဝတ်နေရေးအဆင်မပြေတော့ ထောင်ထဲ ကသူတွေလည်း အဲ့ဒဏ် ကိုရိုက်ခတ် တာပေါ့။ တချို့ဆိုရင် ထောင်ဝင်စာကို (၃) လမှ (၁) ကြိမ်ပဲ လာတော့တာ အပြင်က နိုင်ကျဉ်းမိသားစု…
(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ၁၀ မိုင်ခန့်အထိ ရောက်ရှိလာနေသော အင်အားရာချီ စစ်ကော်မရှင်တပ် စစ်ကြောင်းများနှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲများ နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ဖလမ်းမြို့နယ်ထဲကို ၂၀၂၅ နိုဝင်ဘာလဆန်းပိုင်းကတည်း စတင်ရောက်ရှိလာသော စစ်ကော်မရှင်တပ်တို့နှင့် ချင်းပူးပေါင်း တပ်တို့ကြား တိုက်ပွဲသည် နှစ်လခန့် ရှိလာပြီဖြစ်သည်။ “တိုက်ပွဲက ဒီနေ့အထိ နေ့တိုင်းလိုလို ထိတွေ့တိုက်ပွဲတွေ ရှိတယ်။ တခါတလေကျရင်တော့ ပိုပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိတာပေါ့နော်။ သူတို့ဘက်ကနေ စစ်ကြောင်းထိုးလာဖို့ ကြိုးစားတဲ့အချိန်ဆိုရင် ပိုပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိပါတယ်။ ဒီနေ့အထိ ကျနော်တို့ဘက်ကနေ အတတ်နိုင်ဆုံး ကာကွယ်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ သူတို့ စစ်ကြောင်းထိုးတဲ့ နေ့ကနေ စတင်ပြီးတော့ သူတို့ Y 12 နဲ့ပစ်တဲ့ဟာတွေ လေကြောင်းကနေ ပစ်တာတွေက ထောင်ဂဏန်းအထိ ရှိနေပြီးပေါ့နော်။ အဲလောက်အထိ သူတို့ ပြင်းပြင်းထန်ထန်ပေါ့နော်။ ဖလမ်းမြို့ကို သူတို့ လက်ထဲ ပြန်ရအောင် ကြိုးစားနေတဲ့အခြေအနေမှာ ရှိပါတယ်။ ”ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဇန်နဝါရီလ ၃ ရက်ကလည်း ဖလမ်းမြို့နယ် Khuangli ရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သည် ဖလမ်းသို့ စစ်ကြောင်း ထိုးဝင်ရန် ကြိုးစားသောကြောင့် ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။ ထိုတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၅ ဦးသေဆုံးပြီး ၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်။ Khuangli…
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားလ်တာ (Halta) ကျေးရွာတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဖခင်ဖြစ်သူမှာလည်း ယနေ့မွန်းလွဲပိုင်းတွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွါးခြင်းတစ်စုံတစ်ရာ မရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ပြီး တစ်ရက်တည်းတွင် မိသားစုဝင် ၄ ဦး အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ” လေကြောင်းဗုံးကြဲခံရလို့ သားအမိ သေဆုံးတယ်လို့ ပြောတဲ့ဟာ အခုမကြာသေးခင်က ဖခင် ဖြစ်သူလဲ ဆုံးပါး သွားခဲ့ရပြန်ပြီ။ တစ်ရက်တည်းမှာ မိသားစု တစ်ခုလုံး ဆုံးပါးသွားတာ မခံစားနိုင်ဘူး။ ဖခင်ဖြစ်သူကတော့ ဆေးရုံပို့တဲ့ လမ်းမှာ ဆုံးသွားရရှာတာ ” ဟု နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၄ ရက် ညသန်းခေါင်ယံအချိန် ၁၂ နာရီဝန်းကျင်တွင် ဟားလ်တာကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ဗုံးသီကျရောက်ကျရောက်ပေါက်ကွဲကာ မိခင်ဖြစ်သူ ဒေါ်ထာသုမ်နှင့် သားဖြစ်သူ ၂ ဦး တို့မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီးနောက် ယနေ့မွန်းလွဲပိုင်းအချိန်တွင် ထပ်မံသေဆုံးသွားခဲ့ ခြင်းဖြစ်သည်။ ဟားလ်တာကျေးရွာ ဗုံးကြဲခံရမှုတွင် သေဆုံးသွားသူများမှာ မိခင်ဖြစ်သူ အသက် ၃၈ နှစ်ရှိ ဒေါ် ထာသုမ်၊ အသက် ၆ နှစ်ရှိ သမီးဖြစ်သူ မဒေလီ ဇိန်ထား၊ အသက် ၃ နှစ်ရှိ သားဖြစ်သူ ဗစ်တာ ဗန်ထောင်မှုန်နှင့် ထပ်မံသေဆုံးသွားသည့် ဖခင် ဖြစ်သူ အသက်…
ရေး – BL. Khaisa(Mara) “အမျိုးသားရေး” ဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ချစ်မြတ်နိုးပြီး ကာကွယ်ထိန်းသိမ်းလိုစိတ်ဖြစ်ပါတယ်။ လူမျိုးရေးနဲ့ အမျိုးသားရေးကို တချို့က ရောထွေးတတ်ကြပါတယ်။ မတူပါဘူး။ လူမျိုးရေးဆိုတာ ကျဥ်းမြောင်းပြီး အမျိုးသားရေးက ကျယ်ပြန့်ပါတယ်။ လူမျိုးရေးက ဘောင်ချုံ့ပြီး အမျိုးသားရေးက ဘောင်ချဲ့ပါတယ်။ လူမျိူးရေးက အပိတ်ကစားပြီး အမျိုးသားရေးက အဖွင့်ကစားပါတယ်။ အမျိုးသားရေးကို အဓိကအားဖြင့် ၁) Civic Nationalism (နိုင်ငံသားအခြေပြု အမျိုးသားရေး)၂) Ethnic Nationalism (လူမျိုးအခြေပြု အမျိုးသားရေး)၃) Cultural Nationalism (ယဉ်ကျေးမှုအခြေပြု)၄) Religious Nationalism (ဘာသာရေးအခြေပြု)၅) Anti-Colonial Nationalism (ကိုလိုနီဆန့်ကျင်)၆) Expansionist / Chauvinistic Nationalism (အလွန်အမင်း အမျိုးသားရေး)၇) Economic Nationalism (စီးပွားရေးအမျိုးသားရေး) ဆိုပြီး ၇ မျိုး သတ်မှတ်လေ့ရှိကြပါတယ်။ အမျိုးသားရေးက ဘာကို အဓိကထားဆောင်ရွက်သလဲဆိုရင် “အမျိုးသားအကျိုးစီးပွား- National interest ” ကို တည်ဆောက်ခြင်း၊ ကာကွယ်ခြင်းနဲ့ ရှာဖွေခြင်းတို့ပါပဲ။ ဒါကို “အမျိုးသားတည်ဆောက်ရေး- Nation- Building” လို့ ခေါ်တာပါ။ အမျိုးသားအကျိုးစီးပွားဆိုတာ ဘာလဲဆိုရင် မိမိတို့လူမျိုးရဲ့ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဥ်အလာ၊ ကိုးကွယ်ယုံကြည်မှု၊ စာပေ၊ စီးပွားရေး၊ လူမှုရေး၊ သမိုင်း၊ အနုပညာ၊ နယ်မြေနဲ့လူမျိုး ကာကွယ်ရေးစသဖြင့် ဆိုလိုခြင်းဖြစ်ပါတယ်။ Nation-Building ဆိုတာ အကျိုးစီးပွားတည်ဆောက်ခြင်း၊ ကာကွယ်ခြင်းဖြစ်တယ် ။ အကျိုးစီးပွား- Interest ဆိုရာ…
