Author: Editor

ရေး – Salai Vakok “ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး” ဖလမ်းမြို့ကနေ မိသားစုနဲ့အတူ စစ်ဘေးရှောင်ပြေးနေရတဲ့ ဆလိုင်းဗန်ထော (အမည်လွှဲ) ရဲ့ စိုးရိမ်ပူပန်မှုနဲ့ ပြောဆိုလာမှုပါ။ ကိုဆလိုင်းဗန်ထော ရည်ညွှန်းပြောဆိုတာက တူမီးစွဲကိုင်တော်လှန်ကြတဲ့ ချင်းအင်အားစုတွေဟာ နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးရှိလာချိန်မှာ အချင်းချင်း နိုင်ငံရေးသဘောထားကွဲလွဲမှုက ညှိလို့မရဘဲ ပိုရှုပ်ထွေးမယ့်အလားအလာတွေ ဖြစ်ပေါ်နေတာကိုဖြစ်ပါတယ်။ CNF ဦးဆောင်တဲ့ ချင်းအင်အားစုတွေက ချင်းပြည်ဖွဲ့စည်းပုံကို ရေးဆွဲပြဌာန်းပြီး ချင်းပြည်အစိုးရ တည်ထောင်မှု တနှစ်နီးပါးရှိလာချိန်မှာ ချင်းညီနောင်အင်အားစုကလည်း အစိုးရ ဖွဲ့နိုင်ဖို့ Charter မူကြမ်းကို ရေးဆွဲထားပြီလို့ အသိပေးလာပါတယ်။ ဒါက နိုင်ငံအနောက်ပိုင်း တောင်တန်းဒေသမှာ ချင်းတော်လှန်ရေးအင်အားစုတွေကို “စင်ပြိုင်အစိုးရ” တွေအဖြစ် မြင်တွေ့ရမလားဆိုတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာခြင်းပါ။ “ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ပြန်ပေါင်းစည်းဖို့ တောက်လျှောက် ပြောပေမယ့် တဖက်မှာ ဒီတာဝန်ရှိ သူတွေက ပြန်ပေါင်းဖို့ လမ်းကြောင်း မတွေ့ရဘူးလို့ မြင်တယ်။ စကစနဲ့ ဖြစ်နေတဲ့ ဒေါင်လိုက်ပြသနာကို ဖြေရှင်း နေရအချိန်မှာ အလျားလိုက်ပြသနာက ပိုကြီးထွားလာတာက တော်တော်လေး စိုးရိမ်စရာ ကောင်းတယ်” လို့ ကို Edward က ပြောပါတယ်။ နယ်ပယ်စုံက ချင်းအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းတဲ့ ကို Edward တို့ရဲ့ Chin Civic Movement – CCM ဟာ လူထုစစ်တမ်းတွေ ကောက်ယူပြီး ချင်းအကွဲအပြဲကို ပြန်စုစည်းကြဖို့ ဆော်ဩနေကြတာ ဖြစ်ပါတယ်။…

Read More

စစ်သုံ့ပန်း ၁၇၀ နီးပါးကို ၎င်းတို့မိသားစုဝင်များနှင့်အတူ ဖမ်းဆီးရမိထား (006SV) ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တွင် စစ်ကောင်စီအထိုင်ချစခန်း ၁၂ ခုကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ အင်အား ၁၇၀ နီးပါး နှင့်အတူ ၎င်းတို့ မိသားစုဝင်များပါ လက်နက်ချ အညံ့ခံမှုများ ရှိသည်ဟု ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။ “လက်နက်ချအညံ့ခံတဲ့ စစ်သုံ့ပန်းတွေ အကုန်လုံးကို ကျနော်တို့ လုံခြုံတဲ့ တ တနေရာကို ခေါ်ဆောင်သွားပါတယ်။ တိုက်ပွဲနဲ့ ကင်းဝေးတဲ့ နေရာကို ခေါ်ဆောင်သွားပါတယ်။ ပြီးမှ လုံလုံခြုံခြုံ ထားရှိပါတယ်” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေး ဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတပ် (မင်းတပ်) မြလေးပွင့်စေတီကုန်း၊ ၄ မိုင်းကုန်း စသည့် စစ်ကောင်စီ တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စခန်း ၇ ခုကို ချင်းညီနောင်တပ်ဖွဲ့က ထိန်းပိုက်ထားပြီးဟု သိရသည်။ ကျန်ရှိနေသော မင်းတပ်ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့ဝန်းနှင့် ခလရ – ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်က မင်းတပ်၊ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးနှင့် စပ်လျဉ်၍ တလကျော်အကြာတိုက်ပွဲအပြီး ထုတ်ပြန်ရာတွင် ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက် မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်…

