ချင်းမျိုးနွယ်စုအရေအတွက်နှင့်ပတ်သက်သော တတိယအကြိမ်မြောက် ချင်းသမိုင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဇန်န၀ါရီလ ၉ ရက်နေ့က ကလေးမြို့ တာဟန်းရပ်ကွက် EBC ဘုရားကျောင်းတွင် ကျင်းပပြု လုပ်ခဲ့ကြသည်။ ယင်းဆွေးနွေး ပွဲကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ(CNACC) မှ ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ချင်းလူမျိုး ၅၃ မျိုးရှိ သည်ဟု ရေတွက်သတ်မှတ်မှု အပေါ် လေ့လာ ဆန်းစစ်ဆွေးနွေး ခဲ့ ကြခြင်းဖြစ်သည်ဟု အထောက်အကူပြုကော်မတီမှ တာဝန်ရှိသူ ဆလိုင်းပီပီကပြောသည်။
Author: Editor
အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) နယ်စပ်ကုန်သွားရေးစခန်းအခြေစိုက်ရာ ဇိုခွါထား မှ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်မြို့ သို့ ပြေးဆွဲနေသော ခရီးသည်တင် maxi cap ကားတစ်စီးသည်ကားသမားအိပ်ငိုက်မှုကြောင့် ပြီးခဲ့သည့် သောကြာနေ့ (ဇန်န၀ါရီ ၈ ရက်) မနက်ကမီတာ ၁၀၀ ခန့်ရှိသော ကျောက်ထဲထိုးကျသွားကာ မြန်မာနိုင်ငံသား ၃ ဦးအပါအ၀င် ခရီးသည် ၆ ဦး ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။
ချင်းပြည်နယ်အစိုးရက အိမ်မြေနေရာချထားမှုနှင့် ပါတ်သက်ပြီး ဟားခါးမြို့ ဒုက္ခသည်များ၏ ဆန္ဒဖေါ်ထုတ်မှုအပေါ် ပြည်နယ်အစိုးရမှ တစုံတရာ အရေးယူပေးမှု၊ တွေ့ ဆုံညှိနှိုင်းမှု မပြုလုပ်ပါက ဗဟိုအစိုးရအထိ စာရေးပေးပို့ မည်ဖြစ် ကြောင်း သိရသည်။
ဟားခါးမြို့  ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားမှု အစီအစဉ်အတွက် အစိုးရ၏ အိမ်ယာသစ်ဆောက်လုပ် ပေးမှုအပေါ် မကျေနပ်သဖြင့် ဒုက္ခသည် ထောင်နှင့်ချီပြီး ယနေ့ ဆန္ဒဖေါ်ထုတ် ကြသည်။
ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၈း၀၀ နာရီခန့်က ချင်းပြည်နယ်မတူပီမြို့နယ် စဘောင်းပီ ရွာ အစိုးရ အ ထက်တန်းကျောင်းဆောင် သစ် မီးလောင်မှုသည် မသမာ၊ မလိုမုန်းတီးသူ တချို့ရဲ့ ကြိုတင်ကြံ စည်မှု ဖြစ်မည် ဟု ဒေသ ခံတွေ က ပြော ဆိုနေကြသည်။ သိန်းပေါင်း ၃၀၀ တန် အဆိုပါ ကျောင်းဆောင်သစ်ကို ပြီးခဲ့တဲ့ နှစ်က စပြီး လက်ရှိ စဘောင်းပီရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ကန်ထရိုက်ဆွဲ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦး ပြီးစီးခါနီး ဆဲဆဲတွင် ယခုကဲ့သို့ မီးလောင်ပြာကျ သွားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသည့် အနက် ချင်းလူမျိုးများသည် ၅၃ မျိုးရှိသည်ဟု သတ်မှတ်ရေတွက် မှုသည် မှန်ကန်မှုမရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရင် ချင်းအမျိုးသား အထောက် အကူပြုကော်မတီ မှ ဒီဇင်ဘာ ၁၄ ရက်နေ့က ထောက်ပြပြောဆို လိုက်သည်။
