Author: Editor

(006SV) ယခုနှစ် ၅ လကျော်အတွင်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၈ ကြိမ်ပြုလုပ်ခဲ့ရာ သေဆုံးသူ ၁၀ ဦးရှိပြီး ထိခိုက်ဒဏ်ရာ ရသူ ၂၀ ဦးအထိ ရှိသည်ဟု ကြားကာလမင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၁ ရက်အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၈ ကြိမ် နှင့်အတူ ဗုံးအလုံးရေ ၄၀ ကျော် ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အဦး ၁၁ လုံး၊ အစိုးရဌာန အဆောက်အဦး ၂၆ လုံး၊ ပုဂ္ဂိလက အဆောက်အဦး ၇၁ လုံး စသဖြင့် စုစုပေါင်း ၁၀၀ ကျော် ထိခိုက်စီးခဲ့သည်ဟု သိရသည်။ ၅ လတာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများသည် မင်းတပ်မြို့ပေါ်က ဘဝသစ်ရပ်ကွက်ကို ၄ ကြိမ်၊ အရှေ့ပြင်ရပ်ကွက်ကို ၃ ကြိမ်၊ စံပြရပ်ကွက်ကို ၂ ကြိမ်နှင့် မင်းတပ်မြို့နယ်ထဲ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် CDF မင်းတပ်၊ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့သည် မင်းတပ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထိန်းချုပ်ထားကြောင်း၊ မင်းတပ်မြို့ပေါ်တွင် ပြန်လည်ထူးထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့ပေါ်တွင် ဒေသခံများ ပြန်လည်အခြေချနေထိုင်မှု နည်းပါးကြောင်း သိရသည်။

Read More

(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ထံမှ သိရသည်။ ဇွန်လ ၄ ရက်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ရှေ့တန်းကာကင်း တာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေး လာသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်သား ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီး ရမိသည်ဟု CDF – အရှိုက ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်သည်။ MA အမျိုးအစား လက်နက်ငယ် ၃ လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန် ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြရန် CDF – အရှိုက တိုက်တွန်းထားသည်။ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း၏ စခန်းကုန်းများထဲက တခုဖြစ်သည့် အမ်း- ပဒါန်းလမ်းပေါ်မှာ ရှိသော နတ်ရေကန် MPT တာဝါတိုင်စခန်းကုန်းကို ULA/ AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိမှာလည်း တိုက်ပွဲများဆက် လက်ဖြစ်ပွားနေသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ အာရက္ခတပ်တော် ULA/ AA က ထည့်သွင်းသတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်ကို ခရိုင် ၈ ခုဖြင့် ၂၀၂၅ ခုနှစ် မေလအတွင်း ဖွဲ့စည်းသတ်မှတ်လိုက် ကြောင်း သိရသည်။ အာရက္ခတပ်တော် ULA/ AA က ဖွဲ့စည်းသတ်မှတ်လိုက်သော ခရိုင် ၈ ခုမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲခရိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝခရိုင်တို့ ဖြစ်သည်ဟု ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနက ယနေ့ ဇွန် ၁၂မှာ ရေးသားဖော်ပြသည်။ အာရက္ခတပ်တော် ULA/AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရခိုင်ပြည်ကို ယခင်က စစ်ဒေသအလိုက် ဖွဲ့စည်းအုပ်ချုပ်ခဲ့သော်လည်း ယခုလက်ရှိ ဖွဲ့စည်းပုံ ဥပဒေသစ်တွင် ဗဟို၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့်စသည့် စီမံအုပ်ချုပ်မှု အဆင့်ငါးဆင့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ ယင်းသို့ ဖွဲ့စည်းသတ်မှတ်ရသည့် ရည်ရွယ်ချက်ကို သိရှိနိုင်ရန် ULLA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။ သို့ရာတွင် ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနက ယနေ့ ဇွန်လ ၁၂ ရက် နေ့လည်ပိုင်းက သတင်းဖော်ပြပြီး နာရီပိုင်းအကြာတွင် ပြန်ဖြုတ်ချသွားခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာမသိမ်းမှီ ၂၀၂၁ မတိုင်မီက ရခိုင်ပြည်နယ်ကို ခရိုင် ၇ ခုဖြစ်သည့် စစ်တွေခရိုင်၊ မောင်တော…

