Author: Editor

အိန္ဒိယပြည်မဘက်သို့ တင်ပို့မည့် ရူပီးငွေ သိန်း ၈၀၀ ကျော်တန်ဖိုးရှိ ရွေပြား (၁၅၀) ပြားကို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ် ပြည်နယ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ယခုလ ၁၃ ရက်နေ့ကဖမ်းမိသည်ဟုသိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်မှ မီဇိုရမ်ပြည်နယ် ဘက်သို့ တက်လာသော Maruti 800 ကားတစီးကို ကြိုတင်သတင်းရရှိချက်အရ မီဇိုရမ်ရဲများက Khankawn ဂိတ်တွင် တားဆီးစစ်ဆေးရာတွင် ကားထိုင်ခုံအောက်တွင် ဖွတ်ထားသော တရားမ၀င်သယ် ဆောင်လာသည့် ရွှေပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါရွှေပြားနှင့်အတူ ပိုင်ရှင်ဟုယူဆရသူ ကလေးမြို့နယ် လက်ပံချောင်း ကျေးရွာနေ Vanmalsawma ကို ဖမ်းဆီး လိုက်ပြီး အမှုအသေးစိတ်စုံစမ်းစစ်ဆေးရန် ကျန်ဖိုင်းမြို့တွင်ချုပ်နှောင်ထားကြောင်း၊ ရွှေပြားကိုလည်း ကျန်းဖိုင်းခရိုင် Superintendent of Central Customs လက်ထဲသို့ အပ်နှံထားကြောင်း မီဇိုရမ်ဒေသထုတ်သတင်းစာတွင်ဖော်ပြထား သည်။ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့လည်း မီဇိုရမ်ပြည်နယ် Anti-Smuggling Unit, Aizawl Customs Division အဖွဲ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မှ ဂိုဟာတီ မြို့ဘက်သို့ ပြေးဆွဲသော NETWORK မှန်လုံကာတစ်စီးကို မြို့ပြင် Rangvamual ရပ်ကွက်တွင် စစ်ဆေးခဲ့ရာ ကီလို 7.659 ဂရမ် အလေးချိန်ရှိ ရွှေပြား (၄၆) ပြား တန်ဖိုးအားဖြင့် ရူပီး သိန်း ၂၃၀ ကျော်ကို မြန်မာနိုင်ငံသား ချင်းအမျိုးသား ၂ ဦးထံ ဖမ်းဆီးခဲ့သည်။ ယခုနှစ် ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရားမဝင်သယ်ဆောင်သောလော ရွှေပြားများကို…

