Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြန်ဖြစ်

CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြန်ဖြစ်

0
By Editor on July 21, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တကျော့ပြန်တိုက်ပွဲ ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ကတည်းက ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရွှေတွင်းတူးရွာဘက်သို့ စစ်ကြောင်းချီတက်လာခဲ့ပြီးနောက် ယနေ့နံနက်ပိုင်း ၆ နာရီ ၄၅ မိနစ်ခန့်တွင် CDF-Mindat တပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဟု CDF-Mindat က ထုတ်ပြန်ထားသည်။

ထို့အပြင် မတူပီမြို့ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတစ်ကြောင်းသည်လည်း ဇူလိုင်လ ၁၉ ရက်နေ့ကတည်းက မင်းတပ်မြို့ဘက်သို့ ဦးတည်ထွက်ခွါလာပြီး လက်ရှိအချိန်တွင် မင်းတပ်-မတူပီကြား မိုင် ၇၀ ဝန်းကျင်တွင် ရောက်ရှိပြီဖြစ်ကာ CDF-Mindat နှင့် ထိတွေ့မှုမရှိသေးကြောင်း သိရသည်။

ယခုလက်ရှိတွင် မင်းတပ်မြို့နယ်အတွင်း နယ်မြေခံတပ်ရင်း (၂၇၄) အပါအဝင် တပ်ရင်း (၆) ရင်း လှုပ်ရှားလျက်ရှိပြီး တပ်ရင်း (၄) ရင်းသည် လူမြင်ကွင်းတွင် လှုပ်ရှားမှုရှိသော်လည်း ကျန်တပ်ရင်း (၂) ရင်းမှာမူ တပ်ဖျောက်ထားကြောင်း CDF-Mindat က ထုတ်ပြန်ထားသည်။

CDF-Mindat နှင့် စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုအား ဇူလိုင်လ ၁၆ ရက်နေ့ကစ၍ ပျက်ပြယ်ခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

မင်းတပ်ကို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၄၀ ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.