Author: Editor

(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီးသိန်း ၃၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား (Methamphetamine) ၂၉ ကီလိုကျော်ကို ယနေ့မနက်ပိုင်းက ဖမ်းဆီးရမိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ မီဇိုရမ်ရဲတပ်ဖွဲ့လက်အောက်ခံ CID(SB) နှင့် Special Narcotic ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်ညက မူးယစ်ဆေးဝါးနှိမ်နှင်းရေးလှုပ်ရှားမှုဆောင်ရွက်ရာမှာ ယနေ့မနက်ပိုင်း ၁၂ နာရီခွဲခန့်မှာ အိုင်ဇောလ်မြို့အ ထွက် Zemabawk ရပ်ကွက်တွင် ဆုတောင်းဆောင်နေရာအနီးမှာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာဘက်မှ‌ထွက်လာသော Scorpio ကားတစ်စီးကို ရှာဖွေစစ်ဆေး ကြည့်ရာမှာ အလေးချိန် ၂၉ ကီလိုကျော်ရှိသော စိတ်ကြွဆေးပြားများကို ဖမ်းဆီးခဲ့ခြင်းပြီး ဒေသပေါက်ဈေး အရ ရူပီးငွေ သိန်း ၃၈၀ ကျော်တန်ဖိုးရှိသည်ဟု သိရသည်။ မူးယစ်ဆေးဝါးနှင့်အတူ ကလေးမြို့ တာဟန်းရပ်ကွက်နေ အသက် ၃၀ အရွယ် Tlangthanmawia ကိုလည်း ဖမ်းဆီးပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် နိုင်ငံခြားသားအက်ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။ ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုမကြာခဏရှိနေပြီး နိုဝင်လာလ ၂၆ ရက်နေ့ကလည်း ဘိန်းဖြူ ၈ ကီလိုကျော် (ရူးပီးငွေ သိန်း ၂ ထောင်ကျော်) ကို ဒေသခံ ၃ ယောက်ထံမှ ဖမ်းဆီးရမိခဲ့သည်။

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သွားမည်ဟု ချင်းပြည်အစိုးရကထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲမှာ လုမ်သဲပြည်သူ့ဆေးရုံကို စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦး နှင့် အနီးနားကပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်အစိုးရက နိုဝင်ဘာလ ၂၇ ရက်နေ့ညက ထုတ်ပြန်သည်။ စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများ မှီခိုအားထားနေရသော ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် စစ်ကောင်စီသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး ချင်းပြည်က အပြစ်မဲ့ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်သည့်အပြင် လူမျိုးတုံးသတ်ဖြတ်မှုများကို ရက်ရက်စက်စက် ကျူးလွန်နေသည်ဟု ချင်းပြည်အစိုးရကပြောသည်။ လုမ်သဲဆေးရုံဗုံးကြဲခံရမှုနှင့် အပြစ်မဲ့ပြည်သူများသေဆုံးမှုအပေါ် လွန်စွာဝမ်းနည်းကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သောအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုလည်း ပြင်းထန်စွာ အရေးယူသွားမည်ဟု ချင်းပြည် အစိုးရက ထုတ်ပြန်ထားသည်။

Read More

(004SS) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြပြီး ယခုလျှင် ၂ နှစ်ကျော်ရှိလာပြီဖြစ်သည်။ ယခုလက်ရှိတွင် ပလက်ဝမြို့နယ်ထဲက ပလက်ဝကောင်စီထိန်းချုပ်နယ်မြေတချို့နှင့် အိန္ဒိယ-မြန်မာနယ်စပ် စစ်ဘေးရှောင် စခန်းများတွင် ကျောင်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းသူကျောင်းသား ၇၀၀၀ ကျော်က ပညာသင်ကြားလျှက်ရှိသည်။ ပလက်ဝမြို့နယ်သည် အာရက္ခတပ်တော် AA သိမ်းပိုက်အုပ်ချုပ်နေသည့်အတွက် ကြားကာလပညာရေးဖော်ဆောင်သည့် နေရာတွင် အခက်အခဲများကြုံနေကြသည့်အပြင် ကျောင်းဆရာ/ဆရာမမလုံလောက်မှု၊ ကျောင်းသင်ထောက်ကူပစ္စည်း လိုအပ်ချက်များနှင့် ဆရာ/ဆရာမများအား လစဉ်ကြေးထောက်ပံ့ရန် အခက်အခဲများစွာရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ ဥက္ကဌ John Bosco ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး။ ပထမဆုံးအနေနဲ့ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ဘယ်တုန်းကဖွဲ့စည်းခဲ့ကြလဲ။ ဘယ်လိုပုံစံနဲ့ဖွဲ့ခဲ့ကြလဲ၊ အရင်ရှင်းပြလို့ရမလား? ဖြေ။ ကျွန်တော်တို့ NUG အစိုးရဘက်ကနေပြီးတော့မှ လမ်းညွှန်မှုရှိတယ်ပေါ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဖွဲ့ပြီးတော့မှ မြို့နယ်မှာရှိတဲ့ ကြားကာလပြည်သူ့ကျောင်းတွေ ဖွင့်ဖို့အတွက်ကို အဆင်ပြေအောင် ဦးစီးဦးဆောင်လုပ်ပေးဖို့ဆိုပြီးမှ ကျွန်တော်တို့ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့ကြပါတယ်။ အဲတုန်းက Paletwa Autonomous District Council ပေါ့ အခုကတော့ Paletwa Council ပေါ့ အဲဒီက လူကြီးတွေနဲ့ ဆွေးနွေးပြီးမှ မြို့နယ်မှာ ဘယ်သူတွေ ပါဖို့သင့်တော်မလဲ ဆိုပြီးတော့ သူတို့ဘက်က Guidelines ပေးတယ်၊ CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ရပ်မိရပ်ဖတွေ၊…

