Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – မတူပီ၊ တပ်မဟာ – ၂ က ရဲဘော်များ တပ်မဟာ – ၁ ထံ ပူးပေါင်းခြင်းမဟုတ်ဘဲ ခွင့်ဖြင့်နေရပ်ပြန်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ဟုဆို

CDF – မတူပီ၊ တပ်မဟာ – ၂ က ရဲဘော်များ တပ်မဟာ – ၁ ထံ ပူးပေါင်းခြင်းမဟုတ်ဘဲ ခွင့်ဖြင့်နေရပ်ပြန်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ဟုဆို

0
By Editor on January 10, 2025 Headline

(006SV)

CDF – မတူပီ၊ တပ်မဟာ – ၂ မှ တပ်မှူး – ၂ ဦးနှင့် ရဲဘော် ၆ ဦးသည် တပ်မဟာ – ၁ တပ်ဖွဲ့ထံ ပူးပေါင်းသည်ဟု ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိဘဲ ၎င်းတို့သည် ခွင့်ဖြင့်အိမ်ပြန်စဉ် တပ်မဟာ – ၁ က ဖမ်းဆီးထားခြင်းဖြစ်သည်ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

CDF မတူပီ၊ တပ်မဟာ – ၂ ၊ တပ်ရင်း ၆ ၏ စခန်းမှူးသည် သားဖြစ်သူ မိုင်ထိ၍ လက်ပြတ်သွားသောကြောင့် ခွင့်ယူ၍ အိမ်ပြန်စဉ် ဖမ်းဆီးခံရပြီး၊ တပ်ရင်း – ၆ စစ်ရေးဌာနမှူးသည်လည်း မိန်းမဖြစ်သူ အမွှာပူး ကလေးမွေးရန် ရှိနေ၍ ခွင့်ဖြင့် အိမ်ပြန်စဉ် တပ်မဟာ – ၁ က ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

တပ်မဟာ ၂ ၏ ရဲဘော် ၆ ဦးသည်လည်း ခရစ္စမတ်ကာလအပါအဝင် ၎င်းတို့၏ ဇာတိနယ်မြေကို ပြန်ရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယင်းတို့အထဲက ရဲဘော် ၁ ဦးနဲ့ အမျိုးသမီး ရဲဘော် ၁ ဦးတို့မှာ ချစ်ကြိုက်၍ လက်ထပ်ရန် အိမ်ပြန်ကြခြင်းဖြစ်သည်ဟု ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

“သူတို့က ရွာဘက်ကို ပြန်ရင်းနဲ့ သူတို့ ရွာဘက် ရောက်တဲ့အချိန် ဖမ်းသွားတယ်။ အကုန်လုံး ဖမ်းပြီးမှ ကျနော်တို့နဲ့ လာပူးပေါင်း တယ်လို့ ထုတ်ပြန်တာပါ။ ကျနော်တို့က ခရစ္စမတ်နေ့မို့ ခွင့်ပေးထားတယ်။ ကောင်းကောင်းမွန်မွန် ပြန်လာနိုင်ဖို့ဆိုပြီး လုပ်ပေး တယ်။ ပြီးရင် တပ်မဟာ ၁ နဲ့ တိုင်ပင်ပြီးမှ ဝင်ထွက်သွားလာခွင့် လုပ်ပါ၊ အခန့်မသင့်ရင် အဖမ်းခံရနိုင်တယ်လို့ ကြိုတင်ပြောပြီး သာ။ ကျနော်တို့ ထင်တဲ့အတိုင်းပဲ ဟိုဘက်ရောက်တော့ အကုန်လုံး ဖမ်းသွားတယ်။ ဖမ်းသွားတာကို ဟိုဘက်ကို ပူးပေါင်းတယ် လို့ သူတို့ ထုတ်ပြန်တာပါ။ ဒါက အမှားကြီးပါ” ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

တပ်မဟာ – ၂၊ တပ်ရင်း ၆ သည် CDF မတူပီ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကွဲပြဲပြီးနောက် တပ်မဟာ -၁ ၊ တပ်ရင်း – ၁ မှ ခွဲထွက်ပြီး တပ်ရင်းအသစ်၊ တပ်ရင်း – ၆ အဖြစ် တည်ထောင်ထားခြင်းဖြစ်ကာ၊ တနယ်ထဲသားချင်းများဖြစ်ကြသည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသော တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် မရဖြစ်ကြောင်း၊ လိုင်းသုံးခွင့်၊ ဆက်သွယ်ပြောဆိုခွင့်များ ပိတ်ပင်ထားသည်ဟု ယူဆကြောင်း တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် မတူပီ၊ တပ်မဟာ ၂ အဖွဲ့မှ တပ်မဟာ စစ်ဦးစီး ၁ ဦး၊ တပ်ရင်းစခန်းမှူး ၁ ဦး၊ ရဲဘော် ၆ ဦးတို့သည် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ စည်းလုံးညီညွတ်ရေးအတွက် ပူးပေါင်းဝင်ရောက်လာသည်ဟု CDF – မတူပီ၊ တပ်မဟာ ၁ က ဇန်နဝါရီလ ၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ဒီလိုလာတဲ့ အကြောင်းအရင်း အကုန်လုံး ခြုံကြည့်မယ်ဆိုရင် တပ်မဟာ – ၁ နဲ့ ပူးပေါင်းမယ်လို့ ပြောဆိုတာ ရှိတယ်။ အကုန်လုံးတော့ မတူဘူး။ သူ့အကြောင်းရင်နဲ့ သူတော့ ရှိတယ်။ အဓိက အကြောင်းရင် ပြောရရင် တပ်မဟာ ၁ နဲ့ ပူးပေါင်းချင်လို့ ဆိုပြီး လာကြတာ။ သူတို့က စစ်ကောင်စီလည်း ကုန်ပြီးပြီ၊ ဘုံရန်သူလည်း မရှိတော့ဘူးဆိုတော့ ကျနော်တို့က မတူပီ ညီညွတ် တာပဲ လိုချင်တယ်ဆိုပြီးတော့မှ ထွက်ဆိုတာတွေလည်း ရှိတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့် ရှိသူ ကိုဘွေအုပ်က ယမန်နေ့က ခိုနူမ်းသုန်းကို ပြောသည်။

တပ်မဟာ – ၂ မှ ရဲဘော်များကို သတ်မှတ်တိုက်နယ်အတွင်းမှာသာ လောလောဆယ် နေထိုင်ရန် ကန့်သတ်ထားမှုရှိပြီး စည်းကမ်း ချက်တချို့ဖြင့် တားမြစ်ချက်အနည်းငယ် ပြုလုပ်ထားသည်ဟု ကိုဘွေအုပ်က ပြောသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် တပ်မဟာ – ၁ ပါဝင်သော ချင်းညီနောင်နှင့် ပူးပေါင်းအဖွဲ့သည် မတူပီမြို့ စစ်ကောင်စီစခန်းများကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထားသည်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.