By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငရှားကျေးရွာနေ အမျိုးသမီးတစ်ဦးသည် ဇန်န၀ါရီလ (၁၇) ရက်နေ့က တောင်ယာသွားနေစဉ် မြေမြုပ်မိုင်းနင်းမိရာ ညာဖက်ခြေသလုံးဒဏ်ရာရရှိပြီး ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည်ဟု သိရသည်။ ပလက်ဝမြို့မှမြောက်ပိုင်း မိုင် (၂၀) လောက်ကွာဝေးတဲ့ ငရှားကျေးရွာနေ အဘ ဦးအောင်ဝင်း၏သမီး အသက် (၂၂) အရွယ်ရှိ မခင်လုံးသည် ဇန်န၀ါရီလ (၁၇) ရက်နေ့ မနက်ပိုင်းတွင် တောင်ယာသို့ စပါးထမ်းသွားနေစဉ် မြေမြုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်ဟု ပလက်ဝမြို့မှ ဒေသခံတစ်ဦးကပြောသည်။ “သူက တောထဲတောင်ယာစပါးထမ်းဖို့သွားတာပေါ့ အဲဒီမှာနင်းမိတာ သူ့ဒဏ်ရာကြောင့် အခုစစ်တွေဆေးရုံပို့ လိုက်တယ် ဆေးကုသမှုခံနေပြီ” ပလက်ဝဒေသခံကပြောသည်။ မခင်းလုံး၏ မိခင် ဒေါ်ဟွေ့တင်သည်လည် ယခုလ (၇) ရက်နေ့က တောထဲသွားရာကနေ မြေမြုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက်နှင့်မျက်နှာတွင် ဒက်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေပြင်းထန်သည့်အတွက် ပလက်ဝဆေးရုံမှာ မကုသနိုင်ဘဲ စစ်တွေဆေးရုံသို့ ပို့ဆောင်က ယခုစစ်တွေဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိသည့်အချိန်တွင် သမီးဖြစ်သူလည်း မြေမြုပ်မိုင်းနင်းမိသည့်အဖြစ်နှင့်ကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။ မခင်လုံးတို့မိသားစုသည် တောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေကြပြီး ငွေရေးကြီးအခက်အခဲရှိခြင်းကြောင့် အမေဖြစ်သူအား ဆေးဝါးကုသရာတွင်လည်း အလှူရှင်များထံ၏ အကူအညီဖြင့် ကုသနေရပြီး နောက်ထပ်သမီးဖြစ်သူမှာလည်း မြေမြုပ်မိုင်းထိမှန်ခြင်းကြောင့် ငွေကြေးမှာလည်း ပိုပြီး ခက်ခဲလာနေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းနင်းမိခြင်းကြောင့် လူ (၈) ဦး ထိခိုက်မှုရှိနေပြီဖြစ်ကာ လူ (၃) ဦးမှာသေဆုံးနေပြီဖြစ်ပြီး (၅) ဦးမှာ ဒဏ်ရာရရှိနေသူများဖြစ်ကြောင်းသိရသည်။
Author: Editor
ချင်းပြည်နယ်နှင့်ထိစပ်နေသော တိုင်းဒေသကြီးများအကြား နယ်နိမိတ်များကို ပြန်လည်တိုင်းတာသည့်နေရာတွင် (၁၉၃၈) ခုနှစ် အင်္ဂလိပ်ခေတ်ကထုတ်ပြန်ခဲ့သော မြေပုံကိုသာအခြေခံပြီး တိုင်းတာသတ်မှတ်ပါက ချင်းပြည်နယ်အတွက် နစ်နာမှုများရှိလာနိုင်သည်ဟု ချင်းမြေယာဆိုင်ရာကွန်ယက်အဖွဲ့မှ ကိုမန်ဇခုပ်ကပြောသည်။ “၁၉၃၈ မြေပုံဆိုတာက အင်္ဂလိပ်တွေရေးဆွဲတဲ့ အစောဆုံးမြေပုံတော့ဟုတ်တယ် အင်္ဂလိပ်တွေက ဒေသခံတွေကို မေးမြန်းပြီးမှ သဘောတူညီမှုရယူပြီးမှ ရေးဆွဲတဲ့မြေပုံလည်းမဟုတ်တဲ့အခါကျတော့ ကျနော်တို့နစ်နာနိုင်တဲ့ အပိုင်းတွေရှိတယ် အဲဒီမြေပုံတစ်ခုကိုပဲ အခြေမခံဘဲနဲ့ လက်ရှိအုပ်ချူပ်ရေးအရလည်း အခြေခံရမယ် ကျနော်တို့ဘိုးဘွားတုန်းက သတ်မှတ်ထားတဲ့ နယ်နိမိတ်တောတောင်တွေကိုလည်း ပစ်ပျယ်လို့မရဘူး အဲဒီ (၃) ခုကြားမှာ ညှိုနှိုင်းပြီးမှ သင့်တော်တဲ့နည်းလမ်းနဲ့ သွားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်” ဟု ကိုမန်ဇခုပ်ကပြောသည်။ ချင်းပြည်နယ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး နယ်နိမိတ်ကျူးကျော် မှုများရှိနေသည့်အတွက် ယခင်မူလနယ်နိမိတ်အတိုင်းပြန်လည်တိုင်းတာရန် ပြည်ထောင်စုအဆင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့က လုပ်ဆောင်လျက်ရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၆) ရက်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ် လွှတ်တော်ရေးရာခန်းမတွင် ပြည်ထောင်စုအဆင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဌ၊ ချင်းပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြပြီး နယ်နိမိတ်တိုင်းရေးလုပ်ငန်းဆောင်ရွက်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့က ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကိုမန်ဇခုပ်က နိုင်ငံတော်အစိုးရအနေဖြင့် နယ်နိမိတ်များကို ယခုကဲ့သို့ ပြန်လည်တိုင်းတာရန် လုပ်ဆောင်နေသည့်အပေါ် ထောက်ခံကြိုဆိုသော်လည်း (၁၉၃၈) ခုနှစ်မြေပုံကိုသာအခြေမခံဘဲ ချင်းဘိုးဘွားခေတ်ကနေထိုင်ခဲ့သည့် ပထ၀ီအနေအထားကိုလည်း ထည့်သွင်းအခြေခံသင့်သည်ဟု ဆက်လက်ပြောဆိုသည်။ “သူတို့ရဲ့လုပ်ဆောင်မှုကိုတော့ ကြိုဆိုပါတယ် ဒါပေမယ့် ဘယ်မြေပုံပေါ်မှာ အခြေခံပြီးလုပ်မလဲဆိုတာ စဉ်းစားစရာဖြစ်နေ ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြေပုံကအမျိုးမျိုးထွက်နေတဲ့အခါကျတော့ လက်ရှိအစိုးရကလုပ်ဆောင်နေတဲ့ဟာက ၁၉၃၈ ခုနှစ်က…
အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထားမှတဆင့် မြန်မာကွမ်းသီးများ မီဇိုရမ်ပြည်နယ်ဘက်သို့ တင်ပို့ခွင့်အား ဇိုခေါထားအခြေစိုက် အာသံရိုင်ဖယ် (Assam Rifle) တပ်ဖွဲ့မှ တားဆီးပိတ်ပင်မှုကို မကျေနပ်သည့်အတွက် ဇိုခေါထားပြည်သူလူထုများသည် ယမန်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ချင်းပြည်နယ် ရိခေါဒါရ်မြို့ နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် မီဇိုရမ်ပြည်ဘက်သို့ ပုံမှန်တင်ပို့လေ့ရှိသည့် ကွမ်းသီးအစို အခြောက်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းကစ၍ ယနေ့ချိန်ထိ အာသံရိုင်ဖယ်တ ပ်ဖွဲ့က ပိတ်ပင်ခဲ့ ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရက်ရှည်လများပိတ်ပင်လာခြင်းကြောင့် နယ်စပ်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများထိခိုက် လာပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ကို