Author: Editor

(004SS)အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် မြို့ပြပင်စင် အပါအဝင် ပင်စင်လစာများ ထုတ်ယူရန်အတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “အခု လောလောဆယ်မှာတော့ ပင်စင်လျှောက်လို့ ရပါပြီ။ ဒါပေမဲ့ ပင်စင်စာအုပ်နဲ့အတူ လူကိုယ်တိုင်ပဲ လာလျှောက်ရမှာပါ၊ ကိုယ်စား ထုတ်ပေးတာမျိုးတော့ မရသေးပါဘူး” ဟု ဘဏ်နှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီးက ပြောသည်။ စက်တင်ဘာ ၂၁ ရက်နေ့တွင် မြို့ပြပင်စင်ထုတ်ယူမည့်သူများကို ထုတ်ပေးသွားမည်ဖြစ်ပြီး လာရောက်လျှောက်ထား သည့်နေ့တွင် ကိုယ်ပိုင်တိုကင်များ ထုတ်ပေးသွားမည်ဟု သိရသည်။ ထို့အပြင် နိုင်ငံရေးပင်စင်နှင့် အခြားပင်စင်အမျိုးအစားများကိုလည်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကာ ထုတ်ပေးမည့်ရက်ကို ဘဏ်ဘက်မှ ထပ်မံကြေညာပေးသွားမည်ဟုသိရသည်။ ဖလမ်းမြို့သည် အာဏာသိမ်းစစ်တပ်က လေကြောင်းနှင့် မြေပြင် သာလွန်အင်အားဖြင့် ၆ လကျော်ကြာ ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့သည့် မြို့ဖြစ်ပြီး မေလ (၆) ရက်နေ့မှစတင်ကာ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အသီးသီး ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကလည်း ဖလမ်းမြိုအား ဘုရားသခင်ထံ အပ်နှံသည့် Sathiluan ဆုတောင်းပွဲကိုလည်း လူဦးရေ ၃၀၀၀ ဝန်းကျင်ဖြင့်ကျင်းပခဲ့ကြသည်။ လက်ရှိတွင် မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ၏ ကြပ်မတ်မှုဖြင့် မြို့တွင်းဘဏ် ဝန်ဆောင်မှုများအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားသည်။

Read More

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်ဘာသာသင်ရိုးသစ် သင်ကြားစေမှုသည် ကျောင်းသူ/ကျောင်းသားများအား မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းမျိုးမဟုတ်ကြောင်း အာရက္ခအမျိုးသားပညာရေးဌာန ထုတ်ပြန်လိုက်သည်။ အာရက္ခတပ်တော် ULA/AA ၏ အာရက္ခအမျိုးသားပညာရေးဌာနက ချင်းပြည် နယ် ပလက်ဝမြို့နယ်မှာ ၁၂ တန်းပညာသင်ရိုးညွန်းတမ်းကို ရခိုင်ဘာသာဖြင့် သင်ကြားစေမှုအပေါ် ဝေဖန်ကန့်ကွက်မှုများထွက်ပေါ်လာပြီးနောက် ဦးခိုင်သုခက သူ၏ Telegram စာမျက်နှာမှတဆင့် အာရက္ခအမျိုးသားပညာရေးဌာန၏ သဘောထားကို ယနေ့စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။ ၁၂ တန်း ရက္ခိုင်စာသင်ရိုးသစ်ကို မြန်မာစာနေရာမှာ အစားထိုးထားပါသော်လည်း ကျောင်းသား/သူတိုင်းအား မသင် မနေရ အတင်းအဓမ္မသင်ယူခိုင်းခြင်းမျိုးမဟုတ်ဘဲ ကျောင်းသား/သူများသည် မြန်မာစာ နဲ့ ရက္ခိုင်စာ နှစ်ခုထဲမှ တစ်ခုခုကို ကြိုက်နှစ်သက်ရာ ဘာသာအဖြစ် ရွေးချယ်သင်ကြားနိုင်သော မူဝါဒကို ကျင့်သုံးလာမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ပလက်ဝမြို့နယ်တွင် ယခုပညာသင်နှစ်မှာ ၁၂ တန်းပညာအား သင်ယူနေသူစုစုပေါင်း ၁၅၈ ယောက်ရှိပြီး ၎င်းတို့အထဲတွင် ရက္ခိုင်လူမျိုး (၁၃၈) ယောက်၊ ခူမီးလူမျိုး (၁၆) ယောက်၊ ဒိုင်းနက်လူမျိုး (၃) ယောက်၊ မြိုလူမျိုး(၁) ယောက် တို့ကို အာရက္ခအမျိုးသားပညာရေးဌာနမှ ကြီးကြပ်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အာရက္ခတပ်တော် ULA/ AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အထက်တန်းသင်ရိုးသစ်ရေးဆွဲ၍ ရခိုင်ဘာသာစာဖြင့် ပြဌာန်းသင်ကြားမှုသည် ခူမီးချင်းလူမျိုးများနှင့် အခြားချင်းတိုင်းရင်သားများအပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) နှင့် ခူမီးအမျိုးသားစည်းလုံးညွတ်ရေးပါတီ (KNUP) တို့က ကြေညာချက်ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