Read More

(006SV) မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်များအကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီသည် လေကြောင်းဖြင့် အတွဲလိုက်ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေကြောင်း မင်းတပ် ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၉ ရက် မနက် ၂ နာရီခန့်က မင်းတပ်မြို့ပေါ် တိုက်ပွဲဖြစ်ပွားသော နေရာဝန်းကျင်ကို စစ်ကောင်စီသည် Y- 12 လေယာဉ်ဖြင့် ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ဒေသခံတဦးက ပြောသည်။ “ဒီမနက် ၂ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်မှု ရှိပါတယ်။ မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ လေကြောင်း တိုက်ခိုက်မှုလုပ်နေပါ။ သူတို့က Y – 12 လေယာဉ်နဲ့ ၁၂၀ မမ ဗုံးသီးတွေ ချတာပါ။ အနီးကပ်လည်း မဟုတ်တော့ ဘယ်လိုအခြေအနေရှိလဲက သိပ်ပြီးတော့ မပြောတတ်ဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။ နိုဝင်ဘာလ ၉ ရက်က စတင်ခဲ့သော မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်မှ အောင်မြင်မှု တော်တော်များများကို ရရှိထားသည်ဟု CDF – မင်းတပ် တာဝန်ရှိသူများက ပြောသည်။ မင်းတပ်မြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီသည် ဒီဇင်ဘာလ ၁၂ ရက်မှ စတင်၍ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုများကို နေ့မှာသာမက ညဘက်များတွင်ပါ အတွဲလိုက်ဗုံးများဖြင့် ပြင်းပြင်းထန်ထန်ပစ်ကူ ပေးနေကြောင်း ဒေသခံတချို့က ပြောသည်။ မင်းတပ်မြို့သိမ်း စစ်ဆင်ရေး ၁ လကျော် ရှိလာချိန်တွင် ဒီဇင်ဘာလ ၁၂ ရက်မှ…

Read More

(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အကျဉ်းထောင်ထဲ မူးယစ်မှုဖြင့် အကျဉ်းကျနေသော မြန်မာနိုင်ငံက ချင်းအမျိုးသမီးနှစ်ဦးသည် ယနေ့မနက်အစောပိုင်းက ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြသည်ဟု သိရသည်။ အဆိုပါအမျိုးသမီးနှစ်ဦးမှာ ကလေးမြို့ တာဟန်း C ရပ်ကွက်မှာနေထိုင်သော အသက် ၃၆ နှစ်အရွယ် Vansuiengi နှင့် ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် (Khawmawi) တွင်နေထိုင်သော အသက် ၄၄ နှစ်အရွယ် Lalchhanmawii တို့ဖြစ်ကြသည်ဟု မီဇိုရမ် ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သော Bengvarna က ဖော်ပြသည်။ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်မနက်အစောပိုင်း ၂ နာရီခန့်တွင် သွပ်ပြားဖြင့်ကာရံထားသော ထောင်နံရံကို ချိုးဖောက်ပြီး ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးသည် ဘိန်းဖြူကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများဖြစ်ကြပြီး တရားရုံးတွင် အမှုရင်ဆိုင်နေဆဲကာလဖြစ်သည်ဟု ဆိုသည်။ Lalchhanmawii သည် ယခင်ကလည်း ဘိန်းဖြူကြောင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ထောင်ဖောက်ထွက်ပြေးခဲ့ပြီးဖြစ်သည်။ သူမကို ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်နေ့မှာ ကျန်ဖိုင်းမြို့တွင် ပြန်လည်ဖမ်းဆီးခဲ့ကြသည်။ ယခုအခါ ဒုတိယအကြိမ်မြောက် ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။

