ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံကိုတင်ပို့မည်ဟုယူဆရသော အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဆေးဝါးများစွာနဲ့အတူ ချင်းအမျိုးသားတစ်ဦးကို စက်တင်ဘာ (၂၁) ရက်နေ့က နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ နိုင်ငံခြားထုတ်ဆေးဝါးများသယ်ဆောင်လာပြီး ဆေးဝါးပိုင်ရှင်ဟုယူဆရသော ချင်းအမျိုးသားတစ်ဦးမှာ ဖလမ်းမြို့နယ်၊ ရမ်ထလို ကျေးရွာတွင်နေထိုင်သူ အသက် (၃၀) အရွယ် ဒေးဗစ်ထန်း အား ဖမ်းဆီးခဲ့ပြီး (ပ) ၈/၂၀၁၈ ပို့/သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။ ဆေးဝါးများစွာ သယ်ဆောင်လာသူ ဒေးဗစ်ထန်း က အဆိုပါဆေးဝါးများကို အဖြူရောင်ပီနံအိတ်တွင်ထည့်ပြီး သယ်ဆောင်လာခြင်းဖြစ်၍ မသင်္ကာမှုဖြင့် နယ်စပ်ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးခဲ့ရာ ကျပ်ငွေ (၃၃၈၀၅၀) တန်ဖိုးရှိ နိုင်ငံခြားထုတ်ဆေးဝါးများအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခုလို ဖမ်းဆီးခဲ့သော နိုင်ငံခြားဆေးဝါးအမျိုးအစားများမှာ (Cyprimed) စာသားပါ အိန္ဒိယနိုင်ငံထုတ် အားဆေးဗူး (၁၅) ဗူး၊ Pydina-s စာတမ်းပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် အစာအိမ် အားတိုးဆေး (၁၂) ဗူးစီပါ (၃) ဖာ၊ Pudina-s စာတမ်းပါ အစာအိမ်အားတိုးဆေး (၁၁) ဗူးပါ (၁) ဖာ တို့ဖြစ်ကြောင်း ထပ်မံဖော်ပြသည်။
Author: Editor
ချင်းပြည်နယ်နဲ့ထိစပ်နေသော မီဇိုရမ်ပြည်နယ်၏ လွန်ခဲ့သော ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း လူဦးရေ (၁၁) သိန်းရှိရာမှ HIV ရောဂါပိုးရှိသူ ဦးရေ (၁၈၀၈၁) ဦး ရှိကြောင်း သိရသည်။ ၄င်းမှာ မီဇိုရမ်ပြည်နယ်တွင်ရှိသော လူဦးရေအရ HIV ရောဂါပိုးရှိသူ တစ်ရာမှာ ၁.၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပြီး ယခုလို HIV ရောဂါကူးစက်တိုးပွားလာခြင်းမှာ ကွန်ဒုံး (condom) မပါဘဲ လိင်ဆက်ဆံခြင်းမှ အများဆုံး ဖြစ်တယ်လို့ မီဇိုရမ်နေ့စဉ်ထုတ် သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံရှိ HIV Estimations 2017 Technical Report ၏ သွေးစစ်ဆေးချက်အရ မီဇိုရမ်သည် တစ်ရာမှာ ၂.၀၄ ရာခိုင်နှုန်းဖြင့် အိန္ဒိယနိုင်ငံတွင် HIV ရောဂါရှိသည့် အများဆုံးပြည်နယ်ဖြစ်ပြီး မဏိပူပြည်နယ် နှင့် နာဂလဲန်ပြည်နယ်တို့က နောက်က လိုက်လာ ကြောင်း သိရသည်။ ၁၉၉၀ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ သြဂုဏ်လအထိ မီဇိုရမ်ပြည်နယ်အတွင်း HIV ရောဂါကူးစက်မှုအများဆုံးမှာ လိင်ဆက်ဆံ ခြင်းမှဖြစ်ပြီး ၆၆ ရာခိုင်နှုန်းရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု (ဆေးထိုးအပ်) မှ ၂၇ ရာခိုင်နှုန်း၊ မိခင်မှ ၃ ရာခိုင်နှုန်း နှင့် လိင်တူ ဆက်ဆံခြင်းမှ ကူးစက်မှုမရှိသေးကြောင်း မီဇိုရမ်ပြည်နယ် AIDS ရောဂါ ထိန်းချုပ်ရေးအဖွဲ့ Mizoram State AIDS Control Society (MSACS) အဖွဲ့…