By ဆလိုင်း ကစ်(ပ်) ခိုလျန် – အိမ် အပြန်လမ်း (၂၁) ရာစုနှစ် အတွင်းသို့ ချည်းနင်း ဝင်ရောက်လာသည့် ယနေ့အချိန် အခါတွင် နေအိမ် တွင် အလုပ် လုပ်ကာ အသက်ရှင် ရပ်တည် ကြသူ များ နေ့စဉ်နှင့် အမျှ တိုးပွား များ ပြားလာပြီး နေအိမ် မှ ငွေရှာ စားသူ မီလီယံနှင့်ချီ ရှိလာ ပြီဖြစ် သည်။ တနေ့ထက်တနေ့ ဈေးနှုန်း ချိုချို သာသာ ဖြင့် ရရှိ လာနိုင်ပြီဖြစ်သော Internet, PC, Apples, smartphones အစရှိ သည့် ထိရောက်မြန်ဆန် အားကောင်း သည့် အဆင့်မြင့် ဆက်သွယ်ရေး တက်နိုလိုဂျီ ကိရိယာများ သည် လူသားတို့ ၏ မူလ အစ ပထမ ကာလများ တွင် လူမှု ရေးဘဝ များ ၏ ဗဟိုပြုရာဖြစ်သည့် “နေအိမ်” များ ဆီသို့ ကျွန်ပ် တို့ အား ပြန်လည် တွန်းပို့ ခေါ်ဆောင်နေ ပြီဖြစ်သည်။ အစိတ်စိတ် ကွဲ သွားသော လူထု demassification နှင့် မတူကွဲပြားသော လူ့အဖွဲ့အစည်း diversified society တချိန်က အားကောင်းခဲ့သော စက်မှုခေတ် ဗဟိုဦးစီးစနစ် centralization နေရာတွင် လျော့နည်း သော ဗဟို ဦးစီးစနစ် decentralization…
သဘာဝဘေးဒါဏ်ကြောင့် ဒုက္ခရောက်နေကြသည့် ဟားခါးမြို့ နယ် ကျေးရွာ (၁၀)ခုရှိ အမျိုးသမီး ဦးဆောင် သော အိမ်ထောင်စုများကို ၄င်းတို့ ဘာဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက် ဆုံးပတ်မှ စပြီး စတင် ကူ ညီမည်ဖြစ် သည်။ ဟားခါးမြို့ နယ် သဘာဝ ဘေးသင့် ကျေးရွာ တချို့  စောလျင်စွာ ပြန်လည်ထူထောင်နိုင်ရေး အတွက် ၂၀၁၅ ခုနှစ် သြဂုတ်လမှ အကူအညီပေးခဲ့ သည့် အခြေအနေများ ကို မနေ့ က လေ့ လာကြည့်ရှု ရာ တွင် ဟားခါးမြို့  အခြေစိုက် UNDP ရဲ့  Livelihood and Social Cohesion အရာရှိ ဦး တင်ငြိမ်း က အခုလို ပြောဆိုခြင်း ဖြစ်သည်။
ဆလိုင်း ကစ်(ပ်) ခိုလျန် – နှစ်ပေါင်း ရာ ထောင်မက ရှည်ကြာခဲ့သည့် ရှေးလွန်လေပြီးသော ကာလ တွင် ကမ္ဘာတလွှားခြေဆန့် ခဲ့သည့် ရှေးဦး လူသားသည် ကျောက် ဂူ တို့ ကို မိမိတို့၏ သဘာဝ နေအိမ် များအဖြစ် အသုံးပြုခဲ့ကြ ရသည်။ နောက်ပိုင်းတွင် လူသားသည် စိုက်ပျိုးမှု နည်းပညာ ကိုတွေ့ ရှိ ခဲ့ရာမှ ဂူများ မှ ထွက်လာခဲ့ကြပြီး မြေကြီးကို တူးစွ စိုက်ပျိုး ကာ နေထိုင်စားသောက် လာကြသည်။ ကမ္ဘာ့ ရှေးဦး လူနေ အိမ် များကို တည် ဆောက် ကာ နေထိုင် လာကြ သည်။ လူနေအိမ်များ သည်လည်း မိမိတို့ တနေကုန်တနေခန်း စိုက်ပျိုး လုပ်ကိုင်ကြ သည့် လယ် ယာ မြေများ နှင့် မလှမ်းမကန်းတွင်တည်ရှိခဲ့ကြသည်။ ထိုကာလများတွင် အိမ်တအိမ် ချင်းစီတွင် မျိုးဆက်ပေါင်း လေးငါး ဆက်ခန့် မက အတူ တကွ နေထိုင်ခဲ့ကြပြီး ကြီးမားသော မိသားစု၊ အစုအဖွဲ့သည် အမိုးတခုတည်းအောက်တွင် အတူတကွနေထိုင် စားသောက်ကြသည်။ ထိုကာလတွင် အိမ် ဟူသည်မှာ ကလေး သူငယ်များ နှင့် လူငယ်များ ကို လယ်ယာ စိုက်ပျိုးမှု အတတ်ပညာ နှင့် ဆက်နွှယ်သည့် အသက် မွေးဝမ်းကျောင်း ပညာများ ကို သင်ကြား ပေးသည့် “ကျောင်း”…
အစိုးရ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုး ထားသော ချင်းအမျိုး သားတပ်ဦး CNF နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO) တို့ကို UNFC ခေါ် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် အဖြစ်မှ ဒီဇင်ဘာလ ၈ နေ့က တရားဝင် ယာယီရပ်စဲလိုက် ပြီဟု သိရသည်။ UNFC အဖွဲ့ဝင်အဖြစ်မှ ယခုကဲ့သို့ တရားဝင် ယာယီရပ်စဲခံရ သည့်ကိစ္စနှင့် ပတ်သက်ပြီး ချင်းအမျိုးသား တပ်ဦး CNF မှ အလှည့်ကျ ဥက္ကဌ ဆလိုင်းကစ်ခိုလျန် က ယခုလို ပြောပါသည်။