ကျူးလွန်သူများကို စစ်ဘက်ဆိုင်ရာ ဥပဒေအရ အရေးယူမည်ဟု CDF – ကန်ပက်လက်ကြေညာ (006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် CDF – ကန်ပက်လက်၏ တာဝန်ပေးအပ်ခံရသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း မှအပ အရပ်သားပြည်သူများအနေဖြင့် ရိုင်ဖယ်အပါအဝင် စစ်ဘက်သုံးပစ္စည်းများကို လက်ဝယ်ထားခြင်း၊ ရောင်းဝယ်ခြင်းမပြုရန် ကြေညာလိုက်သည်။ ဩဂုတ်လ ၅ ရက်တွင် ကန်ပက်လက်မြို့နယ်အခြေစိုက် CDF – ကန်ပက်လက်က အသိပေးထုတ်ပြန်ခြင်းဖြစ်ပြီး တားမြစ် ချက်များကို ကျူးလွန်ကြောင်း စုံစမ်းစစ်ဆေး တွေ့ရှိပါက စစ်ဘက်ဆိုင်ရာဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေးအရေးယူသွားမည်ဟု အသိပေးထုတ်ပြန်သည်။ “ဒီကြားကာလမှာ ပြည်သူလုံခြုံရေးကို ရှေးရှုရမှာ ဖြစ်တယ်။ ပဋိပက္ခတွေ လျော့နည်းအောင်ပေါ့နော်။ အဓိက မောင်းပြန်ရိုင်ဖယ်က အစပေါ့နော်၊၊ ကာကွယ်ရေးပစ္စည်းတွေက ကာကွယ်ရေးက လွဲပြီး အခြားပြည်သူတွေဆီမှာ လုံးဝ မရှိသင့်တဲ့အရာ ဖြစ်တယ်။ တချို့အဖွဲ့အစည်းတွေက အဓိကက CNA ပေါ့လေ။ Shotgun တွေကို ပြည်သူ့ လက်ထဲကို ပေးတာတွေ ရှိတယ်။ ဒါတွေက မဖြစ် သင့်ဘူး။ CDF – ကန်ပက်လက် ဧရိယာထဲမှာ ပြည်သူ့လုံခြုံရေးကို ရှေးရှုပြီးမှ မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်ဖို့ မောင်းပြန်က အစ၊ ကာကွယ်ရေးဆက်စပ်ပစ္စည်း၊ မိုင်းယမ်းခဲတွေက ပြည်သူလက်ဝယ်ဆီမှာ မရောက်မိဖို့ လိုတယ်။ ကာကွယ်ရေးတာဝန်ရှိတဲ့ လူတွေဆီမှာပဲ ရှိနေရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထု လုံခြုံရေးကို ရှေးရှုပြီး ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ လက်ရှိတွင်…
Author: Editor
(004SS) ချင်းပြည်နယ်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကို ဖြေရှင်းရန်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှစ၍ Bachelor of Medicine, Bachelor of Surgery (M.B.,B.S) ဆေးပညာဘွဲ့/ခွဲစိတ်ပညာဘွဲ့ သင်တန်းကို ပထမဆုံး အကြိမ် ဖွင့်လှစ်သွားမည်ဟု ချင်းပြည်အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ သင်တန်းကို University of Medicine (1)၊ Interim University Council နှင့် ပူးပေါင်းဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား အယောက် ၃၀ သာ လက်ခံမည်ဟု သိရသည်။ သင်တန်းကာလမှာ ၆ နှစ်သာသင်ကြားရေးနှင့် ၁ နှစ် အလုပ်သင်ကာလပါဝင်ကာ စုစုပေါင်း ၇ နှစ်ကြာမြင့်မည်ဖြစ်သည်။ လျှောက်ထားသူများအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညနေ ၄:၀၀ နာရီအထိ လျှောက်ထားနိုင်မည် ဖြစ်သည်။ လျှောက်ထားသူများအနေဖြင့်- ၁။ ၂၀၂၁ မတိုင်မီ သို့မဟုတ် ၂၀၂၁ နောက်ပိုင်း NUG ပညာရေးစနစ်ဖြင့် ၁၀တန်း(သို့)၁၂တန်း အောင်မြင်သူ၊ ချင်းပြည်အစိုးရ လက်အောက်ရှိ Pre-college တက်ရောက်နေသူ/ပြီးစီးသူများ ၂။ BECA စာမေးပွဲတွင် Grade C အနည်းဆုံးရရှိသူများ ၃။ အသက် ၂၅ နှစ်အောက်လူငယ်များ ၄။ သိပ္ပံဘာသာတွဲ(သင်္ချာ၊ဓာတုဗေဒ၊ဇီဝဗေဒ)ဖြင့် အနည်းဆုံး ၇၀% အထက်ရှိပြီး အင်္ဂလိပ်ဘာသာတွင် ၆၀% အထက်ရရှိသူများ ၅။ GED ဖြေဆိုထားသူများအနေဖြင့် စုစုပေါင်း…
