မေလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၂၁) ရာစုပင်လုံ အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှရရှိလာသော ဘုံသဘောထားများကို အခြေခံပြီး အဓိကဆွေးနွေးသွားကြမည်ဟု CNF လက်ထောက်အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီကပြောသည်။ “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကနေ ဘုံသဘောထားရရှိချက်တွေကို ပင်လုံမှာတင်ပြသွား မှာဖြစ်တယ်၊ အဲဒီအခြေခံအောက်မှာ ကျနော်တို့ဆွေးနွေးမယ် အဲဒီအတွက်က UPDJC လုပ်ငန်း ကော်မတီက အစည်းအဝေးထိုင်တယ် အဲဒီမှာကျနော်တို့သဘောထား တွေ ပြန်ပြီးတော့စုစည်းတယ် အဲဒါကို ပင်လုံမှာချပြမှာဖြစ်တယ်’’ ဟု ပူးထက်နီကပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ( UPDJC) ကို အစိုးရ၊လွှတ်တော်၊တပ်မတော်တို့မှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ စသည့် အစုအဖွဲ့ သုံးခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲအသီးသီးမှ တင်ပြလာသော ဘုံသဘောတူညီချက်များကို ပြန်လည်စုစည်းကာ (၂၁)ပင်လုံ ဒုတိယ အစည်းအဝေးတွင် တင်ပြမှာဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ချင်းအမျိုးသား တပ်ဦး CNF မှ ကိုယ်စားလှယ် ၁၉ ဦး ကိုယ်တက် ရောက်မည်ဖြစ်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူ ၂ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၂ ဦး နှင့် နည်းပညာ အထောက်အကူ ၄ ဦး တို့တက်ရောက်ြ ကမည်ဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ တက်ရောက်မည့် ချင်းအမျိုးသားတပ်ဦး CNF မှ ကိုယ်စားလှယ်အမည်စာရင်းများ Dr. Lian Hmung Sakhong (Vice…
Author: Editor
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် လေမြို(Lemro) မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်၍ရမရ ပြင်သစ်ကုမ္ပဏီတစ်ခုမှ ဖြစ်နိုင်ခြေဆန်းစစ်မှုများပြုလုပ်နေသည့်အပေါ် ဒေသ ခံပြည်သူများ စိုးရိမ်းမကင်ဖြစ်နေကြသည် ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး လေမြိုမြစ် အောက်ပိုင်းနှင့် မြစ်ဖျားပိုင်းဒေသတွင်တည်ရှိသော ကျေးရွာပေါင်း (၃၃) ရွာမှ ဒေသခံပြည်သူ (၁၅၇) ဦးတို့သည် ပလက်ဝမြို့နယ် ကိုဖေရှေကျေးရွာတွင် မေလ ၁၂ မှ ၁၄ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကယ်၍ စီမံကိန်းအကောင်ထည်ဖော်လာပါက လေမြို့မြစ်ကို အဓိကမှီခိုအားထား နေကြသော ဒိုင်နှင့် လေးတူချင်းမျိုးနွယ်စုများ၏ အသက်မွေးဝမ်းကျောင်း ထိခိုက်လာနိုင် သည် ဟု ပလက်ဝမြို့နယ် ဖုန်လောင်ဒေသ သဘာဝထိန်းသိမ်းရေးအဖွဲ့မှ ဦးဘူးလွင်ထန်းကပြောပါတယ်။ “အပေါ်မှာလည်း ကျေးရွာပြောင်းရွှေ့ရမယ် အောက်ဘက်မှာလည်း ကျေးရွာတွေအကုန်ပြောင်းရွှေ့ရမယ် အဲဒါမှီခိုပြီး မှကျနော်တို့စားသောက်ကြတာလေ သစ်၊ ၀ါးတွေကို မှီခိုပြီးမှ ကျနော်တို့စားသောက်ကြတာလေ ကာလိုက်တာနဲ့သစ်ဝါးတွေလည်း ချလို့မရတော့ဘူး နေရာတွေလည်း ပြောင်းရွှေ့ရတော့မယ် ကိုင်တွေ၊ ကွန်းတွေ၊ မြေနုကျွန်းတွေ မှီခိုပြီး စားသောက်နေ တဲ့အခါကျတော့အဲဒီဟာတွေ လက်လွှတ်ဆုံးရှုံးရမှာဆိုတော့ ကျနော် တို့အခြေအနေက တအားဆိုးသွားမှာပေါ့’’ ဟု ၎င်းကပြောသည်။ လျှပ်စစ်မီး မီဂါဝပ် ၆၀၀ ကျော်ထုတ်လုပ်နိုင်မည်ဟု ယူဆရသော လေမြိုမြစ်ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင် ခြေရှိမရှိကို လွန်ခဲ့သည့် နှစ်လခန့်ကစပြီး ပြင်သစ်ကုမ္ပဏီတစ်ခုက feasibility study ဟုခေါ်သော ဖြစ်နိုင်ခြေ ရှိမရှိ လေ့လာဆန်းစစ်မှုပြုလုပ်နေ သည့်အပေါ် ဒေသခံပြည်သူများက စိုးရိမ်မ ကင်းဖြစ်နေကြခြင်းဖြစ် သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က…
https://youtu.be/5DoNtXC6CRY
ချင်းပြည်နယ်အလှယ်မယ်ရွေးချယ်ပွဲ (Miss Golden Land Chin State 2017) အပြီးသတ် Final ပွဲကို မေလ ၇ ရက်နေ့ကည ၈ နာရီတွင် ကလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ပြီး ခါးနံဘတ် (၈) အလှမယ် မမေသွယ်မိုးက သရဖူဆုကိုဆွတ်ခူး ရရှိခဲ့သည်။ Miss Golden Land Myanmar မှဦးဆောင်ကျင်းပသော အဆိုပါ Final ပွဲတွင် ဆန်ခါတင် အလှယ်မယ် ၁၆ ယောက် ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးဒိုင်များမှ ဆန်ခါတင်အဆင့် ဆင့်ရွေးချယ်ပြီး Miss Golden Land Chin State 2017 သရဖူကို ကလေးမြို့သူ အလှမယ် မမေသွယ်မိုးက ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ “အရမ်းကြီးမမှန်းထားဘူး ရတော့ရချင်တယ်၊ အခုရတော့လေ မျက်ရည်လည်းကျမိတယ် အရမ်းလည်းပျော်မိတယ်၊ အတိုင်းမသိ ၀မ်းသာမိတယ်၊ နောက်ထပ် ရန်ကုန်မှာသွားပြိုင်မယ့်ပြိုင်ပွဲမှာလည်း ချင်းပြည်နယ် ဂုဏ်ဆောင် Miss တစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါရှင့်’’ ဟု မမေသွယ်မိုးကပြောသည်။ 1st runner up အဖြစ် ခါးနံဘတ် (၁၄) မခိုင်ဖူးငုံ၊ 2nd runner up အဖြစ် ခါးနံဘတ်(၂) မဟန်နီစိုး၊ 3rd runner up အဖြစ် မဇာဇာနိုင် နှင့် 4th runner up ကို မအိမ်ဆဲလ်လဲတို့မှ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။ Miss Popular ဆုကို ခါးနံဘတ် (၁) မကျိန်ရှန်းဟုန် နှင့်…
https://youtu.be/wvjfBzzG0hg
စစ်ကိုင်းတိုင်းဒေသကြီးမှ တီဘီရောဂါဆရာဝန်ကြီး ဒေါက်တာ ညိမ်းညိမ်းအေးဦးဆောင်၍ အဖွဲ့ဝင် (၉) ဦးပါဝင်သည့် နယ်လှည့်တီဘီရောဂါရှာဖွေရေးအဖွဲ့မှ ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်း သွားရောက်ကာ အခမဲ့ ဆေးကုသမှုဆောင်ရွက်နေကြောင်း သိရသည်။ ယခုကဲ့သို့ ကွင်းဆင်းပြီး အခမဲ့ ဆေးကုသမှုဆောင်ရွက်နေရခြင်းမှာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုမြှင့်တင်ကာကွယ်ပေးနိုင်ရေးအတွက်ဖြစ်ပြီး ဟားခါးမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဒေသခံပြည်သူများအား တီဘီရောဂါနှင့်ပတ်သက်၍ အခမဲ့ရှာဖွေ ကွင်းဆင်းကုသဆောင်ရွက်ပေးကြောင်း Hakha iprd အွန်လိုင်းမီဒီယာတွင် ရေးသားဖော်ပြသည်။ အဆိုပါ နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့သည် မေလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဟားခါးမြို့ မြို့သစ် ရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ မြို့ကွက်သစ်၊ ဟားခါးမြို့နယ်၊ ဆတ္တားကျေးရွာနှင့် ဆူရ်ခွါးကျေးရွာများတွင် ဆက်လက် ကွင်းဆင်းကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(၇၁) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို သရုပ်ပြပွဲနဲ့အတူ ချင်းပြည်နယ်မြို့တော် ဟားခါးရှိ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမတွင် ယနေ့ မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့ သည်။ အဆိုပါ အခမ်းအနားကို ဧည့်သည်တော်ကြီးအဖြစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ် တက်ရောက်ခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော် နှင့် ချင်းပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးမြင့် တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာစကားပြောကြားရာ မီးသတ်လုပ်ငန်း ဆိုသည်မှာ ပြည်သူလူထု၏ ဘေးဒုက္ခအန္တရာယ်များကို ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး ရင်ဆိုင်ဖြေရှင်း ရသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု Hakha iprd အွန်လိုင်းမီဒီယာတွင် ယခုလို ဖော်ပြ သည်။ “နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကာလရှည်ကြာ ထိန်းသိမ်းထားနိုင်ကြဖို့ စီမံဆောင်ရွက်ကြရာတွင် မီးဘေး အန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်အသွယ်သွယ်က လွတ်ကင်းစေဖို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ခဲ့ကြ ရကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခိုင်မာတည်ကြည်သော စိတ်ဓာတ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှု၊ အတွေ့အကြုံရင့်ကျက်မှု၊ နည်းပညာကြွယ်ဝမှုတို့ဖြင့် ပြည်သူကိုအလုပ်အကျွေးပြုကြရမည်ဖြစ်ကြောင်း၊ ဘေးဒုက္ခ အန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို မိမိတို့၏အသက်နှင့် ခန္ဓာအရင်းတည်ပြီး ကူညီကယ်တင်ရသော ကြောင့် မွန်မြတ်သောနှလုံးသားပိုင်ရှင်တပ်ဖွဲ့ဝင်များအဖြစ် ဂုဏ်ယူစွာပြောကြားလိုပါကြောင်းဖြင့် ထည့်သွင်းပြောကြား သည်။” ဆက်လက်၍ ချင်းပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းသည့် အလှူငွေကျပ်-၂၁၅၀၀၀၀/-ကို အလှူရှင်များကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်က ပေးအပ်ရာ…
ချင်းပြည်နယ် ကိုယ်စားပြုအလှမယ်ရွေးချယ်ပွဲ (Miss Golden Land Chin State 2017) ၏ စကာတင်အယောက် ၂၀ ရွေးချယ်ခြင်းနှင့် စာနယ်ဇင်းမိတ်ဆက်ပွဲကို ကလေးမြို့ နဂါးရွှေစင်ခန်းမတွင် ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ Miss Golden Land Myanmar အဖွဲ့မှ ဦးဆောင်စီစဉ်သော ၂၀၁၇ ခုနှစ် ချင်းပြည်နယ် ကိုယ်စားပြုမည့် အလှမယ် ရွေးချယ်ပွဲ (Miss Golden Land Chin State 2017) တွင် ချင်းပြည်နယ်နှင့် ကလေးမြို့၊ တမူးမြို့နယ်တို့မှ အလှမယ် အယောက် ၃၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ပြီး