(005MK) မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို အိန္ဒိယအစိုးရက ချင်းပြည်နယ်ကိုဖြတ်၍ ပို့ဆောင်ရန်စီစဉ်နေသည်ဟု သိရသည်။ အိန္ဒိယအစိုးရသည် ‘Operation Brahma’ အစီအစဉ်ဖြင့် မတ်လ ၂၉ ရက်နေ့ကတည်းက မြန်မာနိုင်ငံက ငလျင်ဘေး သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်း နှင့် ရေလမ်းဖြင့် ပို့ဆောင်ပေးလျှက်ရှိပြီး ယခုအခါ ကုန်းလမ်းကနေလည်း ချင်းပြည်နယ်ကိုဖြတ်၍ ပေးအပ်သွားမည်ဖြစ်သည်။ ငလျင်ဘေးသင့်ပြည်သူများအတွက် တန်ချိန် ၆၅ အလေးချိန်ရှိသော ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသော အိန္ဒိယစစ်တပ်သုံးလေယာဉ် C-17 Globemaster သည် ဧပြီလ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ လဲန်းပွီလေဆပ်သို့ ဆိုက်ရောက်လာခဲ့သည်ဟု All India Radio News ကဖော်ပြသည်။ သောက်ရေသန့်၊ ဆန်၊ ဆေးဝါး၊ အိပ်ယာလိပ်များ နှင့် အခြေခံလူသုံးကုန် ပစ္စည်းများပါဝင်သော ယင်းပစ္စည်းများကို အာသံရိုင်ဖယ်တပ်ဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာအထိ ကုန်ကားများဖြင့်သယ်ဆောင်ကြပြီးနောက် ထိုမှတဆင့် ချင်းပြည်နယ်ကိုဖြတ်ကာ ငလျင် ဘေးသင့်ပြည်သူများဆီသို့ ပို့ဆောင်ကြမည်ဟု သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည် (Chinland) အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါရ်းကလည်း အိန္ဒိယအစိုးရ အပါအဝင် အလှူရှင်များအနေဖြင့် နယ်စပ်ကတဆင့် ငလျင်ဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာမှာ ချင်းပြည် (Chinland) အစိုးရထိန်းချုပ်နယ်မြေထဲဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးလည်း ယူပေးမည်ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောဆိုထားသည်။ အိန္ဒိယနိုင်ငံသည် ငလျင်ဘေးဒဏ်သင့် မြန်မာလူထုကို ကူညီကယ်ဆယ်ထောက်ပံ့နိုင်ရန် “Operation Brahma” အမည်ဖြင့် မတ်လ ၂၉ ရက်မှ ဧပြီလ ၁ ရက်အထိ…
Author: Editor
အစိုးရရုံးအဆောက်အဦးနှင့် နေအိမ်များ ပျက်စီး (006SV) ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ပေါ်ကို ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီသည် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်သွားပြီး အစိုးရရုံးအဆောက်အဦးနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။ ဧပြီလ ၂ရက် နေ့လည် ၁ နာရီခွဲခန့်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် မင်းတပ်မြို့ပေါ် တနေရာကို ပေါင် ၅၀၀ ဗုံး၊ ၂ လုံးဖြင့် ၂ ကြိမ် ဝဲပျံပြီး တိုက်ခိုက်သွားသည်ဟု မင်းတပ်ဒေသခံနှင့် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ “မြို့ထဲကို ကြဲတာပါပဲ။ ၂ ကြိမ် ကြဲပါတယ်။ နေအိမ်ပျက်စီးတာတွေ ရှိပါတယ်၊ အဆောက်အဦတွေ ထိပါတယ်။ အရပ်သား