ယခုရက်ပိုင်းတွင် စစ်အစိုးရအရာရှိနှင့် ဝန်ထမ်းတချို့ကို CDF က ဖမ်းဆီးမှု ရှိခဲ့ဟုဆို (006SV) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ဘုရားကျောင်းပြန်လာသူနှင့် လက်ဖက်ရည်ဆိုင်ထိုင်သူ မြိုခံလူငယ် ၄၀ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ရာမှ ၈ ဦးကို ပြန်လွှတ်ပေးပြီး ကျန်လူငယ်များကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု ချင်းတော်လှန်ရေး အင်အားစုထံမှ သိရသည်။ ဩဂုတ်လ ၃ ရက် တနင်္ဂနွေနေ့လည်ပိုင်းက HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ်လူရွယ်များနှင့် ဟားခါး – ဂန့်ဂေါလမ်းမရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ထိုင်နေသော လူငယ်များ ၄၀ ဦးခန့်ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ “ဘာကြောင့် သူတို့ (စကစ) ဒီလိုလုပ်လည်း ဆိုတာ မသိဘူး။ သူတို့ (ဖမ်းဆီးခံ)က မြို့ထဲမှာ နေတဲ့ အရပ်သားပြည်သူတွေပဲ။ သူတို့က ဘာမှ တော်လှန်ရေးမှာလည်း ပါဝင်တာ မရှိဘူး။ အပြစ်မဲ့ ပြည်သူတွေကို ဒီလိုအထိန့်တလန့်ဖြစ်အောင်ပေါ့နော်။ လုံးဝကို မလုပ်သင့်တဲ့ဟာပေါ့နော်။ နောက်ပြီး တနင်္ဂနွေနေ့မှာ ဘုရားကျောင်းကနေ ပြန်လာတဲ့ လူတွေအတွက်လည်း တော်တော်လေး ဘာသာရေး လွတ်လပ်ခွင့်အတွက် ခြိမ်းခြောက်စရာ ဖြစ်တယ်။ တချို့က ဝေဖန်တာက သူတို့က စစ်မှုထမ်းဖို့များ စတင်ဆောင် ရွက်နေသလားလို့တော့ ပြောကြတာပဲ။ ကျနော်လည်း အသေးစိတ်တော့ မသိဘူး။ ဟားခါးမှာ စစ်မှုထမ်းဖို့ လူဖမ်းတာက မရှိသေးဘူး။ ဒီတခါ လုပ်ရပ်က ကျနော်တို့ နားမလည်ဘူးပေါ့နော်။ ဘာကြောင့် လုပ်တယ်ဆိုတာ၊ အဲဒါကြောင့် စစ်မှုထမ်းဖို့များ ဖြစ်မလာပေါ့နော်။ သူတို့ ရှေ့ဆက်ပြီး ဘာလုပ်မလဲဆိုတာ…
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တနင်္ဂနွေနေ့က ဘုရားကျောင်းတက်ပြီး အိမ်ပြန်လာခဲ့သည့် လူငယ် အုပ်စုတစ်ခုအား စစ်တပ်မှ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်ချက်အရ သိရသည်။ဩဂုတ်လ ၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ်များနှင့် ဟားခါး-ဂန့်ဂေါ လမ်းမရှိ လဘ္ကက်ရည် ဆိုင်တစ်ဆိုင်မှ လူငယ်များ စုစုပေါင်း လူငယ် အယောက် ၄၀ ဝန်းကျင်အား စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဟု သိရသည်။ ဟားခါး ဒေသခံတစ်ဦးက “တနဂ်နွေနေ့က HBC ဘုရားကျောင်းကနေ လူငယ်တွေ အိမ်ပြန်တဲ့အချိန် ဖမ်းဆီးတာ။ တစ်ချို့က ဆောက်လုပ်ရေးဝန်းအထက်နားက လဘ္ကက်ရည်ဆိုင်ကနေ ဖမ်းတာရော သူတို့တွေ့ကရနေရာကနေ ဖမ်းတာ၊ လူငယ် အယောက် ၄၀ လောက်ရှိတယ်။ ဘာကြောင့် ဖမ်းတာလဲတော့ မသိရဘူး” ဟု ပြောသည်။ ဖမ်းဆီးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဆောက်လုပ်ရေး ပြည်နယ်ဦးစီးမှူးနှင့် နတလ၊ လဝက အစိုးရဝန် ထမ်းအချို့အား ဖမ်းဆီးထားသည့် သတင်းများနှင့် ဆက်စပ်နေနိုင်သည်ဟု ယူဆကြောင်း ၎င်းဒေသခံက ဆက်လက်ပြောသည်။ ဖမ်းဆီးခံရသော လူငယ်များသည် ယနေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။ ထို့နောက် ယမန်နေ့ ည ၉ နာရီခန့်တွင်လည်း ပြည်တော်သာရပ်ကွက်၊ CB ဘဏ်အနီးမှ ဖြတ်သန်းနေသော စစ်တပ်နှင့် ရဲကားအား ပစ်ခတ်ခံခဲ့ရသည်ဟုလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ထို့အပြင်…
