Author: Editor

(004SS) ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည့် Chinland Defense Force – Zotung တပ်ဖွဲ့ဝင် တစ်ဦးသည် လွတ်မြောက်နယ်မြေတစ်နေရာမှာ နှစ်နှစ်ကြာ ဆေးဝါးကုသမှု ခံယူနေရာမှကွယ်လွန်သွားကြောင်း သိရသည်။ CDF – Zotung တပ်ဖွဲ့ဝင် ရဲဘော် ဆလိုင်းဝင်းမြင့်ဦးသည် ကျောက်ကပ် ရောဂါဝေဒနာကို လွတ်မြောက် နယ်မြေ တစ်နေရာတွင် နှစ်နှစ်ကြာ ဆေးဝါး ကုသမှုခံယူရင်း ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကွယ်လွန်သွားခဲ့ကြောင်း CDF-Zotung က မတ်လ ၁ ရက်မှာ ထုတ်ပြန်သည်။ ရဲဘော်ဆလိုင်းဝင်းမြင့်ဦးသည် မိမိတို့ယုံကြည်ချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျောက်ကပ်ဝေဒနာ စတင်ခံစားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ “လက်နက်ကိုင်တော်လှန်ရေးထဲ စဝင်ကြတော့ ကျနော်တို့တပ်ရင်းမှာ ဒီညီလေးက အငယ်ဆုံးပဲ။ ဘယ်နှစ်ရက်ခံ မလဲဆိုပြီး စောင့်ကြည့်ခဲ့ကြပေမယ့် အပြိုအကွဲတွေကြားမှာ သူက ကြံ့ကြံ့ခိုင်ပြီး ၂၀၂၁ ကနေ ၂၀၂၄ ဇွန်လအထိ တိုက်ပွဲတိုင်းမှာ သတ္တိရှိရှိ ပါဝင်ခဲ့သူပါ။ တစ်နှစ်ကျော်ကြာကျောက်ကပ်ဆေးခဲ့ရတာ မတ်လ ၁ ရက်နေ့မှာ ကွယ်လွန်သွားပါပြီ။” ဟု CDF-Zotung ပြောရေးဆိုခွင့်ရှိသူ Salai Danny က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသည်။ ကျဆုံးသွားသူ ဆလိုင်းဝင်းမြင့်ဦးသည် ဆေးရုံတွင် ရောဂါဝေဒနာ ခံစားနေရသော်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ နေထိုင်ခဲ့သူဖြစ်ကြောင်း ၎င်းက ဆိုသည်။ CDF-Zotung အနေဖြင့် ရဲဘော်ဆလိုင်းဝင်းမြင့်ဦး ဆေးရုံတက်ကုသစဉ်အတွင်း ဝိုင်းဝန်းကူညီပေးခဲ့ကြသော အဖွဲ့အစည်းများနှင့်…

