Author: Editor

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် Classic Swine Fever ကြောင့် ယခုလ ဆန်းပိုင်း ကစပြီး သေဆုံးခဲ့သော ၀က်အကောင်ရေ ၄၀ ကျော်ရှိနေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် AH & Vety ဌာနမှ အတည်ပြုပြောဆိုခဲ့ သည်။ Classic Swine Fever သည် လူအတွက် ကြီးကြီးမားမား အန္ဓာရယ်မဖြစ်စေနိုင်သော်လည်း အဆိုပါရောဂါမှ တဆင့် ပိုမို ကြောက်စရာကောင်းသော Porcine Reproductive and Respiratory Syndrome အဆင့်ထိ ဖြစ်ပေါ်လာနိုင်သည်ဟု AH & Vety ဌာနကို ကိုးကားပြီး မီဇိုရမ်နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြထားသည်။ မီဇိုရမ်ပြည်နယ်ရှိ ၀က်များတွင် ယခုဖြစ်ပွားလျက်ရှိသည့် Swine Fever သည် မြန်မာနိုင်ငံဘက်မှ တင်သွင်းလာသော ၀က် တွေကနေတဆင့် စတင်ပြန့်ပွားလာတာဖြစ်နိုင်ကြောင်း၊ Porcine Reproductive and Respiratory Syndrome ရောဂါ ဟုတ်မဟုတ်ကို သက်ဆိုင်ရာ ဓာတ်ခွဲခန်းတွေ မှာ စစ်ဆေးနေဆဲဖြစ်သည်ဟု သတင်းစာကဆိုသည်။ ယခုလို ဒေသတွင်း ၀က်ရောဂါပြန့်ပွားလာပြီး ၀က်သေဆုံးမှုများကြောင့် ယခင်က အလုအယက် ၀ယ်ယူနေ ရသော ၀က်သားဆိုင်တန်းများတွင် ခုအခါမှာတော့ ခြောက်ကပ်ပြီး ဆိုင်တန်းတွေ မှာ ရောင်းချထားသော ၀က်သားများ တောင်လိုပုံနေတော့သည်ဟု သတင်းစာကဆက်ဆိုသည်။ “ခါတိုင်းဆိုရင် ဝက်သားရောင်းတဲ့ အတန်းမှာဆိုရင် ဝက်သာဝယ်ဖို့ တန်းစီပြီးစောင့်နေရတယ်၊ အလုအယက်ဝယ်နေရ တာ၊ ဝက်တွေ သေတယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက်မှာတော့ ဝက်သား…