Read More

(004SS) မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ပလက်ဝမြို့နယ်စစ်ဘေးရှောင်စခန်း (၃) ခုမှ ရေဘေးသင့် ပြည်သူများအား အရေးပေါ်ကူညီထောက်ပံ့မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပလက်ဝ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူ ညီရေးအဖွဲ့က ‌ယနေ့တွင် ထုတ်ပြန်သည်။ လူသားစာနာကူညီရေးဌာနနှင့် ပလက်ဝကောင်စီတို့ပူးပေါင်း၍ ဇွန်လ ၇ ရက် နှင့် ၈ ရက်နေ့တို့တွင် တွီဒင်း၊ ကာကီနှင့် လောင်မဆူ စစ်ဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ဆန်အိတ် ၁၃၀၊ ဆီ၊ ပဲ၊ အာလူးစသည့် အခြေခံစားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ခြင်းဟု သိရသည်။ “အဘက်ဘက်ကနေ ကူညီပေးတဲ့ အဖွဲ့အစည်းတွေရဲ့ အလှူတွေကို ပူးပေါင်းဆောင်ရွက်ပေးပြီးမှ ကျွန်တော်တို့ ဝန်ဆောင်မှု ပေးရခြင်းဖြစ်ပါတယ်။ ဆိုတော့ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေရှိသလို ထပ်ပြီးမှ လူသားစာနာ အခြေခံစားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအတွက် အရေးကြီး လိုအပ်ချက်တွေကို အကူအညီတောင်းလိုပါတယ်” ဟု ပလက်ဝမြို့နယ်၊ လူသားစာနာကူညီရေးဌာနမှ ဌာနမှူးက ပြောသည်။ ယခုရေဘေးကြောင့် အထက်ပါ စစ်ရှောင်စခန်း ၃ ခုအတွင်း မူလအိမ်ခြေ ၄၇၂ နှင့် လူဦးရေ ၂၂၈၃ ဦးရှိသည့်အနက် အိမ်ခြေ ၁၄၁ နှင့် လူဦးရေ ၇၂၉ ဦး ရေဘေးဒဏ်သင့်ခဲ့ပြီး လုံးဝပျက်စီးသွားသည့် အိမ်ခြေ ၉၁ ခု၊ အိမ်သာ ၁၁၂ လုံး ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ ရေဘေးသင့် ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များ၊ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်များ များစွာရှိနေသေးကြောင်း သိရသည်။ လိုအပ်ချက်များစွာအနက် ရေးဘေးသင့်ပြည်သူများ၏ နေအိမ်ပြန်လည်တည်ဆောက်ရန် အမိုးအကာ၊ သစ်ဝါး၊ ရေသန့်ပိုက်၊…

Read More

(006SV) ချင်းပြည်နယ်၏ စစ်ကောင်စီ အစိုးရရုံးစိုက်ရာ ဟားခါးမြို့တွင် အခြေစိုက်ထားသော ဟားခါးအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းသည် ရာထူးတိုးဖြင့် တပ်မ ၉၉ တပ်မမှူးအဖြစ် အစားထိုး ခန့်အပ်ခံရပြီးနောက် ဟားခါးအခြေချ စစ်ဗျူဟာမှူး အပြောင်းအလဲဖြစ်သွားကြောင်း သိရသည်။ ယခု ဇွန်လအတွင်း ဟားခါးအခြေချ စစ်ဗျူဟာမှူး စိုးဝင်းထွန်း သည် အစမ်းခန့် ဗိုလ်မှူးချုပ်ရာထူး တိုးဖြင့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်ကို တပ်မမှူးအဖြစ် ပြောင်းရွေ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်း မြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။“သူက လက်ရှိမှာတော့ တပ်မမှူးအဖြစ် တိုးလိုက်ပြီးဆိုတော့ ယာယီဗိုလ်မှူးချုပ်၊ အစမ်းခန့် ဗိုလ်မှူးချုပ်ရာထူးကို ရရှိသွားပြီဖြစ် ပါတယ်။ လက်ရှိမှာ အခြေချ ဟားခါးမှာပဲ ရှိပြီးတော့ မိတ္ထီလာ သို့မဟုတ် သူတို့ စစ်ဆင်ရေးဝင်နေတဲ့ နတ်ရေကန်၊ ပဒါန်းဘက်ကို သွားဖို့ ပြင်ဆင်နေဆဲပဲ ရှိပါသေးတယ်။ သူ့အကြောင်းကိုတော့ ကျနော်တို့ အခုမှ စုံစမ်းတည်ဆောက်နေဆဲပဲ ရှိပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ လက်ရှိတွင် ဟားခါးအခြေချစစ်ဗျူဟာမှူးနေရာတွင် အသစ်ရောက်ရှိလာသူကို မတွေ့ရသေးသော်လည်း စစ်ကောင်စီအနေဖြင့် ချက်ချင်း ခန့်အပ်မည်ဟု သုံးသပ်ကြောင်း၊ စစ်ကောင်စီသည် ဗျူဟာမှူးနေရာကို အလွတ်မထားတတ်ကြောင်း သိရသည်။ ဗျူဟားမှူးအပြောင်းအလဲကြောင့် ဟားခါးမြို့ဝန်းကျင်တွင် စစ်ကောင်စီ၏ တန်ပြန်စစ်ကြောင်းထိုးမှုများ ဖြစ်လာနိုင်သည်ဟု သိရသည်။ “ဗျူဟာမှူးအပြောင်းအလဲနဲ့တော့ စစ်ရေးအခြေအနေက ထူးခြားလာဖွယ် မရှိပါဘူး။ စစ်တပ်က လူတွေက တပုံစံထဲတွေပဲ။ စကားလုံးလည်း ရှိတယ်။…

