• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»CDF နှင့် စကစတို့ တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးဒုက္ခသည် ရာကျော်ရှိ

CDF နှင့် စကစတို့ တိုက်ပွဲဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးဒုက္ခသည် ရာကျော်ရှိ

0
By Editor on June 15, 2021 Headline

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF နှင့်အာဏာသိမ်းစစ်ကောင်စီတို့ ချင်းပြည်နယ် ထန်ထလန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် ပိုင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးဒုက္ခသည် ရာကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်လာမှုကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေး ဒုက္ခသည် ရာနဲ့ချီရှိနေပြီဖြစ်ကြောင်းနှင့် မီဇိုရမ်ပြည်နယ်ကို ဝင်ခွင့်မရဘဲ နယ်စပ်ဒေသတလျောက်တွင် သောင်တင် နေသော စစ်ဘေးဒုက္ခသည်များစွာရှိနေကြောင်း မီဇိုရမ်ဒေသ သတင်း Zonet က ဖော်ပြသည်။

မီဇီုရမ်ပြည်နယ် Tuipuiral Group YMA president Pu MC Lalramenga က “မီဇိုရမ်ပြည်နယ် Vaphai နယ်အတွင်း စစ်ဘေးဒုက္ခသည် ၆၀ ခန့် ရောက်ရှိနေပြီ၊ Chawngtui နယ်တွင်လည်း ၃၀၀ ကျော်ရှိနေပြီဖြစ်တယ်” ဟု ဖော်ပြသည်။

Pu K.Lalmuankima Farkawn Joint YMA president ကလည်း ကိုဗစ်-၁၉ ရောဂါကြောင့် အစိုးရအနေဖြင့် စစ်ဘေးဒုက္ခသည်များကို ဝင်ခွင့်မပြုသော်လည်း လုံခြုံရာကို ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည် သက်ကြီး ရွယ်အိုနှင့် မိခင် အယောက် ၁၀၀ ကျော်ကို ဝင်ခွင့်ပြုထားကြောင်း ပြောသည်။

“ကိုဗစ်ရောဂါကြောင့် အရင်လို ဧည့်သည်ပုံစံမျိုး လက်ခံထားလို့မရဘူး။ စစ်ဘေးဒုက္ခသည်ထားတဲ့နေရာတွေမှာ လည်း မဆံ့တော့သည့်အတွက် အခက်အခဲတွေ့နေရတယ်။ ချင်းပြည်နယ်မှာ ယခုလို တိုက်ပွဲဆက်လက်ဖြစ်ပွားမယ် ဆိုရင် စစ်ဘေးဒုက္ခသည်များစွာ ဒီဘက်ကို ထွက်ပြေးလာနိုင်တယ်။ ဒါကြောင့် စစ်ဘေးဒုက္ခသည်များ အတွက် relief camp များကို Farkawn, Chawngtui နှင့် Vaphai ဒေသတွေမှာ ဆောက်ဖို့ပြင်ဆင်နေတယ်” ဟု ပြောသည်။

CDF တပ်ဖွဲ့နှင့် စကစတပ်တို့သည် ထန်တလန်မြို့နယ် Khualhring တောင်ကြောတစ်လျှောက်တွင် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူ ရာနှင့်ချီတောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့်အပြင် အိမ်နီးချင်းပြည်နယ် မီဇိုရမ်ဘက်သို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် ပြည်တွင်းသတင်း Zonet တွင် ဖော်ပြချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးဒုက္ခသည် ၁၅၀၀၀ ကျော် ရှိနေပြီဟု သိရသည်။ RC

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.