ဟားခါးမြို့ မြို့ပြစီမံကိန်း ဧရိယာအဖြစ် (၄၃.၉) စတုရန်းမိုင် တိုးချဲ့သတ်မှတ်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြလျက်ရှိကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ဟားခါးမြို့နယ် လူဦးရေ လေးပုံတပုံခန့် သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် ပြည်သူများ အတွက် နေရာချထားရေး လုပ်ငန်းဆောင်ရွက်လိုအပ်လာကြောင်း၊ ဟားခါးမြို့သည် ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့် အညီ မြို့၏ ဧရိယာတိုးချဲ့ရန်လိုအပ်လာကြောင်း ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ဟားခါးမြို့ပြဖွံ့ဖြိုးရေးကော်မီတီ ဥက္ကဌလည်းဖြစ်၊ ပြည်နယ် စည်ပင်ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က ပြောဆိုခဲ့သည်။ ပြည်ထောင်စုအစိုးရက အတည်ပြုပေးပါက မြို့ပြဧရိယာကို သက်ဆိုင်ရာ ပညာရှင်များက တိုင်းတာတွက်ချက် မှုပြုလုပ်မည်ဖြစ်ပြီး ယင်းတိုင်းတာတွက်ချက်မှုအတိုင်း မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “အခုလို (၄၃.၉) စတိုရန်းမိုင်ကို မြို့ဧရိယာအဖြစ် အတည်ပြုလာပြီ ဆိုလို့ရှိရင် မြို့ပြဖွံ့ဖြိုးမှုနှင့် မြေအသုံးချမှု ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာကို လုပ်ဆောင်မှာဖြစ်တယ်။ အဲလိုဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာ မြို့ပြ ပညာရှင်တွေရဲ့ ရေးဆွဲထားတဲ့ နည်းပညာအရ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ၀န်ကြီးကဆိုသည်။ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်သည့်အခါ မြေယာပိုင်ဆိုင်သူနှင့် မြေယာအသုံးပြုသူများ ဟူ၍နှစ်မျိုးရှိပြီး ၄င်းတို့၏ သဘောထားကို ပြည်နယ်အစိုးရနှင့် ညှိနှိုင်းကာ မြို့ပြဖွံ့ဖြိုးရေးအတွက် မည်ကဲ့သို့ လုပ်ဆောင်မည် ဆိုသည့်အချက်ကိုလည်း လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။ ဤကဲ့သို့ မြို့ပြစီမံကိန်းဆောင်ရွက်ရာတွင် မြေပိုင်ဆိုင်မှု အထောက်အထားရှိသူများနှင့် အထောက်အထား မရှိပေမဲ့ ဖိုးဖွားစဉ်ဆက်မြေပိုင်ဆိုင်သူများကိုလည်း နစ်နာဆုံးရှုံးမှုမရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားခဲ့သည်။ သို့သော် အစိုးရအဆောက်အဦးများအတွက် မဖြစ်မနေဆောင်ရွက် မည့် လုပ်ငန်းစဉ်အတွက်ကိုတော့ လုပ်ဆောင်သွားရန်ရှိကြောင်းသိရသည်။…
Author: Editor
ဖီးဒီးဖောင်ဒေးရှင်းနှင့် ချင်းလဲန်ပို့စ်က ကြီးမှူးကျင်းပပြီး ချင်းပြည်နယ်အတွင်း သတင်းရယူမှုနှင့် ရယူခွင့်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့ ဟားခါးမြို့တွင် ကျင်းပပြုလုပ် မည်ဖြစ်သည်။ “ကျွန်တော်တို့ ဒေသခံ မီဒီယာတွေနဲ့ ပင်မမီဒီယာဆိုပြီး ခွဲခြားဆက်ဆံမှုတွေရှိနေတယ်။ အဲဒါကို ဒေသခံ မီဒီယာတွေကလည်း ဘယ်လိုပြင်ဆင်မလဲ၊ အစိုးရဘက်ကလည်း ဘယ်လိုဖြစ်စေချင်သလဲ ဆိုတာ ဆွေးနွေး ကြဖို့ လိုတယ်” ဟု ဆွေးနွေးပွဲစီစဉ်သူ တာဝန်ခံ ဆလိုင်း ဘွဲအုပ်ထန်က ခိုနုမ်းသုန်သတင်းဌာနကို ပြောပြ ခဲ့သည်။ ချင်းပြည်နယ်တွင် ဒေသခံ မီဒီယာအဖွဲ့အစည်းက လွတ်လွတ်လပ်လပ် သတင်းရယူခွင့် မရှိသေး ကြောင့် သတင်းလွတ်လပ်စွာ ရယူနိုင်ရန် နည်းလမ်းရှာသည့်အနေဖြင့် အခုလိုဆွေးနွေးပွဲ ကျင်းပရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။ “ဥပမာပြောရရင် ပြည်နယ်အစိုးရက လွှတ်တော်အစည်းအဝေးလုပ်တဲ့အခါ ဓါတ်ပုံဘဲ ရိုက်ခွင့်ပြုတယ်။ အသံဖမ်းတာ၊ ဗီဒီယိုရိုက်ပြီး သတင်းယူတာတွေ လက်မခံဘူး။ တခြားပြည်နယ်တွေမှာ လွတ်လွတ် သတင်းယူ ခွင့်ပေးတယ်။ အဲဒါကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ အဆိုဆွေးနွေးဖို့ စီစဉ်နေတာဖြစ်တယ်” ဟု ဆလိုင်း က ဆိုသည်။ ပြည်နယ်အစိုးရ တာဝန်ရှိသူများသည် မိမိတို့တာဝန်အသီးသီး ထမ်းဆောင်နေကြသည့်အတွက် ဒေသခံ မီဒီယာများက တွေ့ဆုံရန် အခက်အခဲဖြစ်နေကြသည်။ ဤကဲ့သို့ အခက်အခဲဖြစ်နေသည့် အခြေအနေကို မည်ကဲ့သို့ ဖြေရှင်းပြီး ပြည်နယ်အတွင်း အစိုးရက လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေကို ပြည်သူ လူထု က မည်ကဲ့သို့ နားလည်နိုင်မည်ဆိုသည့်အချက်ကို ဆွေးနွေးရန် ယခုကဲ့သို့ ကျင်းပရန်စီစဉ် နေခြင်းဖြစ်ကြောင်း…
https://www.youtube.com/watch?v=gRt22wNK9gk
ချင်းလူမှုရေးအဖွဲ့အစည်း အသီးသီးမှ လုပ်ငန်းအဆိုပြုလွှာ စနစ်တကျ ရေးသား တင်ပြနိုင်ရေး အတွက် ၂၀၁၇ ခုနှစ် ဇွန်လ (၁၃-၁၆) ရက်နေ့အထိ GRET က သင်တန်း ကျင်းပပြု လုပ်ပေးခဲ့ သည်။ “ကျွန်တော်တို့ (Group Research Exchange Technology- GRET) ကနေ မြို့နယ် အဆင့် မှာရှိကြတဲ့ ချင်းလူမှုရေးအဖွဲ့အစည်း ( Chin Social Organization – CSO) တွေက လုပ်ငန်းအဆိုပြုလွှာ တင်သွင်း တဲ့ အခါ လေ့တွေ့ကျကျဖြစ်စေဖို့ အခုလို သင်တန်းကျင်း ပပေးရခြင်းဖြစ်တယ်” ဟု ပူးတဲလ်လျန်း၊ ကရက် စီမံကိန်း ကိုသြဒီနိတ်တာ က ခိုနုမ်းသုန်သတင်း ဌာနကို ပြောပြခဲ့သည်။ (၄) ရက်ကြာ ပြုလုပ်ခဲ့သည့် သင်တန်း၌ ချင်းပြည်နယ် မြို့နယ်အဆင့်တွင် စားဝတ်နေ ရေးဖူလုံနိုင်ရေးအတွက် ကရက်အဖွဲ့က ထောက်ပံ့ပြီး လုပ်ငန်းဆောင်ရွက်မှု ဆောင်ရွက် လျက်ရှိရာ မြို့နယ် CSO များမှ လေ့တွေ့ကျ သည့် လုပ်ငန်း အဆိုပြုလွှာများ ရေးသားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ကရက်အဖွဲ့က ချင်းပြည်နယ်မြောက်ပိုင်းတွင်ရှိသည့် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ် တွင်ရှိသည့် မြို့နယ်အဆင့် CSO များအနေဖြင့် သက်ဆိုင်ရာဒေသအတွင်း စားဝတ်နေရေးဖူလုံရေး လုပ်ငန်း အတွက် ကျပ်သိန်း (၅၀) မှ ကျပ်သိန်း (၂၅) အထိ ထောက်ပံ့မှု ပေးလျက်ရှိကြောင်း သိရသည်။ ယခုသင်တန်း၌…
