(002MG) ချင်းပြည်နယ် ဟားခါးမြို့မှာ ကုန်တင်ကားများပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် အခြေခံစားကုန်များ ဈေးမြင့်တက်နေပြီး ဆန်တအိတ် ကျပ် ၂ သိန်းကျော်အထိ ဈေးတက်သွားသည်ဟု သိရသည်။ “ကုန်ဈေးနှုန်းကတော့ အကျပိုင်းတော့မရှိဘူး၊ အကုန်လုံးတက်နေတာပဲ။ အခု ဆန်က အများသုံးက ကာနန်ဧရာမင်းက တအိတ်ကို နှစ်သိန်း၊ တချို့တွေလည်း နှစ်သိန်းခွဲအဲ့လိုအမျိုးအစားပေါ်မူတည်တယ်။ လမ်းဖွင့်တဲ့ လမ်းတွေက ကားသေးတွေပဲ အများအားဖြင့်ထွက်တယ်။ ဆန်တွေက ကားကြီး တွေပဲတင်တာလေ အဲ့တာ ကြောင့် အဲလောက်ထိ ဈေးတက်တာ ပုံမှန်လမ်းအတိုင်း မမောင်းတော့ဘူးလေ ကားကြီးတွေက ပတ်ပြီးတော့ မောင်းရတာ ဆီဈေးတက်တာ၊ ပြီးရင် လမ်းတွေကလည်း အရင်က ဟားခါးနဲ့ ကလေးကို နေ့ချင်း ရောက်ရင်တောင် အခု နှစ်ည၊ သုံးည ကြာတဲ့သူတွေ လည်းရှိတယ် အဲဒါတောင် ပုံမှန်မဟုတ်တော့ဘူး ဖလမ်းမြို့ပေါ်မှာလဲ ပတ်ရသေးတယ်၊ ဟားခါးမြို့အဝင်မှာလဲ ပတ်ရသေးတာကိုး” ဟု ဟားခါးမြို့ပေါ်က ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ ယခင်က တရက်ခရီးသာရှိသော ကလေး-ဟားခါး ကာလမ်းသည် ဖလမ်းမြို့တိုက်ပွဲကြောင့် ပုံမှန်ပြေးဆွဲ၍မရတော့ဘဲ ရှောင်ကွင်းလမ်းမှ ကွေ့ပတ်သွားနေရသည့်အတွက် လမ်းခရီးတွင် အချိန်ကြာမြင့်လေ့ရှိပြီး ဟားခါးမြို့ တွင် ကုန်တင် ကားမျာပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိကြောင်း ဒေသခံကပြောသည်။ ထို့ကြောင့် ဆန်အပါအဝင် အခြားစားကုန်များလည်း ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိ ဟားခါးမြို့ပေါ်တွင် ပေါ်ဆန်းမွှေးဆန် တအိတ်လျှင် နှစ်သိန်းငါးသောင်းကျပ်၊ လုံးသွယ်မွှေးဆန် တအိတ် လျှင် နှစ်သိန်း သုံးသောင်းကျပ်၊ ကာနန်ဧရာမင်းတအိတ်လျှင် ၂ သိန်းကျပ်၊ ARB ဆန်တအိတ်လျှင် တစ်သိန်းရှစ်သောင်းကျပ်၊ ပဲဆီ တပုံးလျှင် နှစ်သိန်း…
Author: Editor
ချင်းတော်လှန်ရေးနေ့မှာ အကျဉ်းသား ၇၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး (006SV) ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တာရကာကွယ်ရေးတပ်ဖွဲ့တို့က ၂၀၂၅ ခုနှစ် ၂ လတာအတွင်း စစ်ကောင်စီစခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းအမျိုးသားတပ်ဦး CNF ကပြောသည်။ မတ် ၂၀ ရက်တွင် ကျရောက်မည့် ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအောင်မှုများကို ချင်းအမျိုးသားတပ်ဦး CNF က အသိပေးလာခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း ၈၀ ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး၏ မတ်လ ၁၈ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့တွင် အကျဉ်းသား ၇၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်ဟု သိရသည်။ လွတ်ငြိမ်းခွင့် ရရှိသူ ၇၀ ကျော်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဆက်သွယ်သော်လည်း