Author: Editor
ဇလပ်ထက်နီ – ဒီဆောင်းပါး၏ ခေါင်းစီးသည် လက်ရှိ ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြောရှိ အနှစ် ၂၀၀ ကျော် သက် တမ်း၊ ဇနပုဒ် ရွာကလေး Vangzang ရွာ က စတင်ခြင်းဖြစ်သည်၊ ဗန်ဇန် ဒေသခံများ၏ အုပ်ချုပ်သူ နယ်ချဲ့ အင်္ဂလိပ်တို့ အတွက် ပေါ် တာမထမ်းရေး ဆန္ဒပြကန့်ကွက်ရာမှ တနယ်လုံး ပျံ့နှံ့ ဂယက်ရိုက်သွားခဲ့ရာ အမျိုးသား ရေးလှုပ်ရှားမှု အသွင်သို့ ကျယ်ပြန့်သွား ခဲ့သည်။ ဒီနေရာတွင် ချင်းခေါင်းဆောင် Pu Ro Thang ကို ချန်ထားလို့ မရ ပါ၊ Pu Ro Thang သည် အင်္ဂလိပ် အစိုးရ ၀န်ထမ်းဘ၀တွင်ပင် အုပ်ချုပ်သူတွေကို ခြေစုံကန်ပြီး ထန်တလန်နယ် အပါ အ၀င် ဟားခါးနယ်၊ မတူပီနယ်များအထိ အင်္ဂလိပ် အစိုးရနှင့် တိုက်သူကြီးများ၏ မတရားဖိနှိပ်မှုများကို ပြည်သူထံ အသိ ပေး နားဖောက်လေ့ရှိသည်။ ထိုအချိန်က စပြီး ဒေသခံ များ ၏ စိတ်ထဲတွင် အင်္ဂလိပ်နှင့် တိုက်သူကြီးတို့၏ လုပ်ရပ် များကို ဆန့်ကျင်လိုစိတ် သန္ဒေတည်ခဲ့သည်၊ ချင်းတောင်မှ ခရီးကြမ်း မိုင်ပေါင်းများစွာ ဝေးသည့် ကလေးမြို့၊ ဂန့်ဂေါ မြို့ များသို့ အစိုးရ၀န်ထမ်းများအတွက် အခမဲ့ ရိက္ခ ထမ်းရသည်ကို မခံမ ရပ်နိုင်ဖြစ် ခဲ့ကြသည်။ Pu Ro Thang ၏ လုပ်ရပ် သည် ဟားခါးနယ်…
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်၏ သတင်းစာလောကကို ချင်းမီဒီယာကွန်ယက်အဖွဲ့ ဦးဆောင်မှုဖြင့် ချင်းစာနယ်ဇင်း သမားများက မေလဒုတိယပတ်တွင် သွားရောက်လေ့လာကြမည်ဟုသိရသည်။ ချင်းမီဒီယာကွန်ယက်၏ ၅ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံအစည်းအဝေး၏ ဆုံးဖြတ်ချက်အတိုင်း ကွန်ယက်အဖွဲ့ဝင် များဖြစ်ကြသော ချင်းသတင်းဌာနများမှ ချင်းသတင်းစာဆရာ ၁၃ ဦး နှင့် ကွန်ယက်ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၈ ဦးတို့သည် မီဇိုရမ်ပြည်နယ်ရှိ ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာများကို သွားရောက်လေ့လာကြမည်ဖြစ်သည်။ ချင်းမီဒီယာကွန်ယက်၏ Capacity Building ဒါရိုက်တာ CL Thanga က “ မီဇိုရမ်ပြည်နယ်ဟာ မီဒီယာပိုင်းမှာ တကယ်ကို ဖွံ့ဖြိုးတိုးတက်တဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်၊ ပုံနှိပ်မီဒီယာ နဲ့ ရုပ်သံမီဒီယာ ၂ ခုစလုံးမှာ တကယ် အားကောင်းပြီး အောင်မြင် နေတာတွေ့ရတယ်၊ သူတို့က ကျနော်တို့ ချင်းမီဒီယာတွေထက် မီဒီယာလုပ်ငန်းပိုင်းမှာ ၀ါရင့်သမားတွေဖြစ်တယ်၊ သူတို့ ဆီက အတွေ့အကြုံ ပညာဗဟုသုတတွေရယူဖို့အဓိကရည်ရွယ်ပါတယ်’’ ဟု ပြောသည်။ လေ့လာရေးခရီးစဉ်အတွင်း ချင်းသတင်းသမားများသည် Mizoram Journalist Association (MJA) အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန်စီစဉ်ထားကြပြီး အိုင်ဇောလ်မြို့ရှိ အောင်မြင်နေသော သတင်းစာတိုက်များကိုလည်းလေ့လာကြမည်ဖြစ်သည်။ “ ချင်းပြည်နယ်နဲ့ တောတောင်ရေမြေအနေအထား ရေခံမြေခံတူတဲ့ မီဇိုရမ်ပြည်နယ်လိုဒေသမှာ သတင်းစာလုပ်ငန်း စတင်လုပ် ကိုင်တဲ့အချိန်မှာ ဘယ်လိုရုန်းကန်ခဲ့ကြလဲ၊ ခုလိုအောင်မြင်နေတဲ့အခြေအနေရောက်အောင် သူတို့ဘယ်လို ကြိုးစား လုပ်ကိုင်ခဲ့ကြလဲ၊ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ၊ အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့ကြလဲ၊ ပြည်နယ် အစိုးရတွေ နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေရှိသလဲ ဆိုတာတွေကို လေ့လာကြမှာပါ၊…
ချင်းပြည်နယ် ဖလမ်းမြို့တွင် ရက်ပေါင်း ၁၀၀ အတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်တော့မည် ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောသည်။ မေလ ၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ မှ ဦးဇုန်လှယ်ထန်းမှ ဖလမ်းမြို့သို့ ၂၀၁၄ – ၂၀၁၅ ခုနှစ်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန က ဖြေကြားခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်အထိ မဟာဓာတ်အားလိုင်း မရရှိသေးသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ် မိုးရာသီတုန်းက ဖြစ်ပေါ်ခဲ့သည့် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုရှိခဲ့သဖြင့် စီမံကိန်းပစ္စည်းများ ပို့ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ တာဝါတိုင်နေရာများ ရှိ မြေလွှာများ ပြတ်ရွေ့ခြင်း၊ မြေကျွံခြင်းတို့ဖြစ်ပေါ်ပြီး တာဝါတိုင်ဖောင်ဒေးရှင်းများ ရွေ့လျား ပျက်စီး ခဲ့သည့်အတွက် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရသည့်အတွက် ဖလမ်းမြို့သို့ ၂၀၁၄-၁၅ ခုနှစ်အတွင်းက မဟာဓာတ်အား လိုင်းသွယ် တန်းနိုင်မှု မရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။ သို့သော်လည်း ယခုအခါ ၆၆ ကေဗွီ ဟားခါး-ဖလမ်း ဓာတ်အားလိုင်းမှာ ၉၉.၂၃ ရာခိုင်နှုန်း နှင့် ၆၆ ကေဗွီ ဖလမ်း ဓာတ်အားခွဲရုံမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဖလမ်းမြို့သို့ လျှပ်စစ်ဓာတ်အား မကြာမီဖြန့်ဖြူးပေးနိုင်တော့ မည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။
https://khonumthung.org/category/knews-video/
[news_focus cat=”knews-journal” /]
ဒုတိယအကြိမ်မြောက် ဖလမ်းလူငယ်ညီလာခံ (Falam Youth Conference) ကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မေလ ၂ ရက်နေ့က စတင်ပြီး ကျင်းပလျက်ရှိသည်။ ကလေးမြို့ တာဟန်းရပ်ကွက် BCDC ခန်းမ၌ မေလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်ကြာကျင်းပလျက်ရှိသော အဆိုပါ ညီလာခံကို အနယ်နယ်အရပ်ရပ်တွင်ပြန့်နှံ့ရောက်ရှိနေကြသော ဖလမ်းလူငယ်များစည်းလုံးညီညွတ်မှုပိုမိုရှိလာစေရေး နှင့် အချင်းချင်းအကြားကောင်းမွန်သော