မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းခရိုင် ရိခေါဒါရ်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု၊ လူနှင့်ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသည်တင်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော ကားလေးဝင်းအား စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ရိခေါဒါရ်မြို့တွင် ကားလေးဝင်းတည်ဆောက်ဖို့ မြေနေရာအပြင် ဘတ်ဂျက်များမရှိသည့်အတွက်ကြောင့် အဆိုပါ ကားလေးဝင်း တည်ဆောက်ထားသောနေရာမှာ ရိခေါဒါရ်မြို့အဝင် မြေကွက် (၁.၁၄၀) ဧကအကျယ်အဝန်းအား ဒေသခံ စေတနာလှူရှင် ဦးမွဲသဲက လှူဒါန်းခဲ့ကြောင်း နှင့် အဆိုပါမြေကွက်ပေါ်တွင် မြို့စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူကာ KHAU TE FAMILY ကုမ္ပဏီမှ ကားဂိတ်အဆောက်အဦးအရွယ်အစား (၁၂’×၁၀’) သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အဦး (၅)ခန်းတွဲ နှစ်ဆောင်၊ (၇)ခန်းတွဲ တစ်ဆောင်၊ စုစုပေါင်းအခန်းပေါင်း(၁၇)ခန်း ဆောက်လုပ်နေဆဲ ဖြစ်ကြောင်းသိရပြီး လာမယ့်အပတ်တွင် အပြီးဆောင်ရွက်နိုင်မည်ဟု ဦးလာလ်ပက်လောမ်က ခိုနှုမ်းသုန်သတင်းဌာနကို ယခုလို ပြောသည်။ “ကားလေးဝင်းတည်ဆောက်မယ့် မြေနေရာကတော့ ဦးမွဲသဲလှူထားတာပါ၊ တည်ဆောက်မယ့် Budget က မရှိတော့၊ စည်ပင်ကော်မတီက Khua te Family ကုမ္ပဏီကို ဆောက်ခိုင်းထားတယ်။ နောက်ပိုင်းမှာ ကားဂိတ်ကနေရလာတဲ့ ရန်ပုံငွေနဲ့ ကုမ္ပဏီကို ပြန်ဆပ်ဖို့ ဆွေးနွေးထားတယ်” လို့ ပြောပါသည်။ ယခုလို ကားလေးဝင်းတည်ဆောက်ရခြင်းမှာ အဓိကအားဖြင့် ယာဉ်ကြောပိတ်ပိတ်ဆို့မှု၊ လူယာဉ်အန္တရယ်ကင်းရှင်းဖို့ အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း ယခုလို ဆက်ပြောပါသည်။ “အဓိကတော့ ယာဉ်ကြောပိတ်ဆို့မှု၊ လူယာဉ်အန္တရယ်ကင်းရှင်းဖို့က အဓိက ရည်ရွယ်ချက်ဖြစ်တယ်။ ကားလေးဝင်းက မြို့အပြင်ဘက်မှာသွားထားတော့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ဖန်တီးတာကျတော့ပေါ့နော်၊ ဆိုင်ကယ်ကယ်ရီသမား အတွက်ဆို…
Author: Editor
မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ် လက်ရှိ အစိုးရ Mizoram Pradesh Congress Committee (MPCC) ဒု-ဥက္ကဌလည်း ဖြစ်သူ Pu R.Lalzirliana က စက်တင်ဘာလ ၁၄ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ထံ မိမိရာထူးမှ နုတ်ထွက်လိုက်ကြောင်း နုတ်ထွက်စာပေးပို့ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က MPCC လက်အောက်တွင်တည်ရှိသော Disciplinary Action Committee (DAC) ၏ ဆုံးဖြတ်ချက်အရ Pu R Lalzirliana အား အချက် (၃) ချက်ပါသော show cause notice ပေးပို့ခဲ့ပြီး ၄င်းပေးပို့သော အချက် (၃) ချက်အား စက်တင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းချက်ပေးရန်တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ၄င်းအဖွဲ့၏ သတ်မှတ်ထားသောရက် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Pu R.Lalzirliana က ယခုလို မိမိရာထူးမှ နုတ်ထွက်လိုက်ကြောင်း Congress Bhavan တွင် သတင်းသမားများအားပြောဆိုခဲ့ပြီး Congress ပါတီအနေနဲ့ကတော့ ပါတီမှ နုတ်ထွက်မခိုင်ပါက ထွက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ယခုလို Pu R.Lalzirliana မိမိရာထူးမှ နုတ်ထွက်လိုက်သည့်အကြောင်းရင်းမှာ မိမိကိုရွေးကောက်တင်မြောက်သည့် နယ်မြေ ဖြစ်သော Saitual ကို district headquarters အဖြစ် ပေးအပ်ရန် ဆိုသည့်အချက်ကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဂတိပေးခဲ့ထားပြီးသားဖြစ်ကြောင်း သို့သော်လည်း ၄င်း ဂတိပေးထားသည့်အရာကို အစိုးရသက်တမ်း ၁၀ နှစ်မှာတောင် အကောင်ထည်…