Read More

ချင်းရိုးရာ ခွါဒိုပွဲတော် တီးတိန်မြို့တွင် စည်ကားစွာ စတင်ကျင်းပ ခိုနူမ်းသုန်သတင်း၊ ၁၄ အောက်တိုဘာ ၂၀၁၆ ချင်းလူမျိုးများအတွက် အရေးပါသော ရိုးရာပွဲတစ်ခုဖြစ်သည့် ခွါဒိုပွဲကို ချင်းပြည်နယ် တီးတိန်မြို့တွင် ယနေ့အောက်တိုဘာ ၁၄ ရက်နေ့မှစတင်ကျင်းပနေပြီး ၁၅ ရက်နေ့အထိ ၂ ရက်တာကျင်းပကြမည်ဖြစ်သည်။ ချင်းပြည်နယ် ဖွံ့ဖြိုးရေး အစီစဉ်အတွက်ရည်ရွယ်သည့် ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) မြှင့်တင်ခြင်းနှင့်အတူ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌါန၊ ပြည်နယ်အစိုးရတို့၏ ပံ့ပိုးမှုဖြင့် ချင်းရှိုးရာခွါဒိုပွဲတော်ကို ကျင်းပနေ ကြခြင်းဖြစ်သည်။ “ ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းကို ဒီနှစ်ချင်းပြည်နယ်မှာ ဆော်လောင်း ကန်ပက်လက်မြို့နယ်နှင့် လိုင်လို တီးတိန်မြို့ နယ်ကို ရွေးထားတာလေ၊ ဒီဟာကို Promote (အားပေးမြှင့်တင်) လုပ်ရင်းနဲ့ဆိုပြီးအစီစဉ်ဆွဲပြီးမှ Promote လုပ်နိုင်တဲ့ အခြေအနေက ဒီခွါဒိုပွဲကျင်းပပြီးတော့ဖိတ်ခေါ်ဖို့ဆိုပြီး ချမှတ်လုပ်ဆောင်ကြတာ’’ ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်ကပြောသည်။ ခွါဒိုပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချူပ် ဆလိုင်းဦးလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ့၊ လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်၊ စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်စသည့် အစိုးရအဖွဲ့တာဝန်ရှိသူအကြီးအကဲများတက်ရောက်ကြသည်။ ရိုးရာပွဲတော်ပထမရက်မနက်ပိုင်းတွင် တီးတိန်မြို့မှ ၄ မိုင်ခန့်ဝေးသော ရှောင်စောန်းကျေးရွာသို့လည်ပတ်ခဲ့ကြပြီး၊ ညနေပိုင်းတွင် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်မည့် လိုင်လိုကျေးရွာသို့ သွားရောက်ကာ ခွါဒိုပွဲတော်၏ အနှစ်သာရတစ်ခုဖြစ်သော ပျားဖွပ်ခြင်း/သယ်ခြင်းဓလေ့ အပါအဝင် ရိုးရာအစီအစဉ်များလည်းဖြင့်ကျင်းပပြုလုပ်ကြမည်ဟု လူမှုရေးဝန်ကြီးကပြောသည်။ ရှောင်စောန်းကျေးရွာသည် ရှောင်စောန်းဘာသာဝင်တို့၏ ဌာနချုပ်ဖြစ်ပြီး အလွန်ထူးခြားသော ဘာသာရေးကျင့်သုံးမှု များရှိသည့်ရွာဖြစ်သည်။ လိုင်လိုင်ကျေးရွာသည် ချင်းရိုးရာအိမ်များဖြင့် တစ်ရွာလုံးနေထိုင်သညိ့ရွာဖြစ်သည်။ ခွါဒိုပွဲတော် ဒုတိယနေ့ အောက်တိုဘာ ၁၅ ရက်တွင် တီးတိန်မြို့ကမ်းဟောက် အားကစားကွင်း၌ ခွါဒိုပွဲတော်…

Read More

မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများ အထူးသဖြင့် ကချင်၊ ရှမ်း၊ ကရင် ပြည်နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုမှာ ၂၁ ရာစု ပင်လုံညီလာခံ ဦးတည်ချက်ကို ထိခိုက်ပျက်စီးစေဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။ Chin League for Democracy Party (CLD) ခေါ် ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၆ ခုနှစ် အောက်တိုဘာ (၁၀) ရက်နေ့က  တိုင်းရင်းသား ဒေသတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုပေါ် သဘောထားထုတ်ပြန်ကြေညာချက်တစ်စောင်ကို ယခုလို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုး များအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းရေးဆောင်ရွက်ရမည့် အချိန်ကာလအတွင်း ယခုလို မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသတစ်ချို့ကို လေကြောင်းပစ်ကူများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း အဆိုပါ သဘောထားထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။ ၄င်းသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) အောင်မြင်စွာ ဆက်လက်ကျင်းပနိုင်ရေးနှင့် ညီလာခံ၏ ဦးတည်ချက်ကို ထိခိုက်ပျက်စီး စေသည့်အပြင် ယုံကြည်မှု ကင်းမဲ့စေပါသည်။    ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အောင်မြင်စွာ ကျင်းပနိုင်ရေးကိုဖြစ်စေ၊ ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရေးကိုဖြစ်စေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုဖြစ်စေ၊ ထိခိုက်ပျက်စီးစေသည့် လုပ်ရပ်ဖြစ်သော KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို အမြန်ဆုံး ချက်ချင်းရပ်စဲပေးရန် ချင်းဒီမိုကရေစီအဖွဲ့ချုပ်က အလေးအနက် တိုက်တွန်းအပ်ကြောင်း ဆက်လက်ဖော်ပြထားသည်။  ထို့အပြင် နှစ်ပေါင်း (၆၈) နှစ်ကြာ…