Read More

(002MG)ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို စစ်ကောင်စီက ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တာဝန်ကျ ဆရာမ (၁) ဦးအပါအဝင် အမျိုးသား (၅) ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲပိုင်း ၁ နာရီခန့်မှာ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ (၃) ဦးထက်မနည်းလည်း ပြင်းထန်ဒဏ်ရာရရှိကြသည့်အပြင် လူနေအိမ် ခန့်မှန်းခြေ (၆) အိမ်ခန့်ပျက် စီးသွားသည်ဟု သိရသည်။ လုမ်သဲကျေးရွာသည် ဖလမ်းမြို့နှင့် မိုင် (၂၀) ခန့်ကွာဝေးကာ အိမ်ခြေ (၆၀) နီးပါးရှိသည်ဟုသိရသည်။နို၀င်ဘာ ၂၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ဗားရ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဘုရားကျောင်းနှင့်လူနေအိမ်တချို့ပျက်စီးခဲ့သည်။ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ဖလမ်းမြို့တွင် မြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ကြပြီး ယခုဆိုလျှင်နှစ်ပတ်ကျော်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီက လေကြောင်းနှင့် လက်နက် ကြီး ပစ်ကူများအလွန်အကျွံအသုံးပြုခဲ့သည်။

Read More

(005MK) မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းတည်းထားရှိရန် စီစဉ်နေကြောင်း မီဇိုရမ်အစိုးရပြည်ထဲရေးဝန်ကြီးကပြောသည်။ မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်အရေးဆောင်ရွက်နေသော High Level Committee on Indigenous Internal Displaced Persons ဥက္ကဌလည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က မိမိအသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်များ တစ်နေရာထဲ စုပေါင်းနေထိုင်နိုင်မည့် မြေနေရာများ ရှာဖွေနေဆဲဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်သတင်း LPS သတင်းကဖော်ပြသည်။ မဏိပူရ်ပြည်နယ်ကနေ ထွက်ပြေးလာကြသော ဇိုး (ချင်း) မျိုးနွယ်စုစစ်ဘေးရှောင်များနေထိုင်ရန် မီဇိုရမ် နှင့် အာသံပြည် နယ် နယ်စပ်တွင် မြေနေရာရှာဖွေနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူများအတွက်လည်း မီဇိုရမ်ပြည်နယ် CADC ဧရိယာနယ်မြေထဲတွင် မြေနေရာရှာဖွေနေဆဲဖြစ်သည်ဟု ဖော်ပြသည်။ ထိုနည်းတူ မြန်မာနိုင်ငံက စစ်ဘေးရှောင်များအတွက်လည်း တနေရာထဲ စုပေါင်းနေထိုင်နိုင်ရေးအတွက် နယ်စပ် တစ်နေရာမှာ မြေနေရာရှာဖွေပေးနေသည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။ ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များသည် အစိုးရကစီစဉ်ပေးထားသည့် စစ်ဘေးရှောင်စခန်းများနှင့် အစိုးရ အဆောက်အအုံ၊ ရပ်ရွာအဆောက်အအုံများတွင် ပြန့်နှံ့နေထိုင်နေကြရပြီး အလှူရှင်များနှင့် အစိုးရတို့၏ ကူညီထောက်ပံ့မှုဖြင့်သာ ရပ်တည်နေကြရသည်ဟု သိရသည်။ စစ်ဘေးရှောင်များအနေဖြင့် အလှူရှင်များ၏ ကူညီထောက်ပံ့မှုတစ်ခုတည်းအပေါ်မှာ မှီခိုအားထားမနေဘဲ မိမိဘာသာ ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းများလည်းရှာဖွေလုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်ကာ ယခုကဲ့သို့ စီစဉ်လာရခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောသည်။ ယခုကဲ့သို့စီစဉ်ဆောင်ရွက်ခြင်းသည် စစ်ဘေးရှောင်များကို မီဇိုရမ်ပြည်နယ်တွင် တသက်လုံးနေထိုင်နိုင်ရန် ရည်ရွယ် ခြင်းမဟုတ်ဘဲ ၎င်းတို့နိုင်ငံဒေသ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့်ကာလအတွင်း မိမိဘာသာရပ်တည်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းသာဖြစ်သည်ဟု…

