By လားနွန် – ချင်းပြည်နယ်၊ မတူပီခရိုင်ရုံး၊ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်မည့်မြေနေရာကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် တတိယအကြိမ်ဆန္ဒဖော်ထုတ်မှုကို မတူပီမြို့ရှိ ကျောင်းသားဖွဲ့အစည်းနှင့် ဒေသခံလူငယ်များက ဦးဆောင်၍ ယနေ့မနက် (၁၀) က ပြုလုပ်ခဲ့ကြသည်။ မတူပီခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဒေသခံပြည်သူများတောင်းဆိုသည့် မြို့တွင်း စည်ပင်ဧရိယာအတွင်း မတည်ဆောက်ဘဲ မြို့နှင့် ၉ မိုင်ခန့်အကွာ ဖနိုင်-ငလိုင်ကျေးရွာဘက်တွင် တည်ဆောက်ရန် အစိုးရက အတည်ပြုလိုက်သည့်အတွက် ယင်းကိစ္စကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် ဆလိုင်းဗျက်ထန်းလျန်ကပြောသည်။ “အဓိကတော့ ခရိုင်ရုံးအုပ်ချုပ်ရေးမှူးရုံးမြေနေရာကို ဘယ်လိုနေနေ ကျွန်တော်တို့ မတူပီမြို့မှာရရှိတဲ့အတွက် မတူပီမြို့စည်ပင်နယ်နိမိတ်အတွင်းမှာတည်ဆောက်ပြီးရန် သတ်မှတ်ပေးရန်အတွက် ကျွန်တော်တို့တောင်းဆိုတာဖြစ်တယ် ကျွန်တော်တို့ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘယ်လိုနေနေ ဒီခရိုင်ရုံးကို မတူပီခွဲတန်းအနေနှင့် ရရှိထားတာဖြစ်တဲ့အတွက် မတူပီမြို့ စည်ပင်ဧရိယာဝန်းထဲကိုတည်ဆောက်ပြီးရင် ကျွန်တော်တို့ ကျေနပ်ပြီ အဲအတွက် မြေနေရာတွေအများကြီးရှိခဲ့တယ် လျာထားခဲ့တယ် လက်ရှိထွေအုပ်ရုံးမှာလည်း မြေနေရာတွေအများကြီးရှိတယ် ဒီနေရာတွေလည်း ပူးတွဲဆောက်စေချင်တယ်” ဟု ဆလိုင်းဗျက်ထန်းလျန် ကပြောသည်။ မတူပီခရိုင်ရုံးတည်ဆောက်မည့် မြေနေရာနှင့်ပတ်သက်၍ ယခင်ကလည်း မတူပီမြို့မိမြိုဖများက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း ထူးခြားမှုရှိမလာသည့်အတွက် ယနေ့တွင် တတိယအကြိမ်ဆန္ဒဖော်ထုတ်မှုကို ကျောင်းသားလူငယ်များက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ ဒေသခံပြည်သူများ၏ သဘောဆန္ဒကို အလေးမထားဘဲ ခရိုင်ရုံးကို အစိုးရစီစဉ်သည့်နေရာတွင် ဆက်လက်တည် ဆောက်မည်ဆိုပါက မတူလူမျိုးများနေထိုင်ရာအရပ်ရပ်၌ ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမည်ဟု ဆလိုင်းဗျက်ထန်းလျ န်ကပြောသည်။ “ကျနော်တို့ သူတို့ အဲဒီဖက်မှာက အတင်းလုပ်နေမယ်ဆိုရင် ရန်ကုန်မြို့ကြီးအပြင် ကျနော်တို့မတူလူမျိုးတွေနေထိုင်တဲ့ နိုင်ငံအရပ်ရပ် အတိုင်းတိုင်းမှာ ကျနော်တို့ ဒီအခုလိုဆန္ဒပြပွဲတွေကို အားလုံးကျင်းပခိုင်းဖို့လုပ်ဆောင်သွားမှာဖြစ်တယ်၊…
Author: Editor
By လားနွန် – ကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ရှိ ကျောင်းပေါင်း (၁၀၀) ကျော်တွင် ကျောင်းဆရာ/ဆရာမ တစ်ယောက်မှမရှိသည့်အတွက် ကျောင်းဖွင့်ရန် အခက်အခဲဖြစ်နေသည်ဟု သိရသည်။ ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/ဆရာမ တစ်ယောက်မှမရှိ သည့် ကျောင်းပေါင်း (၁၁၈) ကျောင်းရှိပြီး ဆရာ/ဆရာမ တစ်ယောက်စီသာရှိသည့် ကျောင်း (၉၄) ကျောင်းရှိသည့်အတွက် စုစုပေါင်း ကျောင်း ၂၁၂ ကျောင်းသည် ဆက်ဖွင့်ရန် အခက်အခဲဖြစ်နေသည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ “ကျွန်တော်တို့ချင်းက သွားရေးလာရေးခက်ခဲတဲ့အတွက်ကြောင့် ချင်းပြည်နယ်မှာတစ် နှစ်နေရင် ပြောင်းခွင့်ပေးထားတယ် တစ်နှစ်နေရင် သူ့ကိုထောက်ခံပြီးတော့ ပြောင်းရွေ့ခွင့်ပေးထားတော့ ပြည်မကနေလာတဲ့ ဆရာ၊မ အားလုံးကတစ်နှစ်နေပြီးတာနဲ့ ပြောင်းရွေ့ခွင့်တင်တယ် နောက်တစ်ခုက ပလက်ဝလည်း လက်ရှိကနယ်မြေလည်းမငြိမ်းချမ်းဘူးလေ ဘယ်သူမှလည်းမနေချင်ဘူး နယ်မြေမငြိမ်းချမ်းတဲ့အတွက်လည်းမနေချင်ဘူး ခက်ခဲကြမ်းတမ်းတဲ့ဒေသတွေဖြစ်တဲ့အတွက် ဆရာ၊မတွေကိုလည်း ချင်းတောင်မှာတစ်နှစ်နေလို့ရှိရင်ပြောင်းခွင့်ပေးထားတယ် အခုပြောင်းတဲ့နေရာမှာ မူလတန်းကျောင်း ဆရာ၊မ ၂ ရာကျော်ပြောင်းတာမှာ ဆယ်ယောက်လောက်ပဲပြန်ဝင်တယ် နောက်တစ်ခုက အလယ်တန်းကျောင်းဆိုရင် ၄၂ ယောက်ပြောင်းသွားတယ် ၂၃ ယောက်ပဲပြန်ဝင်တယ် အထက်တန်းကျတော့ တစ်ယောက်ထွက်သွားတယ် ၂ ယောက်ပြန်ဝင်တယ် အဲလိုဖြစ်တော့ လူလိုအပ်ချက်က နှစ်ရာကျော်လောက်က လိုအပ်ချက်တွေဖြစ်ကုန်တာပေါ့” ဟု စည်ပင်ဝန်ကြီးကပြောသည်။ ကျောင်းဆရာ/ဆရာမ မလုံလောက်သည့်အပေါ် ချင်းပြည်နယ်အစိုးရက နေ့စားလပေးဝန်ထမ်းများခန့်အပ်ရန်၊ ပြည်မဘက်မှ ဆရာ/ဆရာမများကို မက်လုံးပေး၍ ခေါ်ယူရန်နှင့် ရှိပြီးသား ဆရာ/ဆရာမများကို မျှပြီးခွဲပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ဦးစိုးထက်က ဆက်ပြောသည်။ “ကျွန်တော်တို့ချင်းပြည်နယ်အစိုးရအနေနဲ့ကတော့ ဆရာ၊မ နည်းနည်းစုံနေတဲ့နေရာတွေကို ကျွန်တော်တို့မျြှ ပီးတော့ တာဝန်ထမ်းဆောင်နိုင်အောင်…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာသား (၅၂) ဦးကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ကနေ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဇွန်လ (၃) ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂) ရက်နေ့က အေအေတပ်ဖွဲ့ဝင်တွေဟာ ကင်းတလင်းရွာကို သွားရောက်ပြီး ရွာသားတွေကို ဘုရားကျောင်းမှာ လူစုခိုင်းပြီးတော့ မြန်မာ့တပ်မတော်ကနေ ဗုံးကျဲတိုက်ခိုက်မယ့်အတွက် ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ သူတို့နောက်လိုက်ဖို့ ပြောဆိုပြီး ရွာသားတွေက