ချင်းပြည်နယ် ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် အမဲနှင့် ဝက်လုပ်ငန်း (သားသတ်လိုင်စင်) လေလံရောင်းချပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ရာ ကြမ်းခင်းဈေးအတိုင်း လျှောက်ထားနိုင်သူမရှိသောကြောင့် တင်ဒါအောင်မြင်သူမရှိ ဖြစ်ခဲ့ရသည်ဟု သိရသည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အမဲလိုင်စင်ကြမ်းခင်းဈေးမှာ ကျပ် ၁၃၀ သိန်း ဖြစ်ပြီး ဝက်လိုင်စင် ကြမ်းခင်းဈေးမှာ ကျပ် ၁၁၀ သိန်း ဖြစ်သည်ဟု သိရသည်။ “ လျှောက်ထားတဲ့သူက ၃ ယောက်ရှိတယ် အဓိကတော့ ကြမ်းခင်းဈေးက များနေတော့ မနိုင်ကြတာပေါ့နော်၊ သူတို့အတွက် မကိုက်နိုင်ဘူးဆိုပြီး မလျှောက်နိုင်ကြတာပါ’’ ဟု ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးဇိန်ကျုံးထောင်ကပြောသည်။ အဆိုပါလုပ်ငန်းလိုင်စင်များကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ပထမအကြိမ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နောက်ဆုံးကြိမ်အဖြစ် လေလံရောင်းချပွဲပြုလုပ်သော်လည်း သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လျှောက်ထားနိုင်သူမရှိသည့်အတွက် လမ်းညွန်မှုပေးနိုင်ရန် အထက်သို့တင်ပြထားသည်ဟု ဦးဇိန်ကျူံးထောင်းကပြောသည်။
ချင်းပြည်နယ်တွင် ယခင်က သက်ငယ်မုဒိမ်းဖြစ်ပွားမှု မရှိသလောက်ဖြစ်ခဲ့သော်လည်း ယခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု (၄) မှုဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရော က်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “အရင်တုန်းကတော့ မရှိဘူး မရှိဘူးဆိုတာက မတက်လာတာလားမသိဘူး ၅ လ ၆ အတွင်းမှာ ၄ မှုလောက်တက်လာတဲ့အခါကျတော့ စိတ်ပူတာပေါ့ ဘာဖြစ်လို့ ဒီလိုဖြစ်လာတာလဲပေါ့ ကျနော့်အနေနဲ့တော့ အရေးယူမှုကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ပြီးတော့ ဘာသာရေးဘက်ကရော တခြားအဖွဲ့အစည်းတွေအနေနဲ့ ပညာပေးတဲ့အပိုင်းကို များများလုပ်ပေးဖို့နှိုးဆော်ထားပါတယ်’’ ဟု ပြောသည်။
ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့်မီဇိုရမ်ပြည်နယ်တွင်ယခင်ကထက်မူးယစ်ဆေးဝါးပေါများလာသည့်ကိစ္စနှင့်ပတ်သက်၍မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများလက်တွဲလုပ်ဆောင်ရန်ချင်းပြည်နယ်အစိုးရနှင့်ဆွေးနွေးလိုကြောင်းမီဇိုရမ်ဝန်ကြီးချူပ်ကပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် (NCA) ကို သုံးနှစ်နီးပါး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဌ ပူးဇင်ကျူံးက ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး (NCA- S EAO Summit) ၏ ဒုတိယနေ့ သဘာပတိ အဖြစ် ဆောင်ရွက်သည့် CNF ဥက္ကဌ ပူးဇင်ကျူံးက ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ “သုံးနှစ်နီးပါး NCA ကို အကောင်အထည်ဖော်တဲ့ နေရာမှာ စိန်ခေါ်မှု များစွာ ရင်ဆိုင်ကြုံတွေ့ရပါတယ်၊ အဓိက စိန်ခေါ်မှု ကတော့ Package Deal လို့ ခေါ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရေ အခြေခံမှု နှင့် ခွဲမထွက်ရ ကို အလဲအလှယ်ပြုလုပ်ရေး၊ တခုတည်းသော တပ်မတော်ထားရှိရေး တို့ဖြစ်ပါတယ်၊ ဤ စိန်ခေါ်မှုတွေကို ယခု အစည်းအ ဝေးကြီးကနေ မှန်ကန်သော ဆုံးဖြတ်ချက်နဲ့အတူ မဖြစ်မနေ အဖြေရှာသွားကြရမှာဖြစ်ပါတယ်’’ ဟု CNF ဥက္ကဌကပြောသည်။ ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စုသဘောတူစာချူပ်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ “NCA မှာ အတိအလင်းဖော်ပြထားသကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စု သ ဘော တူစာချုပ်အရ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်…
သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ တရားဝင် ၀ဘ်ဆိုက်(website)ထားရှိရန် စီစဉ်နေကြောင်း ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့က ချင်းပြည်နယအစိုးရအဖွဲ့နှင့် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်၊ ချင်းမီဒီယာ ကွန်ယက်နှင့် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့တို့ တွေ့ဆုံခဲ့သည့်အချိန်တွင် သတင်းအချက်အလက် သိရှိပိုင်ခွင့်၊ ရယူပိုင်အရေးနှင့်ပတ်သက်၍ တင်ပြချက်အပေါ် ၀န်ကြီးဦးစိုးထက်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး ဆောမြို့တွင် ခရစ်ယာန်ဘာသာဝင်တဦးသေဆုံးခဲ့ရာ မြေသဂြိုလ်ရန် သင်္ချိုင်းကုန်းပို့ဆောင်ရာတွင် မြို့တွင်းနှင့် တံတားများဖြတ်ကျော်ရန် ဒေသခံအာဏာပိုင်များက ပိတ်ပင်တားမြစ်ခဲ့သည့်အတွက် ဆောချောင်းရေကိုဖြတ်သန်းကာ မြေသဂြိုလ်ခဲ့ရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှသိရသည်။ ဆောမြို့ သီရိရပ်ကွက်တွင်သြဂုတ်လ ၂၉ ရက်နေ့က သေဆုံးခဲ့ရသော ချင်းအမျိုးသားတဦးရဲ့ အလောင်းကို မြေသဂြိုလ်ရန် တဖက်ကမ်းရှိ မြို့မသင်္ချိုင်းကုန်းသို့ သယ်ဆောင်စဉ် တံတားများဖြတ်ကျော်ရန် သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီညွန့်က တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် ရုပ်အလောင်းကို ထမ်းပြီး ချောင်းရေကို ဖြတ်ကျော်ပြီး သင်္ချူင်းကုန်းသို့ မြေသဂြိုလ်ခဲ့ရသည်ဟု သိရသည်။ “အလောင်းသဂြိုလ်ရန်အတွက် ပထမရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ ထောက်ခံချက်ယူရတယ်၊ ပြီးတော့ ဆေးရုံကိုသွားယူရတယ် နောက်ဆုံး စည်ပင်ထံထောက်ခံချက်ယူရတယ်၊ ဒီလိုနဲ့ဘဲအစမှာတော့ ရပ်ကွက်က ထောက်ခံချက်ပေးပြီနောက် ဆေးရုံကလည်း ထောက်ခံ ချက်ပေးပြီးပြီ၊ စည်ပင်ကိုသွားတဲ့အခါ ကျတော့ ရပ်ကွက်တွေနဲ့စည်ပင်တွေဘယ်လို ညှိကြသလဲမသိဘူး. မီးနဲ့ဘဲသဂြိုလ်ရမယ်ပေါ့နော် မီးနဲ့သဂြိုလ်လို့ရှိယင် အစစအရာ ရာကျနော်တို့ကူညီမယ်၊ မြေနဲ့သဂြိုလ်ဖို့ဆို ဒီဖက်ကမ်းမှာမြေလွတ်မရှိတော့ဘူး ဟိုဖက်ကမ်းမှာ တော့ရတယ် ဒါပေမဲ့ မြို့ထဲမှာလူအုပ်ကြီးနဲ့အလောင်းသယ်တာရယ်၊ တံတားဖြတ်ကျော်တာရယ် ဗုဒ္ဓအယူအဆ နဲ့ဆန့်ကျင်တဲ့အတွက် တခြားရတဲ့လမ်းကြောင်း