Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF အထူးတပ်ဖွဲ့ဝင်တစ်ဦး ရှေ့တန်းမှာ ကျောက်ကပ်ပျက်စီး၍ ဆေးကုသရန် အခက်အခဲဖြစ်နေ

CDF အထူးတပ်ဖွဲ့ဝင်တစ်ဦး ရှေ့တန်းမှာ ကျောက်ကပ်ပျက်စီး၍ ဆေးကုသရန် အခက်အခဲဖြစ်နေ

0
By Editor on January 8, 2025 Khonumthung

(006SV)

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့တခုမှ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် ကျောက်ကပ် ၂ လုံးပျက်စီး၍ ဆေးဝါးကုသနိုင်ရန် အကူအညီ လိုအပ်နေသည်။

မတူပီမြို့နယ်၊ ဇိုတုန်ဒေသအခြေပြု CDF- Zotung တပ်ဖွဲ့မှ ရဲဘော် ၁ ဦးသည် လွတ်မြောက်နယ်မြေတွင် ကျောက်ကပ်ပျက်စီးမှုကို ကုသနေခြင်းမှာ လေးလကျော်လာပြီး ဆက်လက်ကုသနိုင်ရန် အကူအညီကို အရေးပေါ်တောင်းခံနေရခြင်းဖြစ်သည်ဟု CDF – Zotung တပ်ဖွဲ့၊ ဒုတိယအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

“အစတုန်းက နည်းည်းပါးပါးပဲ နာတယ် ပြောတယ်။ ရှေ့တန်းနယ်မြေမှာ တောက်လျှောက် စစ်ပွဲဆင်နွှဲတဲ့အချိန်မှာ ရှေ့တန်းမှာပဲ တာဝန်ထမ်းဆောင်ရင်းနဲ့ အခုလို အရမ်းနာလာတဲ့အခါ ဆေးရုံး ပြကြည့်တဲ့အခါမှာ ကျောက်ကပ်က အကောင်းမရှိတော့ဘူး။ အဲဒီနေ့ကနေဆိုရင် ငါးလနီးပါး ရှိပြီ” လို့ ဆလိုင်းပေါလ်က ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းချိန်တွင် အသက် ၁၇ နှစ်ခန့်သာရှိသေးသော ရဲဘော် ဆလိုင်းဝင်းမြင့်ဦးသည် CDF – Zotung ထံ ဝင်ရောက်ပြီး ရှေ့တန်းစစ်မြေပြင်တွင် အမြဲတမ်း တာဝန်ထမ်းဆောင်သည့် ရဲဘော် ဖြစ်သည်ဟု သိရသည်။

ရဲဘော်သည် တပ်ဖွဲ့၏ အခြေခံစစ်သင်တန်းများအပြင် အထူးစပါရှယ်သင်တန်း (အထူးတပ်ဖွဲ့ဝင်သင်တန်း) ကို ၂ ကြိမ်တက်ရောက်၍ အောင်မြင်စွာ သင်တန်းဆင်းထားသူဖြစ်သည်ဟု သိရသည်။

ချင်းတောင်တန်းပေါ်က ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် မခံမရပ်နိုင်အောင် နာကျဉ်၍ ဆေးရုံးပြကြည့်ရာမှ ကျောက်ကပ် ၂ ခုစလုံး ပျက်စီးနေသည်ကို သိရခြင်းဖြစ်သည်ဟု CDF – Zotung တပ်ဖွဲ့၊ ဒုတိယအတွင်း ရေးမှူးက ပြောသည်။

ချင်းတောင်ပိုင်းက ရေဇွာမြို့သိမ်းတိုက်ပွဲများ၊ ဇိုတုန်နယ်မြေထဲက တိုက်ပွဲများ၊ မတူပီမြို့က တိုက်ပွဲများနှင့် ချင်းမြောက်ပိုင်းတွင် ထန်တလန်အပါအဝင် စစ်မြေပြင်တိုက်ပွဲ အများအပြာ ပါဝင်ဆင်နွှဲခဲ့သည်ဟု သိရသည်။

ရဲဘော် ဆလိုင်းဝင်းမြင့်ဦးသည် လွတ်မြောက်နယ်မြေတစ်ခုက အရေးပေါ်လူနာဆောင်တွင် ကျောက်ကပ် ၂ လုံးပျက်စီးမှုကို ဆေးခြင်း၊ ကုသခြင်း ပြုလုပ်နေသည်မှာ ငါးလခန့် ရှိပြီး ဆေးကုသမှုစရိတ်များ ပိုမိုခက်ခဲလာသည်ဟု သိရသည်။

“ရဲဘော်အတွက် မြန်မာနိုင်ငံသားအားလုံးက ချင်းတွေအာလုံးက အဖွဲ့အစည်းတွေက သော်လည်းကောင်း ထောက်ပံ့ ပေးနိုင်ရင် ကျနောတို့ အရမ်းကျေးဇူးတင်မိမှာပါ။ သူရဲ့ကျောက်ကပ် လဲနိုင်ဖို့ကလည်း အခုချိန်အထိ အလှူရှင်ကလည်း မတွေ့သေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဆေးရုံးမှာပဲ နေရပြီး အကူအညီတွေ အရမ်းလိုအပ်တယ်”ဟု ဆလိုင်း ပေါလ်က ပြောသည်။

ရဲဘော်သည် ချင်းတောင်ပေါ်၊ ကျေးရွာငယ်တခုမှ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးရသည့် မိဘများမှ ဆင်းသက် လာသူဖြစ်သည်ဟု သိရသည်။

ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီနိုင်ပါက ဝိုင်းဝန်ကူညီကြရန် Chinland Defense Force- Zotung က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.