Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Mara တပ်သားများကို MATC/MDF က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ဟုဆို

CDF-Mara တပ်သားများကို MATC/MDF က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ဟုဆို

0
By Editor on October 7, 2022 Khonumthung

Chinland Defense Force- Mara (CDF-Mara) တပ်သားများသည် အောက်တိုဘာလ ၃ ရက်နေ့က ဌာနချုပ်မှ အပြန်လမ်းတွင် Mara Administrative Territorial Council – MATC/MDF ၏ ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရသည်ဟု CDF-Mara က သတင်းထုတ်ပြန်သည်။

CDF-Mara ဌာနချုပ်မှ တပ်မဟာ (၂)၊ အမှတ် (၃) တပ်ရင်းသို့ လက်နက်မပါဘဲ (အရပ်ဝတ်ဖြင့်) ပြန်လာကြေသာ CDF-Mara တပ်သားများသည် အောက်တိုဘာလ (၃) ရက်နေ့က MATC/MDF ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံခဲ့ကြရခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Mara တပ်သားများဟာ လက်နက်မပါသောကြောင့် ပြန်ခုခံနိုင်ခြင်းမရှိဘဲ၊ အထိအခိုက်မရှိအောင် ဆုတ်ခွာခဲ့ကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့ကလည်း MATC/MDF မှ လက်နက်မဲ့ CDF-Mara တပ်ခွဲမှူး (ရဲ CDM) ကို သတ်ဖြတ်ခြင်း၊ စစ်ဦးစီးချုပ်နှင့် အခြားတပ်သား နှစ်ဦး (စုစုပေါင်း သုံးဦး) ဒဏ်ရာရစေခြင်းများ ကျူးလွန်ခဲ့သည့်အပြင် ယခုလည်း CDF-Mara အား ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု CDF-Mara က ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး CDF-Mara အနေဖြင့် လိုအပ်သလို တုန့်ပြန်မှုများ ပြုလုပ်သွားမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတဝန်းလုံးတွင် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်ခဲ့ကြပြီး ချင်းပြည်နယ်တွင်လည်း မြို့နယ်ကိုအခြေခံ၍ ဖွဲ့စည်းသော လက်နက်ကိုင်အဖွဲ့နှင့် မျိုးနွယ်စုကိုအခြေခံသော လက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ကျော်ရှိခဲ့သည်။

CDF-Mara နှင့် MATC/MDF တို့ မရာမျိုးနွယ်စုကို အခြေခံ၍ ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.