Author: Editor

ဒေသခံအဘွားအိုတစ်ဦး စားစရာမရှိ၍ အသီးအရွက်ကိုသာ တနှစ်ခန့်အကြာ စားသောက်နေရ (006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲတွင် ဒေသခံပြည်သူတချို့သည် အခြေခံစားနပ်ရိက္ခာ ရှားပါးမှုများ ကြုံတွေ့နေရပြီး ဒေသခံ အဘွားအိုးတဦးသည် စားစရာမရှိသောကြောင့် တနှစ်ခန့်ကြာ အသီးအရွက်များကိုသာ ရှာဖွေစားသောက်နေထိုင်ရသည်ဟု သိရသည်။ မင်းတပ်မြို့က အဘွားအို ၁ ဦးသည် စားစရာ ဆန်၊ ဆီ၊ ဆား မရှိသောကြောင့် ငှက်ပျောအူ၊ ငှက်ပျောသီး၊ ငှက်ပျောဖူးအပါအဝင် အသီးအရွက်တွေကိုသာ တောတောင်ထဲ ရှာဖွေစားသောက် ရှင်သန်နေရသည်။ မင်းတပ်မြို့နယ်အတွင်း ယင်းအဖွားအိုကဲ့သို ဒေသခံပြည်သူတွေ အများအပြားရှိနေသည်ဟု မင်းတပ်မြို့က အဘွားအိုတဦးအကြောင်း ရုပ်သံရိုက်ကူးဖော်ပြသူ ဆလိုင်းနိုင်းဟုန်းက ပြောသည်။ “ဒီအတိုင်းပဲ စားစရာ ဆန်မရှိလို့ ငှက်ပျောအူတို့ ငှက်ပျောသီးတို့၊ ငှက်ပျောဖူးတို့ပဲစားပြီး အခုထိ နေလာတာပါ။ ကျနော်သွားပြီးမှ ဆန်၊ ဆီ၊ ဆား နည်းနည်းပါးပါး ကျနော်တတ်နိုင်သလောက်လေး သူ့ကို မျှဝေဖြစ်ပါတယ်။ သူ့မှာ စားစရာ ဆန်၊ ဆီ၊ ဆား မရှိလို့ အသီးအရွက်တွေပဲ ပုံမှန် တောထဲကခူးပြီး အမြဲတမ်းစားနေတာပါ။ ဒီလိုမျိုးတွေ မင်းတပ်မြို့နယ်ထဲမှာ အများကြီးရှိနေပါတယ်။ စစ်ဘေးလည်း မရှောင်နိုင်ဘူး။ စစ်ဘေးရှောင်ဖို့လည်း မတတ်နိုင်တဲ့ ပြည်သူတချို့ပေါ့ဗျာ။ စားသောက်စရာတွေ အရမ်းခက်ခဲ ဖြစ်နေပါတယ်” ဟု ဆလိုင်းနိုင်းဟုန်းက ပြောသည်။ မင်းတပ်မြို့ပေါ်က အဘွားတဦး၏အခြေအနေ ရုပ်သံကို မင်းတပ်ဒေသခံ ဆလိုင်းနိုင်းဟုန်းက ဖေဖော်ဝါရီလ ၂၈ ရက်က ရိုက်ကူးဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းအဘွားသည် မင်းတပ် မြို့သိမ်းစစ်ဆေးရေးကာလ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အများအပြားရှိသော်လည်း အိုးအိမ်စွန့်ခွာမပြေးဘဲ…

