အိန္ဒိယနိုင်ငံဘက်သို့ ရောင်းချရန် မြန်မာနိုင်ငံမှ တရားမ၀င်သယ်ဆောင်လာသော (Gold Biscuits) ခေါ် ရွှေပြား ၃၅ ခုကို ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်နယ်စပ်မြို့ ကျန်ဖိုင်းတွင် ဒေသခံအာဏာပိုင်များမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းမိခဲ့သည်။
Author: Editor
မီဇိုရမ်ပြည်နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဝန်ကြီး ပူးLal Thanzara က Zofate ဇို(ချင်း) မျိုးနွယ်စုများကို မည်သည့်နယ်နိမိတ်ကမှ ပိုင်ခြားခွင့် မရှိဟု ၁၂၄ နှစ်မြောက် Chin-Lushai Conference နှစ်ပတ်လည်အခမ်းအနား တွင် ပြောဆိုခဲ့သည်။
(AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အပြစ်မဲ့ပြင်စိုကျေးရွာသားများ) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA)မှ ခြေကုပ်ယူလှုပ်ရှားမှုအပေါ် ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်မှ စုပေါင်းဖွဲ့စည်းထားသော ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်က ပြင်းထန်စွာကန့် ကွက်ကြောင်း ဇန်န၀ါရီ ၂၉ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြသည်။
ပြီးခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် တစ်ရွာလုံးပျက်စီးသွားသော ကလေးမြို့နယ်၊ နန်းကျင်းဆောင်အုပ်စု မြလင်းကျေးရွာ သည် နိုင်ငံတော်အစိုးရမှချပေးသော မြေကွက်နေရာတွင် ပြောင်းရွေ့နေထိုင်နေရသော်လည်း ယခုထိ ကျောင်းဆောင် မရှိသေးသည့်အတွက် ကျောင်းမတက်နိုင်သော ကလေးငယ် ၃၀ ကျော် ရှိနေကြောင်းသိရပါသည်။
ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်နေသည့် ချင်းခေါင်းဆောင် များက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ယနေ့ညနေ ညီလာခံအပြီး နေပြည်တော်ရှိ MCC 2 တွင် ဆက်လက် ညှိနှိုင်းခဲ့ကြသည်။ ယခု ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ချင်းလက်နက်ကိုင် ချင်းအမျိုး သား တပ်ဦး နှင့် ချင်းနိုင်ငံ ရေးပါတီများ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ချင်းတိုင်း ရင်းသားကိုယ်စားလှယ်များ၊ ပါဝင် သင့် ပါဝင်ထိုက် သူများ မှ ကိုယ်စားလှယ်များ၊ အထောက်အ ကူပြု များ စုစုပေါင်း ၆၀ ကျော်တက်ရောက်ခဲ့ကြသည်။
ယမန်နေ့ ညီလာခံဒုတိယနေ့က အစိုးရ၊ လွတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံ ရေးပါတီ၊ တိုင်းရင်းသားနှင့် ပါဝင်သင့်ပါဝင်ထိုက်သည့် ကိုယ်စားလှယ် အစုအဖွဲ့ (၇) ဖွဲ့အတွင်း တဖွဲ့ချင်းစီ သီးသန့် ဆွေးနွေးထားသော ကဏ္ဍ (၅)ခု ကို ယနေ့ပြည်ထောင်စု ညီလာခံ တတိယနေ့တွင် စုဆုံပြီး ဆွေးနွေးခဲ့ကြသည်။
ယနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ က ဖက်ဒရေစနစ်၊ ပြန်လည်နေ ရာချထားရေးနှင့် ပြန်လည်ထူ ထောင်ရေး ဆိုင်ရာ ပြည်တွင်းနေရပ် စွန့်ခွါ တိမ်းရှောင်သူများ ( IDPs)၊ အခွန်ကောက်ယူခြင်းနှင့် ပြန်လည် ခွဲဝေခြင်း ( Tax and Revenue Sharing)၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ သဘာဝသယံဇာ တဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်း စသည့် ကဏ္ဍများတွင် အခြေခံရ မည့် မူဝါဒ များကို စ တင်ေ ဆွးနွေးနေ ကြပြီ ဖြစ် သည်။
သမ္မတ ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့အကြား သဘောတူ လက်မှတ်ရေးထိုးထား သည့် NCA အရ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ယနေ့ ဇန္န၀ါရီ ၁၂ ရက်နေ့ နံနက် ၉း၀၀ နာရီမှ စတင်ပြီး နေပြည်တော် တွင် ကျင်းပခဲ့ကြသည်။
ချင်းမီဒီယာကွန်ယက်၏ ပဉ္စမအကြိမ်မြောက် နှစ်ပါတ်လည် တွေ့ဆုံပွဲကို တီးတိန်မြို့၌ ဇန်န၀ါရီ ၂၀ မှ ၂၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဟု ချင်းမီဒီယာကွန်ယက် တာဝန်ရှိသူများ ထံမှသိရသည်။ ကွန်ယက် ဒါရိုက်တာ ဆလိုင်းဟုန်းထွန်းဂေက “ ဒီတစ်ခေါက်တွေ့ဆုံပွဲက ခါတိုင်းလိုမဟုတ်ဘူး၊ ချင်းမီဒီယာကွန်ယက် အတွင်း အဖွဲ့ဝင်ဖြစ်နိုင်မယ့်ချင်းမီဒီယာ အဖွဲ့တွေကို အတည်ပြုမှာဖြစ်တယ်။ အတည်ပြုပြီးတာနဲ့ လုပ်ငန်းတွေကို စတင် အကောင် အထည်ဖော်တော့ မှာဖြစ်တယ်။ ဒါကြောင့်ဒီတစ်ခေါက်က အတော်အရေးကြီးတယ်” ဟုပြောသည်။