Author: Editor

By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားနေ၍ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရန် လိုအပ်နေသည်ဟု မကြာသေးခင်ရက်ပိုင်းက ပလက်ဝမြို့နယ်ကိုသွားရောက်ပြီး စစ်ဘေးရှောင်များကို သွားရောက်ကူညီထောက်ပံ့ခဲ့ကြသည့် ချင်းကျောင်းသားလူငယ်များကပြောဆိုသည်။ ချင်းတက္ကသိုလ်ကျောင်းသားများနှင့် ချင်းလူငယ်အဖွဲ့တို့သည် မကြာသေးခင်ကရက်ပိုင်းက ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာသို့ သွားရောက်ကာ အကူအညီများသွားရောက်ပေးအပ်သည့်အခြေအနေ ၎င်းတို့တွေ့မြင်ခဲ့ကြရသည့် စစ်ဘေးရှောင်များ၏ အခြေအနေများနှင့်ပတ်သက်၍ ဇူလိုင် ၂၃ ရက်နေ့က ရန်ကုန် မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပကာ ထိုကဲ့သို့ပြောဆိုကြခြင်းဖြစ်သည်။ ပလက်ဝစစ်ဘေးရှောင်စခန်းသို့ သွားရောက်ကူညီခဲ့သည့် မင်းတပ်လူငယ်အဖွဲ့မှ တာဝန်ခံ ဆလိုင်းမာန်ဟုန်းက “လောလောဆယ် အဓိကသူတို့စားနိပ်ရိက္ခာပျက်နေတယ်၊ စားနပ်ရိက္ခာလိုအပ်နေတယ်၊  အဲဒါကသူတို့လို အပ်ချက်အရေးကြီးဆုံးပဲ ပညာရေးကိစ္စနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေလည်းသူတို့လိုအပ်နေတယ်၊ လုံခြုံရေးကတော့ စိုးရိမ်ရပါတယ် ဘာလိုလဲဆိုရင် အဲဒီိမှာအားလုံးက တပ်မတော်ဖက်ကလည်းတပ်ဆွဲထားတယ် AA ကလည်းအဲဒီနေရာမှာပဲ လှုပ်ရှားနေတော့ လုံခြုံရေးကတော့ စိုးရိမ်ရတဲ့အဆင့်ပါပဲ” ဟု ပြောသည်။  စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်မှုတစ်ချို့ရှိနေသော်လည်း စစ်ဘေးရှောင်ဦးရေများနေသည့်အတွက် လုံလောက်မှုမရှိကြသည့်အပြင် မြန်မာ့တပ်မတော်နှင့် မြို့နယ်အုပ်ချူပ်ရေးမှူးဘက် ဆန်သယ်ယူခွင့်ကန့်သတ်ထားခြင်းကြောင့် လိုသလောက်ဆန်သယ်ယူခွင့်မရှိဟု ဆလိုင်းမာန်ဟုန်းကပြောသည်။  “ဆန်သယ်ဖို့ကိစ္စတွေက လမ်းကြောင်းကလည်း စက်လှေနဲ့ပဲသွားလို့ရတဲ့လမ်းကြောင်းရှိတာကိုး ဆိုတော့ ဒီစက်လှေလမ်းကြောင်းသွားတဲ့ လမ်းတလျှောက်မှာလည်း ဒီလုံခြုံရေးဂိတ်တွေအများကြီးရှိတယ် ပြီးတော့ အခြေအနေအမျိုးမျိုးကြောင့် အမြဲတမ်းဒီလမ်းကြောင်းမှာပဲ စစ်ပွဲဖြစ်နေတာလေ ဆိုတော့ ဒီဆန်သယ်ယူနိုင်ရေးမှာတော့ ပြည်နယ်အစိုးရအနေနဲ့ လုံခြုံရေးပိုင်းမှာ လုံခြုံရေးကိုတာဝန်ယူပြီးတော့ သယ်ယူရေးကူညီပေးစေချင်တယ်” ဟု ၎င်းကဆက်ပြောသည်။  စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် ပတ်သတ်၍ ရိက္ခာသယ်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တိှု့နှင့် ညှိနှိုင်းတိုင်ပင်ထားပြီးဖြစ်ကြောင်း တစ်လလျင် ဆန်အိတ် (၅၀၀၀) ကျော် သယ်ယူနိုင်မည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ “ကျွန်တော်တို့က…

Read More

ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ် နတ်ဇံ ကျေးရွာတွင် အသက် (၉) နှစ်အရွယ် (၃) တန်းကျောင်းသူ ကလေးင ယ်တစ်ဦး ဇူလိုင်လ ၂၂ ရက်နေ့က အဓမ္မပြုကျင့်ခံရသည်ဟု သိရသည်။ အခင်းဖြစ်ပွားပုံမှာ တွန်းဇံမြို့မှ (၇)မိုင်ခန့်ဝေးသော နတ်ဇံကျေးရွာတွင်နေထိုင်သူ မ….သည် မိဘနှစ်ပါး ကလေးမြို့ ဘက်သို့ အလုပ်သွားလုပ်သည့်အတွက် အိမ်နီးချင်းထံသို့ ခဏအပ်ထားကာ အဆိုပါအိမ်သို့ တည်းခိုလာသော လမ်းလုပ်သား ဗိုလ်ဝင်းဆိုသူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု တွန်းဇံရဲစခန်းမှ တပ်ကြပ်ကြီးစန်းယု ကပြောသည်။  “ သူ့မိဘတွေက ကလေးမှာအလုပ်သွားလုပ်တာ အိမ်နီးနားချင်းမှာအပ်ထားတာပေါ့ အကြီးဆုံး ၁၂ နှစ် အခု ကလေးမနဲ့ နောက်ထပ်တစ်ယောက်ပေါ့နော် သုံးယောက်ကို အိမ်နီးနားချင်းမှာ ခဏအိပ်ခိုင်းထားတာပေါ့ အဲဒီအိမ်မှာ ညအိပ်တည်းခိုနေတဲ့ လမ်းလုပ်သားက အလိုမတူဘဲ မှုဒိမ်းပြုကျင့်တယ်ဆိုတဲ့ဖြစ်စဉ်တဲ့ လာရောက်တိုင်ထားတာပေါ့’’ ဟု တပ်ကြပ်ကြီးကပြောသည်။  လမ်းလုပ်သားဗိုလ်ဝင်းဆိုသူသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အလယ်ကန်အုပ်စု၊ သန်းတောရွာတွ င်နေထိုင်သူဖြစ်ပြီး တွန်းဇံရဲတပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ (၃၇၆) မုဒမ်းမှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ 