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာအတွင်းမှ မြေဧက (၃၀၀) ကျော်ကို ကလေး တက္ကသိုလ်မြေနေရာအဖြစ်လွှဲပြောင်းပေးနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာမှုအပေါ် အရပ်ဖက်လူ မှုအဖွဲ့အစည်း (၃၉) ဖွဲ့က ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ကြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့ကစ၍ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းမှ ကလေးတက္ကသိုလ်နယ်မြေအဖြစ် ပြောင်းလဲအသုံးပြုရန်အတွက် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်သော မြေဧရိယာ ၃၀၈ ဒသမ ၅၆ ဧကကို ခိုင်ကမ်းမြို့ အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ တီးတိန်မြို့နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခိုင်ကမ်းမြို့၊ နယ်မြေတာဝန်ခံ မြေတိုင်း-၄ ဦးဆွင်းခန့်စိန်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ တာဝန်ခံ၊ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများနှင့် ခိုင်ကမ်းမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းတိုင်းတာခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းနှင့် ချင်းကျောင်းသားအဖွဲ့အစည်းများမှ စက်တင်ဘာ (၁၇) ရက်နေ့က ကလေးမြို့ Youth Center ခန်းမတွင် သတင်းစာရှင်းပွဲတစ်ရပ်ကျင်းပပြုလုပ်ပြီး ယခုကဲ့သို့ ကန့်ကွက် လိုက်ကြခြင်းဖြစ်သည်။
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း နှင့် ကိုက်ညီမှု မရှိသော မော်တော်ဆိုင်ကယ် အစီး (၁၀၀) ကျော်ကို စက်တင်ဘာ ၁၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဟားခါးမြို့ အများပြည်သူဆိုင်ရာ လမ်းမပေါ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိဘဲ မောင်းနှင်သွားလာနေသည့် မော်တော်ဆိုင်ကယ် အစီး (၁၀၀) ကျော်ကို ပြည်နယ်ယာဉ်အန္တရယ်၊ လမ်းအန္တရယ်ကင်းရှင်းရေး ကော်မတီးက ယခုလို ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ကြောင်း ဟားခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးသီးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို လွန်ခဲ့သောလများတွင် အသိပညာပေးမှုများဆောင်ရွက်ခဲ့ပြီးကြောင်း နှင့် ချင်းပြည်နယ်အတွင်း ယာဉ်အန္တရယ်နှင့် လမ်းအန္တရယ် ကင်းရှင်းရေးအတွက် လိုင်စင်မဲ့ယာဉ်များကို ပြီးခဲ့သည့် ဇူလိုင်လ (၂) ရက်နေ့ကစပြီး တည်ဆဲဥပဒေအရ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းခရိုင် ရိခေါဒါရ်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု၊ လူနှင့်ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသည်တင်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော ကားလေးဝင်းအား စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ရိခေါဒါရ်မြို့တွင် ကားလေးဝင်းတည်ဆောက်ဖို့ မြေနေရာအပြင် ဘတ်ဂျက်များမရှိသည့်အတွက်ကြောင့် အဆိုပါ ကားလေးဝင်း တည်ဆောက်ထားသောနေရာမှာ ရိခေါဒါရ်မြို့အဝင် မြေကွက် (၁.