ပြည်သူတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့ပေါ်လေကြောင်းတိုက်ခိုက်မှုတွင် အဆောက်အဦး ၅ လုံးခန့် အကြီးအကျယ် ပျက်စီးသွားပြီး တခြားအဆောက်အဦး ၅ ခုမှာ အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ ဧပြီလ ၁ ရက်ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ပျက်စီးခဲ့ သည်ဟု သိရသည်။ ယနေ့ ဧပြီလ ၂ ရက်မှာလည်း ကန်ပက်လက်မြို့ပေါ်ကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ကန်ပက်လက်ဒေသခံများက ပြောသည်။ စစ်ကောင်စီသည် ကန်ပက်လက်မြို့ပေါ်ကို ယနေ့ နေ့လည် ၁…
အိန္ဒိယအစိုးရနှင့် အလှူရှင်များ ချင်းပြည်အစိုးရ ထိန်းချုပ်နယ်မြေကို ဖြတ်သန်းခွင့်ပြုမည်၊ လုံခြုံရေးလည်း ယူပေးမည်ဟုဆို (006SV) ငလျင်ဘေးဒဏ်သင့်သည့် ပြည်သူများကို ချင်းပြည်(Chinland) အစိုးရက ကျပ်သိန်း ၁၀၀၀ ကူညီထောက်ပံ့သွားမှာဖြစ်ပြီး လူသားချင်းစာနာထောက်မှုအကူအညီပေးအပ်ရာမှာ အိန္ဒိယအစိုးရနှင့် အလှူရှင်များ ချင်းပြည်အစိုးရ ထိန်းချုပ်နယ်မြေကို ဖြတ်သန်းခွင့်ပြုမည့်အပြင် လုံခြုံရေးလည်းယူပေးမည်ဟု ချင်းပြည်အစိုးရပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါရ်းကပြောသည်။ မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိသော အားပြင်းငလျင်ကြီးကြောင့် နိုင်ငံတဝန်းမှ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု၊ ပျက်စီးမှု ပမာဏများပြားသော ငလျင်ဘေးဒဏ်သင့် ဒေသများက ပြည်သူများကို ကူညီထောက်ပံ့ပေးနိုင်သည့် နည်းလမ်း အများအပြားရှိသည် ချင်းပြည်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာရွှေခါရ်းက ပြောသည်။ “နံပါတ်တစ်ကတော့ ကျနော်တို့ ချင်းလဲန်းအစိုးရအနေနဲ့ တိုက်ရိုက်ကူညီနိုင်တာကတော့ ငွေရေးကြေးရေးအနေနဲ့က သိန်း တစ်ထောင်လောက်ပဲ တတ်နိုင်တာပေါ့နော်၊ ဒါပေမယ့် အဲဒါမျိုး မဟုတ်ပဲနဲ့ ဥပမာ ၊ ဒဏ်ရာရတဲ့လူတွေ၊ ဆေးရုံးတွေ တက်ချင် တယ်ဆိုရင် ကျနော်တို့က ဆေးရုံပေါင်း ၁၈ နေရာ ဖွင့်ထားတယ်။ အဲဒီမှာ အခမဲ့ ဆေးကုလို့ ရတာပေါ့နော်။ နေဖို့ထိုင်ဖို့ ခက်ခဲ တယ်ဆိုရင် တကယ်လို့ ကျနော်တို့ ထိန်းချုပ်နယ်မြေမှာ နေချင်တယ်ဆိုရင် စီစဉ်ပေးပါမယ်” ဟု ဒေါက်တာရွှေခါရ်းကပြောသည်။ အိန္ဒိယဗဟိုအစိုးရအပါအဝင် အလှူရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်သင့် မြန်မာသို့ ကူညီထောက် ပံ့မှုများပြုလုပ်ရာမှာ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပစ္စည်းများပို့ဆောင်ရာတွင် ချင်းပြည်အစိုးရ ထိန်းချုပ် ထားသည့် နယ်မြေများကို လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး…