Read More

မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများ အထူးသဖြင့် ကချင်၊ ရှမ်း၊ ကရင် ပြည်နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်နေမှုကို အမြန်ဆုံးရပ်တန့်ရန် ချင်းလူငယ်ကွန်ယက်အဖွဲ့က အောက်တိုဘာလ ၄ ရက်နေ့က ကြေညာချက် တစ်ဆောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။ မြန်မာ့တပ်မတော်အနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေးကို မျှော်ကိုးလျက် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေမှုအား တစ်နိုင်ငံလုံးအဆင့်ရပ်ဆိုင်းပေးရန် လေးလေးနက်နက်တိုက်တွန်းသည် ဟု ၎င်းတို့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလဆန်းကစပြီး မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့များဖြစ်သော တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO/KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် အစိုးရတပ်မတော်တို့အကြား ပြီးခဲ့သည့် ရက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်၊ ပူဝန်ကျေးရွာမှ ကလေးငယ်(၁) ဦးသေဆုံးကာ၊ ကလေးငယ် (၂)ဦးမှာလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ထောင်နှင့်ချီသော အပြစ်မဲ့ပြည်သူများ နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ကျင်းပပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသည့်ကိစ္စနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် မည်သည့်အရေးယူဆောင်ရွက်မှု၊ ထုတ်ပြန်ကြေညာမှုမပြုလုပ်ခြင်း နှင့် လွှတ်တော်အတွင်း ဆွေးနွေးတင်ပြခြင်းများမရှိခြင်းသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် များစွာအဟန့်အတားဖြစ်စေသည်ဟု ချင်းလူငယ်များကပြောသည်။ ထို့အပြင် ယခုလက်ရှိအကောင်ထည်ဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာလည်း ပြည်သူလူထုနှင့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် ယုံကြည်မှု၊ စည်းလုံးညီညွတ်ရေးကိုပါက ထိခိုက် နစ်နာစေနိုင်သည်ဟု ချင်းလူငယ်များဆိုသည်။ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် အပြစ်မဲ့တိုင်းရင်းသားပြည်သူများသေဆုံးမှုများအပေါ်…

