Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်မီးရှို့

CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်မီးရှို့

0
By Editor on August 4, 2022 Headline

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ဇူလိုင်လ ၂၇ ရက်နေ့က ချင်း-မကွေးနယ်စပ် ရမ်းစီးကျေးရွာတွင် သတ်ဖြတ်မီးရှို့ခဲ့ကြသည်ဟု သိရသည်။

ချင်း-မကွေးနယ်စပ် မတူပီမြို့နယ် ဇိုတုန်နယ်မြေ ရမ်းစီးကျေးရွာဘက်တွင် ဇူလိုင် ၁၈ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာအတွင်း ကျန်ရှိနေသေးသော ရွာသားများအား ခေါ်ထုတ်ရန်အသွားမှာ စစ်ကောင်စီတပ်နှင့် တိုးမိကာ ၎င်းတို့ ၃ ဦး အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၂၂ ရက်နေ့မှာ စစ်တပ်ကဝင်လာတော့ ရွာသားတော်တော်များများ ပုန်းထားပြီးပြီ၊ မထွက်ပြေးသေးတဲ့လူတွေ ဘယ်လိုရှိသလဲဆိုတာ တချက်သွားကြည့်တာ စစ်တပ်က တောထဲမှာချူံခိုထားတယ် အဲဒီမှာ သူတို့ ၃ ယောက် အဖမ်းခံသွားတာဖြစ်တယ်” ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ CDF-Zotung တပ်ဖွဲ့မှ စစ်ဦးစီးချုပ် Paaw That Ceu၊ ရဲဘော် Paaw Thang Cin Mang နှင့် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် Paaw Aung Min Thang တို့ဖြစ်ကြသည်။

စစ်ကောင်စီတပ်က ၎င်းတို့ ၃ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးပြီးနောက် ချက်ချင်းမသတ်ဘဲ ညှင်းပန်းနှိပ်စက်ပြီး နောက်ဇူလိုင် ၂၇ ရက်နေ့ကျမှ ရမ်းစီးကျေးရွာအစွန်ဘက်တွင် သတ်ဖြတ်ကာ မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

မီးရှို ခံထားရသည့်နေရာတွင် CDF-Zotung စစ်ဦးစီးချုပ်၏ ဦးထုပ်နှင့် ဓားမြောင်အပြင် အစိတ်စိတ်အမွှာ အမွှာကွဲထားသည့် ဦးခေါင်းလည်းတွေ့ရှိကြပြီး ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သဂြိုလ်ခဲ့ကြသည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြုမူဆက်ဆံခြင်းမရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်သည့်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ယခုကဲ့သို့ တော်လှန်ရေးခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရသော်လည်း CDF-Zotung အနေဖြင့် ယခုထက်ပိုပြီး ဆက်လက်တော်လှန်သွားမည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူကပြောသည်။

“ဗမာစစ်တပ်က ဘာဥပဒေမှလိုက်မတော့လေ ဒီလိုဟာမျိုးကဖမ်းသွားလို့ရှိရင် စစ်သုံ့ပန်းအနေနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီဆက်ဆံရမှာဖြစ်တယ် အဲလိုမဟုတ်ပဲနဲ့ လူ့စိတ်ပျောက်ပြီး ဒီလိုဟာမျိုးလုပ်တာ ကျနော်တို့ အရမ်းစိတ်ထိခိုက်ရတာပေါ့ ကျနော်တို့ အားကိုးအားထားရတဲ့ခေါင်းဆောင်တစ်ယောက် ကျဆုံးတာတော့ ဝမ်းနည်းတာပေါ့ အဲဒါကြောင့် တော်လှန်ရေး အင်အားလျှော့လာမှာမဟုတ်ဘူး ကျနော်တို့ စိတ်ဓာတ်ပိုပြင်းထန်လာဖို့ပဲရှိတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါဒေသသို့ နယ်မြေရှင်းလင်းရေး ဝင်ရောက်လာသည့်အချိန်တွင် ရမ်းစီးကျေးရွာသား အယောက် ၃၀ ခန့်ကိုလည်းဖမ်းဆီးခဲ့ပြီး သြဂုတ်လဆန်းပိုင်းက ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ယခုလက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ဂန့်ဂေါမြို့နယ်ဘက်သို့ ပြန်လှည့်သွားပြီဖြစ်သော်လည်း ရမ်းစီး၊ အန့်တား ကျေးရွာအပါဝင် ကျေးရွာပေါင်း ၅ ရွာခန့်က ဒေသခံပြည်သူတစ်ထောင်ကျော်တို့သည် ရွာထဲသို့ မဝင်ရဲကြသေးဘဲ တောထဲသို့ ပုန်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.