(004SS) မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာရှိ ပလက်ဝစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်မှုရှိနေပြီး အရေးပေါ် ဆန် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူထံမှ သိရသည်။ တွီဒန်းရွာရှိ ပလက်ဝစစစ်ဘေးရှောင်များကို ဒေသခံများက ဈေးရောင်းခွင့် ပိတ်ပင်ထားသည့်အပြင် နွေရာသီအတွင်း အလုပ်ရှားပါးသည့်အတွက် ငွေကြေးအခက်အခဲကြောင့် ရိက္ခာ ပြတ်လပ်နေသူများလည်း ရှိနေပြီဟု ပလက်ဝ စစ်ဘေးရှောင်များအရေး ဆောင်ရွက်နေသူ ဆလိုင်းမောဆက် က ပြောသည်။ “အထူးသဖြင့် ကျွန်တော်တို့ကတော့ စားဖို့သောက်ဖို့၊ အဓိကဆန်ပေါ့၊ မဝယ်နိုင်တဲ့သူ တော်တော်လေး များနေပြီ။ အခုတောင်မှ အစားအသောက် ပြတ်လပ်တဲ့သူတွေတောင်ရှိနေပြီ။ အရင်ကတော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့နော် အခုကျတော့ ကုန်ထမ်းဖို့လဲ မရှိ၊ အငှားလိုက်ဖို့လဲ မရှိဆိုတော့ ပိုက်ဆံရှားတဲ့သဘောပေါ့နော်။ နောက်ဒီမှာ ဆိုင်ရောင်း ခွင့်လဲ မရှိတော့။ ဒီတိုင်းနေတယ် ဆိုလို့ရှိရင် နောက်လကျရင်တော့ ကျွန်တော်တို့ အိမ်မီးခိုထွက်မှာမဟုတ်ဘူးထင်တယ်။ ထမင်းချက်ဖို့ရှိမှာမဟုတ်ဘူး ထင်တယ်။ အခုကျွန်တော်တို့ ဦးဆောင်တဲ့သူတွေ အကူညီဟိုရှာ ဒီရှာနဲ့ ကိုယ့်ကိုကိုယ်တောင် သူတောင်းစားလိုလို ခံယူနေတာ မလွယ်ဘူး” ဟု ဆလိုင်းမောဆက်ကပြောသည်။ ပလက်ဝစစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများအနေဖြင့် အရေးပေါ် စားနပ်ရိက္ခာ ကူညီပေးနိုင်ရန် CHRO အပါအဝင် ၎င်းတို့လက်လှမ်းမီသမျှသော ချင်းအဖွဲ့အစည်းများထံ အကူအညီ တောင်းခံထားကြောင်းသိရပြီး လက်ရှိတွင် မည်သည့် အကူအညီမျှ မရရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ လာမည့် မိုးရာသီအချိန်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကုန်တင်ကုန်ချ လုပ်ငန်းများ ပြန်လည်ရှိလာနိုင်ပြီး၊ တနိုင်တပိုင်စိုက်ပျိုးထားသော ကောက်ပဲ သီးနှံများ ရိတ်သိမ်းနိုင်မည်ဖြစ်သောကြောင့် ယခု ဧပြီ၊ မေ…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို ယမန်နေ့ ညနေက စစ်ကောင်စီသည် ဂျက်ဖိုက်တာအသုံးပြု၍ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ဧပြီလ ၁ ရက် ညနေပိုင်း ၆ နာရီ ၂၅ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃ လုံးပျက်စီးခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ “စစ်ကောင်စီက ဘယ်လိုကြောင့် ကြဲတာလဲတော့ မသိဘူးခင်ဗျ။ ကြဲတဲ့ နေရာနဲ့ ကြဲတဲ့အချိန်ပဲ သိပါတယ်။ နေအိမ်က ၂ လုံး၊ ၃ လုံးကတော့ အကြီးအကျယ်ပျက်စီးသွားတယ်။ တခြားအနည်းငယ်ပျက်စီးတာတွေလည်း ရှိပါလိမ့်မယ်” ဟု ကိုယောမာန်က ပြောသည်။ ညနေ ၆ နာရီ ၂၅ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ညပိုင်း ၁၀ နာရီခွဲတွင်လည်း တစ်ကြိမ်ထပ်မံဗုံးကြဲခဲ့သည်ဟု သိရသည်။ ယင်းတိုက်ခိုက်မှုတွင် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ မြို့ပေါ်နေ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။ ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ မင်းတပ်မြို့ပေါ်က အိုးအိမ်စွန့်ခွာရသည့် စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် CDF – မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။ မင်းတပ်မြို့ပေါ်ကို ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်လာကြပြီဖြစ်ကြောင်း ဒေသခံပြည်သူတချို့ထံမှ သိရသည်။ မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ်…