Read More

|| ချင်းပြည်သစ်ကွန်ဂရက်ပါတီခေါင်းဆောင် ဦးဘွာလ်ဆိုင်လိုဆိုတာ ဘယ်သူလဲ? (006SV) စစ်တပ်မှ အရာရှိအငြိမ်းစားဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဖလမ်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ USPD အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖူးသော ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်မည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ပါတီတည်ထောင်ခွင့်ပြုပြီးနောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားလိုက်ပြီဟုသိရသည်။ ဇွန်လ ၉ ရက် နေ့စွဲဖြင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress – NCC) က ပါတီတည်ထောင်ခွင့် ပြုသည့် နေရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ပြည်ထောင် ရွေးကောက်ပွဲကော်မတီက ယမန်နေ့ ဇွန်၉ ရက်က ကြေညာသည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရ၍ မေလ ၂၆ ရက်တွင် ပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းကို စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဦးဘွာလ်ဆိုင်လိုသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီက ပါတီနိုင်ငံရေးလှုပ် ရှားမှု မရှိသော ဖလမ်းမြို့နယ်သား တပ်မတော်ဆေးတပ်ဖွဲ့က ဗိုလ်ကြီး (ငြိမ်း)ဖြစ်သည်ဟု ချင်းနိုင်ငံရေးအသိုင်းအဝိုင်းက သိရသည်။ “သူက တပ်မတော်ဆေးတပ်ဗိုလ်ကြီး(ငြိမ်း) တဦးပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖလမ်းမဲဆန္နနယ်ကနေ ကြံ့ခိုင်ရေးပါတီ USDP အမတ်လောင်းအဖြစ်ပြိုင်ပြီး ရှုံးဖူးတယ်။ ကြံ့ဖွံ့ပါတီနဲ့ အမတ်လောင်းပြိုင်ဖူးတဲ့ ဗိုလ်ကြီးဘွာလ်ဆိုင်လိုက ပါတီခေါင်းဆောင် နာမည်မှာ…

Read More

|| ZRA မှ ရဲဘော် ၂ ဦးကျဆုံး၊ ဒရုန်း ၂စီး၊ သေနတ် ၄လက်၊ ကား ၁စီး၊ ဆိုင်ကယ် ၇ စီး သိမ်းပိုက်ရရှိဟု ဆို (006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက မွာလ်ကွေး (Muelkawi) တွင် CDF-Tonzang နှင့် ဇိုမီးတော်လှန်ရေးတပ် ZRA – EC တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားပြီး ZRA-EC မှ ရဲဘော် ၂ ဦး သေဆုံးခဲ့သည်ဟု CDF – Tonzang ထံမှ သိရသည်။ ဇွန်လ ၉ ရက်က ဇိုမီးတော်လှန်ရေးတပ် ZRA – EC ၏ မွာလ်ကွေးရွာ စစ်စခန်းကို ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF-Tonzang က ဇိုမိုးမုန် စစ်ဆင်ရေးအမည်ဖြင့် စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကာ တစ်နာရီဝန်းကျင်ကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စခန်းကို သိမ်းပိုက် ရရှိသည်ဟု သိရသည်။ တိုက်ပွဲတွင် ZRA – EC တပ်သား အလောင်း ၂ လောင်း ရရှိခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် သေနတ် ၄ လက်၊ ဒရုန်း ၂ စီး၊ ကား ၁ စီး၊ ဆိုင်ကယ် ၇ စီး၊ မီးစက် ၁ လုံး၊ ကျည်ဘောက် နှင့် ကျည်ဆန်တချို့၊ အခြားပစ္စည်းများကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ ဇိုမီးတော်လှန်ရေးတပ်သည် တွန်းဇံမြို့ကို ပြန်လည်တိုက်ခိုက်သိမ်းယူမည်ဟု…