Read More

(006SV) တော်လှန်ရေးကာလ ချင်းပြည်ကို ဦးဆောင်မည့် ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၁၅ ခုဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့က ချင်းလဲန်းကောင်စီက ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ်ကျော်ရှိလာပြီဖြစ်သည်။ ယင်းဝန်ကြီးဌာနအနက် ပြည်ထဲရေးဝန်ကြီးဌာန၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်၊ အခက်အခဲ စိန်ခေါ်မှုအခြေအနေ၊ တရားဥပဒေ စိုးမိုးရေး၊ ရဲတပ်ဖွဲ့ဖွဲ့စည်းရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့်အခြေအနေများကို သိရှိနိုင်ရန် ချင်းပြည်အစိုးရအဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး Pu Robin ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းသည်။ မေး – ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ထောင်အပြီး ၁ နှစ်အကြာမှာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့ပါသလဲ။ ဘာတွေ အောင်မြင်မှု ရှိထားပါသလဲ။ ဖြေ – ချင်းပြည်အစိုးရ တည်ထောင်တာ ၁ နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ဟာ ကိုယ်ပိုင် ဥပဒေပြုပြီး ဖွဲ့စည်းရတဲ့ အစိုးရဖြစ်ပါ တယ်။ အစိုးရဆိုတာ ဥပဒေနဲ့ပဲ အလုပ် လုပ်ရတာဖြစ်တဲ့အတွက် ဥပဒေတွေကို စပြီးတော့ ရေးဆွဲပါတယ်။ ဥပဒေရေးဆိုတာမှာ ကိုယ့်သဘောနဲ့ကိုယ်၊ အာဏာရှင်လို ရေးဆွဲလို့ မရတဲ့အတွက် ပြည်သူတွေကို ကွင်းဆင်းပြီး စည်းရုံးတာတွေ လုပ်တယ်။ ရှင်းပြတာတွေ လုပ်တယ်။ ပြီးရင် ခေါင်းဆောင်ပိုင်းတွေ ပါဝင်တဲ့ workshop တွေကို သုံး/လေးကြိမ် ပြုလုပ်ခဲ့တယ်။ ပြီးတော့ ဒေသစုံက ပါဝင်တဲ့ ကိုယ်စားလှယ်တွေ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဥပဒေကြမ်းကော်မတီ ကနေ ဖြတ်သန်းပြီးတော့ ရေးဆွဲတယ်။ နောက်ပြီးတော့ လွှတ်တော်ကို…

Read More

ငြိမ်းချမ်စွာ ဆွေးနွေးအဖြေရှာနိုင်ခြင်းက နွေဦးတော်လှန်ရေးအင်အားစုများအတွက် စံပြုထိုက်ဟု NUG ဆို (006SV) ချင်းတော်လှန်ရေးအင်အားစု ၂ ခုဖြစ်သည့် ချင်းလဲန်းကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်များ ရရှိခဲ့ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ကြိုဆိုဂုဏ်ပြုကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ဦးဆောင် သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ချင်းအင်အာစုများ ပြန်လည်ပေါင်းစည်းရန် သဘောတူညီချက် ရရှိခြင်းဖြစ်သည်။ ချင်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့များဖြစ်သည့် CC နှင့် ICNCC တို့အကြား သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီး ချင်းပြည်သူ တရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုမည့် “ချင်းအမျိုးသားကောင်စီ” ဟူသော ကောင်စီတရပ် တည်ထောင်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် NUG အစိုးရက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုပါကြောင်း ထုတ်ပြန်သည်။ ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီခြင်းမှာ ချင်းအမျိုးသားတစ်ရပ်လုံးနှင့် အနာဂတ်ပြည်ထောင်စုအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်ဟု NUG အစိုးရက ဆိုသည်။ ချင်းနှစ်ဖွဲ့အကြား အယူအဆ၊ သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ခြင်းသည် ချင်းနိုင်ငံရေး ဦးဆောင် ၂ ဖွဲ့၏ နိုင်ငံရေး သဘောထားကြီးမှုကို နွေဦးတော်လှန်ရေး အင်အားစုများအတွက် ဒီမိုကရေစီ အလေ့အကျင့်ကောင်းအဖြစ် စံပြုထိုက်ဖွယ်ဖြစ်သည်ဟု NUG က…