Read More

ဟားခါးကို လေကြောင်းဖြင့် အင်အား ၂၀၀ ခန့်ဖြည့်ပြီး ထန်တလန်ကို စစ်ကူပို့နိုင်ရန် စစ်ကောင်စီ ကြိုးပမ်း (006SV) ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက တိုက်ပွဲများတွင် ပွိုင့် ၃ စခန်းကုန်းကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေသည်။ ဟားခါး- ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းများကို ချင်းပြည်အစိုးရပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရာ နိုဝင်ဘာလ ၂၅ ရက်တွင် စစ်ရေးအရ အရေးပါသည့် ပွိုင့် – ၃ စခန်းကုန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ဟားခါး-ထန်တလန်ကြားမှာ ရှိနေတဲ့ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်နေတာပါ။ အခုလ ၂၂ ရက်ကနေ ဒီနေ့အထိပေါ့နော်။ အဲဒီမှာ စခန်းငယ်တစ်ခုပေါ့နော်။ ၂၅ ရက်နေ့ မှာ ကျနော်တို့ ဝင်စီးနိုင်ခဲ့တယ်။ သူတို့ အဓိက အသုံးချတာက လေကြောင်းကနေ ဗုံးကြဲတာက နေ့စဉ်ဆက်တိုက်ပြန်လုပ်နေတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ စခန်းအတွင်း စစ်ကောင်စီ ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ဒဏ်ရာများ ရရှိနိုင်သည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲတွင် ထွက်ပြေးကြသည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ကြားမှ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး ကျဆုံးကာ၊ ရဲဘော် ၉ ဦးထက်မနည်း မစိုးရိမ်းရ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။…

Read More

ရေး – Salai Vakok “မိုးမရွာပါစေနဲ့” အုံမှိုင်းနေတဲ့ ကောင်းကင်ကို မော့ကြည့်၊ ဆုတောင်းရင်း ကိုဆလိုင်းတို့တွေ ရခိုင်ရိုးမကို လူသူအသိနည်းတဲ့ တောလမ်းတွေကနေ ဖြတ်ကျော်နေကြပါတယ်။ ဇူလိုင်လ နှောင်းပိုင်းရဲ့ မိုးတွင်းကာလမှာ မတ်စောက်ပြီး တောတောင် ထူထပ်လွန်တဲ့ ရိုးမတောင်ပေါ်လမ်းခရီးက မတွင်ကျယ် လှပါ။ ရခိုင်ရိုးမမှာ မိုးသည်းထန်နေချိန် ခရီးသွားရင် တောင်ကျရေအပါအဝင် အန္တရာယ်များလွန်လို့ မကြာခဏ ရပ်နားရပါတယ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့အနောက်ဘက်ခြမ်းက ကိုဆလိုင်းဇာတိ ချင်းရွာကနေ ပေ ၄၀၀၀ မှ ၅၀၀၀ ခန့်အမြင့် ရှိတဲ့ ရခိုင်ရိုးမ တောင်ပေါ်ကို ဖြတ်ပြီး မကွေးတိုင်း၊ မင်းဘူးမြို့ကို ရောက်ဖို့ တပတ်ကျော် လမ်းလျှောက်ရပါတယ်။ (အမ်း – မင်းဘူးရဲ့ ကားလမ်းမ အကွားအဝေးဟာ ၁၀၂ မိုင်ရှိပါတယ်) ဒါဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ လွတ်မြောက်ဖို့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က ထွက်ပြေးကြတဲ့ ချင်းလူငယ်တွေထဲက ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကိုဆလိုင်းနဲ့ အခြားချင်းလူငယ် ၃ ဦးဟာ တစ်ဦးကို ၂ သိန်းစီပေးပြီး ရိုးမတောလမ်း ကျွမ်းကျင်သူလမ်းပြကို ငှားရမ်းကာ ရှောင်ပြေးရတာဖြစ်ပါတယ်။ “စကစက အမ်းမှာ စစ်သား စုဆောင်းဖို့ လူငယ်တွေကို ဖမ်းတာဆီးတာတို့ စစ်မှုထမ်းဥပဒေအရ ဖြစ်လာချိန်မှာ ပြေးလာတာပါ” လို့ ရန်ကုန်ကို ရောက်ရှိနေပြီးတဲ့ အသက် ၂၄ နှစ်အရွယ် ကိုဆလိုင်းက ပြောပါတယ်။ အဲဒီအချိန်က စစ်ကောင်စီဟာ အမ်းမြို့နယ်ထဲမှာ နယ်မြေစိုးမိုးထားဆဲဖြစ်ပြီး စစ်မှူထမ်းဥပဒေအရ စာရင်းကောက်ယူမှုရှိသလို ဖမ်းဆီးခေါ်ဆောင်သွားတွေလည်း ဖြစ်ပွားနေခဲ့ပါတယ်။…