ဇိုခေါထားကျေးရွာမှ ပြောင်းရွှေ့ရန် ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြ ခြင်းဖြစ်သည်။ “အရင်တုန်းကတော့ ကွမ်းသီးတွေကို နယ်စပ်ဂိတ်ကနေ ဟိုဘက် (ဇိုခေါထား) ဘက်ကို ကားနဲ့သွားချရတယ်၊ အဲဒီမှာ ဇိုခေါထားပြည်သူတွေက အိန္ဒိယဘက်သို့သွားမယ့် ကားပေါ်မှာပြန်တင်တယ်ပေါ့နော် ကုန်တင် ကုန်ချလုပ်ငန်းက အဆင်ပြေတယ် ဒါပေမယ့် ခုတော့ အာသံရိုင်ဖယ်တပ်က မြန်မာကွမ်းသီးတွေအ၀င်မခံတော့ဘူးလေ လနဲ့ချီရှိပြီလေ ဇိုခေါထားပြည်သူတွေအလုပ်အကိုင်မရှိကြတော့ စားဝတ်နေရေးခက်ခဲလာကြတယ်လေ အဲဒါကြောင့် သူဆို့ဆန္ဒပြကြတာ” ဟု ရိခေါဒါရ်တွင်နေထိုင်သည့် ကွမ်းသီးကုန်သည်တစ်ဦးကပြောသည်။ ယခုလက်ရှိတွင် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ကွမ်းသီးများတင်ပို့သည့် ကုန်တင်ကားအစီး (၄၀) ခန့် ဖမ်းဆီးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံသားများပိုင်ဆိုင်သည့်ကား (၉) စီးလည်းပါဝင်ကာ အကုန်လုံးပြန်လွှတ်ပေးရန်လည်း ဇိုခေါထားပြည်သူများက တောင်းဆိုခဲ့ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ရဲမှူး Pu Zarzoliana Vanchhawng သည် အာသံရိုင်ဖယ်တပ်ဖွဲ့၊ ဇိုခေါထားပြည်သူများနှင့် ယမန်နေ့ကတွေ့ဆုံ၍ ရိ-ဇိုခေါထားကုန်သွယ်ရေးမှတဆင့် ကွမ်းသီးနှင့် ဓာတ်မြေသြဇာတင်သွင်း မှုသည့် တရားမ၀င်သည့်အတွက် ကန့်သတ်ပိတ်ပင်ရန်လိုအပ်ကြောင်း၊ ဓာတ်မြေသြဇာကို မီဇိုရမ်ပြည်နယ်မှ…
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်း ဆရာ/မ (၂၀၀) ကျော်တို့သည် ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ခွင့် စာတင်ထားကြသည်ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ “ထွက်စာတော့အခုထိတော့မတင်ဘူး ပြောင်းရွှေ့လောက်ပဲတင်ပါတယ် ပြောင်းရွှေ့တယ်ဆိုတာလည်းပဲ ဘာအကြောင်းကြောင့်မဟုတ်ဘူး သူ့ဟာသူ တစ်နှစ်ပြည့်လို့ လုပ်သက်တစ်နှစ်ပြည့်လို့ပြောင်းခွင့်ရလို့ သူတို့လျှောက်ကြတာပဲခဗျား ဒါကနှစ်တိုင်းတင်နေကြပါ မနှစ်ကလည်းအများကြီးတင်တာ ဒီနှစ်ကတော့ ကျနော်တို့နည်းတယ် ထွက်စာတော့တစ်ယောက်မှမတင်ဘူး” ဟု ဆလိုင်းအောင်မင်းကပြောသည်။ ကျောင်းပေါင်း (၃၈၄) ကျော်ရှိသည့် ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/မ ၀န်ထမ်း (၁၅၅၄) ဦးရှိပြီး ယခုပြောင်းရွှေ့ခွင့်တင်ထားသူများသည် လုပ်သက် တစ်နှစ်ပြည့်ပြီးသူများဖြစ်ကြကာ စုစုပေါင်း (၂၀၇) ဦးရှိသည်ဟု သိရသည်။ ပလက်ဝမြို့နယ်သည် နယ်မြေမလုံခြုံသည့်အတွက်အကြောင့် ယခင်နှစ် ၂၀၁၉ တွင် ကျောင်းပေါင်း (၁၀၀) ကျော်တွင် ကျောင်းဆရာ/မ တစ်ယောက်မှမရှိကြသည့် အခြေအနေဖြစ်ခဲ့ရပြီး ပညာရေးဝန်ကြီးဌာနမှ ဒေသခံပြည်သူများအား ထပ်မံခန့်အပ်ခဲ့သော်လည်း ယနေ့ချိန်ထိ ကျောင်းဆရာ/မ (၆၀၀) ခန့်လိုအပ်နေသေးသည်ဟု ပလက်ဝမြို့နယ်ပညာရေးမှူးကပြောသည်။ “လိုတာတော့အများကြီးလိုသေးတယ် တကယ်ကျောင်းသားဦးရေနှင့်ဆိုရင်တော့ အများကြီးလိုတယ် လိုတယ်ဆိုတာတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပေါင်းလိုက်ရင်တော့ လေးငါးရာ၊ ခြောက်ရာလောက်တော့လိုအုံးမှာ” ဟု ပညာရေးမှူးကပြောသည်။ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် (AA) တပ်ဖွဲ့အကြား တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အတွက် ကျောင်းစာသင်ကြားရာတွင်လည်း အခက်အခဲရှိသလို စိုးရိမ်နေရသည်ဟု ပလက်ဝမြို့နယ်၊ တုံးမ၀ကျေးရွာမှ ကျောင်းဆရာတစ်ဦးကပြောသည်။ “ဒေသလုံခြုံရေးကလုံးဝမရှိဘူး ကျောင်းဖွင့်ထားတယ်ဆိုပေမယ့်လည်း ပိတ်နေရတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့ အခုကျနော်တို့ကလည်းအဲလိုမျိုး အခက်အခဲကိုကြုံတွေ့နေရတယ် ကျောင်းစာလည်းပုံမှန်သင်လို့အဆင်မပြေဘူး ကိုယ်တာဝန်ကျတဲ့ဒေသမှာ တာဝန်ကျေအောင်ထမ်းဆောင်မရဘူးပေါ့ ဒေသအခြေအနေရပေါ့…
By လားနွန် – ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ခမောင်းတောကျေးရွာမှ အသက် (၄၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အနောက်ပိုင်းတိုင်းစစ်ဌာနလက်အောက်ခံ တပ်မတော်တပ်သားများက ပြီးခဲ့သည့် ဇန်န၀ါရီလ (၄) ရက်နေ့က ဖမ်းဆီးချူပ်နှောင်ကာ ခန္ဓာကိုယ်ကို ရေနွေးပူနှင့်လောင်းပြီး ခြေထောက်ကိုလည်း ဓားဖြင့်လှီးခံရသောကြောင့် ဆေးဝါးကုသမှုခံယူနေရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ အမ်းမြို့နယ်ရှိ ခမောင်းတောကျေးရွာသား အသက် (၅၁) နှစ်အရွယ် ဦးတင်ထွန်းသည် ရက္ခိုင့်တပ်တော် AA အဖွဲ့နှင့် ပတ်သက်နေသည်ဟုကာ တပ်မတော်သားများက ၎င်း၏နေအိမ်သို့ ဇန်န၀ါရီလ (၄) ရက်နေ့က ၀င်ရောက်ရှာဖွေပြီး ဦးတင်ထွန်းကို မတွေ့သောကြောင့် နေအိမ်တွင်ကျန်ရှိနေသော ၎င်း၏ဇနီး ဒေါ်မလှနှင့် သားဖြစ်သူ အသက် (၂၁) နှစ်အရွယ် မောင်ကျော်တို့ကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းစဉ်တွင် ထိုကဲ့သို့ ညှင်းပန်းနှိပ်စက်ခဲ့ကြသည်ဟု CHRO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “စစ်တပ်တွေက အမ်းမြို့ကဖြစ်တယ် ခလရ (၃၇၁) လား၊ ခလရ (၃၇၂) လား၊ အဲဒီထဲက တခုခုဘဲ သူ့တို့နေအိမ်ကို မနက်ပိုင်းမှာဝိုင်းပြီး ၀င်ရောက်ရှာဖွေတယ် အဲဒီအချိန်မှာ သူ့ယောင်္ကျားက ခရီးသွားနေတဲ့အချိန်ဆိုတော့ မဖမ်းလိုက်ဘူး၊ မနက် (၁၀) နာရီလောက်မှာ သူ့မိန်းမနဲ့သားကို ဖမ်းဆီးပြီး ရွာရဲ့စာသင်းကျောင်းခန်းထဲမှာ နှစ်ဦးစလုံး ကြိုးတုပ်ချုပ်နှောင်ပြီးထားတယ်၊ ညနေပိုင်း (၃) နာရီလောက်ကနေ စတင်စစ်ဆေးမေးမြန်းတယ်၊ မင်းယောင်္ကျားဘယ်မှာလဲ၊ သေနတ်ဘယ်မှာဖွတ်ထားသလဲ စသဖြင့် အမျိုးမျိုးစစ်ဆေးမေးမြန်းရင်း ဒေါ်မလှရဲ့ ညာဖက်ခြေထောက် ခြေတလုံးကျွတ်သားတွေကို ဓါးနဲ့လှီးတယ်၊ ဒူးခေါင်းနှစ်ဖက်စလုံးကို တူနဲ့ထုတယ်၊ ဒူးခေါင်း…