Read More

(004SS) ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေသော CDF-Thantlang က အခြေခံ စစ်ပညာ သင်တန်း အပါတ်စဉ် (၁၁) ကို မကြာခင်ဖွင့်လှစ်မှာဖြစ်ပြီး တက်ရောက်မည့်သူများကို ဖိတ်ခေါ်နေသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေး၊ ချင်းပြည်သူများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် လက်တွဲပါဝင်လိုသူများ ပါဝင်နိုင်ရန် အခြေခံစစ်သင်တန်းကို ဖွင့်လှစ်မည်ဟု ဖေဖော်ဝါရီလ ၂၄ ရက်နေ့က CDF-Thantlang က ထုတ်ပြန်သည်။ “အခု Basic Military training က အပါတ်စဉ် ၁၁ အတွက် ခေါ်ယူနေတာဖြစ်တယ်။ လက်ရှိမှာ သင်တန်းအ‌ေကြာင်း မေးမြန်းတဲ့သူတွေ ရှိနေပါပြီ။ သင်တန်းမှာ အမျိုးသား/အမျိုးသမီး၊ လူမျိုး/ဘာသာမရွေး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ကျန်းမာတဲ့သူ၊ စစ်ဉပဒေ လိုက်နာနိုင်မဲ့သူ၊ CDF-Thantlang မှာ အနည်းဆုံး တစ်နှစ် ပါဝင်နိုင်တဲ့သူ၊ ကျရာတာဝန် ထမ်းဆောင်ဖို့ ကတိပြုနိုင်တဲ့ ဘယ်သူမဆို ဒီသင်တန်းမှာ တက်လို့ရပါတယ်။ အမျိုးသမီးအတွက်လဲ ပါဝင်မှုအလိုက် အစီအစဉ်တွေရှိပါမယ်” ဟု CDF-Thantlang အခြေခံစစ်ပညာသင်တန်းမှ တာဝန်ရှိသူက ပြောသည်။ သင်တန်းတွင် အ‌ေခြခံစစ်ပညာများ ပို့ချပေးသွားမည့်အပြင် ချင်းအမျိုးသား တည်ဆောက်ရေး၊ နိုင်ငံရေးဆိုင်ရာ အသိပညာရပ်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဉပဒေများကိုလည်း ပို့ချပေးသွားမည်ဟု တာဝန်ရှိသူထံမှ သိရသည်။ CDF-Thantlang အနေဖြင့် အခြေခံပညာစစ်သင်တန်းအပြင် မွမ်းမံသင်တန်းကိုလည်း ၆ ကြိမ်အထိ ပို့ချပေးနိုင်ခဲ့ပြီဟု သိရသည်။

Read More

(006SV) ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်ကျေးရွာများက အိမ်မွေးခွေးနှင့် ကြောင်များကို ခွေးရူးပြန်ကာကွယ်ဆေး လိုက်လံထိုးနှံပြီးပြီဖြစ်ကြောင်း မင်တပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဌာနထံမှ သိရသည်။ မင်းတပ်မြို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပြန်လည်နေထိုင်မည့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက် ခြင်းဖြစ်သည်ဟု သိရသည်။ မင်းတပ်မြို့အတွင်း ပိုင်ရှင်မဲ့များအဖြစ် လေလွင့်နေသော ခွေးနှင့် ကြောင်းများ၊ မြို့ပတ်လည်ရှိ ကျေးရွာများမှ မွေးမြူးထားသော အိမ်မွေးခွေးနှင့် ကြောင်များကို ခွေးရူးပြန် ကာကွယ်ဆေး အခမဲ့ လိုက်လံထိုးခြင်းနှင့် ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းတို့ ပြီးစီပြီဖြစ်ကြောင်း မင်းတပ်မြို့နယ် ပအဖက ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်သည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီ နှစ်လနီးပါးအကြာ ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ နှစ်ရှည်လများ အိုးအိမ်စွန့်ခွာရသည့် ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နှင့် CDF – မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။ မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ ကင်းစင်ဒေသအဖြစ် ကြေညာထားပြီဖြစ်သည်။

Read More

လက်နက်ငယ် ၂၀ ၊ ကျည် ၄၀၀၀ ကျော် သိမ်းဆည်းရမိ (006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အာရက္ခတပ်တော် (AA) က လေကြောင်းရန် ကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်စဉ် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ စစ်သုံ့ပန်း ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုထံမှ သိရသည်။ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် တည်ရှိရာ တောင်ကုန်းကို အာရက္ခတပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက်စဉ် ကာကင်းစခန်းများမှ တပ်စခန်းစွ့န် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်ဆီးရမိထားခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုက ဖေဖော်ဝါရီလ ၂၆ ရက်မှာ ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောတွင်းနေရာ အသီးသီးတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။ MA – 1 သေနတ် ၁၃ လက်၊ MA – 2 ၁ လက်၊ MA – 3 ၃ လက်၊ MA – 11 ၂ လက်၊ MA- 5 ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY…