Read More

(ခွါနင်း လေသောင်) မြန်မာနိုင်ငံမှာ အစိုးရသစ်တက် လာပြီးနောက် ပိုင်း လက်နက်ကိုင် အားလုံး လိုလိုပင် အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်လာခဲ့ကြပါတယ်။ လူထု အခြေပြု လူ့အဖွဲ့အစည်း အတော်များများကလဲ ငြိမ်းချမ်း ဖြစ်စဉ် နှင့် ဆက်စပ်တဲ့ လုပ်ငန်းတွေ ရေး ဆွဲလာခဲ့ကြပါပြီ။ သေချာတာက တကယ့်ငြိမ်းချမ်းရေးကို ဘယ်သူမဆို ကြိုက်ကြ ပါတယ်။ တကယ့် ငြိမ်းချမ်းရေးကို တည်ဆောက်ချင်ကြပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က တကယ့်ငြိမ်းချမ်းဖက် ဦးမတည်ပဲ စစ်တပ်အပြန်အလှန်စုဆောင်းပြီး လက်နက် အပြန်အလှန်တပ်ဆင်တဲ့ အခြေအနေဖြစ် သွားမှာ အစိုးရိမ်ရဆုံးပါ။ ဆိုလိုတာက ဒီထက်အဆပေါင်းများစွာ ပြင်းထန်သော စစ်ပွဲ အတွက် ပြင် ဆင်မှု ပြုလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေး အိမ်မက် ဖြစ်မလာတော့ပဲ တိုင်းပြည် မွမွကြေသွား မှာ ဖြစ်ပါ တယ်။ ဒါကြောင့် လူထုက စိတ်ချရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုဖြစ်ဖို့က အရေးကြီးတဲ့ အချက်တွေကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။ စစ်အင်အားလျော့ချခြင်း စစ်အင်အား လျှော့ချခြင်း ဆိုတဲ့နေရာမှာ တပ်အင်အား၊ လက်နက်အင်အားနှင့် စစ်ရေးလှုပ်ရှား မှုတွေ ပါဝင်ပါတယ်။ လွတ်လပ်ရေးခေတ် မြန်မာ့တပ်မတော် အင်အားဟာ ၄၀၀၀ ပတ်ဝန်းကျင် ကနေ န၀တ၊ နအဖခေတ်မှာ ၄၀၀၀၀၀ ပတ်ဝန်းကျင်အထိ အဆပေါင်းတစ်ရာ တိုးချဲ့လာခဲ့ကြပါ တယ်။ ဒီလောက်တိုးချဲ့လာရခြင်းရဲ့ ရည်ရွယ်ချက်ကလဲ ရှင်းနေတာက တိုင်းရင်းသား လက်နက် ကိုင်တွေနှင့် ဒီမိုကရေစီအင်အားစုတွေကို ချေမှုန်းဖို့အတွက် ဖြစ်ပါတယ်။…

Read More

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ပြန်ကြားရေး ၀န်ကြီး ဌာန၊ ပြန် ကြားရေးနှင့် ပြည် သူ့  ဆက်ဆံရေး ဦးစီးဌာန (မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲ) မှ ၂၀၁၃ခုနှစ် မတ်လ (၂၂) ရက်စွဲဖြင့် ခိုနူမ်းထုန် သတင်းဌာန ၏ လစဉ်သတင်း ဂျာနယ် ( မြန်မာ ဘာသာ) အား ထုတ်ဝေ ခွင့်ပြုလိုက် သည်။ ခိုနူမ်းထုန်သတင်းဌာန အယ်ဒီတာဂျေမှိန်း ထန်းစန်းငါ ( ဆန်းသဲ) ၏ ၂၀၁၃ခုနှစ် မတ်လ (၁၃)ရက် စွဲဖြင့် သတင်းဂျာနယ် ထုတ်ဝေခွင့် လျှောက်လွှာကို သက်ဆိုင်ရာ ၀န်ကြီးဌာနမှ စာအမှတ် ၁၈- ၁- ၆၀/ (၂၀၁၃)/ (၂၈၈) ဖြင့် ခွင့်ပြုလိုက် ခြင်းဖြစ်သည်။ ယင်း ခွင့်ပြု ချက်ကို ပြန်ကြားရေးနှင့် ပြည် သူ့ ဆက်ဆံရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး ကိုယ်စား လက်ထောက် ညွှန်ကြား ရေးမှူး ယုယုဝင်းမှ တရားဝင်ခွင့်ပြု လိုက်ပြီး ခိုနူမ်းထုန်သတင်းဌာန၏ ပထမဆုံးအကြိမ် သတင်းဂျာနယ်ကို မေလတွင် စတင် ထုတ်ဝေနိုင်ရန် စီစဉ်ထားသည်။