ကနေသယ်သွားကြပါလို့ပြောကြတယ်၊ ဒီတော့ကျနော် တို့လည်း ထွေအုပ်ဆီကိုသွားတောင်း တော့ ထွေအုပ်ကလည်း ဒေသခံပြည်သူတွေဆန္ဒအတိုင်းသာ လုပ်ကြပါ၊ တကယ်လို့ကျနော် က ခွင့်ပြုပြီးနောက်မှာပြသာနာဖြစ်ယင် ကျနော်အတွက်မကောင်းဘူးဟု ပြောဆိုပြန်တဲ့ အတွက် မရတဲ့အဆုံး ဆောချောင်းကိုခက်ခက်ခဲခဲ ကူးဖြတ်ပြီး အလောင်းကို မြို့မ သင်္ချိုင်း ကုန်းမှာ သွားပြီး မြေသဂြိုလ်ခဲ့ကြတယ်၊ ဟိုဖက်ညှိလိုက်ဒီဖက်ညှိလိုက်နဲ့ အလောင်းကိုမွဲလွဲ ၂-နာရီချဖို့စီစဉ်တာကို ညနေ ၅-နာရီနောက်ပိုင်းမှာဘဲ အလောင်းချဖြစ်ခဲ့ကြတယ်” ဟု အလောင်းသဂြိုလ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။…
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥဒေဖြင့် တရားစွဲဆိုခဲ့ထားရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ ယနေ့ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်သည့်အပေါ် ချင်းမီဒီယာကွန်ယက်မှ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။ ရာဇ၀တ်မှုနှင့် အမှန်တရားကို ဖော်ထုတ်သော ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် သတင်းသမားများ၏ အခွင့်အရေးကို ပိတ်ပင်ချိုးဖောက်ရာရောက်သလို သတင်းသမားများကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ချင်းမီဒီယာကွန်ယက်၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဆလိုင်းဟုန်းထွန်းဂေကပြောသည်။ “ ရာဇ၀တ်မှုကိုဖော်ထုတ်တဲ့သူကိုမှ ဖမ်းတယ်ဆိုမှတော့ ဒါက သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်တွေ သတင်းသမားတွေရဲ့ အမှန်တရားဖော်ထုတ်ခွင့်တွေ ဖော်ထုတ်လာမယ့် သတင်းသမားတွေကို ခြိမ်းခြောက်လိုက်တဲ့အရာတခုလည်းဖြစ်နေတယ်၊ သူ့ရဲ့လုပ်ရပ်က NLD အစိုးရကိုယ်တိုင် တရားဥပဒေစိုးမိုးရေး လုပ်ပါမယ်ဆိုပြီး ကြွေးကျော်ခဲ့တာဟာက သူတို့ကိုယ်တိုင် ချိုးဖောက်လိုက်တဲ့သဘောဖြစ်နေတယ်’’ ဟု ဆလိုင်းဟုန်းထွန်းဂေကပြောသည်။ ယခုဖြစ်ရပ်သည် အများပြည်သူသတင်းမှန်သိရှိခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ရာဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် သဘောသက်ရောက်သည်ဟု ယူဆကြောင်း ချင်းမီဒီယာကွန်ယက်၏ ကြေညာချက်တွင်ဖော်ပြထားသည်။ အများပြည်သူသတင်းမှန်သိရှိခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်ရာဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် သဘောသက်ရောက်သည်ဟု ယူဆကြောင်း ချင်းမီဒီယာကွန်ယက်၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ထို့အပြင် လက်ရှိ NLD အစိုးရနှင့် တရားစီရင်ရေး မဏ္ဍိုင်အနေဖြင့်လည်း ရာဇ၀တ်မှုကို ဖော်ထုတ်ရေးသားသည့် သတင်းသမားများကို ထောင်ဒဏ်ချမှတ်လိုက်သည့်ကိစ္စပြန်လည်သုံးသပ်စေလိုကြောင်း ချင်းမီဒီယာကွန်ယက်က တောင်းဆိုထားပါသည်။ ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ညပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင်တဆိုင်တွင် ဒုတပ်ကြပ်နိုင်လင်းနှင့် သွား ရောက်တွေ့ဆုံပြီး ဆိုင်မှပြန်အထွက်တွင် ရခိုင်အရေးလျှို့ဝှက်စာတမ်များ လက်ဝယ်တွေ့ရှိ သည့်ဟု ဆိုကာ…
https://www.facebook.com/KhonumtungBurmese/videos/302825650522815/?t=12