Read More

(004SS) ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ Lungtah နယ်မြေ Neisok baw mual အနီးတွင် ယမန်နေ့က Vangteh ရွာသား လူငယ်တစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ချောက်ကမ်းပါးသို့ လိမ့်ကျကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၈ ရက်နေ့က ဗန်းတဲလ်ကျေးရွာမှ တွန်းဇံမြို့ဘက်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ကြသည့် လူငယ် ၃ ဦးသည် ဆိုင်ကယ်တစ်စီးတည်း၌ အတူစီးနင်းလာခဲ့ကြရာ နောက်ဆုံးမှ လိုက်ပါလာသူ လူငယ်မှာ အဆိုပါ Neisok baw mualkim လမ်းပိုင်းရှိ လမ်းဘေး ချောက်ကမ်းပါးထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သူငယ်ချင်း၂ ဦးမှ ၎င်းတို့သူငယ်ချင်းပါမလာတော့သည်ကို သိရှိပြီးနောက် အနီးအနားရှိ Lungtah ကျေးရွာမှ လူငယ်များကို အကူအညီတောင်းခံကာ ဝိုင်းဝန်းရှာဖွေခဲ့ကြရာ လမ်းအောက်ဘက် ကျောက်တုံးကျောက်ခဲများ ပြည့်နှက်နေသည့် ချောက်ကမ်းပါးထဲသို့ သေဆုံးနေသည့် အလောင်းအား တွေ့ရှိခဲ့ကြသည်။ “သူက လမ်းဘေး ချောက်ကမ်းပါးကနေ လိမ့်ကျသွားတဲ့ အခြေနေပါ။ တော်တော်ဝေးဝေး ရောက်တယ်။ သူလိမ့်ကျတဲ့ နေရာက မြေသားဆိုရင်တော့ မပြောတတ်ဘူး၊ ခုတော့ အဲဒီနေရာမှာ ကျောက်တုံးကျောက်ခဲတွေနဲ့ ပြည့်နေတာဆိုတော့ ဆုံးသွားရှာပြီ” ဟု အလောင်း လိုက်လံရှာဖွေရာတွင် ပါဝင်ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ သေဆုံးသွားသူ၏ ရုပ်အလောင်းအား Lungtah ကျေးရွာမှ လူငယ်များက ၎င်းတို့၏ မော်တော်ယာဉ်ဖြင့် သေဆုံးသူ၏ နေရပ် Vangteh ရွာသို့ ပို့ဆောင်ပေးခဲ့ကြသည်။