Read More

ချင်းတော်လှန်ရေးအင်အားစု ၂ ခုဖြစ်သည့် ချင်းလဲန်းကောင်စီ(CC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့က “ချင်းအမျိုးသားကောင်စီ” အမည်ဖြင့် ကောင်စီသစ်တရပ်ကို ပူးပေါင်းဖွဲ့စည်းရန် ယနေ့သဘောတူညီခဲ့ ကြသည်ဟု သိရသည်။ ချင်းတော်လှန်ရေးအင်အားစု ၂ ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ဦးဆောင်သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ယခုကဲ့သို့သဘောတူညီချက်တရပ်ထွက်ပေါ်လာခြင်းဖြစ်သည်။ ချင်းပြည်သူလူထုအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းကို မဖြစ်သင့်ကြောင်း လက်ခံယုံကြည်ကြသည်နှင့် အညီ ကောင်စီသစ်တရပ်အဖြစ်ပေါင်းစည်းရန်သဘောတူညီခဲ့ကြပြီး ကောင်စီအမည်ကို “ ချင်းအမျိုးသား ကောင်စီ” ဟု ခေါ်တွင်ရန် သဘောတူညီခဲ့ကြသည်ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်သော ချင်းလဲန်းကောင်စီနှင့် ICNCC တို့၏ ပူးတွဲကြေညာချက်မှာဖော်ပြထားသည်။ ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ “ဒီဟာကို ဖွဲ့စည်းဖို့အတွက်ကတော့ အခြေခံဖွဲ့စည်းပုံတစ်ခုပြန်ပြီးတော့ ချဉ်းကပ်ဖို့လိုအပ်တယ်လေ ချင်းလဲန်းကောင်စီ ဘက်ကရော၊ ICNCC ဘက်ကရော ကျနော်တို့လက်ရှိကိုင်စွဲနေတဲ့ Constitution၊ Charter မူကြမ်းတွေကိုယူလာပြီး တော့မှ Combine ပြန်လုပ်ရမှာပေါ့၊ သဘောထားတွေစုစည်းပြီးတော့မှ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ဒီ Constitution ကနေတဆင့် စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ လက်တွဲနိုင်ဖို့အတွက်ကို Drafting ကော်မတီဖွဲ့မယ်ဆိုတာသဘောတူ ခဲ့ကြပါတယ် အမြန်ဆုံးဖြစ်မြောက်ဖို့ ကြိုးစားကြရမှာပေါ့” ချင်းလဲန်းကောင်စီ ဒုဥက္ကဌ ၁ ဆလိုင်းမင်းညိုက ပြောသည်။ ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အပြီးသတ်ရေးဆွဲပြီးနောက်မှာ ကောင်စီသစ်တရပ်ကိုဖွဲ့စည်းရမှာ ဖြစ်ပြီး ယခင်ရှိခဲ့သည့် ချင်းလဲန်းကောင်စီ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ကို ဖျက်သိမ်းပြီး…

Read More

(006SV) CDF – မတူပီ၊ တပ်မဟာ – ၂၊ အောက်ချင်းတပ်ရင်း (တပ်ရင်း – ၂) က ညီလာခံတရပ်ကို အောင်မြင်စွာကျင်းပခဲ့ပြီး တပ်အင်အားဖြည့်တင်းနိုင်ရေးအတွက် စစ်ရေးကဏ္ဍတချို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ “ကျနော်တို့ အဓိက ဆွေးနွေးတာက တပ်ကျစ်လစ်ခိုင်မာမှုရှိအောင် ပိုပြီးတော့ တပ်အင်အား ဖြည့်တင်းနိုင်အောင် ကျနော်တို့ အဓိက ဆွေးနွေးတာပါ။ တခြားထွေထွေထူးထူးရယ်လို့တော့ မဟုတ်ပဲနဲ့ တချို့စစ်ရေးအခြေအနေအရ လုံခြုံရေးအရ ပြောလို့ မရတာတွေလည်း ရှိပါသေးတယ်။ ရှေ့လုပ်ငန်းစဉ်က တပ်မဟာကနေ အကုန်လုံး ချမှတ်ထားတာကို တပ်ရင်းတွေက လိုက်နာပြီး လက်တွေ့အကောင်အထည်ဖော်တာ ရှိလိမ့်မယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ တပ်မဟာ – ၂ ၊ တပ်ရင်း ၂ ၏ ၄ ကြိမ်မြောက်ညီလာခံကို အောင်မြင်စွာကျင်းပခဲ့သည်ဟု သိရသည်။ အောက်ချင်းတပ်ရင်း (တပ်ရင်း -၂) သည် တော်လှန်ရေး ၄ နှစ်တာအတွင်း ကျဆုံးရဲဘော် ၇ ဦးနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၁၆ ဦးအထိ ရှိခဲ့သည်ဟု သိရသည်။ “ကျဆုံးသွားတဲ့ ရဲဘော်တွေထဲမှာ‌တော့ မိုင်းဆရာလည်း ပါတယ်။ တပ်ခွဲမှူးတွေ၊ တပ်စိပ်မှူးတွေ ပါတယ်။ အဓိကက တိုက်ပွဲမှာ ကျဆုံးတာက များပါတယ်” ဟု တပ်မဟာ -၂ မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။…

