Author: Editor

#Unicode By နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး များများစစ်ဆေးနိုင်မည့် စက်ထားရှိနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနထံ တောင်းဆိုထားကြောင်း ကလေးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဒေါ်ရှားမီးကပြောသည်။ “စက်ကလေ တစ်ပတ်ကို ၁ဝ ယောက်လောက်ပဲစစ်နိုင်မယ့်စက်ဖြစ်နေသေးတယ် ၊ အဲ့ဒီအတွက်ပဲဆွေးနွေးတာပဲလေ များများစစ်နိုင်မယ့် စက် အိတ်ခ် မော်ကြိုးလို့ခေါ်တဲ့စက်အဲဒါလိုနေသေးတယ် များများစစ်နိုင်အောင်လို့ ဝန်ကြီးဌာနကို လည်း တင်ပြထားပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်ရှားမီးကပြောသည်။ ကလေးမြို့တွင် ကိုဗစ် – ၁၉ ရောဂါပိုးစစ်ဆေးသည့်စက်မှာ ယခင်က မရှိသဖြင့် သံသယရှိလူနာများအား စမ်းသပ်စစ်ဆေး လိုပါက Swab Test ယူပြီး ရန်ကုန်သို့ ပို့ဆောင်လေ့ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတကျော့ပြန်မြင့်တက်လာသည့်ကိစ္စအပေါ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကလေးမြို့ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်နေ့မနက်ပိုင်း ကလေးခရိုင်ပြန်ဆက်ရုံးတွင် ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သတ်ပြီး ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြကြောင်း ဒေါ်ရှားမီး ထံမှ သိရသည်။ ကလေးမြို့ပြည်သူလွတ်တော်ကိုယ်စာလှယ် ဒေါ်ရှားမီး က “ COVID-19 ထိန်းချုပ်ရေးကော်မတီ တွေကတော့ ကလေးတ နယ်လုံးမှာရှိတဲ့ ကွာရန်တင်းထားတဲ့နေရာတွေမှာ ဘာတွေအခက်အခဲရှိလဲ ၊ ပြီးတော့ PPE ဝတ်စုံတွေဘယ်လောက်ထိရှိသေးလဲ၊ ဘာတွေနောက်ထပ်လိုအုံးမလဲ ၊ ဝန်ကြီးဌာ နကလဲ ဘာတွေပေါင်းစပ်ပြီးတော့ တင်ပြတောင်းဆိုမလဲ ၊ ဓာတ်ခွဲနမှုနာလည်း ဒီမှာ ဓာတ်ခွဲစမ်းသပ်လို့ ရအောင်လို့ ဝန်ကြီးဌာနကလည်းဘာတွေေ တာင်းဆိုရမလဲဆို…

Read More

#Unicode By Benezer – ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီအနိုင်ရရှိပါက ပြည်သူလူထုမျှော်မှန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ဆက်လက်ရုန်းကန်သွားမည်ဟု ကလေးမြို့ နယ် NLD ပါတီဥက္ကဌလည်းဖြစ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ရှားမီး(ခ) ဒေါ်အေးအေးမူက ပြောသည်။ “၂၀၂၀ မှာ ကျမကိုဆက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ ပြည်သူလူထုက သူတို့ရဲ့ တန်ဖိုးရှိတဲ့ ဆန္ဒမဲနဲ့ ကျမတို့ကို ဆက်ပြီးတော့ ခိုင်းစေမယ်ဆိုလို့ရှိရင် ကလေးမြို့ကို ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် ပြည်သူလူထုအတွက် လုံခြုံမှုရှိတဲ့ ဉပဒေတွေ ကျမတို့ NLD ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ပန်းတိုင်ဖြစ်တဲ့ ၂၀၀၈ အခြေခံဉပေဒ ပြင်ဆင်ရေးအတွက် လွှတ်တော် ကနေထမ်းဆောင်သွားဖို့ ရှိပါတယ်၊ ပါတီရဲ့လမ်းညွှန်ချက်အတိုင်း တသွေမတိမ်းလိုက်နာပြီးတော့ ပြည်သူလူထု အလိုအပ်ဆုံးဖြစ်တဲ့ ၂၀၀၈ ပြင်ဆင်ရေးအတွက်လည်း ကျမတို့ ဆက်လက်ရုန်းကန်မယ်၊ ဒေသရဲ့ဖွံ့ဖြိုးရေးကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်ဖို့အားယူနေပါတယ်” ဟု လက်ရှိ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ရှားမီးကပြောသည်။ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကလေးမြို့နယ် မဲဆန္ဒနယ်မြေအသီးသီး မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် သတင်းမီးဒီယယာများတွေ့ဆုံပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့ကပြုလုပ်ခဲ့စဉ် ဒေါ်ရှားမီးက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် အမျိူးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (၂) နေရာ နှင့် ချင်းတိုင်းရင်းသားရေး၀န်ကြီးနေရာအတွက် နိုင်ငံရေးပါတီပါတီ (၁၉) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၁) ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်များအနေဖြင့် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်သော စည်းကမ်းသတ်မှတ်ချက်နှင့်အညီ…

