(006SV) အိန္ဒိယ- မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာခရိုင်၊ Khaikhy ကျေးရွာအနီးရှိ မရာလူငယ်အဖွဲ့၏ စစ်ဆေးရေးဂိတ် ကို ရခိုင်ကုန်သည်တချို့က မီးရှို့ဖျက်စီးမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို အာရက္ခတပ်တော် ULA/AA အနေဖြင့် အရေးယူပေးရန် India For Myanmar (IFM)က စက်တင်ဘာလ ၁၆ ရက်မှာ တောင်းဆိုလိုက်သည်။ Khaikhy ကျေးရွာအနီးရှိ မရာလူငယ်အဖွဲ့ (MTP- Khaikhy) က စောင့်ကြည့်သည့် စစ်ဆေးရေးဂိတ်ကို ရခိုင်ကုန် သည်တချို့က ကုန်စည်စီးဆင်းမှု နှေးကွေးရခြင်းအပေါ် မကျေမနပ်ဖြစ်ပြီး အငြင်းပွားရာမှတဆင့် စက်တင်ဘာလ ၁၄ ရက်မှာ အဆိုပါစစ်ဆေးရေးဂိတ်ဝန်ထမ်းများကို အသက်အန္တရာယ်ပြု ရန်ရှာတိုက်ခိုက်ရန် ကြိုးပမ်းခြင်းနှင့် ဂိတ်ကို မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု IFM ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ တာဝန်ကျ ဝန်ထမ်းများသည် အချိန်မီ တိမ်းရှောင်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း စစ်ဆေးရေး ဂိတ်မှာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ဒေသခံများ၏ အချိန်မီ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မီးကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ “ဤဖြစ်စဉ်သည် သာမန်ဒေသတွင်း အငြင်းပွားမှုမျှသာ မဟုတ်ဘဲ အချုပ်အခြာအာဏာပိုင် အိန္ဒိယနိုင်ငံ နယ်မြေ အတွင်း အိန္ဒိယနိုင်ငံသားများ၏ အသက်အန္တရာယ်ကို ထိခိုက်စေမည့် ရည်ရွယ်ချက် ရှိရှိ လူသတ်မှု ကျူးလွန်ရန် ကြံစည်တိုက်ခိုက်ခြင်းနှင့် ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ရာ အလွန်ကြီးလေးသော ပြစ်မှုထင်ရှားသည့် ဥပဒေချိုးဖောက်မှု လုပ်ရပ်ဖြစ်သည်” ဟု India For Myanmar က ထုတ်ပြန်သည်။ Khaikhy MTP…
Author: Editor
ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၇၀၀ ဦး ကျဆုံးပြီး ရဲဘော်များ ကျဆုံးမှု မြင့်မားနေဟု ဆို (006SV) တော်လှန်ရေး ၅ နှစ်ခွဲကျော်ကာလအတွင်း ချင်းပြည်နယ်မှာ ပဋိပက္ခနှင့် ဆက်နွယ်၍ ချင်းပြည်သူ သေဆုံးသူ ၁၃၀၀ ကျော် ရှိပြီး ၎င်းတို့ထဲမှ ၇၀၀ ဦးသည် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ (ICA) ထံမှ သိရသည်။ စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ဩဂုတ်လ ၃၁ ရက်အထိ အာဏာသိမ်းစစ်တပ်၏ ပုံစံမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် ချင်းပြည်နယ်တွင် ချင်းအရပ်သားပြည်သူ ၆၄၄ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့များမှ ၇၀၀ ဦး၊ စုစုပေါင်း ၁၃၄၄ ဦး သေဆုံးသည်ဟု သိရသည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုသည် အလွန်မြင့်မားနေသည်ဟု ယနေ့ စက်တင်ဘာလ ၁၆ ရက် ထုတ်ပြန်သော ချင်းရေးရာအဖွဲ့ (ICA) ၏ အစီရင်ခံစာမှာ အသိပေးသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် တိုက်ပွဲအတွင်း သေဆုံးသူ ၄၅၈ ဦးဖြင့် အများဆုံးရှိနေပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၇၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၉ ဦး၊ အလောင်းပြန်လည် ရယူနိုင်ခြင်း မရှိသော အခြေအနေမှာ သေဆုံးသူ ၁၄ ဦး၊ ဆေးဝါး မရရှိမှု ကြောင့် ၁၂ ဦးနှင့် မီးရှို့သတ်ဖြတ်ခံမှုကြောင့် ၁၁ ဦးအထိ ရှိသည်ဟု ICA ထံမှ သိရသည်။ အရပ်သားပြည်သူ…