Read More

(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း တောမီးလောင်ကျွမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရွှေ့ပြောင်းတောင်ယာမီးရှိုခြင်းကို ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားမီးရှို့ကြရန် ထန်တလန်မြို့နယ်ကောင်စီ (TPC) က အသိပေးထုတ်ပြန်သည်။ ထန်တလန်မြို့နယ်အတွင်း ယာခင်းလုပ်ကိုင်သူများအနေဖြင့် မတ်လ (၁၀) ရက် နောက်ဆုံးထား မီးရှို့ရန်နှင့် ရွှေ့ပြောင်းတောင်ယာ လုက်ကိုင်သုများအနဖြင့် ဧပြီလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ်မီးရှို့ ထားကြရန် တောင်ယာအမျိုးအစားအလိုက် မီးရှို့ရမည့် ကန့်သတ်ရက်များကို ထန်တလန်မြို့နယ်ကောင်စီ (TPC) က ဖေဖော်ဝါရီလကုန်ပိုင်းက ထုတ်ပြန်သည်။ မီးရှို့ခြင်း မပြုမီ ကျေးရွာများအနေဖြင့် မီးတားလမ်း (Firebreak) များကို စနစ်တကျ ကြိုတင် ဖော်ဆောင်ထားရမည်ဖြစ်ပြီး၊ ရွှေ့ပြောင်းတောင်ယာများအတွက် မီးမရှို့မီ နှစ်ပတ်အလိုကတည်းက ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။ ထို့အပြင် မီးရှို့သည့်အချိန်တွင်လည်း သက်ဆိုင်ရာ ဧရိယာအလိုက် ကြိုတင်အကြောင်းကြားရန် လိုအပ်ကြောင်း ပါရှိသည်။ အဆိုပါ သတ်မှတ်ရက်စွဲများအတိုင်း မဆောင်ရွက်ဘဲ စနစ်တကျ မရှိသည့်အတွက် တောမီးကူးစက်လောင် ကျွမ်းခြင်းများ ဖြစ်ပေါ်လာပါက သတ်မှတ်ထားသော ဥပဒေအတိုင်း ထိရောက်စွာ အရေးယူ အပြစ်ပေးသွားမည်ဟု ပြတ်သားစွာ သတိပေးထားသည်။ တောင်ယာမီးရှို့ခြင်းများ ကန့်သတ်သည့်အပြင် မိသားစုအလိုက် နေအိမ်နှင့် ကျေးရွာများ မီးဘေးလုံခြုံစေရန် အတွက်လည်း စနစ်တကျ ပြင်ဆင်ထားကြရန် ညွှန်ကြားထားသည်။ အထူးသဖြင့် မတ်လ (၁) ရက်မှ မေလ (၃၁) ရက်အတွင်း နေအိမ်တိုင်းတွင် မီးသတ်ပစ္စည်းများဖြစ်သော ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် အိတ်များ၊ ရေဖြည့်ထားသော ရေပုံးများ၊ အဝတ်စုတ်ဖြင့်…

Read More

(006SV) အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူ ၇၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ပြီး အဆိုပါပုဒ်မများဖြင့် တရားစွဲခံထားရသူ ၁၂, ၄၈၇ ဦးတို့၏ အမှုပေါင်း ၉၀၀၀ ကျော်ကို အမှုပိတ်လိုက် ကြောင်း အာဏာသိမ်း စစ်ကော်မရှင်က ကြေညာသည်။ ယနေ့ မတ်လ ၂ ရက်၊ တောင်သူလယ်သမားနေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) အရ ထောင်ဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၇, ၃၃၇ ဦးတို့ကို ပြစ်ဒဏ်များ လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်းလည်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာ ထောက် ားမှုဖြင့် ၎င်းတို့ကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည် ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) တို့အပြင် ယင်းပုဒ်မများဖြင့် တိမ်းရှောင်နေသူများအတွက် ပုဒ်မ ၅၁၂ တို့ဖြင့် တရားစွဲခံထားရသူ ၁၂, ၄၈၇ ဦးတို့၏ ကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉, ၅၃၂ မှုကို ပိတ်သိမ်း၍ အမှုမှလွှတ်လိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။…

