(004SS) မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်မှ စစ်ကောင်စီထံ လွှဲပြောင်းပို့ခံရသော မြန်မာနိုင်ငံသား အမျိုးသမီးနှင့်ကလေး ၂၇ ယောက်ကို စစ်ကောင်စီက တမူးမြို့မှာ ဆက်လက်ဖမ်းဆီးထားကြောင်း ၎င်းဖြစ်စဉ်ကို သိရှိသူ အမျိုးသားတစ်ဦးထံမှ သိရသည်။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သည်ဟု တိုင်ကြားချက်ကြောင့် အသက်မပြည့်သေးသော ကလေးငယ် ၇ ဦးနှင့် အမျိုးသမီး ၂၀ ဦး တို့ကို စစ်ကောင်စီက မိသားစုထံ အိမ်ပြန်ခွင့်မပေးဘဲ တမူးမြို့အချုပ်ထဲတွင် ဆက်လက် ချုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။ “အခုတမူးအချုပ်ထဲမှာ ထဲ့ထားပြီးတော့ ကိုယ့်စရိတ်ကိုယ်စားနေရတယ်။ သူတို့မှာလည်း အထင်လွဲစရာရှိတာ တွေက ဘာလဲဆိုတော့ အရင်က Lamka မြို့မှာ ဆန္ဒပြပွဲတွေလုပ်တယ်။ အကျီတွေ၊ ဘာတွေရန်ပုံငွေ ကမ်ပဲန်းတွေလုပ်တယ်။ သူတို့က အဲဒီအဖွဲ့ထဲမှာ ပါတယ်ဆိုပြီးတော့မှ သူများတွေက စကစကို သတင်းပေးတဲ့အခါကျတော့ အဲဒီအဖွဲ့တွေကို မလွှတ်တော့ဘဲနဲ့ အချုပ်ထဲမှာပဲထိန်းသိမ်းထားတယ်“ ဟု ၎င်းက ပြောသည်။ ၎င်းတို့ကို မိသားစုဝင်များနှင့် တွေ့ဆုံ စကားပြောခွင့်ပြုပေးထားသော်လည်း အချုပ်ထဲတွင် မိမိစရိတ်နှင့် စားသောက်နေရ ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသား ၂၇ ယောက်သည် မဏိပူရ်ပြည်နယ်၊ အင်ဖားမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်တွင် နိုင်ငံခြားသား အက်ဥပဒေဖြင့် ၃ နှစ်ကျော်ကြာ ထောင်ဒဏ်ကျခံပြီးနောက် မတ်လ ၂၁ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးနယ်စပ် ဂိတ်မှတစ်ဆင့် စစ်ကောင်စီထံ လွှဲပြောင်းပေးခံရသူများဖြစ်ကြသည်။ ၎င်းတို့သည် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ နေထိုင်ကြသူများဖြစ်ကြသည်။ အိန္ဒိယအစိုးရအနေဖြင့် မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထောင်ဒဏ် ချမှတ်ခံထားရသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံ သုံးကြိမ်…
Author: Editor
(006SV) မင်းတပ်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပေးထားသည့် လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ပစ္စည်းများကို မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက သုံးစွဲထားသော လက်ကျန်များ သိမ်းဆည်းရမိသည်ဟု မင်းတပ်တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မင်းတပ်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီ အထိုင်ချစခန်းတချို့တွင် UNHCR ၏ လူသားချင်းစာနာမှုထောက်ပံ့ပစ္စည်းလက်ကျန်များကို တွေ့ရှိရခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိ သူ ကိုယောမာန်က ပြောသည်။ “ယူအင်ရဲ့ ထောက်ပံ့မှုဖြစ်တဲ့ ဆန်၊ ဆီတွေကို စကစတွေ သုံးထားတာ လက်ကျန်တွေ တွေ့ရပါတယ်။ တခြား ဘယ်ပစ္စည်းတွေ သုံးကြလဲ၊ ပါဝင်လဲဆိုတာတော့ မသိရပါဘူး။ မင်းတပ်မြို့ပေါ်က စကစရဲ့ အခြေချစခန်းတစ်ခုပါပဲ။ ဘယ်စခန်းဆိုတာထက်လေ။ စကစက အခြေချစခန်းတစ်နေရာမှာပဲ။ အဲဒီ ရိက္ခာလက်ကျန်တွေနဲ့ UNHCR မိုးကာတွေ တွေ့ရတာပါ။ တခြား စကစ အခြေချ မဟုတ်တဲ့ နေရာမှာလည်း UN မိုးကာတစ်ခု၊ နှစ်ခု တွေ့ရတာ ရှိပါတယ်” ဟု ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီအထိုင်ချစခန်းများတွင် လက်ကျန်ပစ္စည်းများကို တွေ့ရှိရခြင်းဖြစ်၍ မြို့သိမ်းတိုက်ပွဲ ကာလမှာလည်း ယင်းအထောက်အပံ့ပစ္စည်းများကို စစ်ကောင်စီတပ်က အသုံးပြုနိုင်သည်ဟု ကိုယောမာန်က ပြောသည်။ လူသားစာနာထောက်ပံ့အကူအညီများ အားလုံးသည် လိုအပ်နေသော ဒေသခံပြည်သူများထံ ရောက်ရှိခြင်းမရှိဘဲ စားနပ် ရိက္ခာများအား မင်းတပ်မြို့ခံများကို ရောင်းစားရန်၊ မက်လုံးပေး စွဲဆောင်ရန်နှင့် ဒေသခံလူထုကို စစ်ကြောင်းထိုး၊ ဖမ်းဆီးသတ် ဖြတ်သော နေရာများတွင် စစ်ကောင်စီက အသုံးပြုခဲ့သည်ဟု…
(005MK) အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အကြား လွတ်လပ်စွာသွားလာခွင့် FMR စနစ်ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို အဆုံးတိုင် ဆက်လက်ကန့်ကွက်သွားမည်ဟု Zo Reunification Organization (ZORO) က ပြောဆိုလိုက်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ZORO ဗဟိုဌာနချုပ် အိုင်ဇောလ်မြို့ ရုံးခန်းမှာ ယမန်နေ့ နေ့လည် ၁၂ နာရီက အစည်းအဝေး တရပ်ကျင်းပပြုလုပ်ကာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ “အိန္ဒိယဗဟိုအစိုးရအနေဖြင့် မိမိတို့သွေးချင်းညီအကိုများနှင့် လွတ်လပ်စွာဝင်ထွက်သွားလာနိုင်သောဥပဒေ FMR ကို ဖျက်သိမ်း၍ နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်မှုသည် မိမိတို့လူမျိုးများအတွက် စိုးရိမ်မကင်းဖြစ်ရပြီး မိမိတို့ ရသင့်ရထိုက်သော အခွင့်အရေးများကို ဖိနှိပ်ချိုးဖောက်ခံရခြင်းဖြစ်သည့်အတွက် အဆုံးတိုင် ဆက်လက်ဆန့်ကျင်ကန့် ကွက်သွားမည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်သူတွေအနေဖြင့်လည်း လက်ရှိပကတိအနေအထားကိုကြည့်၍ မိမိတို့လူမျိုးများ၏ ရှေ့အနာဂတ်ကို ရှေးရှုကာ တိုင်းပြည် နဲ့ လူမျိုးအတွက် အကောင်းဆုံးအရာကိုပြန်လည်စဉ်းစားသုံးသပ်ပြီး ZORO ၏ ဆောင်ရွက်ချက်များကို အားပေးထောက်ခံကြရန်လည်း တောင်းဆိုထားသည်။ Free Movement Regime (FMR) ကိုဖျက်သိမ်းကာ Border fencing နယ်စပ်ခြံစည်းရိုးခတ်မည်ဟု သတင်းစတင် ပေါ်ထွက်လာကတည်းက ဇိုး (ချင်း) လူမျိုးများက ဆန့်ကျင်ခဲ့ကြသည့်နည်းတူ ZORO ကလည်း တတ်နိုင်သည့်ဘက်မှ ဆန့်ကျင်ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများသာမကဘဲ မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာပင် ဆန့်ကျင်ကန့်ကွက်သောအဆိုလည်း တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်း ZORO ကပြောသည်။ ထိုကဲ့သို့ တညီတညွတ်တည်းဆန့်ကျင်ကန့်ကွက်ခဲ့ကြသော်လည်း ယခုနောက်ပိုင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ခံယူချက်ပြောင်းလဲသွားသူများတွေ့လာရသည့်အပေါ် များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ZORO…