(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ငွေကျပ်သိန်း ၇,၂၅၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၉၀,၀၀၀ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့်အတူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ၌ ပါဝင်သူ အမျိုးသားနှစ်ဦးကို ဖမ်းဆီး အရေးယူထားကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC MYANMAR) ၏ ယမန်နေ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်အနီးတွင် မျိုးကို မောင်းနှင်လာသည့် TOYOTA HILUX DOUBLE CAB မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ခြင်းဟု ဆိုသည်။ ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂၉၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇,၂၅၀ နှင့်အတူ မြန်မာငွေကျပ် ၂ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးတို့အား သက်သေများအား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိမှုမှ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သူ ဇော်လင်းအောင် (ခ) ကိုငယ်လေး (ခ) ကိုဆတ် အား လှိုင်သာယာရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အဖမ်းခံရသူ အသက် ၃၀ နှစ်ရှိ မျိုးကို နှင့် အသက် ၂၃ နှစ်ရှိ ဇော်လင်းအောင် (ခ) ကိုငယ်လေး (ခ) ကိုဆတ်…
(004SS) ကလေးမြို့မှ ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်မည့် စစ်ဘေးရှောင် ပြည်သူများအတွက် ၆ ကြိမ်မြောက် နေရပ်ပြန် အစီအစဉ်ကို လာမည့် စက်တင်ဘာ ၁၇ ရက်နေ့ ကြာသပတေးနေ့တွင် FCMF နှင့် CSOs-Falam ဦးဆောင်မှုဖြင့် စတင်ထွက်ခွါမည်ဖြစ်ကြောင်း သိရသည်။ ယခုထွက်ခွာမှုသည် ဇွန်လမှ စက်တင်ဘာလအထိ သတ်မှတ်ဆောင်ရွက်ခဲ့သည့် Phase 1 (ပထမအသုတ်) ၏ နောက်ဆုံးအကြိမ်ထွက်ခွာမည့် ခရီးစဉ်ဖြစ်ပြီး၊ ဒုတိယပိုင်း Phase 2 ကိုလည်း ဆက်လက်ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွက် လူဦးရေ ၁၀၀ သာ လက်ခံမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့၊ နေ့လည် ၁၂ နာရီအထိ Central Chin Pawlpi ဗဟိုချင်းအဖွဲ့ ရုံးတွင် စာရင်းပေးသွင်းနိုင်ပြီး ဖလမ်းသို့ မပြန်ဖူးသေးသူ၊ ပထမဆုံးအကြိမ် ပြန်လည်လိုက်ပါ မည့်သူများအား ဦးစားပေး စီစဉ်ပေးမည်ဖြစ်သည်။ ခရီးသွား ပစ္စည်းများအဖြစ် တစ်ဦးလျှင် အိမ်သုံးပစ္စည်း ဆာလာအိတ် ၃ အိတ် အရွယ်အစား မကြီးလွန်းသော အိတ် သာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး ဆန်အိတ်များ သယ်ဆောင်ခွင့် မရှိဟုဆိုသည်။ စီးပွားရေးဆိုင်ရာ ကုန်ပစ္စည်းများ သယ်ဆောင်လိုပါက ဖုန်းနံပါတ် 09400305551 နှင့် 09979115221 သို့ တိုက်ရိုက် ဆက်သွယ်နိုင်သည်ဟု ဖော်ပြသည်။ ပစ္စည်းအပ်နှံခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်း ၉ နာရီမှ ညနေ ၂ နာရီအတွင်း Central…