မရသေးပါ။ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံရေးတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။ ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက်ရောက်မှု မှန်သမျှ အဆုံးသတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်တွဲပြီး အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု CNF ကပြောသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် ပြည်သူများ ဆုံးရှုံးခဲ့ရသော လူမှုဘဝပြန်လည်…
(004SS) ချင်းပြည်နယ်တွင် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယမန်နေ့ မတ်လ ၁၇ ရက်နေ့တွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုကြပြီး စာမေးပွဲဖြေဆိုရန်စာရင်းသွင်းသူ ၅၅၆ အနက် ၄၀၈ ဦးကသာ ဖြေဆို ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာစာစစ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဟားခါးစာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသူ ၃၉၈ အနက် ၂၆၀ ဦးနှင့် တီးတိန်စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထား သူ ၁၅၈ ဦးအနက် ၁၄၈ ဦး စုစုပေါင်း၄၀၈ ဦးကသာ ဖြေဆိုကြသည်ဟု သိရသည်။ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ချင်းပြည်နယ်မှ ဟားခါးစာစစ်ဌာန၊ တီးတိန်စာစစ် ဌာနနှင့် ခိုင်ကမ်းစာစစ်ဌာနဟူ၍ စာစစ်ဌာန ၃ ခုဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ဟားခါးနှင့် တီးတိန် စာစစ်ဌာန ၂ ခုမှာသာ ဖွင့်လှစ်ဖြေဆိုနိုင်ခဲ့ကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက်နေ့အထိ ဖြေဆိုကြမည်ဖြစ်သည်။ မြန်မာတနိုင်ငံလုံးတွင် ယမန်နေ့က တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသူ/ကျောင်းသား ၂၀၈၈၈၉ ဦးရှိခဲ့သည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်မြောက်ပိုင်းက ဇိုမီးလူမျိုးများ နေထိုင်ရာဒေသအတွင်း CNA ၊ ZRA အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်ကျူးလွန်လာပါက အရေးယူဆောင်ရွက်သွားမည်ဟု ZFU/ PDF – Zoland ကပြောသည်။ ဇိုမီးလူမျိုးများ နေထိုင်ရာဒေသအတွင်း လက်နက်မဲ့ပြည်သူများအပေါ် မတရားဖမ်းဆီး ထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ် ခြင်းများကို CNF/ CNA ၊ ZRA – EC ၊ CDF – Tonzang နှင့် CDF – Hualngoram တပ်ဖွဲ့တို့က ဆက်တိုက်ကျူးလွန်လာသည်ကို တွေ့ရှိရသည်ဟု ZFU/ PDF – Zoland က မတ်လ ၁၆ ရက်က ထုတ်ပြန်သည်။ လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သော ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း လုပ်ရပ်များအားလုံးကို ZFU/ PDF- Zoland အနေဖြင့် အပြင်းအထန်ရှုတ်ချသည်ဟု ဆိုသည်။ “အဲဒါက အဖွဲ့အစည်း ၂ ခုပေါ့နော။ ZRA နဲ့ CNF ဆိုရင်လည်း ဇိုးလန်းနယ်မြေမှာ အဲဒီလို ကျူးလွန်လာတော့ အဲဒီမတိုင်ခင်က လည်း သတင်းထုတ်ပြန်ထားတာ ရှိတယ်။ လက်နက်မဲ့ ပြည်သူတွေ၊ အပြစ်မရှိတဲ့ လူတွေကို အဲဒီလို ညှင်းပန်းနှိပ်စက်တာတွေ ရှိလာတော့ ပြည်သူတွေရဲ့ တောင်းဆိုမှု အရပဲဖြစ်ဖြစ်၊ သူတို့ရဲ့ လုပ်ရပ်တွေကြောင့်လည်း တော်လှန်ရေးမှာ တဖက်က ပြည်သူ တွေရဲ့ ထောက်ခံမှုကို အားနည်းစေတယ်ပေါ့နော်။ အဲဒါကြောင့် ဒီလိုကန့်ကွက်ရှုတ်ချတာပါ”…