ကွန်ယာက်ချိတ်ဆက်မှုရှိလာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ကျင်း ပရေးကော်မတီ ဥက္ကဌ ၁ ကို Jesses ကပြောသည်။ “ ကျနော်တို့က မြေပြန့်၊ တောင်ပေါ် ပြည်တွင်း ပြည်ပမှာ ကျနော်တို့လူငယ်တွေက နယ်စုံပြန့်နေတော့ ကျနော်တို့က အဆက် အသွယ်အချိတ်အဆက်မရှိကြဘူး၊ တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးမှုမရှိကြတော့ တစုတစည်းတည်းမရှိ နိုင်ဘူး၊ အမျိုးသားရေးတစ်ခုခုပေါ်လာရင်တောင်မှာ ကမကထလုပ်ဖို့ ကျစ်ကျစ်လစ်လစ်မရှိကြဘူး အချိတ်ဆက်တွေ ပျက်နေတယ်၊ အဲဒီဥစ္စာအတွက် ပထမဆုံးလိုအပ်တဲ့ ခင်မင်ရင်းနှီးမှု၊ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်ရှိဖို့ အဲဒီဟာလေးကိုလိုချင်တာပါ” ဟု ကို Jesses ကပြောသည်။ ဖလမ်းလူငယ် ၁၀၀ ကျော်တက်ရောက်သော ယင်း ညီလာခံတွင် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည် သူ့နိတိ(civic education)၊ စီမံခန့်ခွဲရေး နှင့် ပေါ်လစီ၊ ချင်းသမိုင်း စသည့်ခေါင်းစဉ် ၅ ခုကို သက်ဆိုင်ရာကဏ္ဍ အလိုက်တတ် သိပညာရှင်များအား ဖိတ်ခေါ်ကာ အဓိက ဆွေးနွေးကြသည်ဟုသိရသည်။ ဖလမ်းလူငယ်ညီလာခံကို ၃ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ပထမအကြိမ် ညီလာခံကို ချင်းပြည်နယ် ဖလမ်းမြို့တွင် ၂၀၁၃…
ယခု လတ်တလော မီဇိုရမ်ပြည်နယ်အတွင်း ပြန့်နှံ့နေသော ဝတ်ရောဂါကြောင့် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ဝတ်များ မီဇိုရမ်ပြည်နယ်အတွင်း တင်သွင်းခွင့် ခေတ္တခဏပိတ်ပြင်လိုက် တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိ စပ်နေသော မီဇိုရမ်ပြည်နယ် Champhai ခရိုင်အတွင်း ဝတ်နာရောဂါမှာ Procine Reproductie & Respiratory Syndrome (PRRS) ရောဂါဖြစ်ကြောင်း AH & Vety Commissioner K.Lal Nghinglova က အတည်ပြု ပြော ဆိုပြီးနောက် Champhai District Magistrate ထံ မြန်မာပြည်မှ သယ်ဆောင်လာသော ဝတ်များကို မီဇိုရမ်ပြည်နယ်အတွင်း မတင် သွင်း ရန် ခေတ္တခဏ ပိတ်ပြင်ဖို့ တောင်းဆိုထားခြင်းဖြစ်သည်။ ၄င်းဝတ်များ၏ သွေး နှင့် အသားကို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်ရှိ ခွဲစိတ်ခန်းတွင် သေသေချာချာ စမ်းသပ်ပြီးမှ PRRS ရောဂါဖြစ်ကြောင်း အတည်ပြုတာဖြစ်သည်။ ယခုလို ပြန်နှံ့နေသော ဝတ်နာရောဂါကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ဝတ်တော်တော်များ များ သေဆုံး သွားပြီးဖြစ်ကြောင်း နှင့် သေဆုံးသည့်ဝတ်များကို သေသေချာချာ မြေမြှပ်ထားရန် ဝတ်မွေးမြူရေးလုပ်နေသူများကို အသိပေးထားသည်။ အဆိုပါ ဝတ်နာရောဂါခေါ် PRRS သည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ် ခရိုင် (၆) ခုမှာ ပြန်နှံ့ခဲ့ဖူးပြီး ယင်း ဝတ်နာရော ဂါကြောင့် ဝတ်ကောင်များစွာ သေဆုံးခဲ့ဖူးသည်။