Author: Editor

မင်းတပ်မြို့ မီးသတ်ဦးစီးဌာန၊ မြို့မိမြို့ဖ လူကြီးတွေက ဗဟိုအစိုးရမှ ထုတ်ပေးထားသည့် မီးသတ် ကားသယ်ယူရေး လမ်းစ ရိတ်အတွက် မြို့ပေါ် ကုန်စုံဆိုင်များထံ အကန့်အသတ်မဲ့ ငွေကောက် ခံနေကြောင်း သိရသည်။

Read More

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ဒေသခံ အယောက် ၂၀၀၀ ကျော်က ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁၆)ရက်နေ့  နံနက်ပိုင်း ၁၀နာရီ ကစပြီး လျှပ်စစ်မီး ၂၄ နာရီရရှိရေးအတွက် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။

Read More

(တင်ပြသူ- ခွါနင်း လေသောင်) နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို နားလည်ရသည်မှာ ဒီမိုကရေကစီ အသွင် ကူးပြောင်းရေး နှင့် ပြည် တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ကချင်ပြည်မှာပဲ မအောင်မြင် သေးတာပါ၊ တ ဖြည်းဖြည်း အောင်မြင် လာမှာပါ… စသဖြင့် ။ မြန်မာအစိုးရက ကချင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေရသည်ကို ရိပ်မိပုံမပေါ်ချေ။ နိုင်ငံ တကာကို အကြိမ်ကြိမ် လိမ်လည် ခဲ့သော မြန်မာ အစိုးရအဆက်ဆက်သည် ဒီတစ်ခါလည်း ဒီမို ကရေစီနှင့် မျက်လှည့်ပြ လိမ်လည်နိုင်ခဲ့ပြီဟု သာ ပြောရပါတော့မည်။ မြန်မာအစိုးရက ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သလား၊ ၁၉၉၃ ခုနှစ်ကတည်းက ငြိမ်းချမ်းရေးရယူခဲ့ပြီးတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ဟာ မြန်မာ့နိုင် ငံရေး ပြောင်းလဲနေပြီ ဆိုတဲ့အခါ ကျမှ စစ်ပွဲနဲ့ ရင်ဆိုင်နေရသည်။ စစ်အစိုးရ ခေတ်သုံး ဝေါဟာရ ဟာ ပြည်သူက ရွေးချယ် တင်မြှောက်တဲ့ အစိုးရမဟုတ် သည့်အတွက် နိုင်ငံရေးဆွေးနွေးမှု မလုပ်နိုင် ဘူး၊ နောက် တက်လာမည့် အစိုးရနှင့်ပဲ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ကြပါ၊ အခုက စစ်မတိုက်ဖို့တစ်ခု တည်း ဆွေးနွေးမယ်၊ ပြီးတော့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ကြမယ်၊ ဟူ၍ ဖြစ်ပါသည်။ နိုင်ငံရေးဆွေးနွေးမှုမပါသည့် ထိုစဉ်က ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများကို လက်နက် ကိုင် တော်တော် များများက လက်မခံခဲ့ ကြပေ။ KIO အနေဖြင့် ဟုတ်ပြီ ငြိမ်းချမ်းရေး…