Read More

ချင်းပြည်နယ်မတူပီမြို့လောင်ဗန်းရပ်ကွက်နေ ပူး ခဲန်ဟုန်း (ကွီစားရွာဇာတိ) ဆိုသူ သည် မတ်လ ၂၀ ရက်နေ့က တောထဲ သို့ ၀ ဥ ရှာနေချိန် ၀က်ဝံအကိုက် ခံရသည်ဟု ကြားသိရသည်။ ပူး ခဲန်းဟုန်းသည် မတူပီမြို့နယ် တန်ကူရွာသို့ သူ့ ဇနီးနှင့် အတူ ၀ ဥ ရှာရန် သွား ကြပြီး သူ့ဇနီး၊ သူ့ ယောက္ခမနဲ့အတူ တောထွက် ၀ ဥ ရှာချိန်တွင် ယခုလို အဖြစ်ဆိုးနဲ့ ကြုံရခြင်းဖြစ် သည်။ “ ၀က်ဝံ ကိုက်သည့် ဒါဏ်ရာကြောင့် မေးရိုး တဖက် မရှိတော့တဲ့ အပြင် နှာခေါင်းလည်း မရှိတော့ဘူး၊မျက်နှာ တခုလုံး မှတ်မိစရာမရှိ၊  ကြည့်ရက်စရာ တောင်မရှိတော့ဘူး” ဟု မျက်မြင် တဦးက ပြောသည်။

Read More

လာမည့် ဧပြီလ ပထမပတ်၌ ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ကျင်းပပြု လုပ်မည့် Chin Association of Christian Communication ငွေရတုသဘင် တွင် အိန္ဒိယ အရှေ့ မြောက်ပြည် နယ်မီဇိုရမ်မှ အဆိုတော်များ သွားရောက် ပါဝင် ဖျော်ဖြေ မည်ဟု သိရသည်။ ဧပြီလ ၅-၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အဆိုပါ CACC ရဲ့ ၂၅ နှစ်ပြည့် ငွေရတု သဘင် အခမ်းအနားသို့ မီဇိုရမ် Baptist Choir နဲ့အတူ အဆိုတော် များပါဝင် မည်ဖြစ်ကြောင်း မီဇိုရမ် Baptist အသင်းတော်များထံမှသိရသည်။ “ဟုတ်ပါတယ်၊ ဧပြီလ ၁ ရက်နေ့မှာ အသင်းတော် ကားနဲ့သွားမယ်၊ အဲဒီမှာ Baptist Choir နဲ့အတူ မီဇိုရမ်ဓမ္မသီချင်းအဆိုတော်များဖြစ်ကြတဲ့ Mafaki, Pensy, Bethsy Lalrinsangi တို့ပါမယ်” ဟု အသင်းတော်ကားဆရာ Pu Hmingtea က ပြောပါတယ်။ ကျနော်တို့ သွားရောက်နိုင်အောင် အားလုံးပြင် ဆင်ပြီးသွားပြီ၊ မီဇိုရမ် bus ကားနဲ့ ဟားခါးအထိ သွားနိုင်အောင် bus ကားကို မှတ်ပုံတင်နေဆဲဖြစ်ကြောင်း မှတ်ပုံတင်လို့ရရင် ဟားခါးအထိ မောင်း မယ် တကယ်လို့ မရခဲ့ရင်လည်း ဟားခါးမှာရှိတဲ့ အသင်းတော်က bus ကား စီစဉ်ပေးမယ်လို့ ဆက်ပြောသည်။