Read More

(004SS) ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day) အခမ်းအနားသို့ မြန်မာနိုင်ငံသားများ လုံးဝမပါဝင်ရန် ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီက တိုက်တွန်းထုတ်ပြန်သည်။ နယူးဒေလီမြို့အခြေစိုက် ချင်းဒုက္ခသည်ကော်မတီ (CRC) သည် ဇွန်လ ၇ ရက်နေ့က အစည်းအဝေးတရပ်ကျင်းပပြုလုပ်ကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ဦးဆောင်သော ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားများတွင် မြန်မာဒုက္ခသည်များ ပူးပေါင်းပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ အခုလို ထုတ်ပြန်ရတာက ကျွန်တော်တို့ရဲ့ နိုင်ငံမှာ အခုချိန်ထိ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အသက်သေဆုံးရတယ်၊ ထိခိုက်ဒါဏ်ရာတွေနဲ့ မင်းအောင်လှိုင်လက်အောက်မှာ ဘာလုံခြုံရေးမှ မရှိဘဲ ဒုက္ခရောက်နေတယ်။ အချင်းချင်း ပစ်ခတ် တိုက်ခိုက်နေတုန်းဖြစ်တယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့က လွတ်မြောက်နယ်မြေမှာ ရောက်နေပြီ ဆိုပေမဲ့ ကျွန်တော် တို့စိတ်မှာ အမြဲတမ်းထိတ်လန့်နေတုန်းပါ။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်လိုမှ မလုံခြုံသေးဘူးဆိုတာ UNHCR ရော ကမ္ဘာသိအောင် အဓိက ချပြချင်တာပါ။ နောက်တစ်ချက်က ၂၀၂၁ ခုနှစ်နောက်ပိုင်းက ရောက်လာတဲ့သူတွေ အခုထိ UN card မရကြသေးပါဘူး။ UN card မပေးတာဟာ ကျွန်တော်တို့ကို ဒုက္ခသည်လို့ မသတ်မှတ်တာလားပေါ့ အဲဒီရည်ရွယ်ချက်နဲ့ ထုတ်ပြန်တာပါ။” ဟု CRC New Delhi မှ တာဝန်ရှိသူက ပြောသည်။ ကမ္ဘာ့ဒုက္ခသည်များနေ့ ကျင်းပရန် BOSCO အဖွဲ့မှ ထောက်ပံ့မည့်…