Read More

ချင်းပြည်နယ်၊ ရေဇွာမြို့နယ်ခွဲ၊ ဟရင်ထန်ကျေးရွာ အုပ်စု တွင် အုပ်စုစာရေး လစ်လပ်ရာထူးနေ ရာ အတွက် ဟရင်ထန်ကျေး ရွာသား (ဒေသခံ) ၊ မောင် ငွန်ဆန်းလျန် (ဘွဲ့ရ)၊ အသက် (၂၆)နှစ် က ရေဇွာမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ရုံး မှတဆင့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဟားခါးမြို့ သို့ ပြီးခဲ့တဲ့ နှစ် က အလုပ်လျှောက် လွှာတင်ခဲ့ ပါသည်။ ၄င်း၏ အလုပ်လျှောက်လွှာသည် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး၊ ဟားခါးမြို့သို့ ရောက် ရှိ သောအခါ၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ၄င်းလျှောက်လွှာရှင်သည် အသက် (၂၅)နှစ် ကျော်လွန်ပြီဖြစ်၍ အလုပ်ခန့်အပ် တာဝန်ပေးရန် မဖြစ်နိုင်တော့ကြောင်း ရေဇွာမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ထံ ပြန်လည်အကြောင်းခဲ့ပါသည်။ ထို့ကြောင့် ၄င်းနေရာတွင် ဒေသခံ၊ မောင်ငွန်ဆန်းအောင် (ဘွဲ့ရ)၊ အသက် (၂၄) သည် ရေဇွာမြို့ နယ် အုပ်ချုပ်ရေးမှူးရုံး မှတဆင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဟားခါးမြို့သို့ အလုပ်လျှောက် လွှာတင်ခဲ့ပါသည်။ မောင်ငွန်ဆန်းအောင်၏ အလုပ်လျှောက် လွှာသည် မြို့နယ်ခွဲရုံး မှ ခရိုင်ရုံး၊ ခရိုင်ရုံးမှ တဆင့်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးသို့ အဆင့်ဆင့် တင်ခဲ့ ရာ အချိန်များ ကြန့်ကြာ လျက် ပြည်နယ်ရုံး၊ ဟားခါးမြို့သို့ မရောက်ရှိသေးပါ။

Read More

ချင်းအမျိုးသားတပ်ဦး၏ ၂၀၁၃ – ၂၀၁၄ သက်တမ်း ဥက္ကဌ Pu Lian Uk  ယနေ့ ၉း၀၀ နာရီခန့် က ချင်းအမျိုး သားတပ်မ တော်အခြေခံ စစ်သင်တန်း သားများအား ကြည့်ရှုစစ်ဆေးသည်။

Read More

အယ်ဒီတာချုပ်ခင်ဗျား ၊ ယခုပေးစာကို သက်ဆိုင်ရာတွေ သိစေဖို့ ဖြန့်ပေးစေချင်တယ်၊ ကျတော် မနေနိုင်တော့လို့ပါ၊ ကျတော် ဟားခါးမြို့ပေါ် ဆတ်သားလမ်း( မတူပီလမ်း) က ပါ၊ ကျတော် ဒီ လမ်းမှာ နေလာခဲ့တာ ၆ နှစ်၊ ၇ နှစ်ခန့်ရှိပြီ၊ ကျ တော်ပြောချင်တာက မြို့ပေါ် လျှပ်စစ်မီးကိစ္စပါ၊ ကျတော် အ ထက်တာဝန်ရှိတွေကို အပြစ်ဖို့ ပြောနေတာမဟုတ်ပါ၊ ၄င်းတို့ရဲ့ လက်အောက်ငယ်သား လျှပ်စစ် ၀န်ထမ်းတွေကို အဓိက ပြောချင်တာပါ၊ ကိစ္စအတွက် သူတို့ကို ဖုန်းဆက်တိုင်း ရေရာတဲ့ တုံ့ပြန်မှုမရှိခဲ့ပါ။

Read More

ယခုလ ဇန္န၀ါရီလ (၈) ရက်နေ့က မင်းတပ်မြို့နယ် မောင်းချောင်းတံတား ချင်းလူမျိုး ကျောက်စိမ်း လောပန် ပူး ဟုန်နိန် တည်ဆောက်ပေးခဲ့သည့် မောင်းချောင်း တံတားကို ပြည်နယ် စည်ပင်ဝန်ကြီး ဦးနိန်နိုင်းမှ ဖွင့်လှစ်ပေး ခဲ့သည်။

Read More

ဒီဇင်ဘာလ ၂၃ ရက်နေ့က ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ပြည်နယ်ငါးမွေးမြူရေးရုံး ဖွင့်လှစ်လိုက်ကြသည်။ ရုံးနေရာ အကျယ်အ၀န်း ၄ ဒသာမ ၅၅၅ ဧကခန့်ရှိပြီး ငါးကန် (၄) ခုကို တူးဖော်ကြမည်ဖြစ်သည်။

Read More

သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ချင်းအမျိုး သားတပ်ဦး အကြား ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်းပြည်နယ် ထန်တ လန်မြို့နယ် အတွင်း CNF မှ ရရှိထားသည့် နယ်မြေအတွင်း ဗဟိုဌာနချုပ် ကို Camp Victoria  ဟု အမည်မှည့် ကြသည်။

Read More