CGF ဖွဲ့စည်းနိုင်ရေး ကျပ်သိန်းပေါင်း တစ်သောင်းခန့် သုံးစွဲရန် လျာထားဟု ဆို (006SV) ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDFs)တို့ကို စုစည်းပြီး ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ကို ဖွဲ့စည်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။ ချင်းပြည်အစိုးရတပ်ဖွဲ့ (Chinland Government Force ) ကို ချင်းပြည်အစိုးရ၊ ချင်းကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲ စီမံသွားမည်ဟု ချင်းပြည်ကောင်စီ ဒုဥက္ကဌ Pu Bawi Kung ထံမှ သိရသည်။ “ကျနော်တို့ CDF တွေက ပရော်ဖက်ရှင်နယ်တပ်မတော် မဟုတ်ဘူး။ လခစား၊ ထောက်ပံ့ကြေးရပြီး လုပ်တဲ့ လူတွေ မဟုတ်ဘူး။ ကျနော်တို့က ခဏတာအတွက် တပ်မတော်ကို မေတ္တာစေတနာနဲ့ စစ်တိုက်ပေးတာပဲ ရှိတယ်။ ဒါက ၃/၄/၅ နှစ်ကတော့ အဆင်ပြေတယ်။ ဒါပေမယ့် အခုက ၅ နှစ်ကျော်ပြီဆိုတော့ အဆင်မပြေတော့ဘူး။ အဆင်မပြေတော့ဘူး ဆိုတာလည်း ကျနော်တို့ သိတယ်။ CNA မှာ ဝင်ပါဆိုလည်း သူတို့က မဝင်ချင်ကြဘူး။ မဝင်ချင်တာလည်း အပြစ်တင်လို့ မရဘူး။ ဒါဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်အိပ်ယာလေးကိုတော့ မထားခဲ့ချင်ကြဘူး။ အဲဒါက လူ့သဘောသဘာဝပါ။ ကိုယ်ဆရာကြီး လုပ်ရတဲ့ နေရာ မရှိတော့ရင် ဒါက ဝမ်းနည်းစရာ ကောင်းသလို ပျင်းစရာလည်း ကောင်းတယ်လို့ သူတို့ ထင်မှာ။ တချို့က စစ်နိုင်ချင်လို့ CDF ဖွဲ့တာလည်း ရှိမယ်။ တချို့က…
ဗိုလ်ကြီးတိုက်ချွန်း၏ သားဖြစ်သူ နေအိမ်နှင့်ပိုင်ဆိုင်မှုတချို့ ပျက်စီး (006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အောင်ဆန်းသူရိယနှင့် သူရဘွဲ့များ ရရှိခဲ့သော ဗိုလ်တိုက်ချွန်း နေထိုင်ခဲ့သော ဘွေလီကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၂ ရက် ညနေ ၄ နာရီခွဲခန့်က ပလက်ဝမြို့နယ်၊ ဆမီးမြို့နှင့် မတူပီမြို့နယ်အကြားရှိ ဘွေလီကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၃၀၀ ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတချို့ထံမှ သိရသည်။ “ဘွေလီရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပျက်စီးသွားတဲ့ နေအိမ်က ဗိုလ်တိုက်ချွန်းရဲ့ သားဖြစ်တဲ့ ကျောင်းဆရာ ဦးလျန်ထန်ရဲ့ နေအိမ်ဖြစ်ပါတယ်။ သူ့သားက အဲဒီရွာလမ်းပေါ်မှာ ဆိုင်ဖွင့်ပြီး နေထိုင်တာပါ။ သူ့သားဆိုင်နားကို ဗုံးကြဲတာပါ။ ဆိုင်ခန်းက အတော်ပျက်စီးသွားတယ်။ လူက ထိခိုက်မှု မရှိဘူး” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘွေလီကျေးရွာရှိ ဗိုလ်တိုက်ချွန်၏ သားဖြစ်သူ ဦးလျန်ထန်နှင့် ဒေါ်စိန်နု၏ ကုန်စုံဆိုင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်စုံဆိုင်၊ ကားတစ်စီးနှင့် Starlink ဂြိုလ်တုအင်တာနက်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အိမ်မွေတိရစ္ဆာန် တချို့လည်း ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ် လွီဗန်းရွာတွင် မေးဖွားခဲ့သော အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်းသည် တပ်မှ အငြိမ်းစား ယူပြီးနောက် ဘွေလီရွာတွင် အခြေချ နေထိုင်ခဲ့ကြောင်း သိရသည်။ ဘွေလီရွာတွင် ဗိုလ်တိုက်ချွန်း မကွယ်လွန်မီက နေထိုင်ခဲ့သော နေအိမ်…
(004SS) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland ထိန်းသိမ်းထားသော ဗိုလ်မှူး၊ ဗိုလ်ကြီးများ အပါအဝင် စစ်သုံ့ပန်း အများအပြား ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများနှင့် သတင်းရင်း မြစ်များထံမှ သိရသည်။ “ဟုတ်ပါတယ်၊ စစ်သုံ့ပန်းတွေ ထွက်ပြေးတယ်ဆိုတာ မှန်ပါတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးပေမဲ့ အစုလိုက် ထွက်ပြေးကြတာပါ။ ဒီနေ့တော့ ကပ်တီးလ်ရွာက လူတွေ ဘယ်သူမှ ရွာပြင်မထွက်ရဘူးလို့ သိထားရပါတယ်” ဟု PDF-Zoland နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ စစ်သုံ့ပန်းများ ထွက်ပြေးသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် ညဦးပိုင်းက တီးတိန်မြို့နယ်ထဲက PDF-Zoland ထိန်းသိမ်းရေးစခန်းမှ စစ်သုံ့ ပန်း ၂ ဦးက ရေချိုးရန် အကြောင်းပြကာ အချုပ်စောင့်တပ်ဖွဲ့ဝင်ကို ရိုက်နှက်ကာ သေနတ်နှင့် ကျည်ဆန်များ လုယူပြီးနောက် ကျန်ရှိနေ သည့် စစ်သုံ့ပန်းများကို လွှတ်ပေးကာ အစုလိုက် ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ ရိုက်နှက်ခံရသည့် အချုပ်စောင့်မှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။ယခု ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများသည် စစ်ရေးအရ အရေးပါသော ကနေဒီတောင်စခန်းသိမ်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များအတွင်း ဖမ်းဆီးရမိထားသူများဟု သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းကလည်း PDF-Zoland ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၁၀ ဦးထက်မနည်း ထွက်ပြေးလွတ် မြောက်ခဲ့ဖူးပြီး ၎င်းတို့ကို စစ်ကောင်စီက ကလေးမြို့ စစ်ဆေးရေးဂိတ်များတွင် ပြန်လည်တာဝန်ချထားသဖြင့် တော်လှန် ရေးတပ်ဖွဲ့များ၏…
(005MK) အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Siaha ခရိုင် Khaikhy ကျေးရွာတွင် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားရာမှ ရခိုင်ကုန်သည်များက မာရာလူငယ်အဖွဲ့ Mara Thyutlia Py (MTP) ၏ စစ်ဆေးရေးဂိတ်ကို မီးရှိုဖျက်ဆီးခဲ့ကြ သည်ဟု မီဇိုရမ်သတင်းများကဖော်ပြသည်။ ဖြစ်စဉ်မှာ Siaha ခရိုင်အတွင်းမှ ရခိုင်ပြည်နယ်သို့ လှေများဖြင့် ကုန်ပစ္စည်းတင်ပို့နေသည့် ရခိုင်ကုန်သည်များသည် ကုန်ပစ္စည်းများ ပုံမှန်မရရှိသည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့မွန်းလွဲ ၁၂ နာရီခန့်တွင် ကုန်ပစ္စည်းတင်ပို့မှုကို စီမံခန့်ခွဲ နေသည့် Khaikhy ရွာက MTP တာဝန်ရှိသူများ၏ စစ်ဆေးရေးဂိတ် (Duty Post) သို့ သွားရောက်ကာ ၎င်းတို့အား ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုရန် ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ ဆွေးနွေးစဉ်အတွင်း Khaikhy MTP နှင့် ရခိုင်ကုန်သည်များအကြား အပြန်အလှန် အငြင်းပွားမှုဖြစ်ပွားကာ အကြမ်း ဖက်မှု ဖြစ်ပွားမည့်အခြေအနေသို့ ရောက်ရှိနိုင်သဖြင့် Khaikhy MTP တာဝန်ရှိသူများက စစ်ဆေးရေးဂိတ်မှ ထွက်ခွာသွားခဲ့ကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်းများကဖော်ပြသည်။ ထို့နောက် ဒေါသထွက်နေသည့် ရခိုင်ကုန်သည်များသည် MTP စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးခဲ့သည့်အပြင် မီးရှို့ခဲ့ကြ သော်လည်း မီးအရှိန်မပြင်းမီ ပြန်လည်ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ Khaikhy MTP ၏ ကုန်တင်လှေအဝင်အထွက် မှတ်တမ်းစာအုပ်၊ ငွေစာရင်းစာအုပ်များကို ဖျက်ဆီးခဲ့ကြပြီး ရူပီးတစ်သောင်းခန့် ပျောက်ဆုံးသွားကြောင်း ဖော်ပြထား သည်။ အဆိုပါဖြစ်စဉ်များကြောင့် Lopu ကျေးရွာမှ လူငယ်များနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တချို့လည်း Khaikhy ရွာသို့ ချက်ချင်းသွားရောက်ခဲ့ကြပြီး အခြေအနေများ တင်းမာလာသည့်အတွက် ရခိုင်ကုန်သည်များသည် Khaikhy မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်ဟုသိရသည်။…
