ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိဘဲ ခြောက်ကပ်နေပြီး သရဲခြောက်မှာပင်ကြောက်ရကြောင်း ဒေသခံများထံမှ သိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့ကစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်လျှက်ရှိကာ မြန်မာနိုင်ငံတဝန်းလုံးတွင် ယနေ့မေလ ၂၄ ရက်နေ့စပြီး ကျောင်းအပ်လက်ခံခဲ့သော်လည်း ဟားခါးနှင့် ထန်တလန်မြို့တွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိကြောင်း ဒေသခံများထံမှသိရသည်။ ထန်တလန်မြို့မှကျောင်းသားမိဘတစ်ဦးက “ ထန်တလန်မြို့က အစိုးရကျောင်းတစ်ကျောင်းမှ ဒီနေ့တော့ကျောင်းအပ်တဲ့ သူမရှိဘူး သော့ခတ်ထားကြတယ်၊ သရဲခြောက်မှာတောာင် ကြောက်ရတယ်’’ ဟု ပြောသည်။ ထန်တလန်မြို့ပေါ်တွင် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) အ.ထ.က (၂)၊ အခြေခံပညာမူလတန်းလွန် ကျောင်း(၁)၊ (၂) နှင့် မူလတန်းကျောင်းတစ်ကျောင်းရှိသည်။ အလားတူ ပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်လည်း ကျောင်းအပ်နှံသူမရှိဘဲ ခြောက်ကပ်နေသည်ဟု သိရသည်။ “ကျနော်တို့နိုင်ငံက အိမ်နီးချင်းနိုင်ငံမှာတောင် အောက်ကျနောက်ကျဖြစ်နေတဲ့နိုင်ငံကိုး အဲလိုဖြစ်နေတော့ အရှိန်ယူနေတဲ့ အချိန်မှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါကျတော့ စိတ်ဓာတ်ကျတာပေါ့နော် ဟိုးအရင်စစ်တပ်အုပ်ချုပ်တုန်းက လည်း ပညာရေးကအရမ်းနိမ့်ကျခဲ့တာကို အခုလည်း အဲလိုဖြစ်လာမယ်၊ ကလေးတွေလည်း မနှစ်တုန်းကလည်း ကိုဗစ်ကြောင့် ကျောင်းမတက်ရဘူး သူတို့အတွက်လည်း စဉ်းစားတယ် ဒါပေမယ့် တဖက်ကလည်း စစ်တပ်က မတရားအာ ဏာသိမ်းတဲ့အခါကျတော့ ကျနော်တို့ကလည်း လက်မခံဘူး’’ ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့မေလ ၂၄ ရက်နေ့ကစ၍ ကျောင်းအပ်လက်ခံခဲ့သော်လည်း ကျောင်းအပ်နှံသူမရှိ သလောက်နည်းပါးသည်ဟုသိရသည်။ ကျောင်းသားမိဘတစ်ဦးက “ကျောင်းအပ်တဲ့သူတွေရှိရင်လည်းပဲ အဆင်ပြေမယ်မထင်ဘူး ချင်းပြည်နယ်မှာ CDM ဝင်တဲ့လူများတာကိုး နောက်တစ်ခုက ဦးသိန်းစိန် နဲ့ အဲန်အယ်ဒီအစိုးရခေတ် နိုင်ငံရေးကောင်းနေတဲ့အချိန်တုန်းကတောင်မှ ချင်းပြည်နယ်ကသိတဲ့တိုင်း…
Author: Editor
လားနွန် – ကလေးမြို့ အောင်ဇေယျရပ်ကွက် အ.ထ.က (၆) ကျောင်းနားတွင် ယနေ့မနက် ၉ နာရီ ၂၀ ဝန်းကျင်က အသံဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့များမှ ၎င်းဖြစ်ပွားမှုကြောင့် သေနတ်မိုးပေါ်ထောင်ပစ်ဖောက်ကြောင်း အနီးရှိလူတစ်ဦးထံမှ သိရသည်။ “အသံဗုံးပေါက်ကွဲမှု ဖြစ်တယ် စစ်သားတွေက မနေ့ကတည်းက အဲဒီမှာနေရာယူထားပြီးသား ဒီနေ့ကျောင်းစအပ်ရမယ့်နေ့ဆိုတော့ ပေါက်ကွဲမှုဖြစ်တော့ သူတို့စစ်သားတွေက သေနတ်ခြောက်ချက်လောက်ပစ်ဖောက်တယ် လူတွေကြောက်အောင်လို့နေမှာပေါ့ ပစ်ဖောက်တာကတော့ မိုးပေါ်ထောင်ပစ်ဆိုတော့” ဟု အနီးနားရှိလူကပြောသည်။ အာဏာသိမ်းစစ်ကောင်စီများမှ သေနတ်ပစ်ဖောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကာ မသင်္ကာမှုကြောင့် ဖမ်းဆီးမှုမှာလည်းမရှိကြောင်းသိရသည်။ အဆိုပါကျောင်းသည် ကလေးမြို့တွင် Non-CDM အများဆုံးကျောင်းဟုလူအများကသိကြပြီး Non-CDM အယောက်သုံးဆယ်နီးပါးရှိကြောင်းသိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တာလပတ်များခြုံ၍ အရပ်ဝတ်များဝတ်ဆင်ကာ စစ်ဘေးဒုက္ခသည် ယောင်ဆောင်ပြီး မေလ ၂၁ ရက်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မင်းတပ်မြို့နယ် ဘူးကွန်းကျေးရွာအနီးတွင် မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Mindat-CDF) ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် Mindat-CDF ဘက်မှ တစ်ဦးကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ “ စစ်သားတွေက တာလပတ်တွေခြုံထားတယ်၊ အရပ်ဝတ်နဲ့သေနတ်တွေနဲ့လာတယ်၊ တာလပတ်တွေခြုံထားတော့ ကျနော်တို့ဘက်က ကင်းသမားတွေက သတို့ကိုဒုက္ခတွေမှတ်နေတာ အနီးကပ်ရောက်တော့မှ ပစ်ခတ်တိုက်ခိုက်တာ ခံရတယ်၊ အဲဒီမှာတိုက်ပွဲဖြစ်တယ် လက်နက်ကြီးတွေသုံးတယ် မိုးရွာနေတော့ ကျနော်တို့ဘက်က နည်းနည်းလေး အခက်အခဲဖြစ်တယ် တူမီးသေနတ်တွေက အခက်အခဲပြသာနာဖြစ်တယ် အဲလိုမျိူးဆိုတော့ မနေ့ကတိုက်ပွဲမှာ ကျနော်တို့ ဘက်က တစ်ယောက်တော့ကျသွားတယ် ၉ ယောက်လောက်ဒဏ်ရာရသူရှိတယ်၊ သူတို့ဘက်ကတော့ ၃ ဦးလောက်ကျ တယ်’’ ဟု Mindat-CDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ အင်အား ၁၀၀ နာပါးခန့်ရှိပြီး မွန်းလွဲပိုင်း ၂ နာရီခန့်မှ ညနေပိုင်း ၆ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၎င်းကဆက်ပြောသည်။ ယနေ့မေလ ၂၂ ရက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီက ဘူးကွန်းကျေးရွာဘက်သို့ စစ်အင်အားထပ်မံဖြည့်တင်းလာ ပြီး မင်းတပ်မြို့၏ အရှေ့မြောက်ဘက်ခြမ်း ထင်ချောင်းအပေါ်နားတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော် တက်လာသည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာဖွယ်ရှိသူသိရသည်။ ဘူးကွန်းကျေးရွာသည် မင်းတပ်နှင့် ကန်ပက်လက်မြို့အကြား ချီချောင်းဒေသတွင်တည်ရှိသည့်ကျေးရွာဖြစ်ပြီး ဘူးကွန်းရွာ အနီး မတပ်ရွာတွင် စစ်ဘေးရှောင်စခန်းရှိသည်ဟု သိရသည်။
မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် မေလ ၂၁ ရက်နေ့ (ယနေ့) မနက် ၈ နာရီအချိန်ကစပြီး တယ်လီနောဖုန််း ဆက်သွယ်ရေးလိုင်းနှင့် လျှပ်စစ်လိုင်း ဖြတ်တောက်ခံရကြောင်းသိရသည်။ “တယ်လီနောလိုင်းက အဖြတ်ခံရတယ်၊ ဘယ်ချိန်လောက်ပြန်ရမလဲမသိရဘူး၊ မနေ့ညကရသေးတယ်၊ ဒီနေ့မနက် ၈ နာရီလောက်ကနေမရတော့ဘူး ပြန်ပြီးအဖြတ်ခံရတယ် ဘယ်အချိန်လောက်ပြန်ဖွင့်မလဲ မသိဘူး သူတို့က ဖြတ်လိုက် ဖွင့်လိုက်နဲ့အဲ့လိုပဲလုပ်နေတာ တယ်လီနောလိုင်းက ပုံမမှန်ဘူး၊ အခုထိ လည်းပြန်မရသေးဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်းဖြတ် အဲ့မှာလည်း တနေကုန်ပဲ ဒီနေ့ဆို (၂) ကြိမ်ရှိပြီ” ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။ မတူပီမြို့တွင် တယ်လီနော ဆက်သွယ်ရေးလိုင်းကို အဓိကထား အသုံးပြုကြရပြီး ဆက်သွယ်ရေးဖုန်း လိုင်းဖြတ် တောက်လိုက်ခြင်းကြောင့် တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြောဆိုရန် အခက်ခဲကြုံတွေ့နေရပြီး ယခုကဲသို့ဖြတ်တောက်ခြင်းမှာ ဘာအတွက်ကြောင့် ဖြတ်တောက်သည်ကိုလည်း မသိရနိုင်သေးကြောင်း ၎င်းကပြောသည်။ ယမန်နေ့ညတွင်လည်း မတူပီမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး ယနေ့မနက် ၈နာရီခွဲ အချိန်တွင် ပြန်လည်လွတ်ပေးခဲ့ပေမယ့် မွန်းလွဲ ၁ နာရီ ခွဲအချိန်တွင် လျှပ်စစ်မီးလိုင်း ပြန်ဖြတ်တောက်လိုက် ကြောင်းသိရသည်။ မတူပီမြို့တွင် ယမန်နေ့ည (၉) နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ စစ်ကား (၁၁) စီး၊ ဆိုင်ကယ် (၆) စီးဝန်းကျင့်ခန့် ဖြင့်ရောက်ရှိလာပြီး မည်သည့်ဖက်သို့ ဆက်သွားမည်ကိုမသိရှိနိုင်သလို ယနေ့မနက်တွင် ရဟတ်ယာဉ် (၁) စီးရောက်လာကာ မွန်းလွဲ ၁၂ နာရီအချိန် မင်းတပ်မြို့မှ ပြန်လ ည်ထွက်ခွာခဲ့ကြောင်းလည်းသိရသည်။
မင်းတပ်မြို့စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း မာဂရက် – ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။ မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အာဏာသိမ်း စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်း အထန်ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်နစ်နာမည်ကို စိုးရိမ်သည့်အတွက် မင်းတပ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က မေလ ၁၅ ရက်နေ့တွင် နောက်ဆုတ်ပေးခဲ့သည်။ ယခုလက်ရှိတွင် မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ ၂၇၄ တပ်ရင်းက ထိန်းချုပ်ထားပြီး မြို့ပေါ်တွင်နေထိုင်းခြင်း သည် လုံခြုံမှုမရှိတော့သည့်အပြင် တိုက်ပွဲများပြန်လည်ပြင်းထန်လာမည်ကိုစိုးရိမ်ကြသည့်အတွက် မြို့ခံပြည်သူများအား လုံးနီးပါးသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ မင်းတပ်မြို့ စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကူညီဆောင်ရွက်ပေးနေသည့် တာဝန်ခံတစ်ဦးကို ခိုနူမ်းသုန်သတင်းက ဆက်သွယ်မေးမြန်းထားသည်။ မေး- အခုမင်းတပ်မြို့ကို စွန့်ပြီးမှ ထွက်ပြေးတိမ်းရှောင်တဲ့သူ စစ်ဘေးရှောင်လူဦးရေ ဘယ််လောက်ရှိပြီလဲ။ ဖြေ- ၆၀၀၀ ကျော် ၆၀၀၀ နဲ့ ၈၀၀၀ ကြားဖြစ်နိုင်တယ်၊ အဲ့လောက်ဝန်းကျင်ဖြစ်မယ်၊ မင်းတပ်မြို့က တောင်ကြောကြီးဆိုတော့ အရှေ့က အဆင်း၊ အနောက်ကအတက်ပုံစံရှိတယ်၊ တောင်နဲ့မြောက်ကတော့ ချောက်ထဲပဲ တောင်စောင်းကြီး အောက်ထဲ မှာက ချောင်းရှိတယ်ပေါ့နော်၊ မြို့ရဲ့ မြောက်နဲ့တောင်ဖက်ကို ပြေးကြတာများတယ်၊ ကျွန်တော်တို့ရဲ့ မြို့ရဲ့ အနောက်ဖက်မှာ ၄၀၀၀၊ ၅၀၀၀ လောက်ရှိတယ်၊ ၆၀၀၀ လောက်က ကျွန်တော်တို့ဖက်မှာ ရှိသလောက်ပေါ့နော် မြို့တောင်ပိုင်းကို…
မာဂရက် – စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့တွင် တိုက်ပွဲများတကျော့ပြန်ပြင်းထန်လာမည်ကို စိုးရိမ်ကြသည့်အတွက် မင်းတပ်မြို့ပေါ်ရှိပြည်သူလူထုအားလုံးနီးပါးသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကူညီထောက်ပံ့ မှုများလိုအပ်လျှက်ရှိကြောင်း သိရသည်။ “၁၅ ရက်နေ့မှာ မြို့လေးကို လက်နက်ကြီးနဲ့ အချက် ၆၀ ကျော် စစ်ကောင်စီကလှမ်းပစ်တယ် ရ ဟတ်ယာဉ်ပေါ်ကေ နပစ်တယ်ဆိုုတဲ့အခြေအနေက ဘယ်သူမှ ထိတ်မလန့်တဲ့သူမရှိတော့ဘူးလေ၊ ဒါကြောင့် မင်းတပ်မြို့နဲ့ခပ်လှမ်းလှမ်းမှာ ချောင်းထဲမှာ၊ ချောက်ထဲမှာအဲ့လိုမျိုး ရှောင်ပြေးတာတွေများ သွားပြီ၊ မြို့ထဲမှာတော့ တချို့သက်ကြီးသူတွေ၊ ကလေးငယ် တွေပဲရှိတယ် မပြေးနိုင်တဲ့သူတွေ၊ မပြေး ချင်တဲ့ သူတွေ၊ မပြေးဖို့ ဆုံးဖြတ်တဲ့သူတွေ အဲ့လိုမျိုးသူတွွေ ပဲကျန်တော့တယ်၊ ကျန်တဲ့သူတော်တော် များကေ တာ့ အကုန်လုံးကတော့ တောထဲ၊ချောက်ထဲမှာပြေးဝင်ကြပြီဆိုတော့ မြို့ရဲ့ ၈၀/ ၉၀ ရာခိုင် နှုန်း လောက်က ပြေးတယ်’’ ဟု မင်းတပ်စစ်ဘေးရှောင် ကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ မင်းတပ်မြို့မှ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူများပိုတိုးလာသည့်အတွက်ကြောင့် စစ်ဘေးရှောင်ပြည်သူ လူဦးရေ ၄၀၀-၅၀၀ ခန့်နေထိုင်နိုင်မည့် စခန်း (IDP Camp) (၄) ခုနှင့် အခြားကျေးရွာများတွင်လည်း (IDP Camp) (၁၀) ခု ခန့်ဖွင့်လှစ်ထားကာ လူဦးရေအားဖြင့် ၁၀၀၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အမိုး အကာများ အရေးပေါ်လိုအပ်နေကြောင်း၎င်းကဆက်ပြောသည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။ သို့သော်လည်း…
By လားနွန် – အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲအစည်းအဝေးသို့ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီတက်ရောက်မည်မဟုတ်ကြောင်း သိရသည်။ CNLD ပါတီအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းပီပီ က “သွားရေးလာရေး လုံခြုံရေးကအစ အခက်အခဲ ဖြစ်နေလို့ မတက်ရောက်ပါ” ဟုပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မေလ ၂၁ ရက်နေ့တွင် နိုင်ငံရေးပါတီအသီးသီးတို့နှင့် တွေဆုံညှိုနှိုင်းစည်း