Read More

(006SV) ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင် (CB) တို့သည် ချင်းပြည်အစိုးရတရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံပဋိညာဉ် (Charter) မူကြမ်းကို ရေးဆွဲထားပြီဖြစ်ကြောင်း ချင်းညီနောင်၏ နိုင်ငံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောသည်။ ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေး‌ပေါ် ရန်ပုံငွေရှာဖွေခြင်းကို အွန်းလိုင်းက ပြုလုပ်ရာတွင် ချင်းအမျိုးသားအဖွဲ့အချုပ် (CNO/CNDF) ဒု-ဥက္ကဌ ဆလိုင်းပီတာထန်က နိုဝင်ဘာလ ၂၄ ရက်က အသိပေးလာခြင်းဖြစ်သည်။ “ချင်းပြည်နယ်ရဲ့ လက်ရှိအခြေအနေအရ နိုင်ငံရေးအရဆိုရင်လည်း ICNCC အနေနဲ့ ချင်းပြည်ရဲ့ အစိုးရ ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်နေတဲ့အခါမှာ ကျနော်တို့ ချာတာက draft (မူကြမ်း) ကတော့ ပြီးသွားပါပြီ။ review (ပြန်သုံးသပ်ခြင်း) ပြန်လုပ်ဖို့နဲ့ အတည်ပြုပြီးတော့မှ အတည်ပြုမယ့် ချာတာအရ ဖွဲ့စည်းဖို့ ရှိနေပါတယ်” ဟု ဆလိုင်းပီတာထန်က ပြောသည်။ ချာတာ (Charter) သည် တော်လှန်ရေးကာလ ဦးဆောင်အဖွဲ့အစည်းများ အချင်းချင်းကြား နားလည်မှု ပဋိညာဉ်မူဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ (Constitution) လောက် တင်းကြပ်မှုမျိုးမရှိဘဲ ပြုပြင်ပြောင်းလဲလွယ်မည်ဖြစ်သည်ဟု သိရသည်။ တော်လှန်ရေးကာလတွင် လူထုဆန္ဒခံယူမှုများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲနိုင်မှီကာလတွင် ချာတာရေးဆွဲအတည်ပြုပြီး ကြားကာလအစိုးရတစ်ရပ် ဖွဲ့စည်း၍ အုပ်ချုပ်ရေးယန္တရာများကို အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်ခြင်းဖြစ်ကြောင်း ဆလိုင်းပီတာထန်က ရှင်းပြသည်။ ချင်းပြည်တွင် ချင်းတော်လှန်ရေးအင်အားစုများ၏ အကွဲအပြဲကို ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် Crisis Management Initiative (CMI) နှင့် Zo Reunification Organization (ZORO) အပါအဝင် မီဇိုရမ်ပြည်နယ်ထဲက အစိုးရဘက်နှင့် အရပ်ဖက်…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းတော်လှန်ရေးအင်အားစု အချင်းချင်းဖြစ်သည့် ကန်ပက်လက်ကောင်စီ ခေါင်းဆောင်တချို့ကို CDF – ကန်ပက်လက်က စီးနင်းဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၄ ရက်က ကန်ပက်လက်မြို့နယ်၊ အမှတ် ၅ ဒေသတွင် ကန်ပက်လက်ကောင်စီ ဥက္ကဌ ဦးမနားထန်းကို CDF – ကန်ပက်လက်က အင်အား ၁၅ ဦးခန့်ဖြင့် လာရောက်ဖမ်းဆီးခဲ့သည်ဟု ကန်ပက်လက်ကောင်စီအဖွဲ့ဝင် တစ်ဦးက ပြောသည်။ ဦးမနားထန်းကို အသင်းတော်တစ်ခုတွင် ဝတ်ပြုနေသည်ကို တွေ့ရှိချိန် ခေါ်ဆောင်ရန် ကြိုးစားရာတွင် ဒေသခံရွာသားတချို့နှင့် CDF – ကန်ပက်လက်တပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ပြီး ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။ “ဦးမနားထန်းက တနင်္ဂနွေးနေ့ဆိုတော့ ဘုရားဝတ်ပြုနေတာ၊ အဲဒီမှာ ပြည်သူလူထုတွေလည်း ရှိတယ်။ အဲဒါ သူတို့ရောက်တာနဲ့။ လူထုက လက်မခံတာနဲ့ သူကိုဖမ်းရင် လူထုနဲ့ ပဋိပက္ခဖြစ်မယ်ဆိုပြီး လူထုက ဆန္ဒပြတော့ မနားထန်းက အဖမ်းမခံရဘူး” ဟု ကန်ပက်လက်ကောင်စီအဖွဲ့ဝင် တစ်ဦးက ပြောသည်။ ထို့နောက် CDF – ကန်ပက်လက်မှ ရဲဘော်များသည် ကန်ပက်လက်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာကီးကို နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဦးဟာကီးသည် နေအိမ်အနောက်ဘက် ပြတင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ တောထဲတွင် တိမ်းရှောင်နေရကြောင်း၊ ၎င်းနေအိမ်မှ စာရွက်စာတမ်းနှင့် အဝတ်အထည်တချို့ ယူဆောင်သွားခံရသည်ဟု သိရသည်။ “အခုက ကန်ပက်လက်မှာ ကျနော်တို့ နေဖို့က လုံးဝအဆင်မပြေဘူး။ စစ်ဘေးကလည်း ရှောင်ရသေးတယ်။ နောက်ဆုံးတော့ ကောင်စီအကြီးအကဲတွေရယ်၊ အုပ်ချုပ်ရေးမှူးတွေကို သူတို့က…

