Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»Chinlung Chhuak Artist အဖွဲ့ကို NUG ယာယီသမ္မတက ချီးကျူးဂုဏ်ပြု

Chinlung Chhuak Artist အဖွဲ့ကို NUG ယာယီသမ္မတက ချီးကျူးဂုဏ်ပြု

0
By Editor on March 13, 2023 Headline

မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန် “ We are the world” သီချင်းဖြင့် လှုံ့ဆော်ခဲ့ကြသော ချင်း-မီဇိုးအနုပညာရှင်များစုပေါင်းထားသော “ Chinlung Chhuak Artist” အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ချီးကျူးဂုတ်ပြုလိုက်သည်။

သတင်းအချက်အလက်ပေါင်းများစွာ အလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေသော ယနေ့လို ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာအာရုံစူးစိုက်မှု အမြဲရယူနိုင်ရန် မလွယ်ကူသည့်အချိန်တွင် Chinlung Chhuak Artist အဖွဲ့က အနုပညာဖန်တီးမှုစွမ်းအားဖြင့် ရယူပေးနိုင်ခဲ့သည်ဟု ဒူဝါလရှီးလက သူ၏လူမှုကွန်ယက်စာမျက်နှာတွင် မတ်လ ၁၁ ရက်နေ့မှာ ဖော်ပြထားသည်။

“သက်တမ်း ၂ နှစ်ရှိလာတဲ့ ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာထဲ စဉ်ဆက်မပြတ် စီးမြောပါဝင်နေအောင် လုပ်ဖို့ အရေးကြီးတယ်ဆိုတာ သတိထားမိပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေဟာ စစ်အာ ဏာရှင်တိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံပံ့ပိုးမှု လိုအပ်လို့ပဲဖြစ်ပါတယ် ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသား လူငယ်တွေ ဦးဆောင်တဲ့ Chinlung Chhuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်” ဟု ဖော်ပြထားသည်။

ချင်း-မီဇိုးအနုပညာရှင်များစုပေါင်းဖွဲ့ထားသော Chinlung Chhuak Artist အနေဖြင့် ကမ္ဘာကျော် မိုက်ကယ်ဂျက်ဆင်၏ “We are the world” သီချင်းကို ဗားရှင်းအသစ်နှင့် Cover ပြန်လည်သီဆိုကာ အမေ့လျှော့ခံနေရသော မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာကပိုမိုစိတ်ဝင်စားလာပြီး အာရုံစူးစိုက်မှုရှိလာစေရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က Chin Tube ၏ youtube ချဲနယ်လ်မှတဆင့် ထုတ်လွှင့်ခဲ့ကြပြီး တလကျော်ကြာသည့် ယခုချိန်အထိ ကြည့်ရှုသူ ၁.၇ သန်းကျော်ရရှိ နေပြီဖြစ်သည်ဟု သိရသည်။

အဆိုပါကာဗာသီချင်းတွင် ပါဝင်သီဆိုကြသော လူငယ်များ၏ သီဆိုဟန်နှင့် အရည်အသွေး အလွန်ကောင်းရုံတင်မကပဲ သီချင်းဗီဒီယိုအစမှာ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းနှင့် ပြည်သူများရင်ဆိုင်နေရသော အခက်အခဲများကို ထည့်ပြောပေးသွားခြင်းကြောင့် နိုင်ငံတကာက ကြည့်ရှုမိသူအားလုံး၏ စိတ်နှလုံးမှာ မြန်မာ့အရေးစွဲထင်ပြီး စိတ်ဝင်စား ဂရုဏာသက်သွားစေသည်ဟု တွေ့မြင်ရသည်ဟု ဆိုပါသည်။

ကမ္ဘာအနှံ့က Youtuber များကလည်း ယင်းသီချင်းကို ထပ်ဆင့်ခံစားတင်ဆက်သော Reaction Video များစွာ ထွက်ပေါ်လာပြီး ကြည့်ရှု့ သူအများအပြား၏ အံ့သြမင်သက်ချီးကျူးမှု အကြီးအကျယ်ရရှိခဲ့သည်။

“Chinlung Chhuak Artist အဖွဲ့ရဲ့ “We are The World” သီချင်းကို စီစဉ်အကောင်အထည်ဖော် ပါဝင်ကြိုးပမ်းခဲ့ကြသူ အယောက်စီတိုင်းကိုလည်း မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများနဲ့ မြန်မာပြည်သူတွေကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်အပ်လိုက်ပါတယ်” ဟု ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

အဆိုပါသီချင်းကြောင့် ကမ္ဘာတဝှမ်းရှိ ပြည်သူများကလည်း မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာသည်နှင့်အမျှ တော်လှန်ရေးအပေါ် နိုင်ငံတကာအထောက်အပံ့ပေးမှုကလည်း များပြားပေါ်လွင်လာမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနွယ်ဖွားလူငယ်များ၏ ယခုလိုဖန်တီးဆောင်ရွက်မှုသည်လည်း အလွန်အရေးပါတန်ဖိုးကြီးသော တော်လှန်ရေးလုပ်ငန်းများဖြစ်သောကြောင့် ဆက်လက်လုပ်ဆောင်သွားကြရန် အားပေးတိုက်တွန်းပါရစေဟု ဒူဝါလရှီးလ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.