(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒေသခံပြည်သူများကို ခြိမ်းခြောက်၍ ငွေညှစ်နေသော စစ်ကောင်စီ ရဲတပ်သား ၂ ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း CDF ဟားခါးက ယနေ့ ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်သည်။ ဧပြီလ ၂၁ ရက်က ပြည်သူများကို လက်နက်အားကိုးပြီး ခြိမ်းခြောက်၍ ငွေညှစ်နေသောကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်ဟု CDF ဟားခါးက ဆိုသည်။ ဖမ်းဆီးရမိသူများထံမှ ပစ္စတို ၁ လက်နှင့် ခဲယမ်းတချို့၊ ဖုန်း ၇ လုံး၊ ငွေကြေးတချို့နှင့် စားသောက်ကုန်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။CDF – ဟားခါးထံသို့ ရဲတပ်သား ၂ ဦးကို မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။ ပြည်သူများကို ဒုက္ခမျိုးစုံပေးနေသော စစ်ကောင်စီအဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံ အရေးယူသွားမည်ဖြစ်ကြောင်း CDF – ဟားခါးက ထုတ်ပြန်သည်။ တော်လှန်ရေး ၄ နှစ်တာအတွင်း CDF – ဟားခါးသည် ဟားခါးမြို့တွင် စစ်ဆင်ရေးကို ၁၅၀ ကြိမ် ဆင်နွှဲထားပြီး ဟားခါးမြို့ နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို ၁၇ ကြိမ် တိုက်ခိုက်ထားကြောင်း သိရသည်။ CDF – ဟားခါး ပါဝင်သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေး ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။
(004SS) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းရွာက နို့စို့အရွယ် ကလေးငယ်၏ မိခင်တစ်ဦးအား အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၂ ဦးမှ မုဒိမ်းကျင့်ပြီး ရေနှစ်သတ်ရန်ကြိုးစားမှုအပေါ် ULA/ AA အနေဖြင့် နစ်သာသူ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေမည့် အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းပေးရန် IKACC/ PC က တောင်းဆိုသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) က ULA/ AA တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းကာ ယခုဖြစ်ပွားနေသော အမှုသည် ULA/AA ၏ ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပွားသည့် ကြီးမားသော အမှုဖြစ်ခြင်းကြောင့် နစ်နာသူနှင့် မိသားစုလုံခြုံရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဖြေရှင်းရန် တောင်းဆိုခဲ့ကြောင်း IKACC/ PC မှ တာဝန်ရှိသူက ပြောသည်။ “အခု AA ရှိတဲ့အချိန်မှာ ဒီအမှုတွေက ဖြစ်ပေါ်လာတာဖြစ်လို့ ကျွန်တော်တို့ ULA/AA ကို ပြစ်တင်ရှုတ်ချတာမျိုး မဟုတ် သော်ငြားလည်း အခု လက်ရှိမှာ AA ရဲ့ ထိန်းချုပ်နယ်ပယ်မှာ အခုလိုဖြစ်တာဆိုတော့ အေအေအနေနဲ့ အကောင်းဆုံး တာဝန်ယူမှု၊ တာဝန်ခံမှုအနေနဲ့ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ဟာ။ ပြီးတော့ ဒီအမှုက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းရဲ့ ချိုးဖောက်တဲ့အမှုလို့တော့ မြင်တယ် သို့သော် လူမျိုးတူခြင်းမတူခြင်းအပေါ် အခုလို ဖြစ်တာက ကျွန်တော်တို့ ခူမီး တစ်ရပ်လုံးကို စော်ကားသလို ဖြစ်တယ်ဆိုတာ လှမ်းပြောထားတယ်။ ဆိုတော့ ဒီအမှုကို အကောင်းဆုံးဘယ်လို လုပ်ဆောင်မလဲ၊ ကျွန်တော်တို့ လိုလားတာသည် ဒီအမျိုးသမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ…