Read More

(002MG) ချင်းပြည်နယ်၊ လောက်တူဒေသ၊ နှာရိန်မြို့ပေါ်ရပ်ကွက်တွင် ဝက်များ မူမမှန်ဖျားနာပြီး (၁၁) ကောင်အထိ ရုတ်တရက်သေဆုံးမှုရှိလာသောကြောင့် လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဝက်ရောဂါ သံသယဖြစ်ပွားမှု (Suspected Outbreak) အဆင့်အဖြစ် သတ်မှတ်လိုက်ကြောင်းသိရသည်။ နှာရိန်မြို့ပေါ်ရှိ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့တွင် ဝက်ရောဂါကြောင့် အိမ်ခြေ (၄၄) အိမ်မှ မွေးမြူ ထားသော ဝက် (၆၁) ကောင်ဖျားနာလျက်ရှိပြီး ၊ ဝက် (၁၁) ကောင် သေဆုံးသွားပြီဖြစ်ကာ ဝက်အကောင်ရေ (၅၀) အား စောင့်ကြည့်နေဆဲအနေအထားတွင်ရှိနေသည်ဟု လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။ ဒေသအတွင်း ဝက်ရောဂါကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ကာကွယ်ရန်နှင့် ပြည်သူများ၏ ကျန်းမာ ရေး၊ အသက်မွေး ဝမ်းကျောင်း နှင့် စီးပွားရေးဆုံးရှုံးမှုများ ကာကွယ်နိုင်ရန်အတွက် စက်တင်ဘာ (၉) ရက်မှစတင်၍ စက်တင်ဘာလ (၂၂) ရက် အထိ ၁၄ ရက် ကန့်သတ် ချက်၊ ချမှတ်ထားကြောင်း သိရသည်။ လက်ရှိကာလအတွင်း နှာရိန်မြို့မှ အခြားကျေးရွာများအား ဝက်နှင့် ဝက်သား သယ်ဆောင်ဝင်ရောက် ခြင်းတို့အား တားမြစ်ထားသည့်အပြင် ပွဲလမ်းသဘင်၊ အခြားလူမှုရေး၊ ဘာသာရေးအစီအစဉ်များအ တွက် ဖျားနာသည့် သံသယ ဖြစ်ဖွယ် ဝက်များအသုံးမပြုရန် တားမြစ်ထားသည်။ သားသတ်လုပ်ငန်းလိုင်စင်ဖြင့် အသားခုံဆောင်ရွက်သူများအနေဖြင့်လည်း နှာရိန်မြို့ တွင် ဝယ်ယူသည့်ဝက်အား သတ်ဖြတ်ရောင်းချရန် အစီအစဉ်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ထံ ကျန်းမာသည့် အကောင်ဖြစ်ကြောင်း၊ ဖျားနာသည်ဟု…

Read More

ပလက်ဝနှင့် မြောက်ဦးမှ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲ (006SV) ပြည်ပသို့ တရားမဝင် လူပို့သည်ဟူသော စွဲချက်ဖြင့် ပလက်ဝနှင့် မြောက်ဦးမှ အမျိုးသမီး ၂ ဦးနှင့် ရန်ကုန်၊ မလေးရှား သွား ရောက်လိုသူ အမျိုးသမီးများကို ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် အာရက္ခတပ်တော် ULA/AA ၏ ထောက်လှမ်းရေးအဖွဲ့က စီးနင်းဖမ်းဆီးခဲ့ကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပလက်ဝမြို့နယ်၊ ဟုန်းရွာမှ အသက် ၂၁ နှစ်အရွယ် ခိုင်မြတ်မွန်နှင့် မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာမှ အသက် ၃၀ အရွယ် ယဉ်ယဉ်ဝင်းတို့ကို ပြည်ပနိုင်ငံသို့ လိုင်စင်မရှိဘဲ တရားမဝင် လူပို့နေသည်ဟူသောစွဲချက်ဖြင့် ဖမ်းဆီးပြီး ဩဂုတ်လ ၃၀ ရက်မှာ ULA/ AA ၏ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန(ဒီလပ်)က အမှုဖွင့်ထားသည်ဟု သိရသည်။ အဆိုပါ အမျိုးသမီး ၂ ဦးကို အကျိုးဆောင် လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းကို အခငွေကြေး ရယူပြီး ပြည်ပ၌ အလုပ်လုပ် ကိုင်ရန် ပို့ဆောင်သူများအဖြစ် မြောက်ဦးမြို့မ ဒီလပ်စခန်းတွင် (ပ) ၄၃/ ၂၀၂၆၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ၊ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြင့် စွဲဆိုထားသည်။ ဖြစ်စဉ်မှာ ပလက်ဝမြို့၊ ဟုန်းရွာမှ ခိုင်မြတ်မွန်နှင့် မြောက်ဦးမြို့နယ်၊ အိုးထိမ်းရွာမှ…