Read More

(002MG) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေချိန် ပြည်သူများအနေဖြင့် ဘာသာရေးအခမ်အနားနှင့် ပွဲများ၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပခြင်းမပြုလုပ်ရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့မှာ သတိပေးထုတ်ပြန်သည်။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် မင်းတပ်မြို့တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘာသာရေးနှင့်ဆိုင်သော ပွဲလမ်းသဘင်များ၊ ရိုးရာပွဲလမ်းသဘင်များ လုံးဝမပြုလုပ်ရန် ထုတ်ပြန်ခြင်းဖြစ်သည်။ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း မင်းတပ်မြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ မင်းတပ်မြို့ ပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပြခြင်း မပြုလုပ်ရန် ဇွန်လဆန်းကလည်း ထုတ်ပြန်ထားကြောင်း သိရသည်။ လက်ရှိ မင်းတပ်မြို့တိုက်ပွဲများတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို ပေါင် ၅၀၀ ဗုံး၊ အတွဲလိုက်ဗုံးအပါအဝင် ဗုံးအများအပြားအဖြင့် ဒီဇင်ဘာလ ၁၂ ရက်မှ ယနေ့ ၁၇ ရက်အထိ နေ့စဉ်ပြုလုပ်နေကြောင်း မင်းတပ်မြို့ခံတချို့ထံမှ သိရသည်။ ယနေ့ မနက်ပိုင်းတွင်လည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် Y-12 ကင်းထောက်လေယာဉ်၊ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး၊၁၂၀ ဗုံးသီး ၃ လုံးတွဲ၊ ၅ လုံးတွဲ၊ ၈ လုံးတွဲများဖြင့် ၁၁ ကြိမ်၊ ဗုံးသီး ၆၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ခံတစ်ဦးထံမှ သိရသည်။ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသော်လည်း လုံခြုံရေး၊ ဆက်သွယ်ရေးအခက်အခဲများဖြင့် အသေးစိတ် သိရှိနိုင်ခြင်း မရှိသေးပေ။ ပြီးခဲ့သည့် နိုဝင်ဘာ (၉)…

Read More

(002MG) ချင်းပြည်နယ်တွင် ခရစ်ယာန်ဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကို လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကြောင့် ယခုနှစ်တွင်လည်း စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိဘဲ အသင်းတော်လိုက် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်သာ ပြုလုပ်နိုင်မည်ဟု သိရသည်။ ဟားခါးမြို့နယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ တာဝန်ရှိသူတဦးက “ဒီနှစ်တော့ ခရစ္စမတ်လုပ်လို့တော့ရပါတယ်။ ဒါပေမယ့် ပျော်ပွဲရွှင်ပွဲလိုမျိုးတော့ မလုပ်ဖို့ နည်းနည်းသတိထားဖို့ လိုပါတယ်။ အခုကျွန်တော်တို့ အခြေအနေရပေါ့။ ပုံမှန် ဝတ်ပြုစည်းဝေး၊ ဆုတောင်းပွဲနဲ့ညစာစားပွဲလိုမျိုးတော့ လုပ်လို့ရပါတယ်။ ပထမတော့ ကိုဗစ်နိုင်တင်းကြောင့်နဲ့ ဒီနိုင်ငံရေး အခြေအနေကြောင့်ပေါ့။ အဲ့တာတွေကြည့်ပြီး ပျော်ပွဲရွှင်ပွဲလုပ်ဖို့ မသင့်တော်ဘူးဆိုပြီး မလုပ်တာဖြစ်တယ်” ဟု ပြောသည်။ ယေရူမွေးဖွားသော ဒီဇင်ဘာလ (၂၅) ရက်ကို ခရစ္စမတ်ပွဲတော်အဖြစ် ခရစ်ယာန်ဘာသာဝင် (၉၀) ရာခိုင်နှုန်းခန့် နေထိုင်ကြသည့် ချင်းပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာဖြင့် မြို့နယ်အသီးသီးတို့တွင် ကျင်းပလေ့ရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပနိုင်ခြင်းမရှိသည်မှာ (၃) နှစ် ရှိလာပြီဖြစ်သည်။ ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမူတော်ဆောင်များအဖွဲ့ (HCMF) သည် နိုဝင်ဘာလ (၄) ရက်က အစည်းအဝေးကျင်းပပြီ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော် (အသားပေါ်ပြီး အတူစားသောက်ပွဲလုပ်ခြင်း) မပြုလုပ်ရန်၊ ဘုရားကျောင်း၊ ရပ်ကွက်နှင့် ကိုယ်ပိုင်အနေဖြင့် အသားသတ်ကာ အတူစားသုံးခြင်းများနှင့် ဘုရားကျောင်း၊ အိမ်နှင့် လမ်းများတို့တွင် အလှဆင်ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားသည်။ ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်ခြင်း၊ ဆက်ကပ်ဆုတောင်းခြင်းနှင့် အိမ်တွင်းပိုင်းများကိုသာ အလှဆင်ကြရန် HCMF က တောင်းဆိုသည်။ လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် စည်းကားသိုက်မြိုက်စွာဖြင့် မကျင်းပနိုင်သော်လည်း…

