Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF – Ngawnngam ဖွဲ့စည်းခြင်းမှာ ပါဝင်မှုမရှိဟု CNF တုန့်ပြန်

CDF – Ngawnngam ဖွဲ့စည်းခြင်းမှာ ပါဝင်မှုမရှိဟု CNF တုန့်ပြန်

0
By Editor on March 3, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ငေါန်ဒေသတွင် စခန်းချခြင်း၊ တပ်သားစုဆောင်ခြင်းနှင့် CDF – Ngawnngam ဖွဲ့စည်းမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ စွပ်စွဲချက်သာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ယနေ့ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်သည်။

CNF/CNA အနေဖြင့် ငေါန်ဒေသတွင် အာဏာစိုးမိုးရေးအတွက် နောက်ကွယ်က ငွေကြေးထောက်ပံ့၍ CDF – Ngawnngam ကို ဖွဲစည်း အားပေးခြင်း၊ တပ်စခန်းချခြင်းများပြုလုပ်ကာ ငေါန်မျိုးနွယ်စု အချင်းချင်းကြား စည်းလုံးညီညွတ်မှုကို ပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟု Ngawn Union Council (NUC) က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာသည့်အပေါ် ချင်းအမျိုးသားတပ်ဦး CNF က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

CDF – Ngawnngam အပါအဝင် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးအရာများတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မိဘပြည်သူများအနေဖြင့် မဟုတ်မမှန် စွပ်စွဲချက်များကို နားမယောင်ကြရန် CNF/CNA က မေတ္တာရပ်ခံထားသည်။

CNF/CNA သည် ဒေသခံပြည်သူလူထု၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ညှိနှိုင်းပြီးမှသာ စစ်ရေးနှင့် ပြည်သူ့ရေးရာများကို ဖော်ဆောင်လေ့ရှိပြီး ငေါန်ဒေသခံလူထုမှ CNA တပ်စခန်းချပေးရန် မေတ္တာရပ်ခံချက်များရှိခဲ့သော်လည်း စစ်ကောင်စီကင်းစင်သော နယ်မြေဖြစ်၍ ယနေ့အထိ တပ်စခန်းချခြင်း မရှိကြောင်း NUC အနေဖြင့် အဖြစ်မှန်သိရှိလိုပါက CNF/CNA ထံ တိုက်ရိုက် ဆက်သွယ်နိုင်သည်ဟု ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ် ကင်းစင်ပြီး ချင်းအမျိုးသား စည်းလုံးညီညွှတ်မှုဖြင့် ချင်းပြည်တည်ဆောက်ရာတွင် ရည်မှန်းချက်၊ ယုံကြည်ချက် တူညီသော မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲသွားမည်ဖြစ်ပြီး အချင်းချင်းကြား စစ်ရေးပွတ်တိုက်မှုများ၊ အမုန်းပွားစေမည့်လုပ်ရပ်များကို ရှောင်ရှားလျက် စစ်ကောင်စီကင်းစင်ရေးအတွက် မိမိတို့နှင့်အတူ တိုက်ပွဲဝင်ကြရန် CNF/CNA က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.