Read More

(005MK) မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူး Pu DONNY LALRUATSANGA က စစ်ဘေးရှောင်များ၊ နိုင်ငံခြား သားများနှင့်ပတ်သက်သော လိုက် နာဆောင်ရွက်ရမည့်အချက် ၇ ချက်ကို ထုတ်ပြန်လိုက်သည်။ လောင်တလိုင်ခရိုင်းအတွင်းနေထိုင်ကြသော စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်မည် ဆိုပါက ၎င်းတို့နေထိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး နှင့် လိုင်လူငယ်အသင်း(YLA) ထံမှ အလုပ်လုပ်ခွင့်(Work Permit) ရ ယူရမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့များက စောင့်ကြည့်စစ်ဆေး ဆောင်ရွက်သွားရမည်ဟု သိရသည်။ ယခု စက်တင်ဘာလမှစ၍ စစ်ဘေးရှောင်များနှင့် နိုင်ငံခြားသားများအား လောင်တလိုင် မြို့အတွင်း အိမ်ငှားနေထိုင်ခွင့် မပြုရန် နှင့် စစ်ဘေးရှောင်များ၊ နိုင်ငံခြားသားများသည် ည ၈ နာရီနောက်ပိုင်း အရေးပေါ်ကိစ္စ (Emergency Case) မဟုတ်ပါက အပြင်ထွက်ခွင့် လုံးဝမရှိစေရဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကျေးရွာကောင်စီ နယ်မြေအတွင်း နေထိုင်သော ဒေသခံမဟုတ်သူများ/နိုင်ငံခြားသားများ ကို Village Council က Register စာရင်းတွင် စနစ်တကျ မှတ်တမ်းတင်ထားရမည်ဟုဆိုသည်။ မိသားစုတိုင်းသည် မိမိတို့အိမ်သို့ ရောက်ရှိလာသော ဧည့်သည်များ (အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း အထောက် အထား မရှိသူများ) ကို Village Council နှင့် YLA ထံ မဖြစ်မနေ သတင်းပို့ရမည်ဖြစ်ပြီး Village Council များကလည်း တိကျပြည့်စုံသော အစီရင်ခံစာများ ပြုလုပ်ပြီး Register ကို စနစ်တကျ ထိန်းသိမ်းထားရမည်ဟုဖော်ပြသည်။ မိမိတို့ရပ်ကွက်/ကျေးရွာသို့ ပြောင်းရွှေ့လာမည့်သူများသည် ယခင်နေထိုင်ခဲ့သော မြို့/ကျေးရွာ/ရပ်ကွက်ရှိ Village Council ထံမှ ပြောင်းရွှေ့စာ…