အိန္ဒိယ ရေတပ်သင်္ဘော ၃ စင်းလည်း ရန်ကုန်သို့ ဦးတည်လာနေ (006SV) ငလျင်ဘေးဒဏ်သင့် မြန်မာလူထုကို ကူညီထောက်ပံ့နိုင်ရန် အိန္ဒိယရေတပ် သင်္ဘော ၂ စင်းသည် လူသားစာနာမှု အကူအညီပစ္စည်များ တန်ချိန် ၅၀ ကျော် တင်ဆောင်၍ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး နောက်ထပ် သင်္ဘော ၃ စင်းသည်လည်း ကူညီထောက်ပံ့နိုင်ရန် လာနေပြီဖြစ်ကြောင်း အိန္ဒိယသံရုံးကက ထုတ်ပြန်သည်။ မတ်လ ၃၁ ရက် ညပိုင်းက INS Satpura နှင့် INS Savitri အမည်ရသော အိန္ဒိယရေတပ် သင်္ဘော ၂စီးသည် လူသားချင်စာနာမှု အကူအညီပစ္စည်းများ တန်ချိန် ၃၁ တန်နှင့် ၁၉ တန်တို့ကို အသီးသီးတင်ဆောင်၍ ရန်ကုန်ကို ရောက်လာသည်ဟု အိန္ဒိယသံရုံးက မတ်လ ၃၁ ရက် ညပိုင်းက ထုတ်ပြန်သည်။ ယင်း ရေတပ် သင်္ဘော ၂ စီးမှ ပစ္စည်းများကို ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှတဆင့် ငလျင်ဘေးဒဏ်သင့် ဒေသများကို ခွဲဝေဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။ ထို့အပြင် Karmukh ၊ Gharial နှင့် LCU – 52 အမည်ရသော အိန္ဒိယရေတပ် သင်္ဘော ၃ စီးသည်လည်း လူသားချင် စာနာမှု အထောက်အပံ့ အကူအညီ ပစ္စည်းများ မက်ထရစ်တန် ၅၀၀ ကျော်ကို တင်ဆောင်ပြီး ရန်ကုန်ကို ဦးတည်လာနေပြီဖြစ်ကြောင်း အိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယနေ့…
(006SV) ငလျင်ဘေးဒဏ်သင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေး အပ်ရေးအတွက် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး – CNF က ကြေညာသည်။ မတ်လ ၂၈ ရက် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နိုင်ငံတဝန်းမှ ပြည်သူ ၂၅၀၀ ထက်မနည်း သေဆုံးခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများနှင့် အိုးအိမ်များ ပြိုကျ ပျက်စီးခြင်း၊ လမ်းတံတား အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအပေါ် မြန်မာလူထုနှင့် ထပ်ထူထပ်မျှ ကြေကွဲဝမ်းနည်းရသည်ဟု ဆိုသည်။ မြေငလျင်ဘေးသင့် နေရာအရပ်များမှာ နေထိုင်၊ ခိုလှုံနေကြသော ချင်းအမျိုးသားလူထုအတွက်လည်း အောက်မေ့သတိရလျက်ရှိ သည်ဟု CNF က မတ်လ ၃၁ ရက်မှာ ထုတ်ပြန်သည်။ ပြည်သူများ၏ ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလမှာပင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေပြီး ငလျင်ကြောင့် ပြည်သူ အများအပြား သေဆုံးမှုများ ဆက်လက်ရှိနေချိန်မှာ လေကြောင်းတိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ရန် CNF