(004SS) မေလကုန်ပိုင်းမှစတင်၍ မိုးသည်းထန်မှုနှင့် မြေပြိုမှုများကြောင့် ဇိုတုန်ဒေသအတွင်းရှိ ကားလမ်းများ ပြင်းထန်စွာ ပျက်စီးမှုများ ကြုံတွေ့နေရပြီး ယာဉ်သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထိုသို့သော အခြေအနေများကြောင့် ဇိုတုန်ဖက်ဒရယ်ကောင်စီမှ လမ်းပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းများအနေဖြင့် လိုက်နာရမည့် လမ်းညွှန်ချက်များကို ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ဇိုတုန်ဖက်ဒရယ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များအနေဖြင့် (၁) ကားဘီးတွင် ချိန်းကြိုးများ ပတ်ပြီးမောင်းနှင်ခြင်းမပြုရန်နှင့် (၂) သတ်မှတ်ထားသော ကုန်တန်ချိန်ထက် ပိုမို၍ ကုန်စည်မတင်ဆောင်ရန်ဟူသော အချက် (၂) ချက်ကို သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့အပြင် စည်းကမ်းဖောက်ဖျက်သူများအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပြီး လမ်းပြုပြင်ရေး လုပ်ငန်းများကိုလည်း အမြန်ဆုံးပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဇိုတုန်ဒေသအတွင်းရှိ ကားလမ်းများသည် မြေပြိုမှုများကြောင့် လမ်းများပေါ်သို့ မြေစာနှင့် သစ်ပင်များ ပြိုကျခြင်း၊ လမ်းများ ပဲ့ထွက်ပြိုကျခြင်း၊ ရွှံ့ဗွက်များ လမ်းကိုဖုံးလွှမ်းခြင်းစသည့် ပြဿနာများ ကြုံတွေ့နေရပြီး အချို့လမ်းများမှာ လုံးဝ သွားလာရန်ပင် ခက်ခဲ့သည့်အနေအခြေအနေ ရှိနေကြောင်း သိရသည်။ ထိုပျက်စီးမှုများအား JCB စက်ယန္တရားများဖြင့် လမ်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ SKAT ကားများဖြင့် မြေစာများကို ရှင်းလင်းခြင်းစသည့် ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း ဇိုတုန်ဖယ်ဒရယ်ကောင်စီ၏ ဓါတ်ပုံမှတ်တမ်းများအရ သိရသည်။ လမ်းများပျက်စီးမှုကြောင့် ဒေသအတွင်း ကုန်စည်ပို့ဆောင်ရေးနှင့် နေ့စဉ်သွားလာရေး အဟန့်အတားဖြစ်နေသော်လည်း ကောင်စီအနေဖြင့် လမ်းများကို အရေးပေါ်ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ လုံခြုံချောမွေ့စွာ သွားလာ နိုင်ရေးအတွက်…
(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာရွာတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု CDF – KKG ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဩဂုတ်လ ၂ ရက်မှ စတင်၍ စစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းများ ခွဲ၍ တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကြံသာရွာကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားသည်။ “ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ၊၊ စစ်ကောင်စီက ကြံသာကို ပြန်လိုချင်လို့ ထိုးစစ်ဆင်လာတာပါ။ အထက်က ကြံသာကို ပြန်ရဖို့ ဖိအားပေးလာတာပါ။ အင်အားက 200 ခန့်ဖြစ်မယ်။ အင်အားတိကျတော့ မသိရပါဘူး။ အဓိကက ကျနော်တို့က ကြံသာမှာဘဲ ထိုင်ထားတော့ ကြံသာကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့သဘောပါပဲ။ အခုကတော့ တိုက်ပွဲက ပြန်ငြိမ်နေပါတယ်” ဟု CDF – KKG ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဟံသာဝတီကျေးရွာကို အခြေခံပြုပြီး စစ်ကြောင်းထိုးလာနေသည့် စစ်ကောင်စီတပ်နှင့် ဩဂုတ်လ ၂ ရက်က တရက်လုံး တိုက်ပွဲပြင်းထန်သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်က စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်များ အခြေစိုက်ထားသည့် ကလေး- ဂန့်ဂေါ်လမ်းပေါ်က ကြံသာရွာစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိအချိန်ထိ ထိန်းချုပ်တပ်စွဲထားသည်။ ကလေး- ဂန့်ဂေါလမ်းပိုင်းကြားရှိ ကမ်းပါးနီစခန်း၊ မှန်တောနှင့် အောင်သာယာ အပါအဝင် စခန်း…