(004SS) အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် ၎င်းတို့၏ လုပ်ငန်းစဉ်ဆိုင်ရာဝန်ဆောင်မှုတချို့ကို ရပ်ဆိုင်းမည်ဟု သိရသည်။ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းစဉ်ဆိုင်ရာ အပြောင်းအလဲများအရ နယူးဒေလီမြို့ ဝီကစ်ပူရီ (Vikaspuri) အရပ်ဒေသမှာ မှတ်ပုံတင်စင်တာတွင် ဆောင်ရွက်ပေးနေသည့် အဓိကဝန်ဆောင်မှုအချို့ကို ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံထားသူများအတွက် အရေးပါသော အကာအကွယ် ပေးရေးဆိုင်ရာ ဆွေးနွေးမှု (Protection)၊ ပြန်လည်နေရာချထားရေး (Resettlement) နှင့် ဒုက္ခသည်အဆင့် သတ်မှတ်ခြင်း ဆွေးနွေးမှု (RSD Counselling) ဝန်ဆောင်မှုများကို ဝီကစ်ပူရီရုံးတွင် ဆက်လက်ဆောင်ရွက် ပေးတော့မည် မဟုတ်ဘဲ အဆင့်ဆင့် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။ UNHCR ၏ ထုတ်ပြန်ချက်တွင် အလေးအနက် သတိပေးထားသည်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် နောက်ပိုင်းမှစ၍ ကြိုတင်ရက်ချိန်း (Prior Appointment) မရှိသူများကို ဝီကစ်ပူရီရုံး၌ မည်သည့်ကိစ္စအတွက်မျှ လက်ခံဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း ဖော်ပြထားသည်။ အချက်အလက် လိုအပ်ချက်များရှိပါက UNHCR ဘက်မှ ဒုက္ခသည်များထံသို့ ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့် တိုက်ရိုက်ဆက်သွယ်သွားမည်ဖြစ်သည်။ ဝန်ဆောင်မှုအချို့ကို လျှော့ချလိုက်သော်လည်း ဒုက္ခသည်လူမှုအသိုက်အဝန်းရှိ ခေါင်းဆောင်မှုအဆင့်ဆင့်နှင့် ဆက်လက်ထိတွေ့သွားမည်ဖြစ်ကြောင်း ဆိုသည်။ ဒုက္ခသည်များအနေဖြင့် လိုအပ်သော အကူအညီများနှင့် ဝန်ဆောင်မှုများအတွက် UNHCR ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော BOSCO၊ ADRA၊…
(006SV) အာဏာသိမ်း စစ်ကော်မရှင်၏ အပိုင်း ၁ ရွေးကောက်ပွဲတွင် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) အရ ချင်းပြည်နယ်၊ ဟားခါးနှင့် တီးတိန်မြို့နယ်ရှိ မဲဆန္ဒနယ်များအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၄ နေရာနှင့် ဇိုမီးအမျိုးသားပါတီ (ZNP) က ၂ နေရာ အနိုင်ရရှိသည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပသော ရွေးကောက်ပွဲ အပိုင်း ၁ တွင် စစ်တပ်ပါတီအဖြစ် လူသိများသော ကြံ့ခိုင်ရေးပါတီက ဟားခါးမြို့နယ် မဲဆန္ဒနယ်မှာ FPTP စနစ်အရ လွှတ်တော် ၃ ရပ်လုံးတွင် အနိုင်ရရှိသည်ဟု သိရသည်။ “ဟားခါးမှာ ကြံ့ခိုင်ရေးပါတီ နိုင်သွားတယ်ဆိုတာက ကျနော်အမြင်က သူတို့ စခဲ့တဲ့ ဇာတ်လမ်းကို သူတို့ အဆုံးသတ်ခိုင်းတဲ့ သဘောပေါ့နော်။ ဆိုကြပါစို့၊၊ သူတို့ ထုံးထားတဲ့ ကြိုးထုံးကြီးကို ပြန်ဖြေခိုင်းတဲ့ သဘောလို့ပဲ မြင်ပါတယ်။ ဇိုမီးပါတီကတော့ နောက်ကနေ သံယောင်လိုက်ပြီး ကြိုးထုံးလေးတွေ လိုက်စွဲမယ့် သဘောလို့ပဲ မြင်ပါတယ်။ လက်ရှိအနေအထားကတော့ ပါလီမန်ဒီမိုကရေစီခေတ်က ရောင်စုံသူပုန်တွေ ရှိခဲ့တဲ့ အနေအထားအရ ရွေးကောက်ပွဲ ကျင်းပလို့ ရတဲ့နေရာကို ကျင်းပခဲ့ကြတာကိုး။ အဲဒီက မဲပေးတဲ့ အနေအထားနဲ့ အလားတူနေတယ်။ မဲထွက်ပေးတဲ့ လူတွေကလည်း ဘယ်လိုပဲ ဖြစ်ဖြစ် အရွေ့တစ်ခုကိုတော့ သွားချင်တယ်ဆိုတဲ့ အနေအထားအမျိုးအရ အကျပ်အတည်းကြားထဲကနေ မဲထွက်ပေးရတယ်လို့ မြင်ပါတယ်” ဟု ဖက်ဒရယ်ဒီမိုကရေစီအရေး လေ့လာသုံးသပ်သူ ကိုရှိန်းထွန်းက ပြောသည်။ ဟားခါးမဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော်အတွက်…