က တောင်းဆိုတိုက်တွန်းသည်။ ငလျင်ဘေးဒဏ်သင့် ပြည်သူထံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အပြည့်အဝ ရရှိရေး၊ ဘက်လိုက်မှု ကင်းသော လူသားချင်း စာနာထောက်ထားမှု ပေးအပ်ရေး၊ နိုင်ငံတကာ သတင်းမီဒီယာများမှ မြေပြင်အခြေအနေ သတင်းမှန်ကို လွတ်လပ်စွာ ရယူနိုင်ရေးတို့ကိုလည်း ချင်းအမျိုးသားတပ်ဦးက တောင်းဆိုသည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ဆောင်ရွက်ရာတွင် နိုင်ငံရေးအမြတ်ထုတ်မှု မရှိစေရေးတို့အတွက် စစ်ကောင်စီနှင့် သက်ဆိုင်သူများကိုလည်း CNF က တိုက်တွန်းသည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီများ…
(004SS) ကလေးမြို့ပေါ်က လူမှုကူညီရေးအသင်း ၇ သင်းက ကားအစီးရေ ၅ စီးဖြင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများ ကူညီရန် စစ်ကိုင်းနှင့် မန္တလေးမြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့မတ်လ ၃၀ ရက်နေ့က ကလေးမြို့မှ စတင်ထွက်ခွာခဲ့ကြပြီး ယနေ့ မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းနှင့် မန္တလေးသို့ ရောက်ရှိနေကြပြီဟု လိုက်ပါသွားတဲ့ ကလေးမြို့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိတွင် ကလေးမြို့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များသည် စစ်ကိုင်းနှင့် မန္တလေးမြို့သို့ ရောက်ရှိကြပြီဖြစ်ကာ ကယ်ဆယ် ရေးအစီအစဉ်နှင့် ပါတ်သက်၍ မြို့ခံများနှင့် ဆွေးနွေးတိုင်ပင်ကြဆဲဖြစ်ကာ ကယ်ဆယ်ရေးအစီအစဉ် ကြန့်ကြာမည့်အခြေအနေရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။ “ဒီနေ့ ညနေပိုင်းမှ ရောက်တာဆိုတော့ အခုမှ စီစဉ်နေကြဆဲပါ။ အခု မန်းလေးမှာ မြို့ခံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ လုပ်နေပါတယ်ဗျ။ အဆောက်အဦး ပြိုကျပြီး မြုပ်သွားတဲ့ အထဲက အလောင်းတွေဆို ယန္တရားတွေ ပါမှ အဆင်ပြေမှာ ဆိုတော့ ခန့်မှန်းလို့ မရဘူး။ ခက်ခဲမယ် ကြန့်ကြာမယ် ခင်ဗျ” ဟု ကလေးမြို့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရှိသည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းလုံးမှာ မတ်လ ၃၁ ရက်နေ့ညနေပိုင်အထိ သေဆုံးသူ ၂၀၅၆ ဦးရှိခဲ့ပြီး၊…
(006SV) ငလျင်ဘေးဒဏ်ကြောင့် မတ်လ ၃၁ ရက် ညနေပိုင်းအထိ နိုင်ငံတဝန်းသေဆုံးသူဦးရေသည် ၂၄၁၈ ဦးအထိ မြင့်တက်လာနေပြီး ရှာဖွေကယ်ဆယ်ရေး ထိရောက်စွာ မဆောင်ရွက်နိုင်သည့် မြို့များစွာ ကျန်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာသည်။ မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တွင် ပြည်သူများ အများဆုံး သေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း၊ နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည်လည်း နေပြည်တော်နှင့် မန္တလေးမြို့ပေါ်ရှိ နေရာတချို့တွင်သာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေး ထိရောက်စွာ မဆောင်ရွက်နိုင်သော အခြား မြို့များစွာ ကျန်ရှိနေသည်ဟု သိရသည်။ လျှပ်စစ်မီး၊ အင်တာနက်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက် ကြုံတွေ့နေရပြီး ဧပြီလ ပထမပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းကြောင့် မိုးရွာသွန်းနိုင်၍ ငလျင်ဘေးသင့်ပြည်သူများ ယာယီနေထိုင်ရန် နေရာများ အခက်အခဲ ပိုမို ကြုံတွေ့ရနိုင်သည်ဟု NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုသည်။ ငလျင်ဘေးဒဏ်သင့် ပြည်သူများသည် သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ယာယီတဲ့နှင့် မိုးကားများ၊ မြေခင်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ ရေသန့်ဆေးပြားနှင့် ဆေးမှုန့်များ၊ စက်သုံးဆီ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်များ၊ အိမ်ထောင်စုအလိုက် ထောက်ပံ့နိုင်သော Kit များ၊ ဂတ်စ်မီးဖိုများ၊ ဆိုလာမီးအိမ်များ လိုအပ်သည်ဟု NUG အစိုးရက ထုတ်ပြန်သည်။ စစ်ကောင်စီ ထုတ်ပြန်ချက်တွင်…
(006SV) စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် တပ်စုဖွဲ့မှု ပုံစံ၊ တန်းမြင့်သင်တန်းများနှင့် မဟာဗျူဟာကျသည့် စီမံချက်များပြင်ဆင်နေပြီဟု PDF-Zoland က ပြောဆိုသည်။ မတ်လ ၃၀ ရက်နေ့တွင် ကျရောက်သော ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF – Zoand) တည် ထောင်ခြင်း ၄ နှစ်ပြည့် ကြေညာချက်မှာ ယခုကဲ့သို့ အသိပေးလာခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် ချင်းညီနောင်၊ မဟာမိတ်အင်အားစုတပ်များနှင့်အတူ တိုက်ပွဲဝင်ရင်း အောင်မြင်မှု များစွာ ရရှိထားသကဲ့သို့ ဇိုမီးလက်နက်ကိုင် တပ်ဖွဲ့ တရပ်အနေဖြင့် စစ်ရေးအတွေ့အကြုံ များစွာရရှိခဲ့ပြီးနောက် အားကောင်း၍ စနစ်ကျသည့် တပ်စုဖွဲ့မှု ပုံစံဖြစ်လာပြီဟု ဇိုမီးဖက်ဒရယ်အစည်းအရုံးက မတ်လ ၃၀ ရက်မှာ ကြေညာသည်။ ချင်းပြည်နယ်အဆင့် စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ ချင်းညီနောင်တို့နှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်လက်အောင်မှ ချင်းပြည်တခုလုံး လွတ်မြောက်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဇိုမီးဖက်ဒရယ်အစည်းအရုံး က ထုတ်ပြန်သည်။ ဇိုမီးဖက်ဒရယ်အစည်းအရုံးကို (ZFU/ PDF – Zoland) ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်နေသည့် တွန်းဇံ၊ တီးတိန်၊ ကလေးနှင့် နိုင်ငံအသီးသီးရှိ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသော ခေါင်းဆောင်များက ၂၀၂၁ မတ်လ ၃၀ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး ယမန်နေ့က တည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီးဖြစ်သည်။ ယမန်နေ့ မတ်လ ၃၀ ရက်က ကျင်းပသော PDF – Zoland ၏ စစ်ရေးပြအခမ်းအနားတွင်လည်း…