(006SV) ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်သော CDF – ဇိုဖေ၏ တော်လှန်ရေး ၄ နှစ်ကာလအတွင်း ချင်းရဲဘော် ၁၆ ဦး ကျဆုံးခဲ့ရပြီး ရဲဘော်အများအပြား ထိခိုက်ဒဏ်ရာရရှိခြင်း၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၆ ရက်က Chinland Defense Force – Zophei တည်ထောင်ခြင်း လေးနှစ်ပြည့်ခြင်းကို ဧပြီလ ၂၁ ရက်က ထုတ် ပြန်ချက်တွင် ကျဆုံးရဲဘော်များအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းကာ စစ်မှန်သော လွတ်လပ်ရေး ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ပြီး ပြည်တွင်း ပြည်ပ ပြည်သူများအနေဖြင့် ဆုတောင်းခြင်း၊ ငွေကြေးထောက်ပံ့ကူညီခြင်းနှင့်အတူ တော်လှန်ရေး တွင် မိမိတတ်စွမ်းရာ အခန်းကဏ္ဍမှ ပါဝင်သွားကြရန် တိုက်တွန်းထားသည်။တော်လှန်ရေး ၄ နှစ်တာမှာ မဟာမိတ်ကောင်းပီသစွာ ရပ်တည်ပေးကြသော မဟာမိတ်အဖွဲ့အစည်းများ အားလုံးအပေါ် အထူးကျေးဇူးတင်ရှိပြီး ရှေ့ဆက်၍ တော်လှန်ရေးလုပ်ငန်းများ အတူလက်တွဲ ဆောင်ရွက်သွားလိုကြောင်း CDF- ဇိုဖေက ထုတ်ပြန်သည်။ CDF – ဇိုဖေသည် ချင်းပြည်ချင်းလဲန်းနှင့် မြန်မာပြည်တဝန်းတွင် တော်လှန်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့သော သူရဲကောင်းများကို မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု ထုတ်ပြန်သည်။ CDF – ဇိုဖေ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ဇိုဖေရမ်းကောင်စီသည် ဖိုဖေရမ်းဒေသတွင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်နိုင်ရေးအတွက် ဇိုဖေရမ်အက်ဥပဒေကို ပြဌာန်းပြီး အကောင်အထည်ဖော်နေသည်။ ဇိုဖေရမ်းကောင်စီသည် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတို့နှင့် ပူးပေါင်းပြီး စစ်ရေး၊…
(004SS) ချင်းပြည်နယ် မရာဒေသအတွင်းရှိ လူငယ်များ စစ်သင်တန်းတက်ရောက်ရန် MTC/MDF က ကျေးရွာပေါင်း ၄၀ မှ ရပ်ရွာအုပ်ချုပ်ရေးမှူးများထံ အကြောင်း ကြားစာပေးပို့တောင်းခံခဲ့သည့်အတွက် လူငယ်အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ Maraland Territorial Council/Mara Defense Force အနေဖြင့် မရာနယ်ကို ကာကွယ်ရန် စစ်သင်တန်းတက်ရမည့် လူငယ်များ စေလွတ်ပေးကြရန် ရွာပေါင်း ၄၀ က ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဧပြီလဆန်းပိုင်းက အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း CDF-Mara တာဝန်ရှိသူတစ်ဦးကပြောသည်။ “အခုလက်ရှိ မရာနယ်မှာ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီကနေ စာထုတ်ပြီးတော့ စစ်သင်တန်းတက်ဖို့ ခေါ်ထားတာ ရှိတယ်။ ရွာအကြီးတွေဆိုရင် တစ်ရွာမှာ အယောက် ၅၀၊ ၄၀၊ ၂၀ ၊ ၁၅ ဆိုပြီးတော့ ရွာတိုင်းကို စာပို့တယ်။ သူတို့က အုပ်ချုပ်ရေးမှူးတွေစီကို စာပို့ပြီးတော့ လူကို စတောင်းတာ။ အဲဒါကို လူငယ်တွေက စစ်သင်တန်းတက်ဖို့ အကြောင်းကြား စာ ရောက်တာနဲ့ သူတို့က ကြောက်လို့ လူငယ်အယောက် ၁၅၀ လောက်က မရာနယ်ကနေ ပြင်ပကို ထွက်ပြေးပြီးတော့ တိမ်းရှောင်နေကြတယ်” ဟု CDF-Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ လက်ရှိတွင် စစ်သင်တန်းတက်ရောက်ရန် အမည်စာရင်းပေးထားသူ လူနည်းစုသာရှိပြီး အများစု ထွက်ပြေးကြသည်ဟု ၎င်းက ဆက်ပြောသည်။ စစ်သင်တန်းတက်ရောက်ရန် အသက် ၁၈ – ၄၅ နှစ်ရှိ လူငယ် အမျိုးသားများကို ခေါ်ယူနေခြင်းဟု သိရပြီး အများစုမှာ ထွက်ပြေးနေကြသောကြောင့်…
(002MG)/ (004SS)စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် ပြင်ဆင်နေသည့် အတွက် တမူးမြို့သို့ သယ်ယူပို့ဆောင်နေ သော ကုန်စည်များအားလုံးကို ဧပြီလ ၂၀ ရက်နေ့ကစ၍ ပိတ်ပင်ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန် ထားသည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော တမူးမြို့သည် စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲရန်နှင့် စစ်ကောင်စီကို ရိက္ခာများဖြတ်တောက်ရန် ယခုကဲ့သို့ပိတ်ပင်ခြင်းဖြစ်သည်ဟု သိရသည်။ “တမူးမြို့သိမ်းစစ်စင်ရေးဆင်နွှဲမှာဖြစ်တဲ့အတွက် တမူးမြို့သို့ သယ်ယူပို့ဆောင်နေသော ကုန်စည်များအားလုံးအားလုံး သယ်ဆောင်ခြင်းမပြုပါဘူး၊ တစ်ဘက်အိန္ဒိယနိုင်ငံဖက်အခြမ်းကိုလဲသယ်ယူပို့ဆောင်ရောင်းဝယ်ခြင်းလုံးဝလုံးဝမရပါ၊ ခိုးယူသယ်ဆောင်ခြင်း၊ ဒေသတွင်းတပ်ဖွဲ့များကိုငွေကြေးလာဘ်ထိုးကာ တရားမဝင်သယ်ဆောင်ခြင်းများ လုံးဝလုံးဝ မပြုကြရန် သတိပေးအပ်ပါတယ်” ဟု တမူးခရိုင်အမှတ်(၂) တပ်ရင်းက တာဝန်ရှိသူက ဖော်ပြထားသည်။ ယခုထုတ်ပြန်သည့် အမိန့်ကို လိုက်နာခြင်းမရှိပါဘဲ ကုန်စည်ကူးသန်းပို့ဆောင်ခြင်းများရှိခဲ့ပါက ထိရောက်စွာ အရေးယူခံရမည်ဟုလည်းဆိုသည်။ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း ငွေကြေးကောက်ခံ၍ ခိုးလမ်းကြောင်းများမှ တရားမဝင်လွှတ်ပေးသည့် သတင်းသော်လည်းကောင်း၊ မျက်မြင် ဖမ်းစီးမိလျှင်သော်လည်ကောင်း သက်ဆိုင်ရာ စစ်စည်းမျဥ်းစည်းကမ်းအတိုင်း ထိရောက်စွာ ဖမ်းစီးအရေးယူသွားမည်ဟု တမူးခရိုင် အမှတ် (၂) တပ်ရင်းတာဝန်ရှိသူက ဆိုသည်။ ယခုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ သတင်းထုတ်ပြန်မှုရှိလာသောကြောင့် တမူးမြို့ပေါ်တွင် ကုန်ဈေးနှုန်းမျာမြင့် တက်လာကာ ကုန်ပစ္စည်းများလည်း ပြတ်လပ်မှုများရှိလာကြောင်း တမူးမြို့ခံတစ်ဦးကပြောသည်။ “လူငယ်တွေက လိုင်းပေါ်ကနေ ကြေညာလိုက်တာ။ ၂၀ ရက်နေ့က နောက် ဆုံးထားပြီးတော့ တင်းတင်းကြပ်ကြပ် ပိတ်လာတာပေါ့။ ဘုက္ကန်ကျေးရွာက ဂိတ်ဆုံးပဲ။ အောက် ပိုင်း ကနေလာတဲ့ပစ္စည်းတွေအားလုံး ဒီအိန္ဒိယဖက်ခြမ်း ကို လုံးဝမဝင်ရ၊ ပြောရမယ်ဆိုရင် တမူးမြို့ကို အပ်တိုတချောင်းမှမဝင်ရဘူး။ ကုန်ဈေးနှုန်းတွေ ကတက်တာပေါ့။ စားသောက်ကုန်၊…