ဝေးပွဲပြုလုပ်ရန် မေလ ၁၀ ရက်နေ့ကတည်းက နိ်ုင်ငံရေးပါတီအသီးသီးထံ ဖိတ်ကြားခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း နိုင်ငံရေးပါတီအချိူ့နှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီးဖြစ်ကာ ချင်းနိုင်ငံရေးပါတီထဲမှ ZNRDP တစ်ပါတီသာလျှင်တက်ရောက်ခဲ့သည်။ အဆိုပါပထမအကြိမ်တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီ (၉၁) ရှိသည့်အနက် (၅၃) ပါတီတက်ရောက်ခဲ့ကြပြီး အခြား (၃၈) ပါတီတို့မှာ မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။
By လားနွန် – အလွယ်တကူငွေကြေးလွှဲပြောင်းထုတ်ယူနိုင်သည့် ဝန်ဆောင်မှုဖြစ်သော အများပြည်သူများသုံး Kpay နှင့် wave money များမှတဆင့် ယခုရက်ပိုင်းအတွင်း ငွေသွင်းငွေထုတ်ခြင်းများပြုလုပ်ရာတွင် ကိုယ်စားလှယ်များမှ အစမတန် ဈေးတင်ပြီးတောင်းခံနေသည့်အတွက်ကြောင့် ငွေထုတ်ငွေလွှဲသူများအတွက် အခက်အခဲဖြစ်နေကြ ကြောင်း စုံစမ်းသိရှိရသည်။ နိ်ုင်ငံတော်ကိုအာဏာကို စစ်ကောင်စီကမသိမ်းယူခင်က အဆိုပါငွေကြေးဝန်ဆောင်မှုပြုလုပ်နေကြသော ကိုယ်စားလှယ်များသည် ငွေလွှဲငွေထုတ်ပြုလုပ်သူများထံ ၎င်းတို့၏သတ်မှတ်ချက်နှုန်းထားအတိုင်း လုပ်ဆောင်ခဲ့ကြသော်လည်း ပုဂ္ဂလိဘဏ်များဖွင့်လှစ်ခြင်းမရှိသည့်နောက်ပိုင်း မြန်မာကျပ်ငွေများထုတ်ယူမှုအခက်အခဲဖြစ်လာခြင်းကို အခွင့်ကောင်းယူကာ အစမတန်ဈေးတင်ခြင်းလုပ်ဆောင်လာကြခြင်းဖြစ်သည်။ “ကျနော်တို့ kpay ဆိုတာ အကောင့်အချင်းချင်းလွှဲရင် လွှဲခမရှိဘူး ငွေသားရှိတဲ့သူက ငွေသားယူတယ် emoney လိုတဲ့သူ သူ့အကောင့်ထဲထည့်ပေးယုံပဲ နောက် Wave money ဆိုလည်း အကောင့်ဖွင့်ထားရင် ကိုယ်စားလှယ်ကနေတဆင့် မည်သူမဆို လာလွှဲရင် ကျနော် wave အကောင့်ဖွင့်ထားတဲ့အတွက် လွှဲခမလိုပါဘူး နောက် အကောင့်အချင်းချင်းလွှဲရင်လည်းလွှဲခမလိုဘူး ကိုယ်စားလှယ်ကနေအကောင့်မရှိတဲ့သူကိုလွှဲမှပဲ လွှဲခရှိတယ် အဲဒါလည်းwave money ကနေ သတ်မှတ်ချက်ရှိတယ် ဘာအခက်အခဲမှမရှိဘူးလွယ်တယ် အခုတော့ kpay၊ wave money ကိုယ်စားလှယ်လုပ်တဲ့သူတွေဆီကနေသွားလွှဲရင် ၁ သိန်းမှာ ၁ သောင်းယူတော့ ဘယ်လိုမှအဆင်မပြေတော့ဘူး ၁ဝရာခိုင်းနှုန်းဆိုတော့ ဒါက အများပြည်သူခက်ခဲနေတဲ့အချိန် အမြတ်ထုတ်တဲ့လောဘတခုပါ အခု wave Money ဆိုရင် ပိုဆိုးလာတာက ထုတ်တာလည်း ထုတ်ခတောင်းတယ် လွှဲရင်လည်းလွှဲခ အဲလိုဖြစ်နေတာ” ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြောသည်။ အမှန်တကယ်တွင် Kpay ဖြင့်ငွေလွှဲမည်ဆိုပါက Kpay သတ်မှတ်ချက်အရ ၁ သိန်းတွင် ၁၄၀၀ ကျပ်သာပေးရပြီး wave money ဖြင့်ငွေလွှဲရာတွင်လည်း…
