Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CNF/A ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

CNF/A ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

0
By Editor on January 11, 2023 Headline

ချင်းအမျိုးသားတပ်ဦး CNF/A ဗဟိုဌာနချုပ် ဝိတိုရိယ (Camp Victoria) စခန်းကို စစ်ကောင်စီက ယနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တိုက်လေယာဉ် ၂ စီးနဲ့ CNF ဗဟိုဌာနချုပ်က မဟာဗျူဟာကုန်းနဲ့ ပြင်ပလူနာဌာနဆေးခန်း၊ ဆေးဂိုဒေါင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဗုံး ၂ ကြိမ် ကြဲချခဲ့တယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

“ဒီနေ့ နှစ်လုံးထပ်ပစ်တာ မဟာဗျူဟာကုန်းမှာပစ်တာ ပြီးတော့ ပြင်ပလူနာဌာန ဆေးခန်းတွေ၊ ဆေးဂိုဒေါင်တွေက တော်တော်ပျက်သွားတယ်” လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

ယနေ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရမှုမှာ လူထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲလောက်မှာ CNF/A ဗဟိုဌာနချုပ်ကို လေကြောင်းကနေ ဗုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ချင်းအမျိုးသားတပ်မတော် တပ်သား ရဲမေ ၂ ဦးအပါအဝင် ၅ ဦး ကျဆုံးခဲ့ရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.