ချင်းနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သည့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) နှင့် ချင်းတိုးတက်ရေး ပါတီ( CPP) ပါတီတို့သည် တစ်ပါတီအဖြစ်ပေါင်းစည်းရန် ဇွန်လ ၁၅ ရက်နေ့က ဆုံးဖြတ်ခဲ့ကြသည်။ CNDP နှင့် CPP ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဆင့် (CEC) အစည်းအဝေးကို ရန်ကုန်မြို့တွင် ဇွန်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပြီး ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်ဟု ယမန်နေ့ကပူးတွဲ သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ချင်းနိုင်ငံရေးပါတီကြီး (၃) ခုဖြစ်သည့် CNDP, CPP, CLD ပါတီတို့သည် တစ်ပါတီ အဖြစ်ပေါင်းစည်းရေးကို ၂၀၁၆ခုနှစ် မေလမှစ၍ ကြိုးပမ်းလာခဲ့ကြပြီး တစ်နှစ်ကျော်ကြာ လာသော်လည်း ရှေ့မတိုးနိုင် ဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ စသည့်မြို့နယ်များအပြင် ကလေး၊ တမူးမြို့နယ်များရှိ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်(CLD)၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ (CNDP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) တို့မှ မြို့နယ်အဆင့်ကော်မတီဝင်များက တစ်ပါတီအဖြစ်ပေါင်းစည်းရန် သဘော တူညီကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြသည့်နောက်ပိုင်း ယခုကဲ့သို့ CNDP နှင့် CPP ပါတီတို့ ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ CNDP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ တစ်နှစ်ကျော်ကြာ ကြိုးပမ်းလာခဲ့ရသည့် အနေအထားအရ “အားလုံးပါဝင်မှ ပေါင်းစည်းရေး” ဆိုသည့် မူမှာ လက်ရှိတွင်မ လွယ်ကူတော့ မှန်း တွေ့ရှိလာရသည့်အတွက်…
ချင်းအက်ဥပဒေအရ ချင်းပြည်နယ်တွင် လိုင်စင်မဲ့သေနတ် ကိုင်ဆောင်ပါက ထောင်ဒဏ် (၇) နှစ်ထိ ချခံနိုင်သည့်အတွက် လိုင်စင်မဲ့သေနတ်ကိုင်ဆောင်သူများအနေဖြင့် သက်ဆိုင်ရာဌာနသို့ အပ်နှံကြရန် ချင်းပြည်နယ်ဥပဒေအရာရှိချူပ် ပူးဆန်နီထန်ကျူံးကပြောသည်။ “ ချင်းအက်အရ ချင်းပြည်နယ်မှာ လိုင်စင်ရှိတဲ့သေနတ်တော့ကိုင်ဆောင်ခွင့်ရှိတယ် ခုနောက်ပိုင်းတော့ လိုင်စင်ထုတ်မပေး တော့ဘူး၊ ကျေးရွာတွေမှာ ၇၅ ရာခိုင်နှုန်းလောက်က လိုင်စင်မဲ့သေနတ်တွေဘဲကိုင်နေကြတယ်၊ လွှတ်တော်ကလည်း တောရိုင်းတိရိစ္ဆာန်တွေ ချင်းပြည်နယ်မှာ မျိုးပျက်တော့မယ်ကာကွယ်ဖို့လိုလာပြီဆိုပြီး ပြောတာတွေရှိ တာပေါ့နော်၊ ဒါကြောင့် သေနတ်တွေရှိတယ်ဆိုရင်တော့ မကိုင်တော့နဲ့ ရဲမှာအပ် ဒါမှမဟုတ်ရင် လွင့်ပစ်ကြပါ’’ ဟု ပူးဆန်နီထန်ကျူံးကပြောသည်။ ပြည်နယ်အစိုးရအနေဖြင့် အကယ်၍ လိုင်စင်မဲ့သေနတ်များအား ရှာဖွေဖမ်းဆီးအရေးယူဆောင်ရွက်မှုများပြုလုပ်လာပါက ထောင်ဒဏ်(၇) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး အာမခံလည်း ပေးလို့မရသည့်အတွက် လိုင်စင်မဲ့သေနတ်ကိုင်ဆောင်သည့် ချင်းပြည်သူများအနေဖြင့် ဆက်လက်ကိုင်ဆောင်ခြင်းမပြုကြရန် အသိပေးနှိုးဆောင်ခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ ချင်းအက်ဥပဒေအရ သေနတ်သည် အမွေပစ္စည်းတွင်ပါဝင်သည့်အတွက် လိုင်စင်ရှိသေနတ်ကိုမူ ဆက်လက်ကိုင်ဆောင် ခွင့်ရှိသော်လည်း အစိုးရအနေဖြင့် သေနတ်လိုင်စင်အသစ်မချပေးတော့ကြောင်း ဥပဒေအရာရှိချူပ်က ပြောသည်။ “ကျွန်တော်တော့ တစ်နှစ်တကြိမ် သေနတ်လိုင်စင်သက်တမ်းတိုးရတယ်၊ တစ်နှစ်သက်တမ်းတိုးခ ကျပ်ငွေ – (၁၅၀၀) ပေးရတယ်” ဟု ဒေသခံ တစ်ဦးက ခိုနုမ်းသုန် သတင်းဌာနကိုပြောပြသည်။ ချင်းပြည်နယ်တွင် ကာတို၊ နှစ်လုံးပြူးသေနတ်နှင့် အမဲလိုက်ရာတွင် အသုံးပြုလေ့ရှိကြသော လက်လုပ်သေနတ်များကို ကိုင်ဆောင်နေကြသည်။ လိုင်စင်မဲ့သေနတ်ကိုင်ဆောင်သူများပြားလာသည်နှင့်အမျှ အမဲလိုက်သူများပြားလာသည့်အတွက် တောရိုင်းတိရိစ္ဆာန်များ မျိုးသုန်းပျောက်ကွယ်နိုင်ဖွယ်ရှိလာကြောင်းသိရသည်။
အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒ အကြံပြုချက်များ (မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ဇွန်လ ၁၂ မှ ၁၃ ရက်နေ့အထိ နှစ်ရက်တာကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ( Ethnic Nationalities Affairs Center) မှ ဦးဆောင်ပြုလုပ်သော ယင်းဆွေးနွေးပွဲတွင် ကျမ်းမာရေး၊ ပညာရေး၊ မြေယာ၊ သဘာဝ သယံဇာတ ဆိုင်ရာမူဝါဒ၊စိုက်ပျိုးရေး ဆိုင်ရာ၊ ပြည်တွင်း၊ ပြည်ပ ဒုက္ခသည်များဆိုင်ရာ မူဝါဒ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဆိုင်ရာမူဝါဒ၊ အခွန်ကောက်ခံခြင်း ဆိုင်ရာ မူဝါဒနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ မူဝါဒများ စသည့်ခေါင်းစဉ်ဖြင့် ကဏ္ဍအ လိုက်ခွဲပြီး ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။ “ကျွန်တော်တို့ နိုင်ငံရေးကိစ္စ၊ ပြည်ပမှာ ထွက်ခွာကြတဲ့ ဒုက္ခသည်တွေ ပြန်လာရင် ဘယ်လို နေရာချထား ရေးလုပ်ပေးမလဲ၊ ဖက်ဒရယ်ပြည်ထောင်စု ရရှိလာရင် ဘယ်လို တက်လှမ်းမလဲ စတဲ့အချက်တွေ ဆွေးနွေး ကြတယ်။ အခုအထိတော့ ကျွန်တော်တို့ဆွေးနွေးမှုက အဆင် ပြေတယ် လို့ မြင်ပါတယ်” ဟု တိုင်းရင်းသားလူမျိုးများရေးရာစင်တာမှ စီမံကိန်း မန်နေဂျာ ပူးဇိုးသုန်မှုန်းကပြောသည်။ အဆိုပါခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ တ၀န်းလုံးရှိ တိုင်းနှင့်ပြည်နယ်များတွင် ကျင်းပပြု လုပ်ပြီး ဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲသည် နောက်ဆုံး ကျင်းပပြုလုပ် သည့် ဆွေးနွေးပွဲ ဖြစ်ကြောင်း…
ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် (၂) နှစ်အောက် ကလေးသူငယ် များအား ယခုဇွန်လမှစ၍ ငွေကြေးကူညီထောက်ပံ့တော့မည်ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့က ၂၀၁၇ ခုနှစ် ဇွန် လမှ ၂၀၁၉ ခုနှစ် မေလ အထိ (၂)နှစ်တာလအတွက် အမေရိကန်ဒေါ်လာ (၉) သန်း ထောက်ပံ့ မှုဖြင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ၎င်းတို့မွေးဖွားလာသော အသက် (၂) အောက် ကလေးသူငယ်များကို ငွေကြေး