(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်များဖွင့်လှစ်ထားသော ဆိုင်ခန်းများကို ကျေးရွာအာဏာပိုင်များက ပိတ်ခိုင်းလိုက်သည်ဟု သိရသည်။ Farkawn ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ Village Council (VC) နှင့် အရပ်ဖက်အဖွဲ့အစည်းများအားလုံး(All NGO) တို့က မတ်လ ၁၅ ရက်နေ့မှာ အစည်းအဝေးကျင်းပပြုလုပ်ပြီးနောက် စစ်ဘေးရှောင်များ၏ ဆိုင်ခန်းများပိတ်ခိုင်းရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။ Farkawn ကျေးရွာတွင် စစ်ဘေးရှောင်များကို မည်သည့်ဆိုင်ခန်းမှ ဖွင့်လှစ်ခွင့်မပြုတော့ဘဲ လက်ရှိ ဆိုင်ခန်း ဖွင့်သူများ ကိုလည်း မေလ ၃၁ ရက်နောက်ဆုံးထားပိတ်သိမ်းကြရန်ညွန်ကြားထားသည်ဟု သိရသည်။ ဆိုင်ဖွင့်ထားသူများအနေဖြင့် ယင်းသတ်မှတ်ရက် မကုန်ဆုံးခင် အတောအတွင်း ဆိုင်က ပစ္စည်းတွေကို အကုန်အစင် ရောင်းချရမှာဖြစ်သည်ဟု ဆိုသည်။ ရွာသားများအနေဖြင့်လည်း စစ်ရှောင်များ ဖွင့်လှစ်ထားသော ဆိုင်လုပ်ငန်းများကို လက်လွှဲယူတာ၊ ကုန်စည်များကို လက်ပြောင်းဝယ်ယူခွင့်မရှိဘဲ မြန်မာစစ်ရှောင်များကသာ ကိုယ်တိုင်ကိုယ်ကျ ရောင်းချကြရမည်ဟုလည်း အစည်းအဝေး ဆုံးဖြတ်ချက်မှာဖော်ပြထားသည်။ Farkawn ကျေးရွာတွင် ကုန်စုံဆိုင်၊ လဘ္ကရည်ဆိုင် ၊ ဆိုင်ကယ်ပြင်ဆိုင်များအပါအဝင် စစ်ဘေးရှောင်ဆိုင်ခန်းပေါင်း ၁၀ ခုကျော်ရှိသည်ဟု သိရသည်။ “ဘာကြောင့် ခုလိုလုပ်ရတာလဲတော့အတိအကျမသိရဘူး၊ ဒါပေမယ့်တစ်ခုရှိတာက စစ်ဘေးရှောင်တွေက ရွာထဲမှာ ဆိုင်ခန်းဖွင့်သူများလာတယ် ဈေးဝယ်ရင်လည်း အချင်းချင်းပဲအားပေးနေကြတယ် ဒါကို ဒေသခံတွေက မလိုလားကြ တာလည်းဖြစ်နိုင်တယ်” ဟု Farkawn ကျေးရွာမှာနေထိုင်သူတစ်ဦးကပြောသည်။ ထို့အပြင် စစ်ဘေးရှောင်များ ကျေးရွာအတွင်း ဝင်ထွက်သွားလာမှုကိုလည်း ကန့်သတ်လိုက်ပြီး ဝင်ထွက်သွားလာမည် ဆိုပါက Village Level Committee on Myanmar Refugee အဖွဲ့ထံ…
(005MK) မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO) က အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit shah ထံ အိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာသွားလာခွင့်စနစ် ပြန်လည်ခွင့်ပြုရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ မတ်လ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို တစ်ညအိပ်ခရီးဖြင့်ရောက်ရှိလာသော အိန္ဒိယပြည်ထည်ရေးဝန်ကြီးကို အိုင်ဇောလ်မြို့ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်ယာ Raj Bhavan မှာ ZORO ခေါင်းဆောင်များက သွားရောက်တွေ့ဆုံရာမှာ အိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime (FMR) ဖျက်သိမ်းမှုကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခဲ့ကြသည်ဟု All India Radio News ကဖော်ပြသည်။ အိန္ဒိယဗဟိုအစိုးရက FMR စနစ်ကိုဖျက်သိမ်းပြီးနောက် ယခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ အိန္ဒိယ-မြန်မာနယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ကို ကန့်သတ်တင်းကြပ်လိုက်သောကြောင့် နှစ်နိုင်ငံပြည်သူများအတွက် များစွာသော အခက်အခဲဖြစ်စေပြီး ယခင် ပုံမှန်အတိုင်း FMR စနစ်ကို ပြန်လည်ကျင့်သုံးရန် ZORO က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် အိန္ဒိယဗဟိုအစိုးရအနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မည်ဆိုပါကလည်း နယ်စပ်ဒေသတွင် နေထိုင်ကြသော ဌာနေတိုင်းရင်းသားလူမျိုးများအတွက် များစွာသော အခက်အခဲများဖြစ်ပေါ်စေနိုင်သည့်အပြင် ညီအကိုအချင်းချင်းကြား ပိုင်းခြားခံရမည့်အခြေအနေမျိုး ရောက်သွားနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးထံ တင်ပြခဲ့ကြသည်။ လက်ရှိ မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ကူးကီး (ဇို) လူမျိုးများ အခက်ခဲ မျိုးစုံနဲ့ကြုံတွေနေရကြောင်း၊ မဏိပူရ်ပြည်နယ်ထဲမှာ ကူကီး (ဇို) လူမျိုးများ နှင့် Meitei (ကသည်း) လူမျိုးများသည် အုပ်ချုပ်မှုတစ်ခုအောက်တွင် အတူနေထိုင်ရန် အဆင်မပြေတော့ဘဲ ကူကီး (ဇို) လူမျိုးများအတွက် သီးခြားအုပ်ချုပ်မှုတစ်ခု…
ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင် (ICNCC/CB) အကြား ပေါင်းစည်းရေးကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်းစဉ်ကို ဝမ်းမြောက်စွာကြိုဆိုပြီး ချင်းတော်လှန်ရေးအင်အားစုများ ပေါင်းစည်းညီညွတ်ရေး သက်ဆိုင်ရာအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မည်ဟု ချင်းအမျိုးသားတပ်ဦး CNF က အသိပေး ထုတ်ပြန်သည်။ မတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် CNF၏ အဋ္ဌမအကြိမ် ပါတီညီလာခံသက်တမ်း၊ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ချင်းပြည်ကောင်စီနှင့် ICNCC/CB တို့အကြားပေါင်းစည်းရေးကြိုးပမ်းဆောင်ရွက်မှုနှင့် လုပ်ငန်းစဉ်ကို ဝမ်းမြောက်စွာကြိုဆိုသည်ဟု ဖော်ြပထားသည်။ ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသား ရေး ရှေ့ရှုလျက် ချင်းတော်လှန်ရေး အင်အားစုများ ပေါင်းစည်းညီညွတ် ရေးအတွက် သက်ဆိုင် ရာအဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ ထို့အပြင် ပြည်သူ့တော်လှန်ရေး (၄)နှစ် တိုင်အောင် စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကိုဆန့်ကျင်သည့် အာဏာဖီဆန်လှုပ်ရှားမှု (CDM) ဖြင့်လည်းကောင်း၊ အခြားနည်းလမ်းပေါင်းစုံဖြင့် လည်းကောင်းကြံ့ကြံ့ခံ ပေးဆပ်တိုက်ပွဲဝင်နေကြ သည့် ချင်းအမျိုးသားပြည်သူများအား လေးစား