မြန်မာနိုင်ငံ၊ ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့ နယ်တွင် ဘိန်းခင်း ၆၀၀ ဧက ကျော်ကို ဒေသခံ အာဏာပိုင်များက ၂၀၁၃ခုနှစ် ဒီဇင်ဘာလအတွင်း ဖျက်ဆီး နိုင်ခဲ့သည်။ တွန်းဇံမြို့ နယ်၊ ကျီခါးမြို့ နယ်ခွဲအတွင်းရှိ ဘိန်းခင်း ၆၇၂ ဒသမ ၈၆ ဧကကို ဖလမ်း ခရိုင်ပြည်သူ့  ရဲတပ်ဖွဲ့ များ၏ ကြီးကြပ်မှုဖြင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၂၄ ရက်နေ့ အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ၂၀၁၄ခုနှစ် ဇန်န၀ါ၇ီလ ၃ ရက်နေ့ ထုတ် မြန်မာနိုင်ငံ၊ ပြန် ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ အင်တာနက် စာမျက်နှာတွင်ဖေါ်ပြ ထားသည်။
Author: Editor
ချင်းပြည်နယ် ဖလမ်းမြို့တွင် ဒီဇင်ဘာ ၂၈ မှ ဇန်န၀ါရီ ၂ ရက်နေ့အထိ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သော ဖလမ်းလူငယ်ညီလာခံက အချက် ၇ ချက်ပါ ၀င်သော တောင်းဆိုမှု တရပ်ကို ဇန်န၀ါရီလ ၂ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ လယ်လောက်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကျပ်ငွေ သိန်း ၄၀၀ ကျော်တန်ဖိုးရှိ တရားမ၀င်တင်ဆောင်လာသော နံ့သာနီများ နှင့် အိန္ဒိယ ထုတ်ဆေးဝါး များကို မြို့နယ်ရဲတပ်ဖွဲ့ မှ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ်ကို တရက်တာရောက်ရှိလာသော မြန်မာနိုင်ငံမှ Chief of Myanmar Army, vice senior general စိုးဝင်း နှင့် အိန္ဒိယနိုင်ငံ ရှိ ရဲအရာရှိများနဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံစစ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဆက်နွယ်မှုအားကောင်းစေရန် နှင့် စစ်ရေးသင်တန်း ကိစ္စများ ဆွေးနွေးခဲ့ တယ်လို့ သိရသည်။
– CPP နှင့် CNP ပူးပေါင်းရေးကိစ္စကို CPP, CEC ၏တာဝန်ပေးအပ်ချက်အရ Joint Committee ဝင်များ ဖြစ်သည့် ကျွန်တော် ဦး ဒိုင်ထုန်း၊ ဦး ရှိန်းထွန်း ၊ ဦး ဗန်ဘောင် ၊ ဦးစောမြ၊ ဦး ချန်လျန် တို့ပါဝင်ပြီး CNP မှ Joint Committee ဝင်များနှင့် ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလက စတင်၍တစ်စိုက်မတ်မတ် လုပ် ဆောင်ခဲ့ကြသည်။ – ၂၀၁၃ခုနှစ်, ဧပြီလ(၂၉) ရက်နေ့တွင် CPP,CNP နှစ်ဘက် CEC များပူးပေါင်းအစည်းဝေးကိုတော်ဝင် နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ကြပြီး၊ CNPP ပါတီသစ်ဖြင့်ပူးပေါင်း ရန်သဘောတူညီချက်(၆) ခုချမှတ်ခဲ့ကြ သည်။
အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော လက်နက် ခဲယမ်း အ မြောက်အများကို ဒေသခံရဲ နှင့် အာသံစစ်တပ်တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၀၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည် ဟု သိရသည်။
ချင်းနှစ်ပါတီမှ ခေါင်းဆောင်များ ပူးပေါင်းရန် သဘောတူညီမှုရရှိသည့်အပေါ် လုံးဝ ထောက်ခံကြောင်း Chin Progressive Party ( CPP) မှ လွှတ်တော်ကိုယ်စားလှယ် (၄) ဦး နိုဝင်ဘာ ၂၅ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းတွင် မော်တော်ယာဉ်များ အရှိန်ပြင်းပြင်းမောင်း နှင်ကြသောကြောင့် ယဉ်မတော်တဆတိုက်မှုများနေ့စဉ်တွေ့နေရပါသည်။
ချင်းပြည်နယ်မတူပီမြို့နယ် ငြိမ်းချမ်းရေးဖလားဘော်လုံးပွဲကို လာမည့် ဒီဇင်ဘာ (၉)ရက်နေ့မှ (၂၀) ရက်နေ့အထိ မတူပီမြို့ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း အားကစားကွင်းတွင် ကျင်းပမည်ဟု သိရသည်။
ချင်းပြည်နယ်၊ပလက်ဝမြို့  ရဲတပ်ဖွဲ့ ပိုင်မြေ၊ မြို့ နယ်ရဲ တပ်ဖွဲ မှူးရုံး ရှေ့တွင် ဆောက်လုပ်လျက်ရှိသော ရဲတပ်ဖွဲ့ ပိုင် အ ဆောက်အအုံသည် ၎င်းမြေကွက်၏ အနောက်ဖက်တွင်နေထိုင်သည့် ပြည်သူများ ရေဆိပ်ကမ်းဆင်းလမ်းကို ပိတ်ဆို့ သွားခဲ့သည်။ ယင်းကိစ္စအတွက် ပြီးခဲ့တဲ့လ ကတည်းက ရပ်ကွက်နေ အိမ်ထောင်စု(၄၇)အိမ်မှ လက်မှတ်ထိုးပြီး၊ ရပ်ကွက်အုပ် ချုပ်ရေး မှူး ရုံးမှတ ဆင့် သက်ဆိုင်ရာကို တင်ပြတောင်းခံခဲ့သော်လည်း ယနေ့ တိုင် ဆောင်ရွက်ပေးမှု တစုံတရာမရှိခဲ့ပါ။ ရဲတပ်ဖွဲ့မှ ပြည်သူများ သွားရေးလာရေးအတွက် ရာထားသောလမ်းနေရာသည် ချောက်နက်ကြီးဖြစ်ပြီး မြေဖို့ ရန် လိုအပ် နေသည့် အပြင် မိုးတွင်းမှာ မြေပြိုခြင်းပြဿနာ များလည်းကြုံတွေ့ မှာ အသေအချာပါ။ ထို့အပြင် အဆိုပါလမ်း သစ် အား ဘယ်သူ တာဝန် ယူဖောက်လုပ်မည်ကို လည်းမသိရပါ။ အဆိုပါ လမ်းသာ ဖောက်လုပ်မည်ဆိုပါကလည်း ကျောင်းပိုင်းရပ်ကွက်အိမ်အချို့သို့ သွယ်တန်းသည့် ရေပိုက်များကို လည်း ဖယ်ရှားရမည်ဖြစ်ပြီး ဘယ်သူတာဝန်ယူ တပ်ဆင်ပေးမည်ကို လည်းမသိရပါ။ ရဲတပ်ဖွဲ့ မှအဆိုပါ ရေပိုက်များအား မြို့နယ်စည်ပင်ဦးစီးဌာနကို ဖယ်ခိုင်းသော်လည်း မည်သို့ တပ်ဆင်ပေးရန်စီမံပေးခြင်းမရှိသေးပါ။ အဆိုးဆုံးက အခု အဆောက်အအုံကြောင့် ကျောင်း သား/သူတွေ ကျောင်းသွားကျောင်းပြန် သွားလာရေး ဒုက္ခရောက် နေကြသည်။ သို့ ဖြစ်၍ အဆိုပါ လူသွားလမ်းနှင့်ရေပိုက်များအား ရပ်ကွက်နေပြည်သူ များ၏ဆန္ဒနဲ့ အတူ သက်ဆိုင်ရာဌာနများမှ အမြန်ဆုံးစီစဉ်ပေးရန်လိုအပ်ကြောင်း ဖော်ပြလိုသည်။ ကျောင်းပိုင်ရပ်ကွက်သားတဦး…