ငြင်းဆန်ကြပေမယ့် အတင်းအဓမ္မနဲ့ခေါ်ဆောင်သွားတာလို့ (အေအေ) လက်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကင်းတလင်းရွာသားတစ်ဦးရဲ့ပြောစကားကို ကိုးကားပြီး CHRO က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကင်းတလင်းရွာသားတွေကို (အေအေ) တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလား၊ သူတို့ကို ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားလဲ၊ရွာသားတွေရဲ့ အခြေအနေကဘယ်လိုရှိပါလဲ ဒီကိစ္စနဲ့ပတ်သက်ပြီး အေအေတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းဌာနမှ ခုလိုဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ကင်းတလင်းရွာသား (၅၂) ဦးကို သူတို့ရဲ့ စိတ်ဆန္ဒမပါဘဲ အေအေတပ်ဖွဲ့က နယ်စပ်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလား? ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးခိုင်သုခ ဘာများပြောချင်လဲ? ဖြေ – အဲဒီကိစ္စက ဒီလိုဗျ ခင်ဗျားသိအောင်ကျနော်ရှင်းပြမယ်ဆိုရင် လွန်ခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာ ကင်းတလင်းရွာအပါအ၀င်ပေါ့ဗျာ အဲဒီအနီးအနားက ခမောင်းဝတို့ ရွာနှစ်ရွာလောက်ရှိသေးတယ် နာမည်မေ့နေလို့ အဲဒီရွာတွေကို ဗမာစစ်တပ်ရဲ့ထရွန်အိုင်ဗျုဟာကနေ လက်နက်ကြီးတွေနှင့် လှမ်းပစ်တယ် ၁၂၀ တွေနဲ့လှမ်းပစ်တာ ဆိုတော့ အဲဒီမှာရွာသားတွေက ရွာထဲမှာနေလို့မရတော့ဘူး သူတို့က အဲဒီရွာဘေးကတောင်တွေမှာနေတော့ ပုန်းခိုပြီးတော့နေကြတယ် တစ်ပတ်လောက်တောင်ရှိနေပြီ ဆိုတော့အဲဒီမှာ ဒီလိုဒေသခံတွေက တရွန်အိုင်ဘက်ကိုလည်းဆင်းလို့မရဘူး ပလက်ဝဘက်ကိုလည်းဆင်းလို့မရဘူး လမ်းမှာဗမာစစ်တပ်တွေကလည်းအများကြီး…
By လားနွန် – ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃) ဦးလျှင် တစ်ဦးမှာ သွေးအားနည်းရောဂါ ခံစားနေရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံး မှုအခြေအနေလေ့လာရေး စစ်တမ်းကနေဦးရလဒ်များအစီရင်ခံစာအရ သိရသည်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း လိုအပ်သည့် သံဓာတ်ပါဝင်သော အသားဓာတ်များလုံလုံလောက်ေ လာက်မရရှိခြင်းကြောင့် ချင်းပြည်နယ်အတွင်းရှိ မိခင်များသည် ယခုကဲ့သို့ သွေးအားနည်းရောဂါကို ခံစားနေကြရခြင်းဖြစ်သည်ဟု အာဟာရမြှင့်တင်ရေး အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက် (SUN CSA Myanmar) ဥက္ကဌ ဦးအောင်မြတ်ကျော်ကပြောသည်။ “အများစုကတော့ ကိုယ်ဝန်ဆောင်တဲ့ချိန်မှာ လိုအပ်တဲ့ သံဓာတ်ပါတဲ့အသားတွေမရတာပဲ မရတာကတော့ တခါတလေကျတော့လည်း ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရမစားကြတာရှိတယ်လေ ရှောင်တာပေါ့ တစ်ချို့ကြတော့လည်း စားဖို့သိပေမယ့် အဲဒီအစားသောက်ကိုလက်လှမ်းမမှီဘူး အကြောင်းအမျိုးမျိုးကြောင့် ငွေရေးကြေးအရသော်လည်းကောင်း အစားအသောက်ရှားပါးခြင်းကြောင့်သော်လည်းကောင်း အဲလိုမျိုးလက်လှမ်းမမှီတာပေါ့ လက်တစ်ကမ်းကွာမှာရှိတော့ မစားဖြစ်ဘူး ဒါတွေကြောင့်ဖြစ်တယ်” ဟု SUN CSA Myanmar ဥက္ကဌ ဦးအောင်မြတ်ကျော်ကပြောသည်။ ချင်းပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များသည် သံဓာတ်ချို့ယွင်းမှုကြောင့် Hemoglobin ခေါ် သွေးနီဥထုတ်လုပ်မှု ကျဆင်းကာ သွေးနီဥအားနည်းခြင်းကြောင့် သွေးအားနည်းမှုဖြစ်ပေါ်စေ၍ ကိုယ်ဝန်ဆောင်မိခင်များသည် မီးပွားချိန်တွင် အားမစိုက်နိုင်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ မီးဖွားချိန်ကြာမြင့်ခြင်းကြောင့် မိခင်နှင့် ကလေးသေဆုံးမှု ဖြစ်ပေါ်စေသည်ဟု ဦးအောင်မြတ်ကျော်ကပြောသည်။ မြန်မာနိုင်ငံအဏု အာဟာရနှင့် အစာစားသုံး မှုအခြေအနေလေ့လာရေး စစ်တမ်းကနေဦးရလဒ်များအစီရင်ခံစာသည် ၂၀၁၈ ခုနှစ်အတွင်း လေ့လာဆန်းစစ်သည့် စစ်တမ်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် ကျန်းမာရေးဆိုင်ရာစီမံကိန်းများဆောင်ရွက်နေသော Karuna Mission Social Solidarity (KMSS) ဟားခါးရုံးမှ…
By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထရွန်အိုင်ကျေးရွာအုပ်စုခွဲတမ်းအတွက် ကုလားတန်မြစ်ကျောင်းအတိုင်း ဆန်အိတ် (၁၅၀) ကျော်နှင့် စားသုံးကုန်ပစ္စည်များတင်ဆောင်လာသည့် ခရီးသည်တင်စက်လှေတစ်စီးကို ပြီးခဲ့သည့် ဇွန်လ (၃) ရက်နေ့က ရခိုင်လက်နက်ကိုင် (အေအေ) တပ်ဖွဲ့က ရပ်တန့်စေပြီး သိမ်းယူသွားသည်ဟု သိရသည်။ ကျောင်းဆရာ/ဆရာမများ၊ ဓမ္မအမှုဆောင်များအပါအ၀င် ခရီးသည် (၁၉) နှင့် အုပ်စုခွဲတမ်းဆန်များ တင်ဆောင်လာသည့် အဆိုပါစက်လှေသည် ပလက်ဝမြို့မှ ကုလားတန်မြစ်ကျောင်းအတိုင်း တက်သွားပြီး တောင်ပြို နှင့် ကျေးလေ ကျေးရွာအနီးတွင် အေအေ တပ်ဖွဲ့က သေနတ် သုံးချက်ပစ်ဖေါက်ရပ်တန့်စေကာ စက်လှေပေါ် ပါလာသော ဆန်အိတ်နှင့် စားသုံးကုန်များကို သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု အဆိုပါစက်လှေတွင်ပါလာသူ ဦးနိုင်နိုင်ကပြောသည်။ “ကျွန်တော်တို့က ပလက်ဝတောင်ပြိုလမ်းသွားတာလေ အဲဒါကို ကျေးလေမရောက်ခင်အနီးမှာ သူတို့ သေနတ်သုံးချက်ပစ်ပြီးမှာ တားတာလေ အဲဒီမှ ကျနော်တို့က ဆိပ်ကမ်းဘက်မှာသွားကပ်တာပေါ့နော် အဲလိုနားတဲ့အချိန်မှာ ပစ္စည်းတွေအားလုံးထုတ်ခိုင်းတာ အဲဒါပြီးရင် ဟိုဘက်ဒီဘက်လာတဲ့စက်လှေတွေ အဲဒီမှာနားခိုင်းတယ် အထုတ်အပိုးတွေအားလုံးကို