Read More

ချင်းပြည်နယ်၊ ပလက်ဝမြို့ မြို့မအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို မြို့နယ် ပညာရေးမှူးရုံး၏ အစီစဉ်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ (တနင်္ဂနွေနေ့) ၌ ကျောင်းတက်ခိုင်းခဲ့သည့်အပေါ် ဘာသာရေးရှုထောင့်အရ မသင့်တော်ဟု CNF ဗဟိုအလုပ်မှုဆောင် ကောမတီဝင်လည်းဖြစ် ပလက်ဝ စီးပွားရေးရုံးတာဝန်ခံ ဦးလှထွန်း က ပြောပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှ ၂၁ အထိ နေ့စားလပေး ကျောင်းဆရာ၊ ဆရာမ များကို ပလက်ဝမြို့ အထက်တန်းကျောင်းတွင်သင်တန်းပေးခဲ့ရာ အခန်းမလုံလောက်မှုကြောင့် ကျောင်းပိတ်ခဲ့ရသည်။ ယခုလို ကျောင်းပိတ်ထားလိုက်သည့်အတွက် ကျောင်းသား/သူများပညာသင်ကြားချိန် နစ်နာခဲ့ရသည်ဟုဆိုကာ အစားထိုးအနေဖြင့် မြို့နယ်ပညာရေးမှူးရဲ့ ညွှန်ကြားချက်ဖြင့် စနေ၊ တနင်္ဂနွေနေ့မှာ ခုလို ကျောင်းပြန်တက်ခိုင်းနေရခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးက ကျောင်းသူ၊ ကျောင်းသားတွေအပေါ် နစ်နာမှာဆိုးလို့ တကယ့်စိတ်ရင်းစေတနာနဲ့ အစားထိုး အချိန်ပြန်ယူခိုင်းတာဖြစ်နိုင်တယ်၊ သို့သော် ချင်းပြည်နယ်ဟာ ခရစ်ယာန်အများစုနေထိုင်သည့်ဒေသဖြစ်သည့်အတွက် ဘာသာရေးရှု့ထောင့်အရ မလုပ်သင့်ဘူးလို့ စီးပွားရေးရုံး ပလက်ဝ တာဝန်ခံ ဦးလှထွန်းက ယခုလို ပြောပါတယ်။ “ခုလို တနင်္ဂနွေနေ့မှာ ကျောင်းတက်တာက တစ်ရက်အတွက်ပဲဖြစ်တယ်၊ မြို့နယ်ပညာရေးမှူးက ဘယ်လိုရည်ရွယ်ချက်နဲ့ လုတယ်ဆိုတာတော့ မပြောတတ်ဘူး၊ ကလေးတွေအပေါ် တကယ်စိတ်ရင်းစေတနာနဲ့ နာစ်နာမှာဆိုးလို့ အစားထိုးတာဖြစ်နိုင်တယ်။ ဒါပေမယ့် ဘာသာရေးရှုထောင့် အရကြည်မယ်ဆိုရင်တော့ ဒါလုံးဝကို မလုပ်သင့်တဲ့အရာဖြစ်တယ်။” ယင်းကိစ္စနဲ့ပတ်သက်ပြီး ပလက်ဝမြို့ရှိ ခရစ်ယာန်ဘာရေးလူကြီးများ နှင့် ကျောင်းသားမိဘများကလည်း ခရစ်ယာန်ဘာသာများ၏ အထွဋ်အမြတ် ထားရှိသည့် တနင်္ဂနွေနေ့မှာ ယခုလို ကျောင်းတက်နေရတာဟာ မသင့်တော်ကြောင်း နှင့် တရားဝင်သတ်မှတ်ထားသည့် ရုံးပိတ်ရက်ကို အသိအမှတ်ပြု လေးစားသောအားဖြင့်…

Read More

လာမည့်အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ချင်းပြည်နယ် စည်ပင်သာယာရေးကော် မတီရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင် ၁၆၁ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။ ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကျီခါးမြို့တွင် ၁၁ ဦး၊ တွန်းဇံ ၁၀ ဦး၊ တီးတိန် ၁၄ ဦး၊ ဖလမ်း ၁၁ ဦး၊ ဟားခါး ၁၄ ဦး၊ ထန်တလန် ၁၆ ဦး၊ ရိခေါဒါရ် ၁၄ ဦး၊ ရေဇွာ ၉ ဦး၊ မတူပီ ၁၃ ဦး၊ မင်းတပ် ၁၅ ဦး၊ ကန်ပက်လက်၂၀ ဦး၊ ဆမီး ၉ ဦးနှင့် ပလက်ဝ ၅ ဦး စုစုပေါင်း ၁၆၁ ဦးမှ စည်ပင်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယင်းအထဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၀ ဦး (ကျီခါး ၃ ဦး၊ ထန်တလန် ၂ဦး၊ တွန်းဇံ၊ ဖလမ်း၊ မတူပီ၊ ရိခေါဒါရ် နှင့်ဆမီး ၁ဦးစီ) ပါဝင်သည်ဟုသိရသည်။ မြို့ပေါင်း ၁၅ မြို့ရှိသော ချင်းပြည်နယ်တွင် စည်ပင်ရွေး ကောက်ပွဲကို မြို့ ၁၃ မြို့တွင် တပြိုင်တည်းကျင်းပ မည်ဖြစ်ပြီး၊ တစ်မြို့လျင် မဲဆန္ဒနယ် ၄ နယ်စီဖြင့် စုစုပေါင်း မဲဆန္ဒနယ် ၅၂ နေရာ ရှိမည်ဖြစ်သည်။ ခိုင်ကမ်းနှင့် လိုင်လင်းပီမြို့တွင် စည်ပင်ဖွဲ့စည်းမှုမပီပြင်သေးသည့်အတွက် ရွေးကောက်ပွဲကို နောင်သင့်တော် သည့်အချိန်ကျမှ ကျင်းပပြုလုပ်မည်ဟု…