Read More

“ဒေသစည်ပင်သာယာရေး ဥပဒေ (၂၀၂၅)” ကို ပြဌာန်းပြီဟု လောက်တူပြည်သူ့ရေးရာကောင်စီ ကြေညာ (006SV) ပထမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံ ခေါ်ယူကျင်းပနိုင်ရေးအပါအဝင် ကဏ္ဍအသီးသီးက မူဝါဒနှင့် ရှေ့ဆက်လုပ်ငန်းစဉ် ဆုံးဖြတ်ချက်ပေါင်း ၃၆ ချက်ကို လောက်တူပြည်သူ့ရေးရာကောင်စီက ချမှတ်အတည် ပြုခဲ့သည်ဟု သိရသည်။ ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံ ခေါ်ယူကျင်းပနိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ကဏ္ဍအသီးသီး၏ အရေးကြီးသော မူဝါဒ အပါအဝင် ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် အထွေထွေမှတ်တမ်း စုစုပေါင်း ၃၆ ချက်ကို ဆုံးဖြတ်အတည်ပြုသည် လောက်တူပြည်သူ့ ရေးရာ ကောင်စီ ကိုယ်စားလှယ် Salai Pa Bi က ပြောသည်။ “ပထမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံကို ဒီနှစ်ထဲ ကျင်းပသွားဖို့ ရှိပါတယ်။ တော်လှန်ရေး ကာလမှာ စနစ်တကျပေါ့၊ ကျနော်တို့ရဲ့ စုဖွဲ့မှုသော်လည်းကောင်း၊ နိုင်ငံရေးကိစ္စ၊ ပြီးတော့ တခြားသော တော်လှန်ရေးဆိုင်ရာနဲ့ ပတ်သက်တဲ့၊ လောက်တူနဲ့ ပတ်သက်တဲ့ မူဝါဒ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ဖြစ်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံက အရမ်းအရေး ပါပါတယ်” ဟု Salai Pi Bi က ပြောသည်။ ဆုံးဖြတ်ချက် ၃၆ ချက်ထဲတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စများ၊ ဒေသအဆင့်နှင့် လုပ်ဆောင်ရသော လုပ်ငန်းများ၊ တော်လှန်ရေး နှင့် ဆိုင်သော ဆုံးဖြတ်ချက်များလည်း ပါဝင်သည်ဟု သိရသည်။ ဒုတိယအကြိမ် လောက်တူပြည်သူ့ရေးရာကောင်စီ၏ ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ ၅ ရက်မှ ၇ ရက်အထိ…

Read More

မိသားစုဝင်များကို AA က အလောင်ပင်ကြည့်ခွင့်မပြု (004SS) ချင်းပြည်နယ်တောင်ပိုင်း ပလက်မြို့နယ်၊ ရွှေလိုင်ပွီကျေးရွာနေ အသက် ၆၈ နှစ်အရွယ် ဒေါ်တောင်းရီသေဆုံးမှုမှာ ရေနစ်သေဆုံးခြင်းမဖြစ်နိုင်ဘဲ ခန္ဓာကိုယ်ပေါ်တွင် အကြမ်းဖက်သတ်ဖြတ်ခံရသော လက္ခဏာအများအပြားတွေ့ရှိရသည်ဟု မိသားစုဝင် များထံမှ သိရသည်။ ဒေါ်တောင်းရီသည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မနက်ပိုင်း ၉ နာရီမှာ တစ်ယောက်တည်း ယာခင်းသို့သွားရာတွင် နေရပ်သို့ ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံးခဲ့ပြီးနောက် ၃ ရက်အကြာ မေလ ၂၉ ရက်နေ့မှာ ဒိုးချောင်းဝရွာအနီး ချောင်းထဲမှာ သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ “အဲဒီနေ့က AA ရဲဘော် ၃ ဦးက အနောက်ကနေလိုက်သွားတာမြင်တယ်လို့ ရွာသားတွေက ပြောတယ်။ ရွာသားတွေက ၄ ဖွဲ့လောက်ခွဲပြီး တောထဲမှာလဲရှာ၊ ချောင်းထဲမှာလဲရှာတယ်၊ ရွှေလှိုင်ချောင်း၊ တဝုန်းဆာလောင်ချောင်းဖျားမှာ ထမင်းစားတဲ့ ဖက်ရွက်တွေ့တယ်တဲ့။ အဲဒီနားမှာပဲ သူ့ရဲ့ အပေါ်ဝတ်ထဘီ၊ အောက်ခံဝတ်ဘောင်းဘီ၊ ခေါင်းပတ်ပုဝါ ၊ဓား ၊ကွမ်းထုပ် ၊မီခြစ် တွေ့တယ်လို့ ပြောတယ်။ တောက်လျှောက် ရှာကြတယ်၊ ကူလက်ချောင်းရယ်၊ ဒိုးချောင်းဝ၊ ချက်ခြံထိ ရောက်တယ် ဘာမှ‌ အလောင်း မတွေ့ဘူး။ အဲမှာဆုတောင်းပြီး ပြန်ကြတယ်။ နောက် ‌ဒိုးချောင်းဝ နယ်မြေမှူးက ရွှေလိုင်ပွီတောင်ထိပ်က AA တပ်စခန်း ကနေတဆင့် ဖုန်းလှမ်းခေါ် အကြောင်းကြားတော့မှ ရွာသားတွေက စက်လှေ ၂ စီးနဲ့ လူအပြည့် သွားပြီးမှ အလောင်းကို ယူကြတာ” ဟု သေဆုံးသူ ဒေါ်တောင်းရီ၏ မိသားစုဝင်…

Read More