Read More

By လားနွန် – ဟားခါးမြို့သစ် စီမံကိန်းအတွက် ရာထားသည့် မြေနေရာများတွင် နေအိမ်များဆောက်လုပ်ပြီး အခြေချနေထိုင်သူ များကို သတ်မှတ်ထားသည့်အချိန်အတွင်း မိမိနေအိမ်များဖျက်၍ ထွက်ခွါခြင်းမပြုပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “အခုက သူတို့က ဒီလိုကျူးကျော်နေတဲ့အတွက်မြေကွက်က ချလို့မရဘူး မထွက်သွားရင်ကျွန်တော်တို့မှာ By law ရှိတယ်လေ စည်ပင်ဥပဒေတွေရှိတယ် ထွေအုပ်ဥပဒေတွေရှိတယ် နောက်မြေသိမ်းဥပဒေတွေရှိသေးတယ် အဲ့ဒီအတိုင်းပဲလုပ်မယ် ကျွန်တော်တို့ သတိပေးတာ သုံးကြိမ်ရှိသွားပြီ သူတို့က ဘယ်ကလာမှန်းမသိဘူး ကျွန်တော်တို့က မြေကွက်လျှောက်တဲ့လူကို စနစ်တကျနဲ့ အဲဒီမြေပေါ်မှာ အကွက်ပေါ်တဲ့ဟာကို မဲနှိပ်ခိုင်းပြီးဖြစ်ဖြစ်၊ သူ့ရဲ့သတ်မှတ်တဲ့လုပ်ထုံးလုပ်နည်းနဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ဖြစ်ဖြစ်ပေးမယ် သူတို့အခုလို သူတို့ဟာသူ ပွဲစားနဲ့ ညှို့ပြီး ၀ယ်ချင်သလိုဝယ် ကြိုဆောက်ချင်သလိုဆောက်တဲ့ဟာကျတော့လည်း မြို့တော်ဏ္ဍာရပ်နဲ့လုံးဝမညီဘူး အဲဒါကြောင့် ကျွန်တော်တို့က ဘယ်ကလာမှန်းမသိတဲ့သူတွေကို ပြန်ပြီးတော့ ကိုယ်နေရာကိုပြန်သွားဆိုတဲ့သဘော လက်ရှိကျွန်တော်တို့စီမံကိန်းမှာ ကျူးကျော်တဲ့သူတွေကို ကိုယ့်နေရာကိုပြန်သွား သူ့အဆောက်အဦးကိုလည်းပြန်ဖျက်သွား ကျွန်တော်တို့က ဖျက်ချင်နေတာမဟုတ်ဘူး သူတို့က မတော်လောဘနဲ့ကျူးကျော်နေတာ’’ ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ အဆိုပါမြို့သစ်စီမံကိန်းကို ဟားခါးမြို့မှ ထန်တလန်မြို့သွား ကားလမ်းနဘေး ဂေါက်ကွင်းအနီးတွင် အကောင်ထည်ဖော်ဆောင်နေခြင်းဖြစ်သည်။ နဂိုက လူနေအိမ် (၈) လုံးသာရှိပြီး စီမံကိန်းစတင်အကောင်အထည်ဖော်လာပြီး လမ်းဖောက်လုပ်သည့်နောက်ပိုင်းကစ၍ တဖြည်းဖြည်းနှင့် ပြောင်းရွှေ့အခြေချနေထိုင်သူများလာကာ ယခုအခါ အိမ်ခြေ (၁၃၅) လုံးရှိပြီဟု ၀န်ကြီးကဆက်ပြောသည်။  အဆိုပါမြေနေရာသည် ရှေးယခင်ကတည်းက ဘိုးဘွားပိုင်မြေများဖြစ်ပြီး လယ်ပိုင်ရှင်များကို ဆွေးနွေး ညှိနှိုင်းမှုမရှိဘဲ မြို့သစ်စီမံကိန်းအတွက် မြေလွတ်မြေလတ်မြေရိုင်းဟုဆိုကာ ချင်းပြည်နယ်အစိုး ရက လျှော်ကြေးတစ်စုံတစ်ရာမပေးဘဲ သိမ်းယူသွားချင်းဖြစ်သည်ဟု ချင်းတောင်သူများအဖွဲ့မှ ဦး Hrang Kil…