Read More

(006SV) မလေးရှားနိုင်ငံ၊ နီလိုင်းမြို့မှာ ကျင်းပသည့် ခရစ္စမတ်ပွဲတွင် ချင်း၊ ရခိုင်အပါအဝင် မြန်မာနိုင်ငံသား ၇၀ နီးပါး ဖမ်းဆီးခံရပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် တရားရင်ဆိုင်ရမည်ဟု မလေးရှားနိုင်ငံရောက်၊ ချင်းအရေး လှုပ်ရှားသူများက ပြောသည်။ မလေးရှားနိုင်ငံ၊ နီဂရီဆီမီလန်းပြည်နယ်၊ နီလိုင်းမြို့တွင် ဒီဇင်ဘာလ ၁၄ ရက်က ကျင်းပသော ခရစ္စမတ်ပွဲသည် ပွဲပြုလုပ်ရန် ခွင့်ပြုချက် မရှိဘဲ ကျင်းပသော ပွဲဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့နှင့် လူဝင်ကြီးကြပ်ရေး အာဏာပိုင်းများက ၎င်းည ၁၀ နာရီခန့်တွင် ပူးပေါင်း ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။ “အဲဒီမှာ ခရစ်မတ်ပွဲအတွက် ပွဲလုပ်ဖို့ ခွင့်ပြုချက် ယူထားတာတွေ မရှိတော့ အဲဒီမှာ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေးက ပူးပေါင်းပြီးမှ ဝင်စစ်တယ်။ စစ်တဲ့အခါမှာ ကတ်မရှိတဲ့ လူတွေကို အကုန်လုံး ဖမ်းသွားတယ်။ အဲဒီမှာ ပါတာက ချင်းရယ်၊ ရခိုင်ရယ်၊ ဗမာရယ် ပါတယ်။ စစ်ဆေးပြီးမှ ဘာမှ အထောက်အထား မရှိတဲ့ လူ ၆၉ ယောက်ကို ဖမ်းထားတယ်” ဟု မလေးရှာမှ ချင်းအရေးလှုပ်ရှား ဆောင်ရွက်သူ တဦးက ပြောသည်။ ခရစ္စမတ်ပွဲတွင် ချင်း၊ ရခိုင်အပါအဝင် မြန်မာနိုင်ငံသား ၂၅၀ ကျော်ကို မလေးရှားအာဏာပိုင်များက ဖမ်းဆီး စစ်ဆေးခဲ့ပြီး ပွဲစီစဉ်သူ ၄ ဦးအပါအဝင် အထောက်အထားမရှိသူ ၆၉ ဦးတို့ ဖမ်းဆီးလိုက်သည်ဟု သိရသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၂၀ မှ ၄၆ နှစ်ကြား အရွယ်များ ဖြစ်ကြပြီး…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်များ ဖမ်းဆီးခံရမှု