Read More

(006SV) ချင်းလဲန်းကောင်စီ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်နှင့် ဒေသ တရားရုံးများသည် တော်လှန်ရေး ၂ နှစ်တာကာလအတွင်း ချင်းပြည်သူလူထု၏ အမှုပေါင်း ၆၄၀ ကျော်ကို စစ်ဆေးစီရင်နိုင်ခဲ့သည်ဟု သိရသည်။ လက်ရှိ ချင်းပြည်တွင် မြို့နယ်နှင့် ဒေသ တရားရုံးပေါင်း ၂၅ ခု ရှိသည့်အနက် ၂၃ ခုမှာ တရားရေးလုပ်ငန်းများ လည်ပတ်နေပြီး ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွင်း တရားမမှု ၃၆၆ မှုနှင့် ပြစ်မှုဆိုင်ရာအမှု ၂၇၈ မှု၊ စုစုပေါင်း ၆၄၄ မှုကို စစ်ဆေး၊ စီရင်နိုင်ထား ခြင်းဖြစ်သည်။ “အခုလက်ရှိမှာ ဆိုရင် တရားသူကြီးချုပ် ၁ ယောက်ရယ်၊ တရားသူကြီး ၂ ယောက်ရယ် ရှိပါတယ်။ အခုချိန်မှာ ဒေသန္တရ အစိုးရ မှာလည်း တရားရုံး ၂၅ ခု ရှိပါတယ်။ အဲဒါနဲ့ ချိတ်ဆက်ပြီး တရားရေးက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲ အများကြီးထဲကနေမှ တရားရုံးတွေကနေ ကေစ့်ပေါင်း ၆၀၀ ကျော်ကို စီမံဆောင်ရွက်နေပြီး ဖြစ်ပါတယ်” ဟု ချင်းပြည်အစိုးရအဖွဲ့မှ Dr. Sharon Par က ပြောသည်။ အမျိုးသမီး တရားသူကြီး ၄ ဦးအပါအဝင် တရားသူကြီး ၃၂ ဦးသည် မြို့နယ်နှင့် ဒေသတို့ရှိ တရားရုံးများတွင် တရားစီရင်ရေး တာဝန်များကို ထမ်းဆောင်နေသည်ဟု သိရသည်။ လက်ရှိမှာ ချင်းပြည် တရားလွှတ်တော်ချုပ်ကို တရားသူကြီးချုပ် ၁…

Read More

CDM ဝန်ထမ်းများဦးစားပေးမည် ချင်းပြည် (Chinland) ကောင်စီရုံးတွင် လစ်လပ်လျက်ရှိသော အကြီးတန်းစာရေး ရာထူး ၁ နေရာအတွက် ဝန်ထမ်းခေါ် ယူလျက်ရှိကြောင်း ချင်းပြည်ကောင်စီ၏ စက်တင်ဘာ ၇ ရက်စွဲပါ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ရာထူးအတွက် လျှောက်ထားသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ၊ ကွန်ပျူတာ ကျွမ်းကျင်သူ၊ ကျန်းမာရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည့်အပြင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဖြစ်သည်။ လျှောက်ထားသူများအနက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဝန်ထမ်းများကို ဦးစားပေး ခန့်အပ်သွားမည်ဟု သိရသည်။ လျှောက်ထားလိုသူများသည် ကိုယ်ရေးအကျဉ်း၊ ဘွဲ့လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် CDM ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ အထောက်အထားတို့ဖြင့် စက်တင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ချင်းပြည်ကောင်စီရုံး သို့မဟုတ် chinlandcouncilcc@protonmail.com သို့ အီးမေးလ်မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်ထားသူများကို လူတွေ့ စစ်ဆေးခြင်း သို့မဟုတ် Zoom မှတစ်ဆင့် နှုတ်မေးနှုတ်ဖြေ စစ်ဆေးမှုများ ပြုလုပ်ပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ မရာနယ်မြေနှင့် လောက်တူဒေသအတွင်းရှိ မြစ်ချောင်းများမှာ ယခုအခါ ငါးရစ်များ သားဥပေါက်ချိန် နီးပြီးဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ငါးဖမ်းဆီးခြင်း မပြုလုပ်ကြရန် တားမြစ်ကန့်သတ်လိုက်ကြောင်း သိရသည်။ စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ မရာနယ်မြေအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ငါးရစ်သားဥပေါက်ရာ ချောင်းသွယ်များမှာ ပိုက်ကွန်ချခြင်း၊ ညအိပ်စောင့်ဆိုင်း၍ ဖမ်းဆီးခြင်း၊ ဘက်ထရီ ရှော့တိုက် ငါးဖမ်းခြင်း၊ ဓာတုဆေးများဖြင့် ငါးဖမ်းခြင်း၊ မိုင်းခွဲငါးဖမ်းခြင်းများ လုံးဝမပြုလုပ်ရန် မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီက တားမြစ်သည်။ မရာနယ်မြေမှာ သဘာဝတောတောင်များ စိမ်းလန်းစိုပြေစေရေးနှင့် ကုန်းနေရေနေ သတ္တဝါများ မျိုးသုဉ်း ပျောက်ကွယ်ခြင်း မရှိစေရန် ရည်ရွယ်၍ လက်ရှိ ငါးရစ်များ သားဥပေါက်ချိန် နီးပြီးဖြစ်သောကြောင့် ကန့်သတ်ရခြင်းဖြစ်သည်ဟု မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနက စက်တင်ဘာလ ၄ ရက်မှာ ထုတ်ပြန်သည်။ လောက်တူဒေသမှာလည်း ဒေသခံပြည်သူများအနေဖြင့် ငါးမျိုးများ သားပေါက်သော ငါးရစ်တက်ကာလတွင် မြစ်ချောင်းအသီးသီးမှာ နယ်မြေအလိုက် ငါးရစ်တက်ချိန် ငါးဖမ်းခြင်း ပိတ်ပင်မှုကာလ သတ်မှတ်ချက်များကို လိုက်နာရန် လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ လောက်တူဒေသက သီဆဲင်း(ခ) ၊ ဆာစောနှင့် နှာရိန်နယ်မြေအတွင်းရှိ ထန်ဟောရ်ချောင်မှာ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ၊ လေကန်းနှင့် လောင်ထန်တလန်နယ်မြေအတွင်းရှိ ဝန်ဖူးချောင်းမှာ အောက်တိုဘာလ ၁၀ ရက်မှ ၃၁ ရက်အထိ၊ ဆူရ်ငဲင်း၊ သီဆဲင်း(က)/ (ခ)၊ ဆဲန်သုန်…