ဂုဏ်ပြုကြောင်း ဖော်ပြပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေးပန်းတိုင်ရောက်ရှိသည့်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ CNF/CNA၏ အမိအဖဖြစ်ပြီး ချင်းအမျိုးသားတော်လှန်ရေး၏ ပင်မမဏ္ဍိုင်ကြီးဖြစ်သော ချင်းပြည်သူတရပ်လုံး အနေဖြင့် ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတွင် အတူရပ်တည်ပြီး ကာယအင်အား၊ ဉာဏ အင်အား၊ ဓနအင် အား အသီးသီးဖြင့် ပါဝင်တိုက်ပွဲဝင်ကြရန်လည်း CNF က ကြေညာခဲ့သည်။ CNF…
(005MK) မီဇိုရမ်ပြည်နယ်တွင် မြန်မာအပါအဝင်အိမ်နီးချင်းနိုင်ငံမှ ဝင်ရောက်လာသော စစ်ဘေးရှောင် ၄ သောင်းကျော်ရှိပြီး ဇီဝအချက်အလက်များကောက်ယူနိုင်ရေးအတွက် ဗဟိုအစိုးရနှင့် ညှိနှိုင်းလျှက်ရှိကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေး ဝန်ကြီးက ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် အသိပေးပြောဆိုသည်။ ယနေ့မတ်လ ၁၇ ရက်နေ့တွင်ကျင်းပသော ၉ ကြိမ်မြောက် မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် စစ်ဘေး ရှောင်အခြေအနေ နှင့်ပတ်သက်၍ MPCC လွှတ်တော်အမတ် Pu C. Ngunglianchunga က မေးမြန်းရာမှာ ပြည်ထဲ ရေးဝန်ကြီး Pu K. Sapdanga က အသိပေးလာခြင်းဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးရရှိထားသောစာရင်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၃၅၀၅ ဦး၊ ဘဂ်လားဒေရှ့်စစ်ဘေးရှောင် ၂၂၁၇ နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် ၂၆၃၃ ဦး စုစုပေါင်း ၄၁၃၅၅ ဦးရှိသည်ဟု ဆိုသည်။ စစ်ဘေးရှောင်များအားလုံးကို ဇီဝအချက်အလက်(Biometric Data) ကောက် ယူနိုင်ရေးအတွက် ဗဟိုအစိုးရ ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် ဆက်လက်ညှိနှိုင်းလျက်ရှိပြီး ဇီဝအချက်အလက်ကောက်ယူရာတွင် အသုံးပြုမည့် နည်းပညာပိုင်း အဆင်သင့်မဖြစ်သေးသည့်အတွက် ယနေ့ချိန်ထိကောက်ယူနိုင်ခြင်းမရှိသေး ကြောင်း ဝန်ကြီးကပြောသည်။ မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များ၏ လူဦးရေအခြေအနေမှန်ကို အတိ အကျသိရှိနိုင်ရန်ခက်ခဲပြီး နယ်စပ်မှတဆင့် နေ့စဉ်နှင့်အမျှ ဝင်/ထွက်သူများရှိနေသည့်အတွက် အရေအတွက်မှာ နာရီနှင့်အမျှပြောင်းလဲနိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးက ပြောသည်။ စစ်ဘေးရှောင်များထဲတွင် အမှန်တကယ်ဒုက္ခရောက်နေသူ နေအိမ်များမီးရှို့ခံရ၍ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ဝင်ရောက်လာသူများရှိသည့်နည်းတူ တချို့မှာလည်း ဒေသခံပြည်သူ နှင့် အစိုးရအတွက် အနှောက်အယှက်ပြုနေသူ များလည်းရှိနေသောကြောင့် စစ်ဘေးရှောင်များ ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများကို အစိုးရက စီစဉ်ဆောင်…
စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ် ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား အချုပ်သား ၉ ဦး ကျဆုံးခဲ့သည် မှာ ယနေ့ဆိုလျှင် သုံးနှစ် ပြည့်မြောက်ခဲ့ပါပြီ။ စစ်အာဏာသိမ်းပြီး လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ ညနေ ၄:၅၀ အချိန် ခန့် အကျဥ်းထောင် အတွင်း ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့သည်။စစ်အာဏာရှင် အစိုးရ၏ လည်ပတ်နေသည့် အုပ်ချုပ်ရေး ယန္တရား ဖြစ်သော အကျဥ်းဦးစီးဌာနများမှ ဖိနှိပ်မှု ပိုမိုဆိုးရွားလာခြင်းကြောင့် မတရားမှု ကို တွန်းလှန်လိုသည ဗန်ဒိမ်း နှင့် အကျဥ်းသားအချုပ်သားများအဖွဲ့သည် တောင်းဆိုချက် ၃ ချက်ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း အကျဥ်းဦးစီးဌာန တာဝန်ခံ အရာရှိများမှ ညှိနှိုင်း ဆွေးနွေး အဖြေရှာခြင်းမရှိပဲ လက်နက်သုံးဖြိုခွဲခံခဲ့ရပါသည်။ အကျဥ်းသား အချုပ်သား များမှ တောင်းဆိုချက် ၃ ချက်မှာ – (1) စစ်အာဏာရှင်အစိုးရ ကို အသိအမှတ်မပြု(2) ပြည်သူတွေနှင့် ပူးပေါင်းရန်(3) CDM လှုပ်ရှားမှု ကို ထောက်ခံရန် ရည်ရွယ်ပြီး ဆန္ဒ ထုတ်ဖော်ကြခြင်းဖြစ်သည်။ ဆန္ဒထုတ်ဖော်ရာတွင် လူစုလူဝေး ဖြိုခွင်းသည့် အကျဥ်းထောင် လုပ်ထုံး လုပ်နည်း အရ သတိပေးအဆင့်၊ တုတ် ဒိုင်း သုံးပြီး ဖြိုခွဲ သည့် အဆင့်…
(006SV) ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲမှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့ မိသားစုဝင်များ၏ အရိုးစုများကို ၈ လအကြာမှာ ရှာဖွေ့တွေ့ရှိခဲ့ပြီး ကလေး၊ အမျိုးသမီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရိုးစု ၁၅ စုထက်မနည်းကို တွေ့ရှိရသည်။ ၂၀၂၄ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲတွင် မတူပီမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့ မိသား စုဝင်များ၊ Non-CDM ဝန်ထမ်များ အင်အားရာချီသည် စခန်းစွန့်ခွာထွက်ပြေးကြရာ ၎င်းတို့ထဲမှ သေဆုံးသူများ၏ အရိုးစုများကို ၂၀၂၅ မတ်လ ၁၁ ရက်က မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်စပ်က တိုက်နယ် ၁၄ ထဲတွင် အစုလိုက် နေရာအများအပြားမှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ “အရိုးစုတွေ ကျနော်ကိုယ်တိုင် မျက်မြင် မြင်တွေ့ခဲ့တာက ၁၅ ခုလောက် တွေ့ခဲ့ပါတယ်။ ဒေသခံတွေ ပြောတာကတော့ ၁၂၀ လောက် ရှိနိုင်တယ်ပေါ့။ ရှာဖို့ကလည်း ခက်သွားပြီ။ အချိန်ကလည်း ကြာသွားပြီးဆိုတော့ တချို့က တောမီးလောင်တဲ့အထဲ ပါတယ်။ တချို့က ချောင်းထဲမှာ ရှိတယ်။ ရေထဲမှာ တွေ့ရှိတယ်။ တချို့က စခန်းဘေးနားက တွေ့ရှိခဲ့တာတော့ ပုံစံမျိုးစုံပေါ့” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့ရေးကော်မတီမှ ကိုလောရင့်စ်က ပြောသည်။ တောထဲတွင် သောက်စရာ ရေမရှိခြင်း၊ စားစရာများ ပြတ်လပ်ပြီး တလကျော် ထွက်ပြေးနေရင်း ဝမ်းရောဂါများဖြင့် သေဆုံးခြင်း ဖြစ်နိုင်သည်ဟု သိရသည်။ မြင်တွေ့ရသည့် အရိုးစုရုပ်အလောင်းများတွင် ကလေးငယ် ရုပ်အလောင်း ၂ ခု၊ အမျိုးသမီးဟူ၍ သေချာသော…