Read More

#Unicode By နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်း(IDPs Camp) တွင် နေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူ များသည် အထောက်အပံ့ဆက်လက်မရှိပါက ယခုရက်ပို်င်းအတွင်း စားစရာဆန်ပြတ်လပ်ဖွယ်ရှိသည်ဟု ပလက်မြို့နယ် တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့ထံမှသိရသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ပလက်ဝမြို့ပေါ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများကို ချင်းပြည်နယ်အစိုးရအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP) အပါအဝင် အရပ်ဘက်အဖွဲ့အ စည်းများက ကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိသော်လည်း ယခုလက်ရှိတွင် ဆန်ပြတ်လပ်မည့်အရေးနှင့် ရင်ဆိုင်နေကြရသည်ဟု ပလက်ဝမြို့နယ် တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့မှ ဦးဇာနီကပြောသည်။ “ အခုက တိုက်ပွဲရှောင်တွေအတွက်ပြောချင်တာ ရိက္ခာပဲ ၊ ရိက္ခာက WFP က ဆန်ပေးတဲ့ဟာက ဒီလ ၂၀ ရက်နေ့ဆိုရင် သူတို့ကကုန်တော့မယ် ၊ နောက် အစိုးရအဖွဲ့က ပေးတဲ့ဟာလည်းပဲ ခုလောလောဆယ်တော့မရှိတော့ဘူး အဲ့တာသူတို့ အတွက် နည်းနည်းအခက်အခဲရှိတယ်၊ ကျွန်တော်တို့အနေနဲ့လည်း အလှုရှင်တွေရဲ့ပို်က်ဆံနဲ့ဝယ်ပေးနိုင်တာက ခုပလက်ဝမြို့ပေါ်မှာက ဆန်ဝယ်ရင် အနည်းဆုံး (၅၅၀၀၀-၆၀၀၀၀) လောက်ရှိတဲ့အတွက်ကြောင့် အလှုရှင်တွေရဲ့ရန်ပုံငွေနဲ့လည်းမတတ်နိုင်ဘူး အခက်အခဲရှိနေတယ်’’ ဟု ဦးဇာနီကပြောသည်။ ပလက်ဝမြို့ မြို့မဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဦးဂျာလှအောင်က စစ်ဘေးရှောင်ပြည်သူများကို အစိုးရဘက် ထောက်ပံ့မှုရှိသော်လည်း လုံလောက်မှုမရှိကြောင်း ခုလိုပြောဆိုသည်။“ လမ်းပန်းဆက်သွယ်ရေးက အခက်အခဲဖြစ်နေတော့ အဝင်အထွက်တွေ အကုန်ပိတ်နေတော့လေ၊ ဒါပေမယ့် အခု နိုင်ငံတော် အစိုးရက ကျွန်တော်တို့ကို ထောက်ပံ့ကူညီပေးတာရှိပါတယ် ထောက်ပံ့မှုက မိသားစုဦးရေများတဲ့သူအတွက်တော့ မလောက်နိုင်ဘူး ၊ ဆန်ဝယ်ဖို့ ဆိုရင်လည်း ကျွန်တော်တို့မှာ ငွေရေးကြေးရေးလည်း အခက်အခဲရှိတဲ့အခါကြတော့လည်း အဆင်မပြေတာတွေအများကြီးပေါ့’’ ဟု…

Read More

#Unicode ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတော့မှာပါ။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြ်ို့က ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိူးကို သူတို့မျှော်လင့်နေကြတာပါလဲ။ အသစ်တက်လာမည့် အစိုးရသစ်ကို မင်းတပ်မြို့အတွက် ဘာတွေလုပ်ပေးစေချင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချိူ့ရဲ့ သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။ မိုင်ဟာကီးလိုင်း (အတွင်းရေးမှူး – CCWO) နောက်ထပ်အစိုးရသစ်ကသာတက်လာမယ်ဆိုလို့ရှိရင် အဓိက တရားစီရင်ရေးအပိုင်းတွေ ရဲတွေ ထွေအုပ်တွေ ဒီဟာတွေပါမယ်၊ အဲဒီကဏ္ဍတွေရယ် လုံးခြုံရေးအပိုင်းရယ်၊ ပြီးတော့ အမျိုးသမီးတွေအတွက် စဉ်းစားပေးတာမျိုး သိပ်မရှိခဲ့ဘူးပေါ့၊ အဲဒါကြောင့် ဘယ်အစိုးရဘဲတက်တက် အမျိုးသမီးတွေအတွက် အကြမ်းဘက်မှုတွေကနေကာကွယ်ပေးနိုင်ရမယ် အိမ်တွင်း အကြမ်းဘက်မှုလည်း ဖြစ်ကောင်းဖြစ်မယ်၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တစ်ကယ်လုပ်ပေးမယ့်အစိုးရကို တက်စေချင်တယ်၊ ကျမကတော့ ပါတီလဲမကြည့်ဘူး၊ မူတွေဘာတွေသိပ်မကြည့်ဘူး၊ အဓိကတော့ လူကိုဘဲကြည့်မယ်လို့ ဆုံးဖြတ်ထားတယ်၊ ဒီလူက ကျမတို့ရဲ့ ဒေသမှာ တစ်စိုက်မတ်မတ်လုပ်ပေးနိုင်တဲ့လူ၊ ဒီဒေသရဲ့ အကြောင်းရင်းကိုလည်း နားလည်တဲ့သူဖြစ်မယ်ဆို ကျမကတော့ မဲပေးမှာပါ။ ဒေါ်မိုင်စိမ်း (မင်းတပ်မြို့ခံ) ကျမအနေနဲ့ အစိုးရသစ်ကို လုပ်စေချင်တာက ၂၀၀၈ အခြေခံဉပဒေကို မပြင်နိုင်ရင်တောင်မှ မပြင်နိုင်တဲ့ ဉပဒေအောက်မှာ ကျမတို့ ချင်းလူမျိုးတွေရဲ့ အဓိကကျတဲ့ ဉပဒေပြဌာန်းနိုင်တဲ့ လွှတ်တော် အမတ်ဘဲဖြစ်ဖြစ် အစိုးရဘဲဖြစ်ဖြစ်လိုချင်ပါတယ်၊ နောက်တစ်ခုက အကတိလိုက်စားမှု ကင်းစင်တဲ့ အစိုးရဖြစ်စေချင်တယ်၊ ဘတ်ဂျက် ခွဲဝေမှုမှာလည်း မျှမျှတတဖြစ်တဲ့ ခွဲဝေမှုမျိုးဖြစ်စေချင်ပါတယ်၊ ကျမတစ်ဉီးတည်းအနေနဲ့ကတော့ စိတ်ရင်းစေတနာ မှန်တဲ့…