ပိုမိုများလာသည့်အတွက် ပြည်သူများ စိုးရိမ်နေကြသည်ဟု သိရသည်။ ယခု ဒီဇင်ဘာလထဲတွင် စစ်ကောင်စီတပ်ဖွဲ့က ယခင်က ဖမ်းဆီးမှုများပိုလုပ်လာနေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း အလုပ်ကပြန်လာသည့် အသက် (၁၈) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ “သူက တောင်ဇလပ်ရပ်ကွက်မှာနေတာ လူငယ်လေးပဲရှိသေးတယ် အလုပ်ဆင်းပြီး အိမ်ပြန်လာတဲ့အချိန် ဖမ်းခံရတာ နှစ်ယောက် သူ့သူငယ်ချင်းကတော့ ဖမ်းခံရတဲ့ နောက်နေ့မှာပဲ သူ့မိသားစုက သိန်း (၂၀) နဲ့ ပြန်ရွေးတာရတယ်၊ သူကျတော့ ပိုက်ဆံနည်းနည်းအခက်အခဲဖြစ်တော့ ဒီအပတ်ထဲသွားတော့ ရွေးလို့မရတော့။ သင်တန်းပို့လိုက်ပြီ အဲ့လိုပဲဖြေခဲ့တယ်။ သူ့အတွက် ဆုတောင်းရုံပဲရှိတော့တယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ပြီးခဲ့သည့်လများတွင် ဖမ်းဆီးခံရသူများသည် ကျပ်သိန်း (၂၀) မှ (၅၀) အထိ ငွေကြေးပေးဆောင်ကာ ပြန်လည်ရွေးယူ၍ရသော်လည်း ယခုနောက်ပိုင်းတွင် စစ်မူထမ်းသင်တန်း တက်ရောက်ရန်အတွက် လေ့ကျင့်ရေးသင်တန်းကျောင်းကို တန်းပို့လေ့ရှိပြီး ပြန်ရွေးရန် အခက်အခဲရှိလာပြီဟု သိရသည်။ ထိုသို့ ကလေးမြို့ပေါ်တွင် လူငယ်များအား ဖမ်းဆီးခံရမှုများပြားလာခြင်းကြောင့် ကလေးမြို့ပေါ်ရှိ လူငယ်ရှိသည့် မိဘများအကြား နေ့စဉ်စိုးရိမ်မှုမြင့်တက်နေရကြောင်း မိခင်တဦးက ပြောသည်။ “အိမ်က သားတွေက အသက်က (၁၂) နှစ်အရွယ်ရှိပေမယ့် လူကောင် ဖွံ့ဖြိုးတော့ လူလတ်ပိုင်းတွေလို့ ထင်ခံနေရတာ ဒီလထဲမှာ ပိုပြီး စကစတွေက ဖမ်းဆီးတာတွေ လုပ်လာတာကြားရတယ်၊ ကလေးတွေအတွက် အတော်လေး စိတ်ပူနေရတယ်၊ ရွေ့ပြောင်းရအောင်လည်း ငွေကြေးမတတ်နိုင်ဘူး၊ အတတ်နိုင်ဆုံးတော့…