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြီးခဲ့သည့်ရက်ပိုင်းကအတည်ပြုလိုက်သော မီဇိုးလက်ထပ် ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို လိုက်သည်။ မီဇိုရမ်ပြည်နယ်က အကြီးဆုံးသောအမျိုးသမီးများအသင်း-MHIP က ယနေ့တွင် သဘောထားကြေညာချက်ထုတ်ပြန်ပြီး အဆိုပါဥပဒေသည် မီဇိုးအမျိုး သမီးများအတွက် လုံခြုံ၍ကောင်းမွန်သောဥပဒေမဟုတ်သည့်အတွက် ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုသည်ဟု ဖော်ပြထားသည်။ မီဇိုးအမျိုးသမီးများအသင်း – MHIP အနေဖြင့် မီဇိုးရိုးရာဓလေ့ထုံးတမ်းဥပဒေ ကော်မတီ(Mizo Customary Law Committee) တွင် ပါဝင်သော်လည်း ယခုအတည်လိုက်သော “၂၀၂၆ ခုနှစ်၊ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်း”တွင် သဘောထားမှတ်ချက်တောင်းခံခြင်း၊ အသိပေးခြင်း မရှိသည့်အတွက် လက်မခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယခုလက်ရှိမှာ MHIP အနေဖြင့် မီဇိုးအမျိုးသမီးများအတွက် အသင့်တော်ဆုံးဖြစ်မည့် ပြင်ဆင်သင့်သော ဥပဒေများကို လေ့လာနေဆဲဖြစ်ပြီး ထို့အတွက်ကြောင့် ယခုအတည်ပြုလိုက်သော ဥပဒေကြမ်းကို ပြန်ရုပ်သိမ်း၍ ပြန် သုံးသပ်ကာ ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုသည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပသော ၉ ကြိမ်မြောက် မီဇိုရမ်ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်း အဝေးမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က “၂၀၂၆ ခုနှစ်၊ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေ ဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်း”ကို တင်သွင်းကာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက တညီ တညွတ်တည်း သဘောတူ အတည်ပြုခဲ့ကြသည်။ အဆိုပါ မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ (ပြင်ဆင်ချက်) ဥပဒေကြမ်းအရ မီဇိုးအမျိုးသမီးများသည် လူမျိုးခြားနှင့်လက်ထပ်ထိမ်းမြှားပါက မီဇိုးလူမျိုးဖြစ်ခြင်းမှ…

Read More

(005MK) မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်ဆက်သွယ်သော နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ယမန်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။ မီဇိုးယာဉ်မောင်းတစ်ဦးသေဆုံးမှုကြောင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစ၍ ပိတ်ပင်ထားသည့် အဆိုပါ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ လောင်တလိုင်မြို့က မီဇိုးယာဉ်မောင်းတစ်ဦးသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကုန်ပစ္စည်းပို့ဆောင်စဉ်သေဆုံးမှုကြောင့် လောင်တလိုင်ခရိုင်နှင့် ထိစပ်နေသော အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ ကစ၍ ၂ လပိတ်ထားမည်ဟု လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ခြင်းသည်။ ယခုအခါ လောင်တလိုင်ခရိုင်းအတွင်း အခြေအနေများတည်ငြိမ်အေးချမ်းမှုရှိလာပြီဖြစ်သည့်အတွက် အဆိုပါမိန့်ထုတ် ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းကာ နယ်စပ်လမ်းကြောင်းကိုပြန်လည်ဖွင့်ပေးလိုက်ပြီး ယခင်အတိုင်းပုံမှန်သွားလာနိုင် ကြောင်းသိရသည်။ ရခိုင်ပြည်နယ်ဘက်တွင် စစ်ရေးအခြေအနေကြောင့် ပြည်မဘက်မှ ကုန်စည်စီးဆင်းမှုရပ်တန့်နေသည့်အတွက် ချင်း ပြည်နယ် ပလက်ဝမြို့နယ်ကတဆင့် လောင်တလိုင်မြို့မှ အိန္ဒိယထုတ်အခြေခံစားကုန်၊ သောက်ကုန်၊ ဆေးဝါးနှင့် အိမ်သုံးကုန်များကို အဓိကတင်သွင်းနေကြရသည်။