Read More

#Unicode By နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ စစ်ဘေးရှောင်စခန်း(IDPs Camp)တွင် နှာခေါင်းစီး (Mask) နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း ပလက်ဝမြို့နယ် တိုက်ပွဲရှောင် နှင့် သဘာဝကူညီးရေး အဖွဲ့က ဦးဇာနီကပြောသည်။ “ တိုက်ပွဲရှောင်အတွက် စိုးရိမ်မှုတွေက ကျွန်တော်တို့ (Mask) ကလုံလောက်မှုမရှိဘူး ၊ Mask က တခါတလေ ကျွန်တော်တို့ ပေးနိုင်တာတွေသည် အလွန်ဆုံး (၂) ခုပဲပေးနိုင်တဲ့ အခါမှာ ဒါကိုအမြဲတမ်း တပ်နိုင်ဖို့ ဆိုတဲ့ဟာက မဖြစ်နိုင်ဘူး ။ ကျွန်တော်တို့ဆီမှာလည်း မရှိတော့ဘူး ၊ ခုပလက်ဝအတိုင်းအတာနဲ့ဆိုတော့လေ အဲ့ဒီအခက်အခဲ တွေရှိတယ်၊ တိုက်ပွဲရှောင်အတွက် စိုးရိမ်မှုတွေက ကျွန်တော်တို့ အဲ့ဒီရောဂါဖြစ်လာရင် အစုအဖွဲ့လိုက်ထားတဲ့အခါမှာ စိုးရိမ်တာပေါ့ ၊ IDP Camp တွေအတွက် ဆေးတွေပံ့ပိုးတာတွေ ကျွန်တော်မသိဘူးဗျ ၊မရှိသလောက်ဘဲ” ဟု ဦးဇာနီကပြောသည်။ မြန်မာနိုင်ငံအတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်မှု မြင့်မားလာသည့်အတွက် ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ အစုလိုက်နေထိုင်ရသည့်အပေါ် စိုးရိမ်မှုရှိနေကြသည့်အပြင် ဆေးဝါးနှင့် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ မရရှိသည့် အခက်အခဲများရင်ဆိုင်နေရကြောင်း ပလက်ဝမြို့နယ် တိုက်ပွဲရှောင် နှင့် သဘာဝကူ ညီးရေးအဖွဲ့ထံမှ သိရသည်။ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အဓိက ကူညီပေးနေသည့် ချင်းစစ်ဘေးရှောင် ပြည်သူများ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) က ပလက်ဝမြို့နယ်အတွက် အလှူခံရရှိထားသည့် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ပေးပို့ရန် အဆင်သင့်ရှိနေသော်လည်း လမ်းပိတ်ဆို့မှုများကြောင့် ပေးပို့နိုင်ရန် အခက်အခဲရှိနေကြောင်း RRCCI…

Read More

#Unicode ၂၀၂၀ ခုနှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း များအနေဖြင့် ချင်းအမျိူးသားတပ်ဦး (CNF) အခြေချနယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်မည်ဆိုပါက ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟု CNF ကပြောဆိုလိုက်သည်။ ချင်းအမျိူးသားတပ်ဦး (CNF) အနေဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲအပေါ် ကြိုဆိုကြောင်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည့် ကာလဖြစ်နေသည့်အတွက် မိမိတို့အခြေချရာ နယ်မြေများအတွင်း မဲဆွယ်စည်းရုံးရေးပြုလုပ်ကြမည်ဆိုပါက ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဟု စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သော CNF ၏ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွင်ဖော်ပြထားသည်။ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “အဓိက ကတော့ CNF အခြေချ နယ်မြေမှာ COVID-19 ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးအတွက်ပါ၊ ပြီးတော့ ဒေသခံပြည်သူတချို့ရဲ့ တောင်းဆိုချက်လည်းပါတာပေါ့။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှှင်မှ ထုတ်ပြန်ထားတဲ့ COVID-19 ဆိုင်ရာ လမ်းညွန်ချက်နဲ့အညီ အကောင်းဆုံးဆောင်ရွက်စေချင်တယ်။ ယခုလည်း Chin National Party ကနေ မဲဆွယ်စည်းရုံးရေးအတွက် ကောင်းကောင်းမွန်မွန် ချိတ်ဆက်လာပါတယ်” ဟု ပြောသည်။ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်တစ်ချိူ့တို့က CNF ၏ စာတမ်းများ၊ သဘောထားများကို ထပ်ဆင့်ကူယူပြောဆိုရေးသား ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လိုရာဆွဲအသုံးမှုများရှိနေသည်ဟုလည်း ဆလိုင်းထက်နီကဆက်ပြောသည်။ “ CNF ရဲ့ သဘောထား၊ စာတမ်းတွေထဲက မိမိအသုံးချလိုတဲ့စကားလုံး၊ အင်တာဗျုးတွေကို ထပ်ဆင့် ကူးယူကောက်ဆွဲပြီး အသုံးချတာတွေတွေ့ရတယ်။ CNF အနေနဲ့ မိမိတို့ သဘောထား စာတမ်းကြောင့်…

Read More

#Unicode By နှင်းနှင်း – မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပြည်တွင်း ကူးစက်မှုများ မြင့်တက်လာပြီးနောက် တိုင်းနှင့်ပြည်နယ်အ ချို့တွင် ခရီးသည်တင် ယာဉ်လိုင်းပြေးဆွဲမှုပိတ်ပင်လိုက်သော်လည်း ချင်းပြည်နယ်တွင် ယာဉ်လိုင်းပိတ်ပင်ခြ င်းမရှိကြောင်း ချင်းပြည်နယ်လူမှုဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ “ကျွန်တော်တို့ ပြည်မဖက်ကနေအဝင်က တဖြည်းဖြည်းလျှော့လာတယ်။ ဟားခါးအခြေစိုက်ပြီးတော့ နယ်သွားတာလောက်ပဲရှိပြီးတော့ တိုင်းဒေသကြီးတွေေ ပြးဆွဲတာသိပ်မရှိဘူး ၊ အဲတာကြောင့် တကူးတကဒီကနေပိတ်စရာမလိုပဲနဲ့ ပြည်မကပိတ်ရင်အလိုလိုနေရင်းပိတ်ပြီးသားဖြစ်ပါတယ်၊ ကျွန်တော်တို့ကတော့ စစ်ဆေးမှုလေးတွေကို အဓိကထားတယ်၊ ယာဉ်လိုင်းတွေကို ပိတ်ဖို့မရှိဘူး ” ဟု ဦးပေါင်လွင်မင့်ထန်ကပြောသည်။ ခရီးသည်ယာဉ်လို်င်းများပိတ်ပင်ထားခြင်းမရှိသော်လည်း ချင်းပြည်နယ်သို့လာရောက်မည်ဆိုပါက မိမိတို့နေထိုင်သည့် ဒေသခံမှ သက်ဆိုင်ရာအာဏာပိုင်းများ၏ ထောက်ခံစာကို မဖြစ်မနေပါလာရမည်ဖြစ်ပြီး ထောက်ခံစာမပါလျှင် ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဝန်ကြီးကဆက်ပြောသည်။ ဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “အဓိက ထောက်ခံစာပါမယ်၊ ထောက်ခံစာမပါရင် မဝင်ခိုင်းဘူး၊ ရခိုင်ဖက်လိုမျိုးတွေက သူတို့ရဲ့နေရာလာတဲ့နေရာ အပေါ်မှာ မှုတည်ပြီးတော့ ကျွန်တော်တို့ ကွာရန်တင်းထားတယ်။ ရခိုင်ကနေလာရင် တော့မဖြစ်မနေထားရမယ် ၊ အရေးကြီးတာက ဘယ်ကနေလာလဲဆိုတဲ့ သူလာတဲ့နေ ရာကနေ ထောက်ခံစာတွေပါရမယ် ၊ အဲ့အပေါ်မှာမှုတည်ပြီးတော့ပဲ ကွာရန်တင်းစီစဉ်ပါတယ်” ဟု ပြောသည်။ ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် လက်ရှိ Facility Quarantine နှင့် Home Quarantine ဝင်သူ (၂၂၀ ) ဦး၊ ကိုဗစ်နိုင်တင်းပိုးတွေ့လူနာ တီးတိန််ပြည်သူ ဆေးရုံတွင် (၂) ဦး ဆေးကုသမှုခံယူလျက်ရှိကြသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၃၀၁၅…