Read More

(005MK) မီဇီုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင် ၄ သောင်းကျော်အတွက် အိန္ဒိယဗဟိုအစိုးရက ပေးအပ်သည့် ဆန်မက်ထရစ်တန်ချိန် ၁၃၀၀ ကျော်သည် မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးကို ရောက်ရှိပြီဟုသိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရ Food, Civil Supplies & Consumer Affairs (FCS&CA) ဌာန၏ ထုတ်ပြန်ချက်အရ အိန္ဒိယဗ ဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဘေးရှောင်များအတွက် ရူပီးသိန်း ၅၀၀ တန်ဖိုးရှိသော ဆန်မက်ထရစ်ထန်ချိန် ၁၃၇၉ သည် စစ်ဘေးရှောင်များနေထိုင်ရာ မီဇိုရမ်ပြည်နယ်က ခရိုင် ၁၁ ခုမှာ ရောက်ရှိသွားပြီဟု သိရသည်။ အဆိုပါဆန်များကို သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများ၏ ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနမှ စီစဉ်သတ်မှတ်ချက်အတိုင်း စစ်ဘေးရှောင်များထံ ကူညီထောက်ပံ့ပေးအပ်မည်ဖြစ်ပြီး တချို့ခရိုင်များမှာ အကူအညီ များပေးအပ်နေကြပြီဖြစ်ကြောင်းသိရသည်။ ကနဦးသတ်မှတ်ချက်အရ စစ်ဘေးရှောင်တစ်ဦးလျှင် ဆန် ၃၁.၅ ကေဂျီ နှုန်းဖြင့် ဖြန့်ဝေမည်ဖြစ်သည်ဟုသိရသည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄၃၇၈၈ ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင် ၃၃၇၆၄ ၊ ဘဂ်လားဒေရှ့်နိုင်ငံမှ ၂၀၁၄ ၊ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၈၀၁၀ ဦးရှိသည်ဟု ပြည်ထဲရေးဝန်ကြီး ဌာန၏ စာရင်းအရသိရသည်။

Read More