By လားနွန် – နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိရွာ ချင်းပြည်နယ် ထန်တလန်မြို့နယ် သီးကီရ် (Tikir) ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေအိမ်အလုံး (၅၀) တည်ဆောက်လျှက်ရှိသည်ဟု သိရသည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင်နေကြရသည့် ပြည်သူများအနေဖြင့် သီးကီရ်ကျေးရွာသို့ ပြောင်းရွှေ့အခြေချနေထိုင်နိုင်ရန်အတွက် (၂၄ ပေ x ၂၄ ပေ x ၁၀ ပေ) အတိုင်းအတာရှိ နေအိမ် (၅၀) လုံးကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးကပြောသည်။ “စစ်ဘေးရှောင်ထွက်ပြေးကြတဲ့ ပြည်သူတစ်ချို့တွေက သူတို့ရဲ့နီးစပ်ရာ ဆွေးမျိုးသားခြင်းတွေ တစ်ချို့ကြတော့ မီးဇာဘက်မှာပြောင်းရွေ့နေထိုင်ကျတယ် သူတို့ကတော့ ဒုက္ခသည်စခန်းကိုတော့ အခိုင်အမာတည်ဆောက်ထား ပြီးနေထိုင်ကြတာတော့မရှိဘူး ငြိမ်းချမ်းရာမှာ လက်ခံထားပြီးတော့ သူတို့ကိုကယ်ဆယ်ထားတဲ့အနေအထားမှာရှိတယ်၊ သူတို့ထပ်ပြီးတော့ပြောင်းလာမယ့် မိသားစုတွေရှိတယ်လို့ သိရတယ် ချင်းပြည်နယ်အစိုးရကလည်း အကူအညီတောင်းပါတယ် အိမ်ကအလုံး (၅၀) လောက်ထပ်ပြီးတော့ ပြောင်းရွှေ့ မယ့် မိသားစုတွေအတွက်ဆောက်ချင်တယ် အိမ်ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို အကူအညီပေးပါဆိုပြီး ကျနော်တို့ကိုပန်ကြားလာတဲ့အခါမှာ ကျနော်တို့သွားကြည့်သေးတယ် ဘာပဲဖြစ်ဖြစ်ဆောက်လုပ်လို့ဖြစ်နိုင်တယ်ဆိုပြီးတော့ အိမ်အလုံး (၅၀) ဆောက်ပေးတာပါ အရေးတကြီးလည်း ပြောင်းရွှေ့လာမယ့်သူတွေရှိရင်လည်း အမြန်ဆုံးပြောင်းရွှေ့နိုင်အောင်ဆောက်ပေးတာပါ” ဟု ဦးမိုးဇော်ဦးကပြောသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပလက်ဝမြို့နယ် မီးဇာကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ Bawm မျိုးနွယ်စု အိမ်ထောင်စု (၂၀) လူဦးရေ (၁၀၀) ကျော်တို့သည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီစဉ်ဖြင့်…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဆီဖလောင်းကျေးရွာသား မူလတန်းကျောင်းအုပ်ဆရာ ဦးအာဗြေလနှင့် ကြက်ဥ၀ရွာသား (၂) ဦးတို့သည် လက်နက်ကိုင်တစ်စုမှ ဇန်န၀ါရီလ (၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးသွားရာမှ ရွာသားများက လိုက်လံရှာဖွေကြရာတွင် (၃) ရက်မြောက်နေ့ ဇန်န၀ါရီလ (၁၀) ရက်နေ့က တောတွင်းတစ်နေရာသို့ လက်ပြန်ကြိုးတုပ်လျက် ဓားဒဏ်ရာဖြင့်သေဆုံးနေသည်ဟု တွေ့ရှိခဲ့ကြသည်။ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ကတော့ ဦးအာဗြေလနှင့် ရွာသား (၂) ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်များက ကြက်ဥ၀ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇန်န၀ါရီလ ၁၀ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ထားသည်။ ထို့အပြင် (အေအေ) တပ်ဖွဲ့ဝင်များသည် ကျီးလေကျေးရွာသို့ ၀င်ရောက်အခြေပြု၍ ကျေးရွာရှိအမျိုးသမီးငယ်တစ်ဦးအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန်ကြိုးစားပြီး ကျေးရွာတာဝန်ရှိလူကြီးများကိုလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့သည်ဟု ပြောဆိုထားသည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောရေးဆိုင်ခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းဌာနမှဖြင့် ယခုကဲ့သို့ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ ပလက်ဝမြို့နယ် ဆီဖလောင်းကျေးရွာက မူလတန်းပြကျောင်းအုပ်ဆရာ ဦးအာဗြေလနဲ့ ကြဥ၀ကျေးရွာက ရွာသား (၂) ဦး သေဆုံးတဲ့ကိစ္စမှာ အေအေရဲ့ လက်ချက်မကင်းဘူးဆိုပြီး ပြောဆိုနေကြတယ်။ ဒီကိစ္စအပေါ် ဘာများပြောချင်ပါလဲ။ ဖြေ။ ။ အဲဒီ ဆီဖလောင်းကျေးရွာမှာ ခမီးလူမျိုး ကျောင်းဆရာတစ်ယောက်နဲ့ ဒီ ရခိုင်လူမျိုး (၂) ဦးကို ဖမ်းသွားပြီးတော့မှ နောက်တစ်နေ့မှာ အလောင်းတွေ့တယ်ဆိုတဲ့ကိစ္စကို အဲဒီ KACC ရဲ့ထုတ်ပြန်ချက်မှာ ကျနော်တို့ဘက်က ဖမ်းသွားတယ်ဆိုပြီးတော့ အဲလိုမျိုးစွပ်စွဲထားတာရှိတယ် ဆိုတော့ အဲဒီကိစ္စက ကျနော်တို့နဲ့ လုံးဝပက်သက်မှုမရှိဘူး၊ ကျနော်တို့ဘက်က လုပ်တာလည်း…
By လားနွန် – ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာရှိ မီးလောင်သွားသည့် အထက်တန်းကျောင်းခွဲ ကျောင်းဆောင်အသစ်ကို စေတနာရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ပြန်လည်ဆောက်လုပ်လျက်ရှိကြပြီး ယခုလကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဟု ကျောင်းအုပ်ဆရာကြီး ဦးဒါလ်ပေါင်ကပြောသည်။ တုန်းဇန်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းဆောင်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၁) ရက်နေ့ည မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်၊ ၀န်ထမ်းအိမ်ယာ (၅) လုံး၊ လူနေအိမ်တစ်လုံး လောင်ကျွမ်းပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ အလှူရှင်နဲ့လုပ်တာပါ မန်းလေးဘက်က အလှူရှင်တွေနဲ့လုပ်တာ မနက်ဖြန် တဘက်ခါလောက်ဆိုရင် သွပ်ပြားတွေ အမိုးမိုးတော့မယ် ဒီလကုန်ပိုင်းလောက်ဆိုရင်ပြီးလောက်ပြီ ဒီလကုန်လောက်ဆိုရင် ကျောင်းလည်းတက်နိုင်လောက်ပြီ’’ ဟု ကျောင်းအုပ်ဆရာ ဦးဒါလ်ပေါင်ကပြောသည်။ ယခုအသစ်တည်ဆောက်သည့် ကျောင်းဆောင်အသစ်ကို မန္တလေးမြို့၊ ပန်းပျိုးသူပရဟိတအသင်းမှ ကျပ်ငွေ သိန်း (၇၀၀) ဖြင့် ပေ ၉၀ x ၃၀ ဖြင့် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်သည်။ တုန်းဇန်ကျေးရွာရှိ ကျောင်းသူကျောင်းသားများသည် လက်ရှိတွင် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း UPC၊ RC နှင့် AG တို့တွင် စာသင်နေကြဆဲဖြစ်ပြီး ကျောင်းသား/ကျောင်းသူဦးရေ (၄၂၀) ခန့်ရှိသည်။ ချင်းပြည်နယ်အစိုးရမှလည်း မီးလောင်သွားသည့် အ.ထ.က (ခွဲ) ကျောင်းဆောင်များအတွက် ပေ ၁၂၀ x ၃၀ ကို Steel Structure တည်ဆောက်ဖို့ မြေနေရာများ၊ မြေညှိုမှုများ လုပ်ဆောင်ပြီးနေပြီဖြစ်ကြောင်းလည်း သိရသည်။ Unicode ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာရှိ မီးလောင်သွားသည့် အထက်တန်းကျောင်းခွဲ ကျောင်းဆောင်အသစ်ကို စေတနာရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ပြန်လည်ဆောက်လုပ်လျက်ရှိကြပြီး ယခုလကုန်ပိုင်းတွင်…
By လားနွန် – ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ရပ်နားထားသော မဏိပူရရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်အကောင်အထောင်ဖော်ဆောင်ရန် စီစဉ်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ သန်း (၂၀၀) ကျော်ချထားသည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ဒီမဏိပူရမြစ်ရေအားလျှပ်စစ်ကိုအကောင်အထည်ဖော်ဖို့ သင့်မသင့်နဲ့ မြေပြင်မှာတွေ့ရှိချက်တွေ အဲဒါလေးတွေကို သုံးသပ်တယ် အဲဒီပေါ်မှာ ကျနော်တို့ နောက်ထပ် နောက်တစ်ကြိမ်ကို ဒီလထဲမှာပဲ အလုပ်ရုံဆွေးနွေးပွဲပြန်ခေါ်အုံးမယ် အဲဒီသုံးသပ်ချက်ပေါ်မူတည်ပြီးမှ နောက်တစ်ကြိမ်ဆွေးနွေးချက်ကျမှပဲ အတည်ပြုပြီးတော့ နိုင်ငံတော်အစိုးရ ပြည်ထောင်စုအစိုးရကိုတင်ပြဖို့ဖြစ်ပါတယ်၊ ဒါပေမဲ့ ၂၀၁၉ – ၂၀၂၀ ဘက်ဂျက်မှာတော့ ပြည်ထောင်စုဘက်ဂျက်အနေနဲ့ ကျနော်တို့ ရှေ့ဆက် ဘက်ဂျက်အနေနဲ့ သန်း ၁၉၇ သန်းထည့်ထားတယ် ဆည်မြောင်းအနေနဲ့ သန်း (၅၀) ထည့်ထားတယ် အခုဒီ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးမှာ အဲဒီဟာတော့ ကျနော်တို့ ဒီနှစ်အတွင်းမှာထည့်ထားတဲ့ ဘက်ဂျက်အတိုင်းတော့ အကောင်ထည်ဖော်ဆောင်ရွက်နေမှာပေါ့ အခုက ကြီးကြီးမားမားနဲ့ ဒီစီမံကိန်းပြီးအောင်လုပ်မယ် အစီအစဉ်အတွက်ကတော့ အသေးစိတ်ပြန်ဆွေးနွေးဖို့လုပ်နေတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ မဏိပူရရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘက်ဂျက်ဖြင့် ၂၀၀၄ ခုနှစ်မှစတင်ကွင်းဆင်းလေ့လာကာ ၂၀၀၉ ခုနှစ်ကစ၍ လုပ်ငန်းစတင်ခဲ့ကြပြီး ၁၉.