(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လက်နက်ကြီးကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြားကလေးငယ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် တီးတိန်မြို့ မောလ်တုတ် (Mualtuk) ကုန်းပေါ်ရှိ ခလရ (၂၆၉) တပ်ရင်းမှ လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု သိရသည်။ အဆိုပါ လက်နက်ကြီးကျည်မှာ တီးတိန်မြို့အနီး Sezang ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၈) နှစ်အရွယ် ပထမတန်း (G-1) ကျောင်းသား မောင်ပေါင်မွန်ဆန်း (Tg Pau Muan Sang) ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွား ရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသွာသူနှင့် နီးစပ်သူတစ်ဦးက “Sangpi (Tg Pau Muan Sang) က လိမ္မာတဲ့ကလေးလေးပါ။ သူတို့ ညနေစာ စားပြီးမှ သူ့ပန်းကန်ဆေးဖို့ အိမ်ရှေ့က ရေသုံးတဲ့နေရာမှာ သွားတာကို လက်နက်ကြီးကျည် ထိမှန်ပြီး အဲဒီမှာတင် တစ်ခါတည်း ဆုံးသွားတာ” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ သေဆုံးသူကလေးငယ်သည် Pa Lian Sian Mung နှင့် Nu Cing Pian Lian တို့၏ အငယ်ဆုံးသားဖြစ်ပြီး Suante မျိုးနွယ်စုဝင်၊ EBC အသင်းတော်ဝင် တစ်ဦးဖြစ်သည်ဟုသိရသည်။ ၎င်း၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သဂြိုဟ်သွားမည်ဟု သိရသည်။…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်ဇေယျရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပြီးနောက် သေနတ်ဒဏ်ရာနှင့် နှိပ်စက်ခံထားရသော ဒဏ်ရာများဖြင့် ယမန်နေ့က သေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးခဲ့သူမှာ အသက် ၄၃ နှစ်အရွယ် ကိုမောင်ကြီးဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းတွင် သူနေထိုင်ရာ အောင် ဇေယျရပ်ကွက်မှ မိခင်ဖြစ်သူနေထိုင်သည့် မြို့လှရပ်ကွက်သို့ သွားရာလမ်းတွင် စစ်ကော်မရှင်တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ကလေးမြို့ခံတစ်ဦးက “ရွေးကောက်ပွဲလုပ်တဲ့ညဦးပိုင်း အဲ့အချိန်မှာ မြို့လှဂိတ်မှာစောင့်တဲ့ စစ်ကောင်စီတပ်သားတွေက ဖဲရိုက်တာ ဖဲရှုံးလို့ အကြံဖန်လုပ်ဖို့အတွက် လိုက်ရှာရင်းနဲ့ သူတို့ကိုတွေ့တော့ ဖမ်းထားတာ လက်ပြန်ကြိုးတုပ်ပြီးတော့ဖမ်းတော့ ခနနေတော့ သူက ထွက်ပြေးတာ ပစ်လိုက်တာ သေနတ်မှန်တဲ့ဒဏ်ရာနဲ့ တညလုံး ဒီအတိုင်းထားတော့ မနက်ကြတော့ သေတာ၊ အလောင်း ကိုဖျောက်ဖို့လုပ်တော့ မြို့လှက