Read More

လူသေဆုံးမှုရှိသော ဖမ်းဆီးထိန်းသိမ်းမှုကို အရေးယူပေးရန် ZFU/PDF – Zoland တောင်းဆို (006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ချင်းအမျိုးသားတပ်မတော် CNA က စိတ်ကျန်းမာရေးချို့ယွင်းသူ ဒေသခံတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် ရက်ပိုင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်က တာန်လန့်ခန့်ဆွင်းသည် တွန်းဇံမြို့သို့ သွားရောက်စဉ် တုန်းတွောင်ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၉ ရက်က CNA တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းမှာ သေဆုံးခဲ့သည်ဟု PDF – Zoland နှင့် CDF – တွန်းဇံ တပ်ဖွဲ့များထံမှ သိရသည်။ “တုန်းတွောင်ဂိတ်မှာ CNA ကင်းသမားက ရပ်ခိုင်းတာကို မရပ်ပဲ ထွက်ပြေးသွားတယ်တဲ့။ လိုက်ဖမ်းတာ၊ ပြန်မိတယ်။ သူတို့က တွန်းဇံမြို့နယ်ကောင်စီဥက္ကဌ ကျနော်ဆီကို လာအပ်တယ်။ ဗစ်တိုရီးယာကမ့်စခန်းမှာ ချင်းလဲန်းကောင်စီဦးဆောင်ကော်မတီ အစည်းအဝေး လုပ်နေချိန်ဆိုတော့ ကျနော်က မရှိဘူး။ ကျနော်မရှိတော့ CNA က သူတို့ဘာသာပဲ ထောင်ထဲမှာ ထည့်ပြီးတော့ မေးမြန်းချက် လုပ်ကြတော့ သူက လုံးဝ ပြန်မထူးဘူးတဲ့။ စကားတခွန်းပဲ ပြောတယ်။ “မွာလ်ပီးရွာမှာ ခိုင်နီးသွား ငုံမလို့” တဲ့။ နောက်ပိုင်းတော့ ဒီလူက စိတ်မနှံ့သူ ဖြစ်နိုင်တယ်ဆိုပြီးတော့ ဆက်မမေးတော့ပဲ စောင်တွေ စီစဉ်ပေးပြီး အိပ်ခိုင်းတယ်တဲ့။ မနက် မိုးလင်းတော့ ကင်းသမား ကြည့်တော့ သူက သေသွားတယ် ပြောတယ်” ဟု CDF တွန်းဇံ စစ်ဦးစီးချုပ် ထန်ဆွန်မုန်းက…

Read More

လက်နက်ခဲယမ်း၊ ကျည်များ လိုအပ်နေဟု CNDF ဆို (006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့် ချင်းညီနောင် စစ်ဆင်ရေးသည် တလပြည့်သွားပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ “ကျေးဇူးတော်ကြောင့် အောင်မြင်မှုတစ်ချို့ရရှိခဲ့သလို ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲပါ။ အဖက်ဖက်က ကျဆုံးနေတဲ့ အကြမ်းဖက်စကစတပ်ကလည်း လေကြောင်း၊ missile တွေနဲ့ တောက်လျှောက် စစ်ကူပေးနေတဲ့အတွက် ဆက်လက်ပြီး အလုံးစုံအောင်မြင်နိုင်ဖို့ ပြည်သူတွေရဲ့ ရပ်တည်ပေးမှု၊ ဆုတောင်းပေးမှုနဲ့ လက်နက်ခဲယမ်း၊ ကျည်တွေ ထောက်ပံ့မှု လိုအပ်နေပါတယ်” ဟု CNO/ CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။ မင်းတပ်နှင့် ဖလမ်းက စစ်ကောင်စီစခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းပူးပေါင်းတပ်များနှင့် မဟာမိတ်အဖွဲ့များက နိုဝင်ဘာလ ၉ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ လက်ရှိ မင်းတပ်မြို့တိုက်ပွဲတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အများအပြား ရှိနေပြီး တိုက်ပွဲများ ပြင်းထန်နေ သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။ ချင်းပူးပေါင်းတပ်သည် မင်းတပ်မြို့တွင် စစ်ကောင်စီစခန်း အများအပြားကို ထိုးစစ်ဆင်ကာလအတွက် သိမ်းပိုက်ထားနိုင်သည့် အောင်မြင်မှုများ ရရှိထားသည်ဟု သိရသည်။ ဖလမ်းမြို့တိုက်ပွဲတွင်လည် ချင်းပူးပေါင်းတပ်က နေရာတချို့ကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ၏ အခိုင်အမာစခန်း တချို့ ကျန်ရှိနေသေးသည်ဟု သိရသည်။ ခလရ – ၂၆၈ အပါအဝင် ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဆက်လက်ခုခံခြင်း မပြုပါက သွားလိုရာနေရာကို သွားခွင့်ပေးမည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်…

Read More