(006SV) ချင်းပြည်တောင်ပိုင်းနှင့် မကွေးနယ်စပ်လမ်းမပေါ်မှာ တည်ရှိသည့် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသတွင် ကာကွယ်ရေးဆိုင်ရာ အရေးပေါ်လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်လိုသောကြောင့် ယနေ့မှ စတင်၍ တစ်ပတ်ကြာ ယာယီပိတ်မည်ဟု CDF – ကန်ပက်လက်၊ ခေါ်နူးတပ်ရင်း (တပ်ရင်း – ၅)ထံမှ သိရသည်။ စစ်အစိုးရသစ်က နိုင်ငံတဝန်းက မြို့နယ် ၆၀ ကျော်ကို အရေးပေါ်အခြေအနေ သတ်မှတ်၍ စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့ရာ ကန်ပက်လက်မြို့နယ်လည်း ပါဝင်လာ၍ စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ခြင်းဖြစ်သည်ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ဒါးရင်ဒူးဒေသပေါ့နော်။ ခေါ်နူးတပ်ရင်း လှုပ်ရှားဧရိယာမှာ ခဏပိတ်ထားတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာတဲ့ ၆၃ မြို့နယ်မှာ ကန်ပက်လက်က တစ်ခုအပါအဝင်ဖြစ်တယ်။ အဲဒီအတွက် ဒီအရေးပေါ် ကာကွယ်ချက်တွေ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာတွေ တပ်ရင်းအနေနဲ့ လုပ်ဆောင်ချင်လို့ ဒါကို ယာယီပိတ်ထားတာဖြစ်တယ်၊၊ ခရီးသွားလာမှုတွေ၊ ကုန်စည်စီးဆင်းမှုတွေကတော့ ပုံမှန်ပါပဲ။ လုံခြုံရေးဆိုင်ရာတွေ လုပ်တဲ့ အခါမှာ ပြည်သူတွေ ပူးပေါင်းပါဝင် အောင်လို့ ထုတ်ပြန်ထားတဲ့ သဘောပါ” ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသရှိ ခေါ်နူးတပ်ရင်း ထိန်းချုပ်မှုနယ်မြေအတွင်းက ပြည်သူများအနေဖြင့် ကာကွယ်ရေးဆိုင်ရာ အရေးပေါ် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်လိုသောကြောင့် ရပ်ဝေး၊ ရပ်နီး ခရီးသွားလာခြင်း၊ ဆိုင်ယ်ကယ်ရီဖြင့် ကုန်စည်ပို့ ဆောင်ခြင်း၊ ဒေသခြားသွားလာမှုများကို အရေးပေါ်အခြေအနေမှအပ သွားလာခြင်းမပြုဖို့ သတိပေးထုတ်ပြန်သည်။ အရေးပေါ်အခြေအနေမှ လွဲ၍ ခရီးသွားခြင်းနှင့် ကုန်သွယ်စီးဆင်းမှုများ…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ပြီး အပျက်အစီးတချို့ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ “ဒီမင်းတပ်မြို့ပေါ်ကို ကြဲသွားတာပါ။ မင်းတပ်မြို့ပေါ်မှာကလည်း လူက သိပ်မနေဘူးဆိုတော့ ပြည်သူတွေတော့ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။ နေအိမ်နဲ့ အစိုးရအဆောက်အအုံတွေတော့ ပျက်စီးသွားတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ ယမန်နေ့ သြဂုတ်လ (၃) ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်တွင် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပြည်သူထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း အစိုးရအဆောက်အဦး (၂) လုံးခန့်နှင့် ပြည်သူနေအိမ် (၈) လုံး စုစုပေါင်း (၁၀) လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်ကောက်ယူမှုကို