ZRA မှ ရဲဘော် ၄ ဦး ကျဆုံး၊ ၆ ဦး ဒဏ်ရာရဟုဆို (006SV) ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် တွန်းဇန်မြို့ကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA) က အင်အား ၃၀၀ ကျော်ဖြင့် ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ZRA မှ ရဲဘော် ၄ ဦးကျဆုံးကာ ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ဧပြီလ ၂၀ ရက်က တွန်းဇန်မြို့ကို ZRA တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာ ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြန်လညဆုတ်ခွာသွားသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “တွန်းဇန်မြို့ပေါ်နဲ့ တွန်းဇံနယ်ထဲမှာ အခု တိုက်ပွဲက တကြောပြန် တိုက်ပွဲလို့ ပြောလို့ရပါတယ်။ မနေ့က ၂၀ ရက်နေ့မှာ ZRA က အင်အားအလုံးအရင်နဲ့ တွန်းဇန်မြို့ထဲကို တက်လာတာ ရှိပါတယ်။ အဲဒါကို ကျနော်တို့က ကျနော်တို့ နေတဲ့ နေရာတွေကို သူတို့က ပစ်ခတ်မှု လာလုပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့က တုန်ပြန်တယ်။ မနေ့ကတည်းက သူတို့ အားလုံးက တွန်းဇန်မြို့ထဲကနေ ပြန်ဆုတ်ပါတယ်။ သူတို့ဘက်က ၄ ယောက် ကျသလို၊ ၆ ယောက်လောက် ဒဏ်ရာရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ZRA တပ်ဖွဲ့များသည် ကျီးခါးမြို့ဘက်ခြမ်းကို ပြန်လည်ဆုတ်ခွားသွားကြခြင်းဖြစ်ပြီး အပြီးတိုင် ဆုတ်ခွာသွားခြင်း မဟုတ်သောကြောင့် တိုက်ပွဲများ အချိန်မရွေး…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များက တော်လှန်ရေးအရှိန် အဟုန်မြှင့်တင်ရန် တပ်သားသစ်များဖိတ်ခေါ်လျှက်ရှိကြသည်။ ကလေးဒေသတော်လှန်ရေးတပ် (KRF) က တော်လှန် ရေးတပ်သားသစ်များ ဖိတ်ခေါ်နေကြောင်း ယနေ့ဧပြီလ ၂၁ ရက် နေ့မှာထုတ်ပြန်ထားသည်။ “တပ်သားသစ်ခေါ်ယူတာကတော့ တော်လှန် ရေးအရှိန်ဟုန် မြှင့်တင်နိုင်ဖို့ တပ်ကိုလည်း ပိုပြီးတော့ တိုးချဲ့တည်ဆောက် နိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ တပ်သားသစ် ခေါ်ယူတာဖြစ်ပါတယ်” ဟု ကလေးဒေသတော်လှန်ရေးတပ် (KRF) တာဝန်ရှိသူတစ်ဦးကပြောသည်။ အသက် (၁၈) နှစ်မှ ၄၀ နှစ်အတွင်းရှိသူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် လွတ်လပ် မျှတငြိမ်းချမ်းသည့် ဖယ်ဒရယ်ဒီမို ကရေစီပြည် ထောင်စုသစ် ဖြစ်ပေါ်ရေးအတွက် စိတ်အားထက်သန် ယုံကြည်စွာပါဝင်ဆောင်ရွက်လိုသော မည်သူမဆို ဝင်ရောက်နိုင်ကြောင်း ကလေးဒေသတော်လှန်ရေးတပ် (KRF) က ထုတ်ပြန်ထားသည်။ KRF တပ်ဖွဲ့သည် ချင်းပြည် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ကလေးဒေသ အခြေပြုတပ်ဖွဲ့တစ်ခုဖြစ်သည်။ တော်လှန်ရေးအား ကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွဲရန် တပ်သားသစ်အဖြစ်လျှောက်ထားလိုပါက (KRF) Page Messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဖော်ပြထားပါသည်။ အလားတူ Ranger Kalay Defence Force (RKDF) ကလည်း ရဲဘော်အသစ်များ ခေါ်ယူနေကြောင်းသိရသည်။