Read More

By လားနွန် – ပလက်ဝြမို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းပြည်နယ်မြို့နယ်အသီးသီးနှင့် ကလေးမြို့ နယ်အတွင်းရှိ ချင်းပြည်သူများထံ ကောက်ခံရရှိသော အလှူငွေများကို စစ်ဘေးတိမ်းရှောင်နေကြရသည့် ချင်း ပြည်သူများထံ ဇူလိုင်လ တတိယပတ်က သွားရောက်လှူဌါန်းခဲ့ကြသည်ဟု သိရသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါခဲ့ကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက်ရည်ရွယ်ပြီး ချင်းအရပ်ဖက်အဖွဲ့အစည်းများ၊ ချင်းကျောင်းသားလူငယ်များက ဦးဆောင်၍ ချင်းပြည်နယ် မင်းတပ်၊ တီးတိန်၊ ဖလမ်း၊ ဟားခါး နှင့် ကလေးမြို့တို့တွင် အလှူများကောက်ခံကာ ကျပ်ငွေ သိန်း ၄၀ဝ နီးပါးခန့်ရရှိခဲ့ကြသည်။ ထိုကဲ့သို့ ချင်းပြည်သူများမှ ထည့်ဝင်သည့်အလှူငွေများကို ပလက်ဝြမို့နယ် မီးဇာကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် ကျေးရွာ ၅ ရွာနှင့် သဲချောင်းဝကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများကို ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အကြားက သွားရောက်လှူဌါန်းခဲ့ကြသည်ဟု လှူဌါန်းမှုတွင် ဦးဆောင်ပါဝင်သူ ချင်းကျောင်းသားသမဂ္ဂတက္ကသိုလ်များ – ကလေး ဒုဥက္ကဌ ဆလိုင်းထောင်းထောင်းကပြောသည်။ “သူတို့မှာလိုအပ်ချက်အရမ်းများနေတယ် ဒါပေမဲ့ အခုဒီတစ်ခေါက်သွားတာနဲ့ စားဝတ်နေရေးက နည်းနည်း ဒီတစ်လနှစ်လလောက်တော့ အဆင်ပြေနိုင်အောင်တော့ ကျနော်တို့စီစဉ်ပေးခဲ့တယ် ဒါပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ သူတို့အစားအသောက်လည်း လုံးဝစိတ်ချရတဲ့အနေအထားမှာမရှိဘူး ဆန်ဆိုရင်လည်း ဝယ်ချင်တိုင်းဝယ်လို့မရဘူး ဒီအများကြီးသယ်မယ်ဆိုရင် ထွေအုပ်ရဲ့ခွင့်ပြုချက်နဲ့မှရတယ်စသဖြင့်ပေါ့ သူတို့မှာပိုက်ဆံရှိရင်တောင် ဝယ်ဖို့မလွယ်တဲ့ကိစ္စဖြစ်နေတယ်’’ ဟု ဆလိုင်းထောင်းထောင်းကပြောသည်။ မီးဇာကျေးရွာတွင် လာရောက်ခိုလုံသည့် စစ်ဘေးရှောင်ကျေးရွာ ၅ ရွာ လူဦးရေ ၆၀ဝ ကျော်ကို လူတစ်ဦးလျှင် ကျပ်ငွေ ၃ သောင်းနှုန်းဖြင့်လည်းကောင်း၊ သဲချောင်းဝကျေးရွာတွင် ခိုလုံနေကြသည့် မောင်နှမကျေးရွာမှစစ်ဘေးရှောင်ပြည်သူ ၁၄၀ ကျော်ကို…

Read More

By လားနွန် – လွတ်လပ်လုံခြုံပြီး တရားမျှတသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်နိုင်ရေးနှင့် ပြည်သူ့အကျိုးစီးပွားကို အကာအကွယ်မပေးနိုင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်များကို ဖျက်သိမ်းရမည်ဟု ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။ “လွတ်လပ်လုံခြုံပြီး တရားမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့အတွက်ဆိုလိုရှိရင် ရှိနေတဲ့ဥပဒေထဲက လွတ်လပ်လုံခြုံပြီး တရားမျှတတဲ့ အချက်တွေကို အဟန့်အတားဖြစ်နေတဲ့အရာတွေကို ကျွန်မတို့ချန်ထားဖို့လိုအပ်တယ် ဖျက်ဖို့လိုပါတယ်၊ အသစ်ပြဌာန်းဖို့ ပုဒ်မအသစ်တွေကို တိုးလာဖို့လိုအပ်တယ် ဒါမှသာလျှင် အလုံးစုံပြီးပြည့်စုံမဟုတ်ရင်တောင်မှ ရာခိုင်နှုန်းအများစုကို ကိုယ်စားပြုတဲ့ ဥပဒေဖြစ်မှသာလျှင် ကျွန်မတို့ ပြည်သူ့ရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်မယ် ပြည်သူတွေရဲ့ အကျိုးစီးပွားကိုမကာကွယ်ပေးတဲ့ဥပဒေတွေဖျက်သိမ်းရမယ်၊ နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ လုံခြုံပြီးတရားမျှတတဲ့ အရာတွေကိုကာကွယ်ပေးနိုင်တဲ့ဥပဒေဖြစ်ဖို့ဆိုရင် ကျွန်မတို့ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ဖို့က အရေးကြီးပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံသည့်အနေဖြင့် ကလေးမြို့လူထု ၅၀၀၀ ကျော်က ယနေ့နံနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ယင်းဆန္ဒဖော်ထုတ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇမှုန်၊ ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်နှင့် ကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်တို့လည်း ပြည်သူလူထုနှင့် အတူ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီသည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုအား ကတိပေးထားသည့်အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ဆောင်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။ ထို့နောက် အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီသည် ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး…