Read More

ချင်းလက်နက်ကိုင်အဖွဲ့ချင်းအမျိုးသားတပ်ဦးက မတ်လ ၂၀ တွင် ကျရောက် သည့်၎င်းတို့၏ ၂၅ နှစ်ပြည့် တော် လှန် ရေးနေ့ ငွေရတုသဘင်ကို ၀ိတိုရိယ ဌာနချုပ်တွင် ကျင်းပကြသည်ဟု ကြားသိရသည်။ ချင်းအမျိုးသားများ ကိုယ့်ကြမ္မာကိုယ့် ဖန်တီးခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရေပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုက ရေစီထွန်းကားရေး ရည်မှန်း ချက်ဖြင့် ၁၉၈၈ ခုနှစ် မတ်လ ၂၀ တွင် ဖွဲ့စည်းတည်ထောင်ထားသည့် ချင်းအမျိုး သားတပ်ဦး၏ ၂၅ နှစ်ပြည့် တော်လှန်ရေးနေ့ အခမ်းအနားဖြစ်သည်။ ချင်းအမျိုးသားတို့သည် အင်္ဂလိပ်နယ်ချဲ့ကျူးကျော်မှုရန်၊ ပင်လုံဂတိက ၀တ်အရ ဖက် ဒရေပြည်ထောင်စု တည်ဆောက်ရေးမှ သွေဖီသွားသည့် ဗမာကြီးစိုးရေးကို အခြေခံသည့် တပြည်ထောင်စနစ်တည်ဆောက်နေမှုအား ခုခံတိုက်ပွဲဝင်လာ ခဲ့ကြ ကြောင်း ထိုသို့တိုက်ပွဲဝင်ခြင်း သည် မွေးရာပါအခွင့်အရေးများနှင့် အမျိုသား ဂုဏ်အင် လက္ခဏာ များအား ထိန်းသိမ်း ကာကွယ်ခြင်းဖြစ်ကြောင်း အဆိုပါ အခွင့်အရေးများ အပြည့်အ၀မရမချင်း မျိုးဆက်တဆက်ပြီး တဆက်အ ကောင် အထည် ဖော်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာ ချက်ထဲတွင် ဖော်ပြထား သည်။

Read More

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ထန်တလန်မြို့ နေ Pi Khual Dim ၏နေအိမ်ကို Thantlang Christian Fellowship (TCF)၏ Pastor Sang Hre Lian ဦးဆောင်သည့် အဖွဲ့ က စစ်ဆေးခဲ့ရာ အသရေ ဖျက်မှုဖြင့် မတ်လ (၇) ရက်နေ့ တွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့  ညနေ ၄း၁၅ နာရီတွင်  ထန်တလန်မြို့ နယ်မှူး Pu Rum Thang အမိန့် အရ မီးသတ်တပ်ဖွဲ့ ၊ ရပ်ကွက် လူကြီး၊ TCF လူငယ်အဖွဲ့ ကို ဦးဆောင်သည့် Pastor Sang Hre Lian က Pi Khual Dim ၏နေအိမ်ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသ ခံတဦး ကဆိုသည်။ တရားမ၀င် အရက်ရောင်းဝယ်မှုပြုလုပ်သည်ဟု မင်္သကာသူ Pi Khual Dim အိမ်ကို ယင်းကဲ့သို့  စစ်ဆေးခြင်းသည် အသရေဖျက် ရာရောက်ကြောင်း အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်သည်။

Read More

မြန်မာနိုင်ငံမှ တရားမဝင်ခိုးသွင်းလာသည့် ရူပီး ငွေ သိန်း ၁၁၈၃၃၁၅၀ တန်ဖိုးရှိ လက်နက် ၃၀ ကျော်ကို မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် အာဏာပိုင်တွေက ဖမ်းဆီးလိုက်သည်ဟု သိရသည်။ အဆိုပါလက်နက်များကို အိန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ်ပြည်သူ့ရဲ၊ SB နှင့် CID, Special Narcotics PS Staff နှင့် Assam rifles တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးထားသည့် လက်နက်များသည် Bangladesh လက်နက်ကိုင် Santi Bahini အဖွဲ့မှ ခွဲထွက်သော Parbatya Chattagram Jana Sanghati Samiti (PCJSS) အဖွဲ့တွေရဲ့ လက်နက်ဖြစ်ကြောင်း  အာဏာ ပိုင်တွေ ပြောကြားချက်အရ သိရသည်။ AK-47 rifle 31, LMG နှစ်ခု နှင့် ကျည်စံ ၈၀၉ ထောင့်ကို Santi Bahini လက်နက်ကိုင်အဖွဲ့ဝင်များလို့ သိရသည့် Chakma အမျိုးသား ၃ ဦးထံမှ ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ သယ်ဆောင် လာသူမှာ မြန်မာနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသသတင်းစာတွင် ရေးသားထားသည်။