Read More

#Unicode By Benezer – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်ရေးပဋိပက္ခကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးသည့်အတွက် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန် အခက်အခဲရှိနိုင်ကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆို ကြသည်။ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၁) နေရာမှ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝမြို့ပေါ်နှင့် အနီးအနားတစ်ဝိုက်တွင်သာ မဲဆွယ်စည်းရုံးရေးအဆင်ပြေသော်လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်ဘက် ရှိ ကျေးရွာများသို့ သွားရောက်ရန်အဆင်မပြေနိုင်ကြောင်း ပြောဆိုသည်။ “ကိုယ်စာလှယ်အနေနဲ့တော့နည်းနည်းလေးတော့ သွားဖို့လာဖို့ခက်တယ်၊ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ကြေညာပြီးသားဖြစ်တယ်ဆိုတော့လူထုသဘောထားအရလည်း ကျင်းပဖို့သင့်တယ်၊ ကျင်းပဖြစ်အောင်တော့ ဝိုင်းကြိုးစားမှာပါ၊ စည်းရုံးရေးကတော့မြို့ပေါ်ဘဲရမှာပေါ့၊ နယ်ဆင်းတာတော့ တစ်ချို့နေရာတွေမှာတော့ရမယ်၊ အိန္ဒိယနယ်စပ်တို့ဘင်္ဂလားဒေ့စ်နယ်စပ်တို့တော့ ခက်လိမ့်မယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။ ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေက ဝန်ကြီးဦးစိုးထက်နှင့်အဖွဲ့တို့သည် စက်လှေဖြင့် ပလက်ဝမြို့သို့ထွက်ခွါလာစဉ်တွင် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်ကလည်း ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရာတွင် ကုလားတန်မြစ်ကြောင်းပေါ်တွင် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။ ပလက်ဝမြို့နယ်သည် နယ်မြေမတည်ငြိမ်မှုကြောင့် ကားလမ်းများလည်းပိတ်ထားရသဖြင့် ကျေးရွာအုပ်စုတိုင်းကို ရောက်ရန်အခက်အခဲရှိနေသည်ဟု ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆလိုင်းခွဲယန်ကပြောသည်။ “အခက်အခဲကတော့ကျေးရွာအုပ်စုတိုင်းကို မရောက်နိုင်တဲ့ အခက်အခဲတော့ရှိတယ်၊ ကော်မရှင်တို့ ဘာတို့နဲ့ဆက်သွယ်ရာမှာလည်း အခက်အခဲရှိတယ်၊ စာပို့တဲ့အပိုင်းတွေမှာပေါ့၊ ကားလမ်းတွေက မဖွင့်တဲ့အခါကျတော့ကော်မရှင်ကို ဖုန်းနဲ့လောက်ဘဲရတယ်၊ နောက်ပြီးတော့ တစ်နယ်လုံးမှာ သွားလာဖို့အခက်အခဲရှိတယ်၊ဒါပေမယ့် လုံခြုံရေးကောင်းတဲ့နေရာဘဲ ကျနော်တို့ရွေးရတာပေါ့၊ လုံခြုံရေးမကောင်းတဲ့နေရာတွေကတော့နောက်ပိုင်း ကောင်းလာရင်သွားမယ်၊ မကောင်းရင်တော့မသွားတော့ဘူး၊ တစ်မြို့နယ်လုံးကိုတော့ရောက်ဖို့မလွယ်ဘူးလေ”ဟု ဆလိုင်းခွဲယန်ကပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁…

Read More

#Unicode By Benezer – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အသီးသီးကနေ သြဂုတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ မဲဆန္ဒနယ်မြေ (၃၉) နေရှိတဲ့ ချင်းပြည်နယ်မှာတော့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ် လောင်း (၂၁၀) ဦးရှိပါတယ်။ အဲဒီထဲက ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေကနေ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသက် (၂၇) နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းဒိုခါရ်ကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ ပထမဦးဆုံးအနေနဲ့ ဘာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရတာလဲဆိုသိချင်ပါတယ်။ဖြေ။ ။ လက်ရှိမြန်မာနိုင်ငံတော်အခြေအနေက ကျွန်တော်တို့လိုချင်တဲ့ တိုင်းပြည်တခုဖော်ဆောင်နိုင်ဖို့အတွက် တိုက်ပွဲတွေကိုဝင်နေတဲ့ကာလတခုအဖြစ် ကျနော်ခံယူထားပါတယ်။ အဲဒီတော့ ဒီတိုက်ပွဲတွေဝင်နေတဲ့တလျှောက်မှာ နည်းလမ်းတွေအမျိုးမျိုးရှိတယ် ။ ဒီနည်းလမ်းတွေအများကြီးထဲမှာ ကျွန်တော်အနေနဲ့ လွှတ်တော်လမ်းကြောင်းကို ရွေးချယ်ပြီး တိုက်ပွဲဝင်နေတာကလည်း လက်ရှိမြန်မာနိုင်ငံအခြေအနေအရ အသင့်တော်ဆုံးတခုလို့ယူဆပါတယ်။ လွှတ်တော်လမ်းကြောင်းကိုရွေးချယ်ပြီးမှ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် တိုက်ပွဲဝင်ရခြင်းဖြစ်ပါတတယ်။ မေ။ ။ နိုင်ငံရေးပါတီတစ်ခုခုကနေ ကိုယ်စားပြုဝင်မပြိုင်ဘဲ ဘာကြောင့် တစ်ဦးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတာလဲ။ ဖြေ။ ။ (၁) တိုင်းပြည်အတွက် လွတ်လွတ်လပ်လပ်နဲ့ လွှတ်တော်မှာ တိုက်ပွဲဝင် နိုင်အောင် လွတ်လပ်စွာ လွှတ်တော်မှာ ပြည်သူ့အသံကို ဖော်ထုတ်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တသီးပုဂ္ဂလကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။ (၂) အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော့်အနေနဲ့တိုက်ဖျက်ချင်တဲ့ အတွက် ကျနော့်အတွေ့ကြုံအရ ပါတီဝင်သွားပြီဆိုရင် အကျင့်ပျက်ခြစားမှုတွေကို ပြည်သူနဲ့ ပူးပေါင်းပြီးမှ လွတ်လွတ် လပ်လပ် တိုက်ဖျက်လို့မရတော့တဲ့အခြေအနေမျိူး လည်းတွေ့ရတယ်၊ ဒါကြောင့် ပြည်သူလူထုနဲ့လွတ်လွတ်လပ်လပ်ပူးပေါင်းချင်လို့၊ (၃) နိုင်ငံရေးပါတီအချင်းချင်းအားပြို င်မှုတွေကြောင့်…