အယောက် ၂၀ ကို စီစစ်ရွေးချယ်ကာ သတင်းမီဒီယာများနှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ Miss Golden Land Chin State 2017 ၏ စီးတီးဒါရိုက်တာကိုကျော်ကျော်က “ ကျနော်တို့ရဲ့ ချင်းပြည်နယ်ကိုယ်စားပြု အလှမယ်တစ်ယောက်ကို အကောင်းမွန်ဆုံးနဲ့ အလှဆုံးပေါ်ထွက်လာဖို့ ကျနော်တို့စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု ပြောသည်။ ယနေ့စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ဆန်ခါတင်အယောက် ၂၀ အနက် ၁၆ ယောက်သာ ပါဝင်နိုင်ပြီး ကျန် ၄ ယောက်မှာ လမ်းခရီးခက်ခဲမှုကြောင့် ပါဝင်နိုင်ခြင်းမရှိပေ။ ချင်းပြည်နယ် မင်းတပ်မြို့မှ လာရောက်ယဉ်ပြိုင်သည့် မအေးစန္ဒာအောင်(နူသဲ) က “ ငယ်ငယ်ကတည်းကနေ ၀ါသနာပါတာရှင့် Model တစ်ယောက်ဖြစ်ချင်ခဲ့တာ winner တော့မမှန်းရဲပါဘူး၊ Top 20 မှာပါတာတင်ကို တော်တော်ကျေ နပ်ပါတယ်” ဟု ပြောသည်။ Final…
ချင်းပြည်နယ် မတူပီမြို့တွင် ကျင်းပလျက်ရှိသည့် ချင်းတက္ကသိုလ်ကျောင်းသူ/သားများ တွေ့ဆုံ နှေးနှော ဖလှယ်ပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျူံး တက်ရောက်ဟောပြောခွင့် ပိတ်ပင်ခံရ သည်ဟုသိရသည်။ မတူပီမြို့ ဘုံတလာ ခန်းမတွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ (၆) ရက်ကြာမြင့်မည့် ၁၉ ကြိမ်မြောက် ချင်းတက္ကသိုလ် ကျောင်းသူ/သားများ(Chin University Student Fellowship) တွေ့ဆုံနှေးနှောဖလှယ်ပွဲတွင် လက်ရှိငြိမ်းချမ်းဖြစ်စဉ်နှင့်ပတ်သက်၍ ဟောပြောပေးရန် CNF ဥက္ကဌကို ဖိတ်ကြားခဲ့ကြခြင်းဖြစ်သည်။ ကျောင်းသားများ၏ ဖိတ်ကြားချက်အရ CNF ဥက္ကဌသည် မတူပီမြို့သို့ ဧပြီလ ၂၆ ရက်နေ့က ရောက်ရှိပြီး နှေးနှောဖလှယ်ပွဲ ပထမဆုံးရက်နေ့တွင် ဟောပြောပေးရန် စီစဉ်ခဲ့ကြသော်လည်း ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန မှညွန်ကြား ချက်အရဟုဆိုကာ ချင်းပြည်နယ်အစိုးရမှတဆင့် မင်းတပ်ခရိုင် အုပ်ချူပ်ရေးမှူးအဖွဲ့ဘက်မှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံချင်းကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ဆလိုင်းထန်းလုန်းကပြောသည်။ “ပွဲမိန့်မှာ seminar ပေးမယ့်ပုဂ္ဂိုလ်တွေမဖော်ပြဘူး အဲဒီတွက်ကြောင့်ဆိုပြီး အကြမ်းဖျင်းကျနော်တို့သိရတယ်၊ ရှင်းရှင်းလင်းလင်းနဲ့ကျနော်တို့ကို အကြောင်းပြန်ကြားတာမရှိဘူး၊ မင်းတပ်ခရိုင်ကနေ လှမ်းပိတ်တယ်၊ ခရိုင်ကိုလည်း ပြည်နယ်ကညွန်ကြားတယ်၊ ပြည်နယ်ကိုလည်း ပြည်ထောင်စုကနေ ပြည်ထဲရေးက ကိုင်ပြီးတော့ မှ ညွန်ကြားတယ်လို့သိရတယ်၊ ဒီမှာက ဗျူဟာတပ်ရင်းလည်းရှိတော့လေ’’ ဟု ဆလိုင်းထန်းလုန်းကပြောသည်။ ချင်းအမျိုးသားတပ်ဦး CNF သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချူပ်(NCA) ကိုလက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်ပြီး စာချူပ်ပါအချက်များအရ ဒေသခံပြည်သူများနှင့် လွတ်လပ်စွာတွေ့ဆုံခွင့်ရှိ သော်လည်း ယခုကဲ့သို့ ပိတ်ပင်ခံရမှုသည် (NCA) နှင့် ဆန့်ကျင်နေသည်ဟု…