Read More

မီဇိုရမ်ပြည်နယ်ရောက် မြန်မာခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ စုပေါင်းပြုလုပ်သော Fasting Prayer for Myanmar ခေါ် မြန်မာပြည်အတွက် အစာရှောင် ဆုတောင်းခြင်း ၁၀ နှစ်ပြည့် အစီအစဉ်ကို အောက်တိုဘာ ၂၂ ရက်နေ့တွင် မြို့တော်အိုင်ဇောလ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။   အဆိုပါ အစီအစဉ်ကို Lai Christian Fellowship ဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ၁၀ နှစ်တာ လှုပ်ရှားမှု မှတ်တမ်းစာအုပ်ကိုပါ တခါတည်း ဖြန့်ဝေသွားမှာဖြစ်တယ်လို့ မြန်မာပြည်အတွက် အစာရှောင် ဆုတောင်းခြင်း ကော်မီတီ ဥက္ကဌ ဖြစ်သူ သင်းထောက်လူကြီး Dr. Kilkhara က ယခုလို ပြောပါတယ်။  “၁၀ နှစ်တိုင်တိုင် ပို့ဆောင်ပေးတဲ့ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းဖို့ပါဘဲ။ အဲဒီနေ့မှာ ကျနော်တို့ ၁၀ နှစ်တာ လှုပ်ရှားခဲ့တဲ့မှတ်တမ်းကို စာအုပ်အနေနဲ့ ပြုစုထားပါတယ်၊ အဲဒီစာအုပ်ကို တခါတည်း ဖြန့်ချီသွားဖို့ရှိတယ်” လို့ ပြောပါတယ်။   မြန်မာ့နိုင်ငံရေးဟာ လက်ရှိအခြေအနေမှာ အကောင်းဆုံးမဖြစ်သည့်တိုင်အောင် ကောင်းမွန်တဲ့အခြေအနေသို့ရောက်ရှိနေနိုင်တာဟာ ယုံကြည်သူ သားသမီးများရဲ့ ဆုတောင်းသံကို ဘုရားရှင် နားညောင်းအဖြေပေးတာဖြစ်ကြောင်း နှင့် ကျနော်တို့ လိုချင်တဲ့ အခြေအနေ မရောက်မချင်း အစာရှောင် ဆုတောင်းခြင်းကို ဆက်လက်ပြုလုပ်သွားဖို့ ရှိကြောင်း ယခုလို ထပ်မံပြောဆိုပါတယ်။ “ကျနောတို့ ဆုတောင်းသံကို ဘုရားရှင်နားညောင်းတော်မူတယ် ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့လမ်းစကို ဦးတည်နေတာဖြစ်တယ်၊ အကောင်းဆုံး တော့ မဟုတ်သေးဘူး။ ကျနော်တို့ လိုချင်တဲ့ အခြေအနေမရောက်မချင်း ဒီ အစာရှောင်ဆုတောင်းခြင်းကို ဆက်လက်သွားဖို့…