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Lamzang ကျေးရွာမှ နှစ်ခြင်းအသင်းတော် ပါစတာ Rev Dal Thawn Tuang သည် ယနေ့ညနေပိုင်း ၄ နာရီခန့်တွင် ကပ်တဲလ်တံတားအနီးမှာ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ Rev Dal Thawn Tuang သည် ဘာသာရေးကိစ္စတစ်ခုကြောင့် အကိုဖြစ်သူနှင့်အတူ တွီးတော့ကျေးရွာကိုသွားရောက်ပြီးနောက် Lamzang ရွာသို့ပြန်လာကြသည့်အချိန် ယနေ့ညနေပိုင်း ၄ ခန့်က ကပ်တဲလ်တံတားအရောက်တွင် သေနတ် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။ “သူ့အကိုနဲ့တွီးတော့ရွာကို ဘာသာရေးကိစ္စနဲ့သွားပြီး ပြန်လာတဲ့အချိန်မှာ အဲဒီလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ရတာလို့ သိရ တယ်၊ အကိုဖြစ်သူကလည်း ဒဏ်ရာရရှိတယ်လို့သိရပါတယ်၊ သေဆုံးရတဲ့အကြောင်းအရင်းအတိအကျကိုတော့ မသိရပေမယ့် ကျနော်တို့သိရသလောက်ကတော့ ဒီနေ့မှာ PDF-Zoland နဲ့ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ကျည်ဆံတွေက ပါစတာ တို့ကိုထိသွားတာ လို့ပဲသိရတယ်” ဟု တီးတိန်မြို့ခံ တစ်ဦးကပြောသည်။တီးတိန်မြို့နယ်ထဲမှာ PDF-Zoland ကဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်း ၈၀ ကျော်သည် ယမန်နေ့ညနေပိုင်းက ထွက်ပြေးသွားကြပြီး PDF-Zoland တပ်ဖွဲ့က တောနင်းရှာဖွေကာ ယနေ့ညနေပိုင်းမှာ ကပ်တဲလ်ကျေးရွာအနီးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။ ထိုသို့ပစ်ခတ်မှုဖြစ်ပွားစဉ် ကျည်ဆံတွေက ပါစတာတို့ကို ထိမှန်သွားခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။ ပါစတာ Rev Dal Thawn Tuang ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ Lamzang ကျေးရွာ ZYA ကလည်း ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။
(004SS) ချင်းပြည်နယ်မြောက်ပိုင်း တွန်ဇံမြို့နယ်၊ ဇမ်ပီး ကျေးရွာရှိ ZRA-EC ၏ ကင်းစခန်းတစ်ခုကို ယနေ့ စက်တင်ဘာလ ၁၀ ရက် မနက်အစောပိုင်းတွင် ZNA က ဝင်ရောက်တိုက်ခိုက်ရာမှာ ZRA-EC ရဲဘော်တစ်ဦးသေဆုံးကြောင်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့မနက်အစောပိုင်း ၃ နာရီခန့်တွင် ဇမ်ပီးကျေးရွာရှိ ZRA-EC စခန်း၌ တာဝန်ကျနေသည့် တပ်ဖွဲ့ဝင် ၇ ဦးခန့်ကို ZNA က အင်အား ၃၀ ခန့်ဖြင့် ဝတ်စုံ ၂ မျိုးဝတ်ဆင်ကာ အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ZRA-EC တပ်ဖွဲ့ဝင် Peter KimThang ၏ဖော်ပြချက်အရ သိရသည်။ အဆိုပါ တိုက်ပွဲအတွင်း ZRA-EC ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ George Zomi သေဆုံးသွားခဲ့ပြီး အခြားတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ZRA-EC ဘက်က “နောင်တွင် သွေးစည်းညီညွတ်မှု အသိတရား ထားရှိတော့မည်မဟုတ်ဘဲ နေ့ညမရွေး တုံ့ပြန်ဆောင်ရွက်သွားမည်” ဟု သတိပေးထားသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ZPCC/ZRA-EC က ZNA ၏ ကမ်းကေစခန်းကို အလစ်အငိုက် ဝင်ရောက်စီးနင်း ကာ စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း ZNA က ထုတ်ပြန်ခဲ့သည်။ ထို့သို့ထုတ်ပြန်ပြီး ၂ ပါတ်တိတိတွင် ZNA က တွန်ဇံမြို့နယ်ရှိ ZRA-EC ကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်…