Read More

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ ၌ မတူစာပေနှင့် ယဉ်ကျေး မှု ကော်မတီတွင် တာဝန် ထမ်းဆောင်ရမည့် ခေါင်းဆောင်သစ် များကို ၂၀၁၃ခုနှစ် မတ်လ ၅ ရက်နေ့ တွင် ရွေး ချယ် ခဲ့ကြောင်း သိရသည်။ ခေါင်းဆောင်များရွေးချယ်ရေးနှင့် ရှေ့ လုပ်ငန်းချမှတ်နိုင်ရန် မတူပီမြို့  That Dun Church ၏ Batupuei Baptist Area (BBA) ရုံးခန်းတွင် အစည်းအဝေးပြု လုပ်ခဲ့ကြကြောင်း၊  အစည်းအဝေး တွင် (၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း ယနေ့  ( ၂၀၁၃ခုနှစ် မတ်လ ၁၀) ရက်စွဲဖြင့် ထုတ်ဝေ သည့် The Matupi Times သတင်းစာတွင် ဖေါ်ပြထားသည်။ အဆိုပါသတင်းစာက မတူစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌအဖြစ် Rev. Hai Lai Thang, ဒုတိယ ဥက္ကဌအဖြစ် Saya An Sai အတွင်းရေးမှူး၊ Pastor Kui Lung, တွဲဘက် အတွင်းရေးမှူး Saya Okla Bik နှင့် အဖွဲ့ ဝင် ၂၀ဦးတို့ ကို ရွေး ချယ် လိုက်ကြောင်း ဖေါ်ပြထားသည်။

Read More

မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်တခုဖြစ်သော ချင်းပြည်နယ်တွင် (World Bank) ကမ္ဘာ့ဘဏ်က လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုနှစ်မှ စတင်အကောင်ထည်ဖော်တော့ မည်ဟု သိရသည်။ World Bank ရန်ကုန်ဌာနခွဲမှ ကိုယ်စားလှယ်များ နှင့် ချင်းပြည်နယ် အစိုးရ၊ ဒေသတွင်း NGO အဖွဲ့အစည်းများ၊ မြို့မိ မြို့ဖများ နှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဟားခါးမြို့တော် တွေ့ဆုံဆွေးနွေးရာတွင် ချင်းပြည် နယ် ၊ ရှမ်းပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့၌ ဖွံဖြိုးရေးလုပ်ငန်းများကို ယခုနှစ်ကစပြီး စတင်အကောင် ထည်ဖော်ဆောင် ရွက် မည်ဟု  World Bank ကိုယ်စားလှယ်များက ပြောကြားလိုက်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက ပြောသည်။ “World Bank က ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်နယ် တိုင်း ၁၄ ခုနဲ့နေပြည်တော်ကောင်စီ စုစုပေါင်း ၁၅ ခုမှာ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်တယ်၊ ခု ၂၀၁၃-၁၄ မှာ ပြည်နယ် နဲ့ တိုင်း ၃ ခုပေါ့နော် ချင်းပြည် နယ်၊ ရှမ်း ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ မှာ လူထုအခြေပြုဖွံ့ဖြိုးရေးစီကိန်းတွေ စတင်အကောင် ထည်ဖော်ဆောင်ရွက် မှာဖြစ်ပါတယ်” ဟု ၀န်ကြီးကပြောသည်။ ပထမဆုံးစတင်အကောင်အထည်ဖော်မယ့် သက်ဆိုင်ရာပြည်နယ်များသည် မိမိတို့ပြည်နယ်ထဲမှ မြို့နယ် တခုစီကို ရွေးချယ်ရမှာဖြစ်ပြီး ယင်းမြို့နယ် အတွင်းတည်ရှိသော ကျေးရွာအုပ်စု တစုစီကို တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၂၇၀၀၀ စီ…

Read More