၁၄၀) ဧကအကျယ်အဝန်းအား ဒေသခံ စေတနာလှူရှင် ဦးမွဲသဲက လှူဒါန်းခဲ့ကြောင်း နှင့် အဆိုပါမြေကွက်ပေါ်တွင် မြို့စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူကာ KHAU TE FAMILY ကုမ္ပဏီမှ ကားဂိတ်အဆောက်အဦးအရွယ်အစား (၁၂’×၁၀’) သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အဦး (၅)ခန်းတွဲ နှစ်ဆောင်၊ (၇)ခန်းတွဲ တစ်ဆောင်၊ စုစုပေါင်းအခန်းပေါင်း(၁၇)ခန်း ဆောက်လုပ်နေဆဲ ဖြစ်ကြောင်းသိရပြီး လာမယ့်အပတ်တွင် အပြီးဆောင်ရွက်နိုင်မည်ဟု ဦးလာလ်ပက်လောမ်က ခိုနှုမ်းသုန်သတင်းဌာနကို ယခုလို ပြောသည်။ “ကားလေးဝင်းတည်ဆောက်မယ့် မြေနေရာကတော့ ဦးမွဲသဲလှူထားတာပါ၊ တည်ဆောက်မယ့် Budget က မရှိတော့၊ စည်ပင်ကော်မတီက Khua te Family ကုမ္ပဏီကို ဆောက်ခိုင်းထားတယ်။ နောက်ပိုင်းမှာ ကားဂိတ်ကနေရလာတဲ့ ရန်ပုံငွေနဲ့ ကုမ္ပဏီကို ပြန်ဆပ်ဖို့ ဆွေးနွေးထားတယ်” လို့ ပြောပါသည်။ ယခုလို ကားလေးဝင်းတည်ဆောက်ရခြင်းမှာ အဓိကအားဖြင့် ယာဉ်ကြောပိတ်ပိတ်ဆို့မှု၊ လူယာဉ်အန္တရယ်ကင်းရှင်းဖို့ အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း ယခုလို ဆက်ပြောပါသည်။ “အဓိကတော့ ယာဉ်ကြောပိတ်ဆို့မှု၊ လူယာဉ်အန္တရယ်ကင်းရှင်းဖို့က အဓိက ရည်ရွယ်ချက်ဖြစ်တယ်။ ကားလေးဝင်းက မြို့အပြင်ဘက်မှာသွားထားတော့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ဖန်တီးတာကျတော့ပေါ့နော်၊ ဆိုင်ကယ်ကယ်ရီသမား အတွက်ဆို…
မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ် လက်ရှိ အစိုးရ Mizoram Pradesh Congress Committee (MPCC) ဒု-ဥက္ကဌလည်း ဖြစ်သူ Pu R.Lalzirliana က စက်တင်ဘာလ ၁၄ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ထံ မိမိရာထူးမှ နုတ်ထွက်လိုက်ကြောင်း နုတ်ထွက်စာပေးပို့ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က MPCC လက်အောက်တွင်တည်ရှိသော Disciplinary Action Committee (DAC) ၏ ဆုံးဖြတ်ချက်အရ Pu R Lalzirliana အား အချက် (၃) ချက်ပါသော show cause notice ပေးပို့ခဲ့ပြီး ၄င်းပေးပို့သော အချက် (၃) ချက်အား စက်တင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းချက်ပေးရန်တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ၄င်းအဖွဲ့၏ သတ်မှတ်ထားသောရက် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Pu R.Lalzirliana က ယခုလို မိမိရာထူးမှ နုတ်ထွက်လိုက်ကြောင်း Congress Bhavan တွင် သတင်းသမားများအားပြောဆိုခဲ့ပြီး Congress ပါတီအနေနဲ့ကတော့ ပါတီမှ နုတ်ထွက်မခိုင်ပါက ထွက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ယခုလို Pu R.Lalzirliana မိမိရာထူးမှ နုတ်ထွက်လိုက်သည့်အကြောင်းရင်းမှာ မိမိကိုရွေးကောက်တင်မြောက်သည့် နယ်မြေ ဖြစ်သော Saitual ကို district headquarters အဖြစ် ပေးအပ်ရန် ဆိုသည့်အချက်ကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဂတိပေးခဲ့ထားပြီးသားဖြစ်ကြောင်း သို့သော်လည်း ၄င်း ဂတိပေးထားသည့်အရာကို အစိုးရသက်တမ်း ၁၀ နှစ်မှာတောင် အကောင်ထည်…
ချင်းပြည်နယ် ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် အမဲနှင့် ဝက်လုပ်ငန်း (သားသတ်လိုင်စင်) လေလံရောင်းချပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ရာ ကြမ်းခင်းဈေးအတိုင်း လျှောက်ထားနိုင်သူမရှိသောကြောင့် တင်ဒါအောင်မြင်သူမရှိ ဖြစ်ခဲ့ရသည်ဟု သိရသည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အမဲလိုင်စင်ကြမ်းခင်းဈေးမှာ ကျပ် ၁၃၀ သိန်း ဖြစ်ပြီး ဝက်လိုင်စင် ကြမ်းခင်းဈေးမှာ ကျပ် ၁၁၀ သိန်း ဖြစ်သည်ဟု သိရသည်။ “ လျှောက်ထားတဲ့သူက ၃ ယောက်ရှိတယ် အဓိကတော့ ကြမ်းခင်းဈေးက များနေတော့ မနိုင်ကြတာပေါ့နော်၊ သူတို့အတွက် မကိုက်နိုင်ဘူးဆိုပြီး မလျှောက်နိုင်ကြတာပါ’’ ဟု ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးဇိန်ကျုံးထောင်ကပြောသည်။ အဆိုပါလုပ်ငန်းလိုင်စင်များကို ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် ပထမအကြိမ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ်နှင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နောက်ဆုံးကြိမ်အဖြစ် လေလံရောင်းချပွဲပြုလုပ်သော်လည်း သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လျှောက်ထားနိုင်သူမရှိသည့်အတွက် လမ်းညွန်မှုပေးနိုင်ရန် အထက်သို့တင်ပြထားသည်ဟု ဦးဇိန်ကျူံးထောင်းကပြောသည်။
ချင်းပြည်နယ်တွင် ယခင်က သက်ငယ်မုဒိမ်းဖြစ်ပွားမှု မရှိသလောက်ဖြစ်ခဲ့သော်လည်း ယခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု (၄) မှုဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရော က်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင့်ထန်က “အရင်တုန်းကတော့ မရှိဘူး မရှိဘူးဆိုတာက မတက်လာတာလားမသိဘူး ၅ လ ၆ အတွင်းမှာ ၄ မှုလောက်တက်လာတဲ့အခါကျတော့ စိတ်ပူတာပေါ့ ဘာဖြစ်လို့ ဒီလိုဖြစ်လာတာလဲပေါ့ ကျနော့်အနေနဲ့တော့ အရေးယူမှုကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ပြီးတော့ ဘာသာရေးဘက်ကရော တခြားအဖွဲ့အစည်းတွေအနေနဲ့ ပညာပေးတဲ့အပိုင်းကို များများလုပ်ပေးဖို့နှိုးဆော်ထားပါတယ်’’ ဟု ပြောသည်။
ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့်မီဇိုရမ်ပြည်နယ်တွင်ယခင်ကထက်မူးယစ်ဆေးဝါးပေါများလာသည့်ကိစ္စနှင့်ပတ်သက်၍မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများလက်တွဲလုပ်ဆောင်ရန်ချင်းပြည်နယ်အစိုးရနှင့်ဆွေးနွေးလိုကြောင်းမီဇိုရမ်ဝန်ကြီးချူပ်ကပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် (NCA) ကို သုံးနှစ်နီးပါး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဌ ပူးဇင်ကျူံးက ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး (NCA- S EAO Summit) ၏ ဒုတိယနေ့ သဘာပတိ အဖြစ် ဆောင်ရွက်သည့် CNF ဥက္ကဌ ပူးဇင်ကျူံးက ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ “သုံးနှစ်နီးပါး NCA ကို အကောင်အထည်ဖော်တဲ့ နေရာမှာ စိန်ခေါ်မှု များစွာ ရင်ဆိုင်ကြုံတွေ့ရပါတယ်၊ အဓိက စိန်ခေါ်မှု ကတော့ Package Deal လို့ ခေါ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရေ အခြေခံမှု နှင့် ခွဲမထွက်ရ ကို အလဲအလှယ်ပြုလုပ်ရေး၊ တခုတည်းသော တပ်မတော်ထားရှိရေး တို့ဖြစ်ပါတယ်၊ ဤ စိန်ခေါ်မှုတွေကို ယခု အစည်းအ ဝေးကြီးကနေ မှန်ကန်သော ဆုံးဖြတ်ချက်နဲ့အတူ မဖြစ်မနေ အဖြေရှာသွားကြရမှာဖြစ်ပါတယ်’’ ဟု CNF ဥက္ကဌကပြောသည်။ ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စုသဘောတူစာချူပ်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ “NCA မှာ အတိအလင်းဖော်ပြထားသကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှ ထွက်ပေါ်လာမည့် ပြည်ထောင်စု သ ဘော တူစာချုပ်အရ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်…