Read More

ဘိန်းစိုက်ပျိုးပါက ၁ နှစ်မှ ၅ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင် (006SV) ချင်းပြည်လွှတ်တော်သည် ချင်းပြည် မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေကို ပြဌာန်းလိုက်ပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး ၎င်းတို့၏ ဘေးအန္တရာယ်ကို အမျိုးသားရေး တာဝန်အဖြစ် တားဆီးကာကွယ်ဆောင်ရွက်သွားမည်ဟု သိရသည်။ ချင်းပြည်မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က ဒုတိယအကြိမ်၊ ချင်းပြည် (Chinland) လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးတွင် အတည်ပြု ပြဌာန်းသည်ဟု သိရသည်။ မူးယစ်းဆေးဝါးတားဆီး ကာကွယ်နှိမ်နှင်းရေးအဖွဲ့ကို ချင်းပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးက ခေါင်းဆောင်ပြီး ကျန်းမာရေး ဝန်ကြီး၊ ရှေ့နေချုပ်၊ ဒေသန္တရအုပ်ချုပ်ရေးအကြီးအကဲများနှင့် ရဲတပ်ဖွဲ့အကြီးအကဲတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါအဖွဲ့သည် ဝန်ကြီးဌာနများ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ မူဝါဒလမ်းညွှန်းချက်များ ချမှတ်ခြင်း၊ လူထုအသိပညာပေး လုပ်ငန်းများကို ဦးဆောင် အကောင် အထည်ဖော်ပေးခြင်း၊ ပြည်ပနိုင်ငံများ၊ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် လုပ်ငန်းတာဝန် ၁၄ ချက်ကို ပြဌာန်းထားပြီး ကျယ်ကျယ်ပြန့်န်ပြန့် လုပ်ပိုင်ခွင့် ပေးထားသည်ဟု သိရသည်။ ချင်းပြည်ဒေသန္တရအစိုးရအဖွဲ့များသည်လည်း ဒေသန္တရ မူးယစ်းဆေးဝါးတားဆီးကာကွယ် နှိမ်နှင်းရေးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက် သွားမည်ဖြစ်ပြီး တားဆီးကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့၊ လူထု အသိပညာပေး လှုံ့ဆော်ရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်သွား မည်ဟု…

Read More

(004SS) ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြို့ပေါ်နေပြည်သူများအနေဖြင့် သတ်မှတ်ရက်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို မပျက် မကွက် ဆောင်ရွက်ကြရန် တော်လှန်ရေးအုပ်ချုပ်ရေးအဖွဲ့များက အသိပေးနှိုးဆော်ချက်ထုတ်ပြန်သည်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဒေသန္တရအမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး မြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်ပတ်ဝန်းကျင်နှင့် လမ်းမကြီးများပေါ်ရှိ သန့်ရှင်း ရေးလုပ်ငန်းများကို လာမည့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ် ဆောင်ရွက်ကြရန် ညွှန်ကြားထားသည်။ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အလားတူ မင်းတပ်နှင့်ကပ်လျှက်ရှိနေသော ကန်ပက်လက်မြို့နယ်တွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ကန်ပက်လက်မြို့နယ် ပအဖ က ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ကန်ပက်လက်မြို့ပေါ်ရှိ အိမ်ခြံမြေပိုင်ရှင်များအနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃၀ ရက်အတွင်း နေအိမ်နှင့် အိမ်ရှေ့မျက်နှာစာများကို သန့်ရှင်းရေး ပြုလုပ်ကြရန် အသိပေးထားသည်။ သတ်မှတ်ရက်အတွင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဒဏ်ငွေအဖြစ် အိမ်ဝိုင်းတစ်ဝိုင်းလျှင် ကျပ် ၂ သိန်း ပေးဆောင်ရ မည်ဟု သိရသည်။ ကန်ပက်လက်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း နေအိမ်မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃ လုံး…

Read More

(002MG)ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် သတ်မှတ်ရက်အတွင်း အိမ်ပတ်ဝန်းကျင်များ မပျက်မကွက် သန့်ရှင်းရေးပြုလုပ်ကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် အသိပေးထုတ် ပြန် သည်။ကန်ပက်လက်မြို့ပေါ်တွင် နေထိုင်ကြသည့် အိမ်ခြံမြေပိုင်ဆိုင်ထားသူများအနေဖြင့် မကြာမီနွေရာသီ ကာလရောက်ရှိ လာတော့မည်ဖြစ်သောကြောင့် မိမိနေအိမ်ပတ်ဝန်းကျင်နှင့် အိမ်ရှေ့မျက်နှာစာများအား သန့်ရှင်းရေး မပျက် မကွက် ပြုလုပ်ကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်အတွင်း သန့်ရှင်းရေးပြုလုပ်ကြရန်ဖြစ်ပြီး သတ်မှတ်ရက်ကာလအတွင်း လိုက်နာဆောင်ရွက်မူမရှိပါက ဒဏ်ငွေအဖြစ် အိမ်ဝိုင်း (၁) ဝိုင်းလျှင် (၂) သိန်းကျပ် နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။ကန်ပက်လက်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် (၁) ကြိမ်နှင့် ဖေဖော်ဝါရီလအတွင်း (၂) ကြိမ် နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်း နေအိမ် (၃) လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ယင်းမီးလောင်မှုကြောင့် နေအိမ်ပျက်စီးရှုံးဆုံးခဲ့ရသည့် အိမ်ထောင်စုများအတွက် ရေးပေါ်စားနပ်ရိက္ခာများအား မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်ချက်နှင့်အညီ ကန်ပက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထောက်ပံ့မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

Read More

(006SV) အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြောက်၍ စစ်အစိုးရအဖွဲ့ အသစ်ကို ဖွဲ့စည်းကာ အာဏာတာဝန်ကို ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းစစ်ကော်မရှင်အဖွဲ့နှင့် စစ်တပ် ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်က နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ကို ရောက်ရှိပြီး တပ်မိသားစုများနှင့် တွေ့ဆုံရာမှာ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ မတ်လ ၁၆ ရက်နှင့် ၁၈ ရက်တို့တွင် တတိယအကြိမ်မြောက် ပြည်သူ့တော်လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးများ ကျင်းပရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယစစ်ခေါင်းဆောင်က ပြောသည်။ လွှတ်တော်ခေါ်ယူ၍ အစည်းအဝေး ကျင်းပနိုင်ရန်အတွက် စစ်ကော်မရှင် အစိုးရနှင့် တိုင်းနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင် ဆင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သော စစ်ကော်မရှင်က ဦးဆောင် ကျင်းပပေးသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးရာတွင် ပါတီငယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေး စင်မြင့်တွင် ပါဝင်လာနိုင်စေရန် FPTP စနစ်နဲ့ PR စနစ်တို့ ကို ကျင့်သုံးခဲ့သောကြောင့် တိုင်းရင်းသားပါတီးများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်လာ သည်ဟု ဒုတိယစစ်ခေါင်းဆောင်က ပြောသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ…

Read More

(006SV) ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ ဈေးဆိုင်းတန်းကို စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ ၁၈ ဦးအထိ သေဆုံးရှိလာပြီး ၎င်းတို့ထဲမှာ ကလေးငယ်နှင့် အမျိုးသမီး ၁၄ ဦးအထိ အများဆုံးပါဝင်နေကြောင်း ULA/ AA က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် ၂ နာရီခန့်က စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှ ဈေးဆိုင်တန်းကို ဂျက်ဖိုက်တာဖြင့် ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု ULA/ AA ၏ လူသားချင်းစာနာထောက်ပံ့မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၉ ဦးအပါအဝင် ဒေသခံပြည်သူ ၁၇ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ ၁၄ ဦးခန့်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းတို့အထဲတွင်း ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေပြီး အရပ်သားနေအိမ်များနှင့် ဈေးဆိုင်အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။ ယနေ့တွင် ထိခိုက်ဒဏ်ရာရရှိသူများထဲက အမျိုးသမီး ၁ ဦးထပ်မံ သေဆုံးသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ရေးနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသော ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုသည် နိုင်ငံတကာစစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုကို ကျူးလွန်းခြင်းဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်ပါ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရမည့် အခြေခံမှုများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း HDCO ရုံးက ဖေဖော်ဝါရီလ ၂၄ ရက်က…

Read More