Benezer – ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဟားခါးမြို့တို့တွင် ယခုရက်ပိုင်းအတွင် CDF အဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ အယောက် ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မင်းတပ်မြို့နှင့် မတူပီမြို့ကြား မိုင်တိုင် ၄၀ – ၅၀ ကြားတွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ တပ်ကြပ်တစ်ဦးအပါအဝင် စစ်သား (၃) ဦးသေဆုံးခဲ့ပြီး CDF ဘက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။ “ဖြစ်တာက နေ့လည်ပိုင်းဖြစ်တာပါ၊ သူတို့က လမ်းမှာလာတာကို ဖျက်တိုက်ရင်းနဲ့ ကြာသွားတယ်၊ စစ်ကောင်စီဘက်က ၃ ယောက်ကျတယ်၊ CDF ဘက်က တစ်ယောက်မှ မထိဘူး၊ သူတို့က မတူပီကနေ မင်းတပ်ဘက်ကို အင်အားလာဖြည့်တဲ့သူတွေပါ၊ ဒီနေ့မနက်ပိုင်းတော့ ဘာမှမသိရသေး”ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့ပြင် CDF-Hakha နှင့် စစ်ကောင်စီတပ်များ မေလ ၁၈ရက်နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးဒဏ်ရာရှိကာ CDF ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။ CDF-Hakha နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများမှာ မေလ ၁၈ ရက်နေ့တွင် ဟားခါးတက္ကသိုလ်အနီးရှိလုံခြုံရေးဂိတ်၊ ဟားခါးသာရ် ၆လမ်းစုံ နှင့် ဟားခါး-ဂန့်ဂေါလမ်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ဟားခါး-မတူပီးလမ်းကြား နယ်မြေရှင်းလင်းရေးလုပ်သည့်…
မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် ဖမ်းဆီးခံရသော လူငယ် (၅) ဦးကို မေလ ၁၉ ရက်နေ့ ယနေ့ မနက် ၁၁ နာရီအချိန်က ရုံးထုတ်ခဲ့သော်လည်း တရားလိုဖက်မှ ရောက်မလာသောကြောင့် မေလ ၂၇ ရက်နေ့ တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပြောင်းရွှေ့သည်ဟု သိရသည်။ “သူတို့က ခနလေးပဲထုတ်ပြီးမှ ဒီအတိုင်းပြန်လှည့်သွားကြတယ်၊ ဘာမှမစစ်လိုက်ရဘူး၊ အဲ့ဒီ တရား လိုဖက်လို့ပြောရမလား တိုင်တဲ့သူတွေ စစ်သားတွေ မလာကြဘူး သူတို့ ကြားထဲရက်ထဲပြန်ရွှေ့ကြ တယ်၊ ၁၁ ခွဲလောက်ထင်တယ်ရုံးထုတ်တာ ခနလေးပဲ” ဟု မြို့ခံတစ်ဦးကပြောသည်။ အဆိုပါအဖမ်းခံရသူ (၅) ဦးသည် ဖမ်းဆီးခံရသည့်အချိန်မှစပြီး ရုံးချိန်းရက်တိုင်းတွင်လည်း မိသား စုနှင့် တွေ့ခွင်၊့ စကားပြောဆိုခွင့်ရရှိကြပေမယ့် မေလ ၁၇ ရက်နေ့မှစပြီး ၎င်းတို့အတွက် ပို့ပေးသော ပစ္စည်းများကို စစ်ဆေးရေး ဂိတ်မှတဆင့်ပေးပို့ကြရပြီး ကိုယ်တိုင်တွေ့ခွင့်မရသလို စကားပြောခွင့် လည်း မရတော့ကြောင်း အရင်ကထက် ပိုပြီးတင်းကြပ်သွားကြောင်းမိသားစုဝင်တစ်ဦးကပြောသည်။ အဖမ်းခံရသူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံတယရှိသဖြင့် ရဲနှင့်စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်ရုံး ထုတ်ခြင်းသည် (၄) ကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။