ထောက်ပံ့မည်ဟု ချင်းပြည်နယ် လူမှုဝန်ကြီးဌာနမှ သိရသည်။ “ဒီထောက်ပံ့မှု အကျိုးခံစားခွင့်ရတဲ့ သူများကို ဇွန်လ (၁) ရက်နေ့ကနေ မှတ်ပုံ တင်ခြင်း၊ စာရင်းကောက်ယူခြင်း များ ပြုလုပ်တဲ့အခါ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေ ပါဝင်မှုဟာ အင်မတန် အရေးကြီး တယ်” ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန် က ဇွန်လ (၉) ရက်နေ့တွင် ပြည်နယ်အဆင့် ကျင်းပသည့် ထောက်ပံ့ရေး အစီအစဉ် အစည်းအဝေး တွင်ပြောကြားခဲ့သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ၎င်းတို့က မွေးဖွားသည့် (၂) နှစ်အောက် ကလေးသူငယ် များကို တစ်လအတွက် လူတဦးလျင် ကျပ်ငွေ (၁၅၀၀၀) ထောက်ပံ့မည်ဖြစ်သည်။ ၎င်းငွေကြေး ပမာဏကို ပြည်နယ်အဆင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးသို့ (၂)လ တစ်ကြိမ် ကျပ်ငွေ (၃၀၀၀၀) ပုံမှန်ထုတ်ပေးမည်ဖြစ်ကြောင်း…
ချင်းပြည်နယ် မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဧပြီလက အမျိုးသမီးတစ်ဦး၏ လက်တဖက် ဓါးဖြင့် ခုတ်ခံရ သည့်ကိစ္စနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ထိထိရောက်ရောက်အရေးယူမှုမရှိသည့်အတွက် ပြန်လည်တိုင်တန်းသွားမည်ဟု သိရသည်။ မင်းတပ်မြို့နေ ဦးလောဟုန်းဟာသည် ဇနီးသည်ဖြစ်သူ ဒေါ် နိန်အွယ်၏ ဘယ်ဘက်လက်ကို ဧပြီလ (၂၄) ရက်နေ့က ဓါးဖြင့် နှစ်ကြိမ်တိုင်တိုင် ခုတ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များမှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိသော်လည်း တစ်ညသာအချူပ်ထဲထည့်ထားပြီး ပြန်လွတ်ပေးသည့်အတွက် ပြန်လည်တိုင်တန်းရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဓါးဖြင့်အခုခံရသည့် ဒေါ်နိန်အွယ်၏ ၀မ်းကွဲမောင် ဦး ဟုန်းနီကပြောသည်။ “အခင်းဖြစ်ပွါးပြီး (၄) ရက်ကြာမှ တရားခံကိုဖမ်းတယ်၊ အချုပ်ထဲမှာ တစ်ညချုပ်ပြီး မနက်ဖြန်မှာ ပြန်လွတ် လာတယ်။ ကျနော့အထင်ကတော့ တာဝန်ရှိသူတွေက သူ့ကို အကာအကွယ်ပေးတယ်လို့ဘဲ ထင်တယ်။ အရင်တခါ တိုင်ပြီးပြီ အရေးမယူတော့ အခုပြန်တိုင်ဖို့ စီစဉ်တာဖြစ်တယ်” ဟု ဦး ဟုန်းနီက ခိုနူမ်းသုန်ကို ပြောပြသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မေလ (၆) ရက်နေ့စွဲဖြင့် မင်းတပ်မြို့ မြို့မရဲစခန်းမှူးကို လိပ်မူပြီး မိတ္တူကို ၀န်ကြီးချုပ်၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် မင်းတပ်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ ပေးပို့ကာ တိုင်ကြားခဲ့ သော်လည်း ယခုထိ အရေးယူပေးမှုမရှိသည့်အတွက် ဒုတိယအကြိမ် ပြန်လည်တိုင်တန်းရန် စီစဉ်နေကြခြင်းဖြစ်သည်။ အခင်းဖြစ်ပွါးစဉ် ဦးလောဟုန်းဟာ၏ ခယ်မတော်သူ ဒေါ်အွမ်လီနှင့် သမီးတော်သူ မဟာလီတို့က ဒေါ် နိန်အွယ် ၏ လက်နှစ်ဖက်ကို ဆွဲစဉ် ဦးလောဟုန်းဟာက တံထောင်ဆစ်ကို ဓါးဖြင့်ဖြတ်ခုတ်ခြင်းဖြစ်သည်ဟု ၄င်းတို့၏ တိုင်ချက်တွင်…