Read More

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အကောက်ခွန်ဌာနချူပ်မှ ပြီးခဲ့သည့် ဇူလိုင် (၁၅) ရက်နေ့ကစ၍ ပိတ်ပင်လိုက်သည့် အိန္ဒိယ-မြန်မာ အမှတ် (၂) ရိခေါဒါရ် – ဇိုခေါဒါရ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယနေ့ဇူလိုင်လ (၁၇) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မီဇိုရမ်ပြည်နယ်အကောက်ခွန်ဌာနမှ ပြန်လည်ဖွင့် လှစ်လိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ပြန်လည်ဖွင့်ပေးသည့်အကြောင်းရင်းကိုမူ မသိရကြောင်း ရိခေါဒါရ်ဒေသခံတစ်ဦးကပြောသည်။ “ဒီနေ့ ၂ နာရီလောက်ကပြန်ဖွင့်ပေးလိုက်တာ အခု ဟိုဘက်ကမ်းကို ကုန်တွေ ပြန်ကူးနေကြပြီ၊ ဘာကြောင့်ပြန်ဖွင့်ပေးလဲ၊ ဘယ်ချိန်ထိဖွင့်ပေးမလဲဆိုတာတော့ မသိရဘူး’’ ဟု၎င်းကပြောသည်။ ရိဒ်-ဇိုခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံးကုန်သွယ်ရေးစ ခန်းဖြစ်သည်။ (နယ်စပ်ဂိတ်ပြန်ဖွင့်ပြီးနောက် တဖက်အိန္ဒိယဘက်သို့ မြန်မာကုန်ပစ္စည်းများပို့ဆောင်နေကြစဉ်)

Read More

By လားနွန် – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံသည့်အနေဖြင့် ကလေးမြို့လူထု (၅၀၀၀) ကျော်က ယနေ့နံနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ယနေ့ဆန္ဒထုတ်ဖော်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇမှုန်၊ ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်နှင့် ကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်တို့လည်း ပြည်သူလူထုနှင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး တင်သွင်းခဲ့သည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ လေးမြို့မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၆၀၀) ကျော်ထုတ်လုပ်နိုင်မည့် စီမံကိန်းကို ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပြင်သစ်ကုမ္ပဏီတစ်ခုက ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှု ထပ်မံပြုလုပ်နေသည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပသော ချင်းပြည်နယ်အစိုးရအဖွဲ့၏ တတိယ (၁) နှစ်တာအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များသတင်းစာရှင်းလင်းပွဲ၌ လေးမြို့မြစ်ရေအားလျှပ်စစ်စီမံကိန်းအခြေအနေနှင့်ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာန၏ မေးမြန်းမှုအပေါ် ၀န်ကြီးဦးစိုးထက်က ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ပလက်ဝမြို့နယ် လေးမြိုမြစ်မှာလုပ်မယ့် ရေအားလျှပ်စစ်ကတော့ ပြင်သစ် ကုမ္ပဏီကနေ စူးစမ်းလေ့လာ မှုတွေပြု လုပ်ခဲ့ပြီးဖြစ်တယ် ၂၀၁၆ – ၁၇ မှာ ရေအားလျှပ်စစ်ကို ဆောင်ရွက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ မဂ္ဂါဝပ် ၃၀ အောက်ကိုတော့ ချင်းပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်ဖြစ်ပြီးတော့ မဂ္ဂါဝပ် ၃၀ အထက်က ပြည်ထောင်စုလုပ်ပိုင်ခွ င့်ဖြစ်တဲ့အတွက် ပြည်ထောင်စုနဲ့ MoU ထိုးပြီးမှ ဆောင်ရွက်နေတာဖြစ်ပါတယ် သူကသတ်မှတ်တဲ့ရက် ၂ နှစ်အတွင်းမှာ Report ကိုတင်ဖို့တွက် ရာထားပေမယ့် လောလောဆယ် Report က တင်တာနောက်ကျတာရယ် လျှပ်စစ်ကနေ စမ်းသပ်ပြီးတော့ အဲဒီကိစ္စကို စစ်ဆေးတဲ့ဟာ မပြီးပြတ်သေးတဲ့အခါ သက်တမ်းပြည့်သွားပြီးတော့ လုပ်ငန်းရပ်ဆိုင်းလျက်ရှိပါတယ် လောလောဆယ်မှာတော့ အဲဒီကုမ္ပဏီကပဲ မြေပြင်မှာ တော့ survey ဆင်းတဲ့ ရေအတက်အကျစမ်းတဲ့ ဥစ္စာ အဲဒါတွေလုပ်နေတယ် ကန်ဒေါ်လာ ၂ သန်းနဲ့ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ဒေါ်လာ ၇ သန်းရာထားပြီးဆောင်ရွက်နေ တာဖြစ်ပါတယ်” ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ လေးမြို့မြစ်ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံတွင်…