Read More

ချင်း (ဇိုမျိုးနွယ်စု)များအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် တမူးမြို့နယ် ခမ်းပတ်ကျေးရွာတွင် တည်ရှိသော ညောင်ပင်အို (Bungpui) ကို စောင့်ရှောက်ကာကွယ်ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို အိန္ဒိယအစိုးရမှ စာရေးပြီး တောင်းဆိုခဲ့ကြောင်းသိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇူလိုင်လက မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalthanhawla မှ အိန္ဒိယ နိုင်ငံခြားရေးရာ ဝန်ကြီး Sushma Swaraj နှင့် တွေ့ဆုံးခဲ့စဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ရေးနှင့် ခမ်းပတ် ညောင်ပင်အို (Bungpui) ကို ကာကွယ်ထိန်းသိမ်းရန်လိုအပ်ကြောင်း တင်ပြခဲ့ပြီးနောက် အိန္ဒိယဗဟိုအစိုးရက ယခုကဲ့သို့ မြန်မာအစိုးရ ကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။ “ခမ်းပတ် ညောင်ပင်အို (Bungpui) ပြုပြင်ထိန်းသိမ်းပေးသွားဖို့ မြန်မာအစိုးရအနေဖြင့် လုပ်ဆောင်ပေးဖို့ မြန်မာအစိုးရကို စားရေး တောင်းဆို ခဲ့ပြီးဖြစ်ပါတယ်” ဟု အိန္ဒိယ နိုင်ငံခြား ရေးရာဝန်ကြီး Sushma Swaraj က ပြောဆိုကြောင်း မီဇိုရမ်ဒေသထုတ်သတင်းစာတွင် ဖော်ပြသည်။ သမိုင်းကြောင်းအရ ချင်းဘိုးဘွားများသည် လွန်ခဲ့သော AD 1150 – 1200 ၀န်ကျင်းခန့်က ကဘော်ချိုင့်ဝှမ်း ဒေသတွင် အခြေချနေထိုင်ခဲ့ကြပြီး နောင်တစ်ချိန်ချိန်တွင် ပြန်လည်စုစည်းကြရန်အတွက် ရည်ရွယ်ကာ ခမ်းပတ်ကျေးရွာတွင် ညောင်ပင်တစ်ပင်ကို စိုက်ပျိုးခဲ့ကြသည်ဟု သိရသည်။ “ ကျနော်တို့ဘိုးဘွားတွေကို လွန်ခဲ့တဲ့ AD 1200 လောက်မှာ ကဘော်ချိုင်းဝှမ်းဒေသကနေ ရှမ်းလူမျိုးတွေက မောင်းထုတ်ခဲ့တယ်လို့ယူဆရတယ်၊ အဲဒီညောင်ပင်ကိုလည်း AD 1150 – 1200 ၀န်းကျင်းလောက်မှာ စိုက်ခဲ့ကြတယ်လို့ယူဆရပါတယ်’’ ဟု…

Read More

ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများ ကုသရာ၌ အထူးကု ဆရာဝန်များမရှိခြင်း၊ ဆရာဝန်များနှင့် အခြားဝန်ထမ်းအင်အားနှင့် ခွဲစိတ်ကိရိယာ မလုံလောက်ခြင်းတို့ကြောင့် ထန်တလန်မြို့နှင့် ၂၄ မိုင်ကွာ ဝေးသော ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသနေရသည့်အတွက် ဒေသခံပြည်သူများအခက်ကြုံနေကြ ရသည် ဟု ထန်တလန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်းကပြောသည်။ ယင်းကဲ့သို့ ဟားခါးပြည်သူ့ဆေးရုံသို့ သွားရောက်ကုသရာတွင်လည်း လူနာတင်ယာဉ်မရှိခြင်း၊ အချိန်နှောင့်နှေးကြန့်ကြာ ခြင်းနှင့် စရိတ်အကုန်အကျများခြင်းတို့ကြောင့် ပြည်သူများအခက်အခဲကြုံတွေ့နေရသကဲ့သို့ အသက်ဆုံးရှူံးမှုများလည်း ရှိခဲ့သည်ဟု စက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဒေါ်နီရွှေလျန်းကပြောဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့စာရင်းအရ ထန်တလန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ကုသရေး ဝန်ထမ်းအင်အား ခွင့်ပြု ၁၁၂ တွင် ခန့်ထား ၇၀ ဦးရှိပြီး လစ်လပ်ဆရာဝန် ၆ ဦးအပါအဝင် အားလုံး ၁၄ ဦး၊ ပြည်သူ့ကျန်းမာရေးအင်အား ခွင့်ပြု ၁၄၆ ဦးအနက် ၈၁ ဦးသာခန့် ထားပြီး လစ်လပ် ၆၄ ဦး တွေ့ရှိရသည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြောသည်။ ထန်တလန်ပြည်သူ့ ဆေးရုံအတွင်း ခုတင်အသုံးပြုမှုရာခိုင်းနှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ၄၈ {241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ ၂၀၁၂ တွင် ၅၆ {241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ ၂၀၁၃ ခုနှစ်တွင် ၇၄ {241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ ၂၀၁၄ ခုနှစ်တွင် ၆၇.၆ {241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊၂၀၁၅ ခုနှစ်တွင် ၈၆.၄ {241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} တိုးတက်လာခဲ့သည်ဟုဆိုသည်။ ခုတင် အသုံးပြုမှု နည်းသည်ကိုလည်း ဆရာဝန်မရှိခြင်း၊…