Read More

#Unicode By လားနွန် – ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်းများပိတ်ထား သည့်အတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အောက်ပိုင်းတွင် တည်ရှိသော လေမြိုမြစ်ဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုကြုံနေကြရသည်ဟု သိရသည်။ လေမြိုမြစ်ဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို အဓိကမှိခိုအားထားနေရပြီး ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် လမ်းကြောင်းများပိတ်ထားသည့်အတွက် ယခုကဲ့သို့ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု လေမြိုမြစ်ဒေသ ကိုဖေချေကျေးရွာသား ဦးလွယ်ထောင်က ပြောသည်။ “လမ်းတွေပိတ်တာတော့ လေးငါးရက်လောက်ကြာပြီ ကျနော်တို့လေမြိုဒေသမှာ အချက်အချာကျတဲ့ ကင်ထောင်ကဆေးခန်းတွေလည်း ပိတ်ထားရတယ်၊ ရွာအဝင်အထွက်တွေလည်း ပိတ်တယ် ကျနော်တို့ ဒီဘက် လေမြို့ဒေသကတော့ ရခိုင်ပြည်နယ်စပ်ဆိုတော့ အခုရခိုင်ပြည်နယ်မှာ ကိုှဗစ်-၁၉ ကဖြစ်နေတော့ ကျနော်တို့ဒီဘက်ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးကဟာတွေကို မှီခိုစားသောက်နေရတယ်အခု ကျနော်တို ့ရခိုင်ပြည်နယ် မြောက်ဦးဘက်ကနေ အခုကလမ်းတွေကလည်း ပိတ်လိုက်ပြီ အခုက စားဝတ်နေရေးနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်’’ ဟု ဦးလွယ်ထောင်ကပြောသည်။ လေမြိုဒေသတွင် ကျေးရွာပေါင်း ၆၀ ကျော်ခန့်ရှိကာ လူဦးရေအားဖြင့် တစ်သောင်းခွဲကျော်ရှိကြပြီး ရခိုင်ပြည်နယ် မြောက်ဦး၊ ဆင်အိုး တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။လေမြိုဒေသတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများသည် အခြေခံစားသောက်ကုန်ပစ္စည်များကို မြောက်ဦး၊ ဆင်အိုး တို့တွင် သွားရောက်ဝယ်ယူကာ စက်လှေဖြင့် သယ်ယူလေ့ရှိကြသည်။ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာသည့်အတွက် ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် လေမြို့ဒေသရှိ ကျေးရွာအသီးသီးတို့သည် ရွာအဝင်အထွက်များ ပိတ်ထားကြသည်ဟု လေမြိုဒေသ သံထောင်ကျေးရွာဒေသခံ ဦးဘိုလွန်းကပြောသည်။ “ကိုယ့်ရွာနဲ့…

Read More