Read More

(006SV) မင်းတပ်မြို့နယ်တွင် အရပ်သားပြည်သူများအနေဖြင့် လက်ဝယ်ထားရှိသော လက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့များထံ မတ်လ ၁၅ ရက် နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်လာသည်။ ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်း အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိခြင်းကြောင်း လက်နက်ခဲယမ်းများ အပ်နှံရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု CDM – မင်းတပ်က ဖေဖော်ဝါရီလ ၂၅ ရက်မှာ ထုတ်ပြန်သည်။ တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်နှင့် အခြားလက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံ မတ်လ ၁၅ ရက်မှာ နောက်ဆုံးထား၍ အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ထားသော ဆုကြေးနှင့် ဝယ်ယူထားသော လက်နက်ခဲယမ်းများကို တန်းဖိုးထုတ်ပေးမည်ဟု သိရသည်။ သတ်မှတ်ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းများကို ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဟု CDF – မင်းတပ်က ဆိုသည်။ အရပ်သားပြည်သူများအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိသော လက်နက်ခဲယမ်းဖြစ်စေ၊ အခြားတနည်းနည်းဖြင့် ရရှိသော လက်နက်ခဲယမ်းဖြစ်စေ CDF – မင်းတပ်ထံ အပ်နှံရမည်ဟု သိရသည်။ CDF – မင်းတပ်သည် မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး ၂ လနီးပါးခန့်တွင် မင်းတပ်မြို့နယ်အတွင်း လက်နက်ခဲယမ်းထိန်းချုပ်နိုင် ရေးအတွက် ဆောင်ရွက်လာခြင်းဖြစ်သည်ဟု နားလည်ရပြီး CDF မင်းတပ်တာဝန်ရှိသူများကို ဆက်သွယ်မေး မြန်းထားသော်လည်း ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည်ပိုင်းအထိ မရရှိသေးပါ။ ဖေဖော်ဝါရီလ ၁၁…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာကြကြောင်း သိရသည်။ ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၂၄ ရက်နေ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသော Senthang Revolution Force- SRF နှင့် CDF– Hakha ထံ အလင်းဝင်လာကြခြင်းဖြစ်သည်။ ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦးသည် MA 1 သေနတ် -၂ လက်နှင့်အတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ၎င်းတို့ထံအလင်းဝင်ရောက်လာကြောင်း Senthang Revolution Force- SRF က ယမန်နေ့တွင် ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူများကို ငွေသား လက်ဆောင်များချီးမြင့်ပေးသည့်အပြင် အခြားသောအဖိုးတန်ပစ္စည်းများကိုလည်း ချီးမြှင့်‌ေပးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော ရဲဘော်အားလုံးကိုလည်း အလင်းဝင်လာကြရန် အမြဲတမ်းကြိုဆိုကြောင်း SRF က ဖိတ်ခေါ်ထားသည်။ အလားတူ ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ‌ေတာ့ဘဲ လက်နက်ခဲယမ်းများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အလင်းဝင်လာခဲ့သည်ဟု Chinland Defense Force – Hakha ကလည်း ယမန်နေ့တွင်ထုတ်ပြန်သည်။ ယခုကဲ့သို့ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြဲကြိုဆိုပြီး ဆုငွေများ ချီးမြှင့်‌သည့်အပြင် နောက်နောင် အလင်းဝင်လိုသူများကို လည်း ကြိုဆိုကြောင်း၊ ၎င်းတို့ကို လွတ်မြောက်နယ်မြေ ရောက်သည်အထိ တာဝန်ယူသွားမည်ဖြစ်ကြောင်း…

Read More