Read More

ဒေသခံတိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေဟု GKO ဆို (006SV) အာရက္ခတပ်တော် ULA/ AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အထက်တန်းသင်ရိုးသစ် ရေးဆွဲ၍ ရခိုင်ဘာသာစာဖြင့် ပြဌာန်းသင်ကြားမှုသည် ခူမီးချင်းလူမျိုးများနှင့် အခြားချင်းတိုင်းရင်သားများအပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေကြောင်း ချင်းအင်အားစုများကပြော သည်။ ပလက်ဝမြို့နယ်မှာ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစာဖြင့် ပြဌာန်းပြီး ဒေသခံပြည်သူ အများစု၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မသင်ကြားစေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO)က စက်တင်ဘာလ ၆ ရက်ကြေညာချက်မှာ ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ ၂၀၂၄ ဇန်နဝါရီလမှာ ပလက်ဝမြို့နယ်ကို ULA/AA က သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေရာ နှစ်နှစ် ခန့်ရှိလာချိန် ယခုအခါ ပညာရေး သင်ရိုးညွှန်တမ်းကို ရခိုင်ဘာသာစာဖြင့် ပြဌာန်း၍ ဒေသခံချင်းပြည်သူများကိုပါ လေ့လာသင် ယူစေခြင်းဖြစ်သည်ဟု သိရသည်။ ဒေသခံပြည်သူအများစု၏ သဘောဆန္ဒမပါဘဲ မြို့နယ်အတွင်း လူနည်းစုတစ်ခု၏ ဘာသာစကားတစ်ခုဖြစ်သော ရခိုင်ဘာသာ စာ(စကား)ဖြင့် ပညာရေးသင်ရိုးညွှန်းတမ်း ပြဌာန်း၍ သင်ကြားစေခြင်းသည် ပလက်ဝမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ခူးမီးချင်းနှင့် အခြားချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင့် ပြုလုပ်ရာ ရောက်သကဲ့သို့ ဒေသခံတိုင်းရင်းသား လူမျိုးများ အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေသည်ဟု GKO က ဆိုသည်။ ဒေသခံပြည်သူ အများစု၏ သဘောဆန္ဒမပါဘဲ မိမိတို၏ အလိုကျ အတင်းအဓမ္မ လုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်း ရင်းသားများဆိုင်ရာ အခွင့်အရေး ကြေညာစာတမ်း…

Read More