ဇူလိုင်နောက်ဆုံးပတ်က ခရိုင်အသီးသီးမှာ စတင်ကောက်ယူနေပြီဟု သိရသည်။ မီဇိုရမ်ပြည်နယ်ထဲက Serchhip, Lunglei, Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နှင့် Hnahthial စသည့် ခရိုင် ၁၁ ခုတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များကို ဇူလိုင်နောက်ဆုံးပတ်ကစ၍ မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ရှိသူများ ကောက်ယူနေပြီဟု All India Radio News ကဖော်ပြသည်။ စစ်ဘေးရှောင်အများဆုံးနေထိုင်သည့် Champhai ခရိုင်ထဲမှာ ဇီဝအချက်အလက်ကောက်ယူမှု ဇူလိုင် ၃၀ ရက်နေ့မှာ စတင်ခဲ့ကြပြီး နည်းပညာပိုင်းနှင့် စက်ကိရိယာအခက်အခဲတချို့ကြောင့် အနည်းအကျဉ်းသာကောက်ယူနိုင်သေးသည်ဟု ဖော်ပြသည်။ Champhai ခရိုင်ထဲမှာ မြန်မာစစ်ဘေးရှောင် ၁၃၅၈၆ ဦးရှိသည်ဟု သိရသည်။ စစ်ဘေးရှောင် ဒုတိယအများဆုံးနေထိုင်သည့် Lawngtlai ခရိုင်ထဲမှာလည်း ဇီဝအချက်အလက်ကောက်ယူမှုကို ဇူလိုင် ၃၀ ရက်နေ့က Kannan Refugee Camp မှစတင်ခဲ့ကြပြီး လက်ရှိအချိန်ထိ လူဦးရေ ၁၅၀ ကျော်ကောက်ယူပြီးစီးပြီဟု ဖော်ပြထားသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားစစ်ဘေးရှောင် ၃၂၅၀၄ ဦးရှိပြီး Champhai ခရိုင်ကအများဆုံးဖြစ်ကာ Lawngtlai နှင့် Siaha ခရိုင်တို့မှာ ဒုတိယအများဆုံးနေထိုင်ကြသည်ဟု All india Radio News ကဖော်ပြသည်။ ဇီဝအချက်အလက်ကောက်ယူရာမှာ အသက် ၂ နှစ်အထက်ရှိသူအားလုံးကို ကောက်ယူခြင်းဖြစ်ပြီး နာမည်၊ မိဘအမည်၊ အလုပ်အကိုင်၊ မြန်မာမှတ်ပုံတင်နံဘတ်၊…
Salai Vakok ရေးသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်အာဏာသိမ်း ၄ နှစ်ခွဲကျော်ကာလကို ပထမစာမျက်နှာလို့ ခေါ်ဆိုပြီး ဒုတိယစာမျက်နှာကို စတင်လိုက်ပြီလို့ ကြွေးကြော်ပြီးနောက်မှာ စစ်ကောင်စီကို ဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဆိုတဲ့ အမည်နာမတမျိုးဖြင့် ခြေလှမ်းစတင်ခဲ့သည်။ ဇူလိုင်လ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေးကို ကျင်းပ၍ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးပါ ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တင်ပြ၍ စစ်ကောင်စီကို ပယ်ဖျက်ခဲ့ ခြင်းဖြစ်သည်။ ယင်းကာ/လုံအစည်းအဝေးမှာပင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး တို့အတွက် လိုအပ်သော လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဥက္ကဌ တာဝန်ယူ၍ ဖွဲ့စည်းလိုက်သည်။ ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်၍ နိုင်ငံရေးပါတီများအဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်ကြရန် စစ်ကောင်စီက ယမန်နေ့ ကာ/လုံအစည်းအဝေးတွင် ထပ်မံကြေညာသည်။ စစ်တပ် ကျင်းပမည် ရွေးကောက်ပွဲသည် ချင်းပြည်နယ်တွင် ဟားခါးနှင့် တီတိန်မြို့ပေါ်မှာသာ ကျင်းပနိုင်ပြီး ယင်းရွေးကောက်ပွဲ ကိုလည်း လုံးဝ လက်ခံမည် မဟုတ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “နဂိုကတည်းက စကစက ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုပါဘူး။ တဖက်သတ် သူရဲ့ မြန်မာ့နိုင်ငံရေးမှာ ရေရှည်ရပ်တည်နိုင်ဖို့ လုပ်နေတာဖြစ်တဲ့အတွက် လုံးဝလက်မခံဘူးဆိုတာ ကျနော်တို့ တလျှောက်လုံး ပြောနေတာဖြစ်တယ်။…