သူရဲ့အမျိုးတွေကနေ အိမ်ကို အကြောင်းကြားတော့ သူ့မိသားစု တွေကလိုက်သွားတာ၊ သူ့မျက်နှာမှာ သေနတ်ဒင်းနဲ့ရိုက်ထားတဲ့ သေနတ် ဒဏ်ရာတွေလဲရှိတယ်၊ နှိပ်စက်ထားတာပေါ့။ အဓိက သေတာကတော့ ဆေးမကုပဲ တညလုံးပစ်ထားလို့ သွေးထွက်လွန်ပြီး သေတာ” ဟုပြောသည်။ ကိုမောင်ကြီး၏ ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။ ကလေးမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပြီးနောက် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားသည့် အရပ်သား ပြည်သူအနည်းဆုံး ၅ ယောက်ခန့်ရှိသွားပြီဟုသိရသည်။ လက်ရှိတွင်လည်း ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမှု ပိုမိုပြုလုပ်လာခြင်းကြောင့် နေ့ခင်းဘက်အချိန်များတွင်လည်း အပြင်ထွက်ရန် စိုးရိမ်နေကြရသည်ဟု သိရသည်။…
(006SV) အာဏာသိမ်းစစ်ကော်ရှင်က ဦးဆောင်ကျင်းပသော ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က မဲဆန္ဒနယ်တွင် ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အားလုံးမှာ ကြံ့ခိုင်ရေးပါတီ (USDP) အနိုင်ရရှိကြောင်း သိရသည်။ စစ်တပ်၏ ပါတီအဖြစ် လူသိများသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဟားခါးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ပြိုက်ဘက်ပါတီများထက် မဲရာချီ ရရှိကာ အနိုင်ရရှိခြင်းဖြစ်သည်ဟု ဟားခါးမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ မဲစာရင်းအရ သိရသည်။ ဟားခါးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ခူမီးအမျိုးသားပါတီမှ ဦးကံလင်းက ၃၂၁ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးရိုဘင်က ၅၉၅ မဲ၊ ကြံ့ခိုင်ရေးပါတီက ၂၀၀၆ မဲ ရရှိရှိကာ အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု သိရသည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ တွင် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးမျိုးသူရလင်းက ၃၈၁ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဦးထလာထန်းမှ ၁၁၃၆ မဲ ရရှိကာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသွားသည်ဟု သိရသည်။ ချင်းပြည်နယ်လွှတ်တော်အတွက်မူ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးလျန်ကျဲအိုက ၇၆၇ မဲ၊ ကြံခိုင်ရေးပါတီမှ ဒေါက်တာဝုန်ဆွန်းထန်က ၂၀၆၉ မဲတို့ ရရှိပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသည်ဟု သိရသည်။ ယမန်နေ့က ကျင်းပသော စစ်ကော်ရှင်၏ အပိုင်း ၁ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့ပေါ် ရပ်ကွက် ၈ ခုတွင် မဲရုံပေါင်း ၁၈ ရုံမှာ ဒေသခံတွေက မဲပေးကြသည်ဟု သိရသည်။ ဟားခါးမြို့တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲမှာ မဲပေးသူ အနည်းငယ်သာ ရှိကြောင်း…