၅၇ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ရပ်နားခဲ့ကြခြင်းဖြစ်သည်။ လျှပ်စစ်မိဂါဝဘ် (၃၈၀) ခန့်ထုတ်လုပ်နိုင်မည့် မဏိပူရရေအားလျှပ်စစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း (၈၀၅) ခန့်ကုန်ကျမည်ဖြစ်ကာ မြန်မာကျပ်ငွေ ဘီလီယံ (၁၂၀၀) ကျော်ခန့်ရှိသည်။ ယင်းစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကမ္ဘားနီ တံတား…
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါပြီး ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာသို့ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။ ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် ယာယီတဲများထိုးကာနေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများကို အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများက ယခင်က ဆန်ထောက်ပံ့မှုများရှိခဲ့သော်လည်း လွန်ခဲ့သည့် ၂ လခန့်ကစ၍ အထောက်ပံ့တစ်စုံတစ်ရာမျှမရရှိကြတော့ သည့်အတွက် ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ကာ ၀မ်းစာအတွက်ဖြေရှင်းနေရသည်ဟု မီးဇာကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေသည့် ကုန်ပြင်ကျေးရွာတာဝန်ခံကပြောသည်။ “လက်ရှိကျနော်တို့မီးဇာမှာ ရောက်လာတာတစ်နှစ်ကျော်ရှိပြီ ဒါပေမဲ့ အဲဒီကြားမှာကျနော်တို့ ကျပန်းအလုပ်တွေလုပ်တယ် ပြီးတော့ ကြားကာလမှာ တော်တော်များများ NGO တွေ အဲလိုမျိုးထောက်ပံ့တာတွေရှိတယ် အခုကျတော့ ဘာမှရောက်မလာတော့ ကျနော်တို့တောင်ယာလည်းမရှိသေးတော့ အခုလက်တလောကတော့ ကျနော်တို့ စားဝတ်နေရေးပေါ့နော် အဓိကဆန်ပေါ့ အရမ်းကိုအခက်အခဲရှိတယ်” ဟု ကုန်ပြင်ကျေးရွာတာဝန်ခံကပြောသည်။ ပလက်ဝမြို့နယ်အတွင်းရှိ ကုန်ပြင်၊ ကင်းတလင်း၊ ပီတောင်၊ ယင်ခံဝ နှင့် ဆတ်လိုင်ဝ ကျေးရွာတို့မှ ပြည်သူ (၆၀၀) ကျော်တို့သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်ကတည်းက မီးဇာကျေးရွာသို့ စစ်ဘေးတိမ်းရှောင်နေထိုင်ခဲ့ကြသည်။ ကင်းတလင်း နှင့် ပီတောင်ကျေးရွာမှ အိမ်ထောင်စု (၂၀) လူဦးရေ (၁၀၀) ကျော်တို့သည် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိ သီကီရ်းရွာသို့ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် ပြောင်း ရွှေ့ခဲ့ကြပြီး ယခုလက်ရှိ မီးဇာကျေးရွာတွင် ကျန်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ (၅၀၀) ခန့်တို့သည် ဆန်အခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ “အခုကျတော့ ဒီအနီးနားလေးမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့…