Read More

အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေး ရိခေါဒါရ် – ဇိုခေါထား ဂိတ်ကို မီဇိုရမ်ပြည်နယ်အစိုး ရလက် အောက် အကောက်ခွန်ဌာနက ယနေ့ ဇူလိုင် ၁၅ ရကနေ့ကစ၍ ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်သည်ဟု သိရသည် ရိခေါဒါရ်မြို့အမှတ်(၁) ရပ်ကွက်တွင်နေထိုင်သည့် ကုန်သည်တစ်ဦးကပြောသည်။ “မီဇိုရမ်ပြည်နယ်ဘက်ကတော့ ဒီလအစောပိုင်းကတည်းကနေ ပိတ်မယ်ဆိုတာအကြောင်းကြားထားပါတယ်၊ ဒီနေ့စပြီးပိတ်လိုက်တာပေါ့နော်၊ မြန်မာဘက်က ဘာကုန်ပစ္စည်းမှ သယ်ဆောင်ခွင့်မရှိဘူး၊ ဒီနေ့ဆို ကုန်စိမ်းတွေတောင် ၀င်ခွင့်မပြုဘူး လူကတော့ ပုံမှန်သွားလို့ရပါတယ်’’ ဟုပြောသည်။ ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို မီဇိုရမ်ပြည်နယ်ဘက်မှ ပိတ်ပင်လိုက်သည့်အကြောင်းရင်းကိုမူ မသိရသော်လည်း နှစ်နိုင်ငံကုန်သွယ်ရေးမှရရှိသော အကောက်အခွန်များနှင့်ပတ်သက်၍ အကောက်ခွန်ဌာန နှင့် Import-Export Code Holder Association Mizoram (IEC) အဖွဲ့စည်းအကြားအငြင်းပွား မှုပြသနာကြောင့်ဖြစ်နိုင်သည်ဟု ကုန်သည်အသိုင်းအ၀န်းထံမှသိရသည်။ ချင်းပြည်နယ် ရိခေါဒါရ်မြို့မှတဆင့် တဖက် မီဇိုရမ်ပြည်နယ်သို့ ၀င်ထွက်သွားလာသည့်ကုန်သည်အများစုသည် အိန္ဒိယအစိုးရ အသိအမှတ်ပြု သွင်းကုန်ထုတ်ကုန်လိုင်စင်မရှိကြသည့်အပြင် အစိုးရထံ၌လည်း စနစ်တကျအခွန်ပေးဆောင်မှုမရှိအတွက် နစ်နာမှုရှိသည်ဆိုပြီး Import-Export Code Holder Association Mizoram (IEC) အဖွဲ့ ကုန်ပစ္စည်းတင်ပို့မှုကိုလည်း ယခင်က ယာယီပိတ်ပင်ခဲ့သည်။ ရိခေါဒါရ်မြို့အခြေစိုက် Rih Lentlang Youth Association အကြံပေးပုဂ္ဂိုလ် ဦးဇိုးဒင့်နာက “ ကျနော်တို့ သိသလောက်ကတော့ ကုန်သည်တွေအနေနဲ့ ဟိုဘက်ဒီဘက် ကြိုက်သလို ၀င်ထွက်လို့မရတော့အောင် ဒီနှစ်နိုင်ငံကုန်သွယ်ရေးလိုင်စင်နဲ့ပဲ ကုန်ပစ္စည်းတင်ဆောင်ခွင့်ပေးတော့မယ် သူတို့ ပြည်နယ် မီဇိုရမ်ဘက်ပေါ့၊ ကျနော်တို့ဘက်မှာတော့မသိဘူး သူတို့ဘက်မှာတော့ အဲဒီနှစ်နိုင်ငံကုန်သွယ်ခွင့်လိုင်စင်နဲ့သွားတော့မယ် လိုင်စင်မရှိတဲ့ကုန်ပစ္စည်းတွေ မှောင်ခိုအဖြင့်သတ်မှတ်မယ် ဥပမာကုန်သည်တစ်ဦး ကုန်ပစ္စည်းရှိတယ် ဒါကိုကြိုက်သလိုသွားလို့မရဘူး…