Read More

ကလေးမြို့အနောက်မြောက်ဘက်ဒေသ ချင်းလူမျိုးအများစုနေထိုင်ကြသော လက်ပံချောင်းကျေးရွာတွင် တိုက်နယ် ဆေးရုံး ဖွင့်လှစ်ထားရှိရန် အစီစဉ်မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ကပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ကလေးမြို့နယ်၏ အနောက်မြောက်ဒေသရှိ သင့်တော်သော လက်ပံချောင်းကျေးရွာတွင် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အစီစဉ်မရှိသေးကြောင်း ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ကလေးမြို့နယ်၌ တောင်ပိုင်းတွင် ဆေးရုံ ၂ ရုံ၊ မြောက်ပိုင်းအစွန်တွင် ၁ ရုံ စုစုပေါင်း တိုက်နယ်ဆေးရုံ ၃ ရုံရှိသော်လည်း လက်ပံချောင်းကျေးရွာ ပတ်ဝန်းကျင်ရှိ ရွာပေါင်း ၄၁ ရွာမှ လူဦးရေ ၆၂၅၃၅ ဦးနှင့် ချင်းပြည်နယ်မှ လက်လှမ်း မမီနိုင် သောရွာ ၁၁ ရွာမှ လူဦးရေ ၄၂၅၀ ဦးစုစုပေါင်း ၆၆၀၀၀ ကျော်ဦးသည် မြောက်ပိုင်းအစွန်ရှိ ရာဇဂြိုလ်ဆေးရုံသို့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း၊ မြို့နယ်အဆင့်မြင့်ဆေးရုံကြီးနှင့် ဝေးကွာနေခြင်း၊ လိုအပ်သော ဆေးဝါးများဝယ်ယူရန်အတွက် မြို့ကို တစ်ပတ်ပြန်ပတ်နေရခြင်း တို့ကြောင့် သွားရောက်နိုင်ခြင်း မရှိကြကြောင်း ဒေါ်ရှားမီးကပြောသည်။ ထို့အပြင် ရေကြီးရေလျှံမှုကြောင့် တံတားကြီးများ အားလုံးပျက်စီးသွားပြီး ဒေသအတွင်း ပိတ်မိနေသည့် အခြေ အနေများ လည်း ဖြစ်နေသည့်အတွက်ကြောင့် မိမိတို့မြို့နယ်၏ ပထဝီအနေအထားအရလည်းကောင်း၊ကျန်းမာရေးဌာန စံနှုန်းများ အရလည်းကောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအရ လည်းကောင်း တည်ဆောက်ပေးရန် လျော်ကန်သင့်မြတ် သော တိုက်နယ် ဆေးရုံတစ်ရုံကို…

Read More