တောင်ပေါ်မှာတင်ခိုင်းတယ် ဆန်အိတ်တွေနဲ့ ပစ္စည်းတွေက သူတို့လည်းသယ်တယ် ကျွန်တော်တို့လည်းသယ်တယ် သူတို့ကနည်းနည်းသယ်တယ် ပြည်သူလူထုတွေကများများသယ်ရတာပေါ့နော် သူတို့မလိုတဲ့ဟာတွေကျတော့ ပိုင်ရှင်ကိုပြန်ပေးတာပေါ့ မုန့်တွေဘာတွေတော့မယူဘူး တောင်ပေါ်ကနေပြန်ချပြီး စက်လှေထဲပြန်ထည့်ပေးတယ် သူတို့ကဆီတွေတော့သိပ်မလိုဘူး သူတို့လိုတာက ဆန်ရယ် ဆားရယ် ငါးပိရယ် ကော်ဖီမစ်တွေရယ် ဆီတော့နည်းနည်းပါးပါးယူတယ်၊ ဆန်အိတ်ဆိုရင်အားလုံးယူပေါ့ သူတို့က ဆန်တွေ ဆီတွေ အရက်တွေ ဘီယာတွေ ငါးပိတွေ ဆားတွေယူတယ် မုန့်တွေတော့မယူဘူး မနေ့ကဖြစ်တာတော့မလွယ်ဘူးနော်၊ ခြိမ်းခြောက်တာတွေတော့မလုပ်ဘူး ” ဟု ဦးနိုင်နိုင်က ခိုနူမ်းသုန်ကိုပြောသည်။ အဆိုပါ စက်လှေပေါ်တွင်…
By လားနွန် – ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာသား (၅၂) ဦးသည် ယနေ့ချိန်ထိ မိသားစုဝင်များနှင့်အဆက်အသွယ်မရရှိသည့်အတွက် စိုးရိမ်ပူပန်နေကြပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) ကတောင်းဆိုသည်။ (အေအေ) တပ်ဖွဲ့အနေဖြင့် အဆိုပါရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ (၄) လကျော်ကြာမြင့်နေပြီဖြစ်ပြီး ၎င်းတို့ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးသင့်သည်ဟု ချင်းလူ့အခွင့်အရေးဖွဲ့မှ Field Director ကိုတေရ (Terah) ကပြောသည်။ “သူတို့ကို ဖမ်းဆီးခေါ်ဆေင်သွားတာ အခုဆိုရင် (၄) လကျော်နေပြီ သူတို့ကအပြစ်မဲ့ပြည်သူတွေပါ ဘာဖြစ်လို့ အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီး အဲလိုလုပ်သလဲ၊ အဲဒီအခုဖမ်းတဲ့အထဲမှာ ကျောင်းနေကလေးတွေက (၁၇) ယောက်ရှိတယ် သူတို့အတွက်လည်း အခုကျောင်းဖွင့်နေပြီ သူတို့အဲလိုကျောင်းမတက်နိုင်ဘူး သူတို့ဖမ်းထားလို့ရှိရင် ကလေးတွေရဲ့အနာဂတ်ကိုလည်းပဲ သူတို့ဖျက်ဆီးရာရောက်တယ် ဖြစ်နိုင်ရင်တော့ ချက်ခြင်းခြွင်းချက်မရှိလွှတ်ပေးဖို့ ကျနော်တို့အနေနဲ့တောင်းဆိုပါတယ်’’ ဟု ကိုတေရကပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂) ရက်နေ့က အေအေတပ်ဖွဲ့များသည် ကင်းတလင်းရွာသို့ ရောက်လာကြပြီး ရွာသားများအား ဘုရားကျောင်းတွင်လူစုခိုင်းကာ မြန်မာ့တပ်မတော်မှ ဗုံးကျဲတိုက်ခိုက်မည့်အတွက် ၎င်းတို့နောက်သို့ လိုက်ရန်ပြောဆိုပြီး ရွာသားများက ငြင်းဆန်ကြသော်လည်း ဆယ်အိမ်မှူးကို ထိုးကြိတ်ရိုက်နှက်ကာ ရွာသား (၅၄) ဦး ဘင်္ဂလားဒေရှ့် နယ်စပ်ဘက်သို့ ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု CHRO ကဆိုသည်။ မိသားစုဝင် (၆) ဦးနှင့် ခွဲခွာနေရသူ ကင်းတလင်းကျေးရွာ မူလတန်းကျောင်းမှ အထွေထွေလုပ်သား ဦးကံအောင်က “ကျွန်တော့် မိန်းမနှင့်သမီး (၆) ယောက်လည်း သူတို့ဖမ်းတဲ့ထဲမှာပါတယ်၊ AA အဖွဲ့လာဖမ်းတဲ့အခါမှာ ကျွန်တော်က အလုပ်ကိစ္စနဲ့ခရီးသွားတဲ့အခါမှာဖြစ်တယ်ဆိုတော့…
By လားနွန် – ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၏ အမျိုးသားအာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ငါးနှစ်စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရာမှာ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆောင်ရွက်မည့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှုလိုအပ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီးကပြောသည်။ “ကျွန်တော်တို့နိုင်ငံအစိုးရအနေနဲ့လည်း အာဟာရမြှင့်တင်ရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်ရန် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဖွံ့ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရာမှာ ချင်းပြည်နယ်ကို ဦးစားပေး ပြည်နယ်အဖြစ်သတ်မှတ်၍ အကောင်ထည်သွားဖို့ဖြစ်ပါတယ် စီမံကိန်းအကောင်ထည်ဖော်ရန်မှာလည်း အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ပေးမှုဟာ တိုက်တွန်းအားပေးလိုပါတယ် စီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်ပေးမယ့် သက်ဆိုင်ရာဌာနအသီးသီးကိုလည်းပဲ အရပ်ဖက်အဖွဲ့အစည်းများနဲ့တကွ ပူးပေါင်းကူညီဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါတယ်” ဟု လူမှုဝန်ကြီး ဦးပေါ်လွင်မင်းထန်ကပြောသည်။ ချင်းပြည်နယ်အတွင်း အာဟာရချို့တဲ့မှု လျော့ချရန်အတွက် Scaling Up Nutrition Civil Society Alliance in Myanmar ( SUN CSA Myanmar) အာဟာရမြှင့်တင်ရေး အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်မှ ဟားခါးမြို့ မြို့တော်ခန်းမတွင် မေလ ၂၉ ရက်န့က ကျေင်းပသည့် အခမ်းအနား၌ ဝန်ကြီးကတိုက်တွန်းပြောကြားခြင်းဖြစ်သည်။ ၎င်းအသိပေးဆွေးနွေးပွဲ SUN CSA Myanmar မှပြုလုပ်ခြင်းသည် ချင်းပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသားအဟာရဖွံ့ဖြိုးမှုစီမံကိန်းဆိုသည့် အဓိပ္ပာယ်ကဘာလဲဆိုတာနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ တစ်သံတည်းထွက်ရန် ဒေသအတွင်းအာဟာရမြှင့်တင်ကွန်ယက်ဖွင့်ရန်ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း SUN CSA Myanmar ၏ ဥက္ကဌ ဦးအောင်မြတ်ကျော်ပြောသည်။ “အဓိကတော့ ကျွန်တော်တို့ ကဏ္ဍပေါင်းစုံအမျိုးသားစီမံကိန်းဆိုတာရှိတယ် ပြီးခဲ့တဲ့ နိုဝင်ဘာလကနေအစိုးရကနေ ထုတ်ပြန်ထားတယ် ထုတ်ပြန်ထားတဲ့အခါကြတော့ အဲဒီထဲမှာ ဦးစားပေး ပြည်နယ်နဲ့ တိုင်းခုနှစ်ခုပါလာတယ် အဲထဲမှာ ချင်းပြည်နယ်က ဦးစားပေးပြည်နယ်တစ်ခုအနေနဲ့ပါလာတယ် တိုင်းမှာဆိုရင်သိသာတာက ဧရာဝတီတိုင်းပါလာတယ် ပြည်ထောင်စုအဆင့်မှာက ပြည်နယ်နဲ့တိုင်းမှာ…
By မိုးကျော် – လာမည့် ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်မည့် ချင်းသမိုင်း၊ ရိုးရာပစ္စည်းနှင့် ချင်းလူမျိုးများနဲ့သက်ဆိုင်သောအရာများထားရှိမည့် ချင်းသမိုင်းပြတိုက်ကြီးအား စတင်တည်ဆောက်နေပြီဟု သိရသည်။ ဖလမ်းမြို့အနီး လိုင်းလွန်ဂူဘေးတွင် တည်ရှိမည့် ချင်းသမိုင်းပြတိုက်ကြီးအား ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်နေ့တွင် အုတ်မြစ်ချအခမ်းအနားကိုပြုလုပ်ခဲ့ပြီး GCO (Global Chin (Falam) Organization) အဖွဲ့မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတွင်ကျင်းပမည့် ဒုတိယအကြိမ် ဖလမ်းမြို့ ဌာနေပြန်နှစ်တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။ ချင်းသမိုင်းပြတိုက်ကြီးတည်ဆောက်ရန် ကုန်ကျစရိတ်များကို GCO ဦးဆောင်မှုဖြင့် ကမ္ဘာတစ်ဝန်းရှိ ချင်းလူမျိုးများထံ အလှူငွေများကောက်ခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း GCO အဖွဲ့မှ EC အဖွဲ့ဝင် Pu Van Neih Cem က ပြောသည်။ “လောလောဆယ် ကုန်ကျစရိတ်ကို သိန်း (၃၀၀၀) ရာထားတယ်။ ဒါပေမယ့် သုံးထပ်တည်ဆောက်မယ်ဆိုရင် သိန်း (၅၀၀၀) လောက် လိုမှာဖြစ်တယ်။ အဲဒီလိုအပ်တဲ့ ငွေရေးကြေးရေးကို ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ ချင်းလူမျိုးထံ အလှူကောက်ခံကြတာဖြစ်တယ်” လို့ ပြောသည်။ GCO (Global Chin (Falam) Organization) ကို ၂၀၁၇ ခုနှစ် ဖလမ်းမြို့ဌာနေပြန်နှစ်တွင် စတင်ဖွဲ့စည်းပြီး ၎င်းအဖွဲ့က သိန်း (၅၀၀) မတည်ကာ ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်သည်။
By မိုးကျော် – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးနည်းပညာတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဌာန ကျောင်းသားကျောင်းသူများတို့မှ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရိရေကန်နှင့် သဘာဝပတ်ဝန်းကျင်အခြေအနေကို မေ ၃၀ ရက်နေ့က စူးစမ်းလေ့လာ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဓိကအားဖြင့် ရိရေကန်ရှိ ကန်ရေနှင့် ရေကန်ဘေးပတ်ဝန်းကျင် အခြေအနေများကို စူးစမ်းလေ့လာ သုတေသန ပြုလုပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စူးစမ်းလေ့လာသုတေသနပြုလုပ်ရာတွင် ရိရေကန် ကန်ရေ၏ Turbidity/ Transparency, EC, Temperature, PH, Nitrite, Phosphate, Chlorine, Alkalinity, Iron နှင့် Mini SASS (Biological) အခြေအနေများကို စူးစမ်းလေ့လာသုတေသနပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တာဝန်ခံ ဦးလာလ်ပက်လောမ်က ပြောသည်။ “အဓိက လာရောက်လေ့လာတာက water quality ပါ။ သူတို့ ဘာသာရပ်အတွက် ကွင်းဆင်းလေ့လာဖို့ ရောက်ရှိလာကြတာဖြစ်တယ်” လို့ ပြောသည်။ အဆိုပါ ရိရေကန် စူးစမ်းလေ့လာရေးအဖွဲ့သည် ကလေးနည်းပညာတက္ကသိုလ်၊ မြို့ပြ အင်ဂျင်နီယာဌာနမှ ကထိက ဒေါ်အေးဖီယားဗျက်ထဒိမ်း ဦးဆောင်မှုဖြင့် နည်းပြဆရာမ (၅) ဦး၊ ကျောင်းသားကျောင်းသူ (၂၉) ဦးတို့ ပါဝင်ကြောင်း သိရသည်။ ၄င်းအပြင် Field Trip စူးစမ်းလေ့လာမှုများကို ဌာနသို့ ဓာတ်ခွဲလေ့လာပြုစု၍ သုတေသန တွေ့ရှိချက်အဖြေများကို ဖော်ထုတ် သွားမည်ဖြစ်သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေယာဉ်ကွင်း၊ ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့ ရေပေးဝေရေး၊ လိုင်ဗားဆည်၊ ဖလမ်းမြို့လေယာဉ်ကွင်းနှင့် ရိရေကန်…
By လားနွန် – ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်း ၈ နာခွဲက စတင်ပြီး ၂ ရက်ကြာ ကျင်းပပြုလုပ်မည့် အဟာရမြင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြသည်။ မေလ ၃၀ ရက်နေ့ထိ ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲကို Scaling Up Nutrition Civil Society Alliance in Myanmar (အာဟာရမြှင့်တင်ရေး အရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်) မှ လာရောက်ပြုလုပ်ခြင်းဖြစ်ပြီး ချင်းပြည်နယ်အတွင်း ကလေးငယ်များ၏ အဟာရဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များကို အဓိက ဆွေးနွေးကြမည်ဖြစ်သည်။ ယနေ့စတင်ကျင်းပသော ဆွေးနွေးပွဲတွင် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါ်လွင်မင်းထန်နှင့် ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ တို့တက်ရောက်ကြပြီး ချင်းပြည်နယ် ကျန်းမာရေးအဖွဲ့၊ ချင်းပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းအသီးသီးတို့ပါဝင်ကြောင်းသိရသည်။ မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် ချင်းပြည်နယ်ရှိ အသက် (၅) နှစ်အောက် ကလေးငယ်များသည် ကာလတာရှည်အဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အရ ချင်းပြည်နယ်ရှိ ကလေးငယ်များသည် ကာလတာရှည်အဟာရချို့တဲ့ခြင်း (သို့မဟုတ်) အရပ်အမောင်းပုညှက်မှု ရာခိုင်နှုန်းသည် (၄၀ ဒသမ ၃) ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးဖြစ်သည်။