Read More

ချင်းပြည်နယ် ပလက်ဝမြို့အနီး စီးဆင်းနေသော ကုလားတန်မြစ်ရေမြင့်တက်လာမှုကြောင့် အိမ်ထောင်စု (၃၀၀) ကျော် လူဦးရေ (၁၇၀၀) ကျော်တို့သည် ရေဘေးကြုံနေကြရပြီး ဘေးလွတ်ရာကိုပြောင်းရွှေ့နေကြရသည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့မှ ဦးဝေတန်းကပြောသည်။ “ကုလားတန်မြစ်ရေဆိုရင် မိုးကြီးရင်မြစ်ရေကြီးတယ် ရာသီဥတုပေါ်မှာဒါကမူတည်တာပေါ့ မနှစ်ကလည်းကြီးတယ် သို့သော်လည်း မနှစ်ကထက် ဒီနှစ်ကပိုတယ်၊ အခုကမြို့ပေါ်မှာဆိုရင် ဘုန်းကြီးကျောင်းတို့ နောက်စာသင်ကျောင်းတို့ အင်္ဂလီကန်ဘုရားကျောင်းတို့ နီးစပ်ရာဆွေမျိုးအိမ်မှာနေထိုင်ကြတယ် ရွာတွေမှာဆိုရင် ကျေးရွာခန်းမတို့ ဆွေမျိုးများတို့ဆီနေကြတယ်” ဟု ဦးဝေတန်းကပြောသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေသည် ဇူလိုင်လ ၁၃ ရက်နေ့ကစတင်မြင့်တက်လာပြီး ပလက်ဝမြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာ (၁၁) ရွာမှ အိမ်ထောင်စု (၃၃၆) လူဦးရေ (၁၇၂၀) ကျား (၈၄၀) မ (၈၈၀) တို့သည် ရေဘေးကြုံတွေ့နေကြရခြင်းဖြစ်သည်။ မြို့ပေါ်ရှိရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ မီးသတ်တပ်ဖွဲ့များနှင့် အရပ်ဖက်အဖွဲ့ အစည်းတို့မှ ကူညီထောက်ပံ့မှုများလုပ်ဆောင်နေသော်လည်း ကျေးရွာဘက်ရှိရေဘေးသင့်သူများကိုမူ ကူညီထောက်ပံ့မှုများပေးအပ်ရန်အဆင်မပြေကြောင်း ဦးဝေတန်းကပြောသည်။ “ကျနော်တို့မြို့ပေါ်လောက်တော့ ကျနော်တို့ဒီကအာဏာပိုင်အဖွဲ့အစည်းတွေ နောက်မီးသတ်အဖွဲ့တွေ နောက်တခြားလူမှုအဖွဲ့တွေ CSO တွေ ကျနော်တို့နဲ့ပူးပေါင်းမှ သူတို့ကို ကျနော်တို့က စားဖို့ဆန်တို့ မုန့်တို့ မာမီးခေါက်ဆွဲတို့ အချိုရေဘူးတွေဖြန့်ဝယ်တယ် မနေ့ကလည်းပေးတယ် ရွာမှာကတော့ ကျနော်တို့ သွားဖို့လာဖို့ အဆင်မပြေဘူးရေကကြီးတော့ စက်လှေလည်းမသွားနိုင်လေ” ဟု ဦးဝေတန်းဆက်ပြောသည်။ ကုလားတန်မြစ် စိုးရိမ်ရေမှတ်သည် ၁၆၀၀ စင်တီမီတာရှိပြီး ၁၃ ရက်နေ့ည ၁၁ နာရီ ၃၀ မိနစ်တွင် စိုးရိမ်ရေမှတ်ထက် ၂ စင်တီမီတာမြင့်တက်သွားပြီး ၁၄ ရက်နေ့မနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၁၅၈၇…

Read More